HomeCelebs Update NewsInternationalOscars အတွက် စံကာတင်မပါပေမယ့် Presenter လုပ်ပေးရမယ့်အပေါ် Lady Gaga ရဲ့ခံစားချက်

Oscars အတွက် စံကာတင်မပါပေမယ့် Presenter လုပ်ပေးရမယ့်အပေါ် Lady Gaga ရဲ့ခံစားချက်

Lady Gaga ကတော့ House of Gucci ရုပ်ရှင်ထဲက သူမရဲ့ သရုပ်ဆောင်မှုအတွက် အော်စကာ စံကာတင်စာရင်းမှာ ထည့်သွင်းစဉ်းစားခြင်း မခံခဲ့ရပေမယ့် ဒီဆုပေးပွဲရဲ့ အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ပေးဖို့ကိုတော့ ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။ Gaga ကတော့ ဒီကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။ သို့သော်လည်း သူမရဲ့စိတ်ထဲမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားချက် ရှိနေမယ်ဆိုတဲ့ အကြောင်းကို Hollywood Life သတင်းဌာနက ဖော်ပြပေးထားပါတယ်။

Gaga ရဲ့ နီးစပ်တဲ့ အတွင်းသတင်းတစ်ခုက ပြောကြားချက်အရ အော်စကာမှာ စံကာတင်စာရင်းတောင် အသွင်းမခံခဲ့ရတဲ့အပေါ် Gaga ကတော့ ထွေထွေထူးထူး ခံစားရတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

Photo: ladygaga/ Instagram

“ဒီဆုပေးပွဲရာသီမှာတော့ Gaga အတွက် ရုပ်ရှင်တွေ ပိုပြီးရိုက်ကူးဖြစ်ဖို့ တွန်းအားတွေ ပေးနေပါတယ်။ ဘယ်လို ရုပ်ရှင်တွေလည်းဆိုတော့ ဒီနှစ်မှာ သူမ မပါဝင်ခဲ့ရတဲ့ စံကာတင်စာရင်းမှာ ပါဝင်လာနိုင်ဖို့ပေါ့။ ဒီအကြောင်းကြောင့်ပဲ သူ့ကို ပိုပြီးပြင်းပြတဲ့ စိတ်တွေ ဖြစ်ပေါ်စေပါတယ်။ အဲဒါကြောင့် သူကတော့ နောင်လာမယ့် အနာဂတ်မှာ အဲဒီစင်မြင့်ပေါ်ကို တက်လှမ်းပြီး အော်စကာ ဆွတ်ခူးနိုင်ဖို့ ကြိုးစားသွားဦးမှာပါ … ” လို့ အဆိုပါ အတွင်းသတင်းက ဆိုထားပါတယ်။

Gaga ဟာ မကြာသေးခင်ကပဲ Palm Springs Film Awards ဆုပေးပွဲမှာ House of Gucci ထဲက သူမ သရုပ်ဆောင်ထားတဲ့ Patrizia Reggiani ဇာတ်ရုပ်နဲ့ Icon Awards ကို ဆွတ်ခူးထားပါသေးတယ်။ ဒါ့အပြင် အခြားသော နာမည်ကျော် ဆုပေးပွဲနှစ်ခု ဖြစ်တဲ့ SAG Awards နဲ့ Critic’s Choice Awards တွေမှာလည်း ဒီဇာတ်ရုပ်နဲ့ပဲ စံကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။

Photo: ladygaga/ Instagram

သို့သော်လည်း ဟောလိဝုဒ်မှာ အရှိန်အဝါ ကြီးမားတဲ့ ရုပ်ရှင်ထူးချွန်ဆု ဖြစ်တဲ့ အော်စကာဆုပေးပွဲမှာတော့ Gaga ဟာ စံကာတင်စာရင်းမှာတောင် ထည့်သွင်းခြင်း မခံခဲ့ရပါဘူး။ သို့ပေမယ့်လည်း Gaga က‌တော့ အခြားသော အော်စကာ စံကာတင်စာရင်းဝင်ထားတဲ့ သရုပ်ဆောင် မင်းသမီးတွေအတွက် ဝမ်းသာ ဂုဏ်ယူကြောင်း ပြောထားပါသေးတယ်။

“ဒီနှစ်မှာ အော်စကာ စံကာတင် မဝင်တာနဲ့ပဲ သူက ဒီဆုကို မလိုချင်တော့တာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ အနာဂတ်မှာ ဂီတနဲ့ နယ်လှည့်ဖျော်ဖြေရေးတွေက နေရာယူထားပေမယ့်လည်း သူ အကုန်လုံး လုပ်နိုင်တဲ့အကြောင်း သက်သေပြထားပြီးသားပါ။ ပြီးတော့ သူ့အနေနဲ့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ရုပ်တွေကိုလည်း ရှာဖွေနေပါတယ်။ ဒါကြောင့်ပဲ တစ်နေ့မှာတော့ သူဟာ အော်စကာဆုကို ဆွတ်ခူးနိုင်သူ ဖြစ်လာမယ်ဆိုတာ သံသယဝင်စရာ မလိုအောင် လုပ်ပြထားပြီးသား ဖြစ်ပါတယ် … ” လို့ အဆိုပါ အတွင်းသတင်းက ဆိုပါတယ်။

Photo: ladygaga/ Instagram

ဒါ့အပြင် အော်စကာမှာ စံကာတင်တောင် မပါခဲ့ပေမယ့် ဒီဆုပေးပွဲ အခမ်းအနားရဲ့ အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ပေးရမယ့်အပေါ် သူမရဲ့ စိတ်ခံစားချက်ကိုလည်း တခြားသော နီးစပ်တဲ့ အတွင်းလူတစ်ယောက်က ပြောပြထားပါသေးတယ်။

“ဒီတစ်ခေါက် အော်စကာမှာ သူ စံကာတင်မဝင်ခဲ့တာကို Gaga က မေ့မသွားပါဘူး။ ဒါပေမယ့် Gaga ဟာ သူ့ရဲ့ရည်မှန်းချက်တွေကို အများကြီး ရယူထားနိုင်ခဲ့ပြီမို့ အခုအချိန်မှာ သူပိုင်ဆိုင်ထားရတဲ့ အောင်မြင်မှုတွေ၊ ဆုတံဆိပ်တွေအတွက် သူဟာ ကံကောင်းသူတစ်ယောက်လို့ သူ့ဘာသာ ခံယူထားပါတယ်။ နောက်ပြီး အော်စကာ ဆုပေးပွဲကြီးကို တက်ရောက်ဖို့လည်း သူ သိပ်ကိုစိတ်လှုပ်ရှားနေပါတယ်။ ဒါ့အပြင် အစီအစဉ် တင်ဆက်သူအဖြစ် ရွေးချယ်ခံထားရတာကိုလည်း သူ သိပ်ဂုဏ်ယူနေပါတယ်။ ဒါကြောင့် အဲဒီညနေခင်းကို ဖြတ်သန်းဖို့ သူ တကယ် စိတ်တွေ လှုပ်ရှားနေတာ တွေ့ရပါတယ် … ” လို့ ဆိုပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular