HomeCelebs Update NewsInternationalအသက်(၁၉)နှစ်အရွယ်မှာ အဓမ္မပြုကျင့်ခံခဲ့ရတဲ့အကြောင်း ရင်ဖွင့်လာတဲ့ Lady Gaga

အသက်(၁၉)နှစ်အရွယ်မှာ အဓမ္မပြုကျင့်ခံခဲ့ရတဲ့အကြောင်း ရင်ဖွင့်လာတဲ့ Lady Gaga

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပေါ့ပ်စူပါစတား Lady Gaga ဟာ နှစ်ပေါင်းများစွာ ခံစားလာခဲ့ရတဲ့ သူမရဲ့စိတ်ဒဏ်ရာတစ်ခုကို လူထုဆီမှာ ဖွင့်ဟလိုက်ပါတယ်။ Gaga ဟာ ဆယ်ကျော်သက်အရွယ်မှာ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုကို ခံစားခဲ့ရပြီး ကိုယ်ဝန်ပါ ရရှိခဲ့တာကြောင့် နှစ်တွေကြာလာတဲ့အထိ ပြင်းထန်တဲ့ စိတ်ဒဏ်ရာကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။

အမည်ရင်း Stefani Germanotta ဖြစ်တဲ့ ဂရမ်မီဆုရှင် Gaga ဟာ သူမရဲ့ ရင်ကွဲစရာ အတိတ်ဘဝအကြောင်းကို “The Me You Can’t See” လို့ အမည်ရတဲ့ မှတ်တမ်းစီးရီးအသစ်ရဲ့ အဖွင့်ပိုင်းမှာ ပြောပြသွားတာ ဖြစ်ပါတယ်။ အဆိုပါရှိုးကိုတော့ အင်္ဂလန်ရဲ့ တော်ဝင်မင်းသား Harry နဲ့ နာမည်ကျော် အစီအစဉ် တင်ဆက်သူ Oprah Winfrey တို့က ပူးတွဲထုတ်လုပ်လိုက်တာ ဖြစ်ပြီး စိတ်ပိုင်းကျန်းမာရေးအတွက် အဓိက ရည်ညွှန်းတဲ့ အစီအစဉ် ဖြစ်ပါတယ်။

Photo: ladygaga/ Instagram

ဂီတထုတ်လုပ်သူတစ်ယောက်ဟာ သူမကို အဝတ်တွေ ချွတ်ခိုင်းခဲ့ပြီး မချွတ်ဘူးဆိုရင် သူမရဲ့သီချင်းတွေကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အကြောင်း အဆိုပါ ရှိုးမှာ Gaga က မျက်ရည်လည်ရွှဲနဲ့ ပြန်ပြောင်း ပြောဆိုခဲ့ပါတယ်။

“အဲဒီတုန်းက ကျွန်မအသက် (၁၉)နှစ်ပဲ ရှိပါသေးတယ်။ ဒီလောကမှာ ခြေချနိုင်ဖို့ ကြိုးစားနေတဲ့အချိန်ပေါ့။ အဲဒီမှာ ထုတ်လုပ်သူတစ်ယောက်က မင်း အင်္ကျီတွေ ချွတ်လိုက်လို့ ပြောတယ် … ”

“အဲမှာ ကျွန်မက မလုပ်နိုင်ဘူးလို့ ပြောပြီး ထွက်လာခဲ့တယ်။ အဲဒီနောက် သူတို့က ဘာပြောလည်းဆိုတော့ ကျွန်မ သူတို့ကို သွားပြထားတဲ့ သီချင်းတွေအကုန်လုံးကို မီးရှို့နေတယ်လို့ ပြောတယ်။ ပြီးတော့ သူတို့က အပြောပဲ မဟုတ်ဘူးနော်။ တကယ် လုပ်နေတာ။ ပြီးတော့ ကျွန်မကို သူတို့တောင်းဆိုနေတာကိုလည်း မရပ်ဘူး။ အဲဒီမှာ ကျွန်မ တစ်ကိုယ်လုံး အေးခဲသွားတယ်။ ပြီးတော့ ကျွန်မ ဘာကိုမှ မမှတ်မိတော့ဘူး … ”

Photo: ladygaga/ Instagram

Gaga ဟာ သူမရဲ့အတိတ်က ရင်နာစရာ ဖြစ်ရပ်ကို ရင်ဖွင့်ပြောပြလာပေမယ့် သူမကို အခုလို ကျူးလွန်ခဲ့သူကိုတော့ ဘယ်သူဆိုတာ ထုတ်မပြောခဲ့ပါဘူး။

“MeToo လှုပ်ရှားမှုကို ကျွန်မ နားလည်ပါတယ်။ တခြားသူတွေမှာ ဒီလှုပ်ရှားမှုမှာ ပါဝင်ပြီး ဘယ်သူဘယ်ဝါဆိုတာ ဖွင့်ချလိုက်လို့ သူတို့အတွက် စိတ်သက်သာရာ ရသွားတာမျိုး ရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မအတွက်ကတော့ အဲဒီလို မဟုတ်ပါဘူး။ အဲဒီလူနဲ့ ကျွန်မ နောက်တစ်ခါ မျက်နှာချင်း လုံးဝမဆိုင်ချင်ပါဘူး … ” လို့ Gaga က ဆိုပါတယ်။

အဆိုပါ အဖြစ်အပျက်နောက်ပိုင်း နှစ်တွေကြာတဲ့အခါ ပြင်းထန်တဲ့ နာကျင်မှုတွေကြောင့် ဆေးရုံတက်ရတဲ့အထိ ဖြစ်ခဲ့ပြီး PSTD လို့ခေါ်တဲ့ စိတ်ရောဂါတစ်ခု ခံစားလာရတယ်လို့ သူမရဲ့ အဆိုအရ သိရပါတယ်။ PSTD ဆိုတာကတော့ စိတ်ကြေကွဲဖွယ်ရာ၊ ထိတ်လန့်ကြောက်မက်ဖွယ်ရာ အတွေ့အကြုံတစ်ခုကို ရင်ဆိုင်ခံစားရပြီးနောက် အဆိုပါ ဖြစ်ရပ်ကို ထပ်တလဲလဲ ပြန်လည်ခံစားရလေ့ ရှိတဲ့ စိတ်ဒဏ်ရာတစ်မျိုး ဖြစ်ပါတယ်။ Gaga ဟာ သူမမှာ ဒီရောဂါ ခံစားနေရကြောင်း ၂၀၁၆ခုနှစ်က တရားဝင် ပြောပြခဲ့ပါတယ်။

Photo: ladygaga/ Instagram

“အစပိုင်းမှာ တစ်ကိုယ်လုံး နာကျင်တာ။ အဲဒီနောက်ကျတော့ ထုံသွားရော။ ပြီးတော့ အဲဒီနောက်ပိုင်း ရက်သတ္တပတ်ပေါင်းများစွာ ကျွန်မ နေမကောင်းဖြစ်ခဲ့တယ်။ အဲဒီမှာ ဒီနာကျင်မှုက အဲဒီလူ ကျွန်မကို ကျူးလွန်သွားတဲ့ နာကျင်မှုနဲ့ အတူတူပဲဆိုတာ ကျွန်မသိသွားတယ် …. ”

“အဲဒီလူက ကျွန်မကို ကိုယ်ဝန်ရအောင် မုဒိမ်းကျင့်ပြီး ကျွန်မမိဘတွေအိမ်မှာ ပစ်ထားခဲ့တယ်။ ဘာလို့လည်းဆိုတော့ ကျွန်မက ပျို့လိုက်၊ အန်လိုက်နဲ့ နေမကောင်းဖြစ်နေလို့။ ကျွန်မ ဘာလို့နေမကောင်းဖြစ်ရလည်းဆိုတော့ ကျွန်မကို စတူဒီယိုတစ်ခုထဲမှာ လနဲ့ချီပြီး ပိတ်ထားခံရလို့။ နှိပ်စက်ခံခဲ့ရလို့ပါပဲ … ”

Photo: ladygaga/ Instagram

“နာကျင်မှုကို ကျွန်မ ခံစားရတဲ့ပုံစံက အဓမ္မကျင့်ခံရပြီးနောက် ကျွန်မ ခံစားရတဲ့အတိုင်းပါပဲ။ MRI တွေရော၊ ဓာတ်မှန်တွေရော အကြိမ်ပေါင်းများစွာ ရိုက်ခဲ့ပေမယ့် သူတို့ဆေးပညာအရတော့ ကျွန်မဆီမှာ ဘာမှမတွေ့ရဘူး။ ဒါပေမယ့် ခန္ဓာကိုယ်က မှတ်မိနေတယ်လေ။ ဘယ်လိုလုပ်မလဲ … ” လို့ Gaga က ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ကို ဖွင့်ဟခဲ့တာပါ။

ဒီဖြစ်ရပ်ကြောင့် သူမဟာ နှစ်နဲ့ချီပြီး ပြိုလဲခဲ့ရတဲ့အပြင် စိတ်ဓာတ်ရေးရာမှာလည်း လုံးဝကျဆင်းသွားခဲ့ရတယ်လို့ ဆိုပါတယ်။ “နှစ်နဲ့ချီပြီး စိတ်ဒဏ်ရာတွေနဲ့ ပြိုလဲခဲ့ရပါတယ်။ ပြီးတော့ ကျွန်မက အဲဒါမတိုင်က ကောင်မလေးနဲ့ လုံးဝမတူတော့ပါဘူး … ” လို့ ဆိုပါတယ်။

ဆိုးရွားတဲ့ အတွေ့အကြုံနဲ့ ရင်ဆိုင်ခဲ့ရသူတွေမှာ ကိုယ့်အသက်ကို အန္တရာယ်ပြုလာတဲ့ အကြောင်းတွေကိုလည်း သူမက ဆွေးနွေးခဲ့ပါသေးတယ်။ “ကံဆိုးမ သွားရာ၊ မိုးလိုက်လို့ ရွာဆိုတာက တကယ် ခံစားရတာနော်။ ဘယ်ကိုပဲသွားသွား၊ နင်ကတော့ တန်ဖိုးမရှိတဲ့သူ၊ သေလိုက်ဖို့ပဲ ကောင်းတယ်ဆိုတာမျိုးလေ။ ကျွန်မဆို အသံကုန်အော်ပြီး ကိုယ့်ကိုယ်ကို နံရံနဲ့ ပစ်ဆောင့်နေခဲ့ဖူးပါတယ် …” လို့ သူမက ဆိုပါတယ်။

Photo: ladygaga/ Instagram

“ကိုယ့်ကိုယ်ကို ဓားနဲ့လှီးတာက ဘာလို့မကောင်းလည်း သိလား။ ကိုယ့်ကိုယ်ကို နံရံနဲ့ ပစ်ဆောင့်တာ ဘာလို့ မကောင်းလည်း သိလား။ ကိုယ့်ကိုယ်ကို အန္တရာယ်ပေးတာ၊ နာကျင်အောင် လုပ်တာက ဘာလို့ မကောင်းတာလည်း သိပါသလား။ ဘာလို့လည်းဆိုတော့ အဲ့ဒါတွေက ကိုယ်ခံစားရတာတွေကို ပိုဆိုးလာစေလို့ပဲ … ”

“ရှင်တို့ကတော့ တွေးမိလိမ့်မယ်။ ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင် လုပ်ပြီး တစ်ယောက်ယောက်ကို ပြလိုက်မယ်။ ဟေ့ ဒီမှာ မြင်လား? ငါတော့ နာကျင်နေရပြီလို့ ပြောလိုက်ရင် ကိုယ်ခံစားရတာတွေက သက်သာသွားလိမ့်မယ်လို့ ထင်လိမ့်မယ်။ တကယ်က အဲဒီနည်းနဲ့ အကူအညီ မဖြစ်ဘူး။ ကိုယ့်ခံစားချက်ကို လူတွေကို ပြောပါ။ လုပ်ရပ်နဲ့ မပြပါနဲ့လို့ လူတွေကို ကျွန်မ အမြဲတမ်း ပြောလေ့ ရှိပါတယ် … ”

Photo: ladygaga/ Instagram

အသက်(၃၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Gaga ဟာ သူမရဲ့ စိတ်ဒဏ်ရာကို ကုစားမှုနဲ့ ပတ်သက်ပြီး “ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားပြီး လူတွေရှေ့မှာ ဟန်ဆောင်မယ့်အစား အဲဒီ့က အတွေ့အကြုံနဲ့ ကိုယ့်ကိုယ်ကို တစ်ခုခု ပြန်ပေးဖို့ ကြိုးစားတယ် … ” လို့ ပြောပြသွားပါတယ်။

Glasgow

Source: CNN

(Zawgyi Version)

ေပါ့ပ္စူပါစတား Lady Gaga ဟာ ႏွစ္ေပါင္းမ်ားစြာ ခံစားလာခဲ့ရတဲ့ သူမရဲ႕စိတ္ဒဏ္ရာတစ္ခုကို လူထုဆီမွာ ဖြင့္ဟလိုက္ပါတယ္။ Gaga ဟာ ဆယ္ေက်ာ္သက္အ႐ြယ္မွာ လိင္ပိုင္းဆိုင္ရာ အဓမၼျပဳက်င့္မႈကို ခံစားခဲ့ရၿပီး ကိုယ္ဝန္ပါ ရရွိခဲ့တာေၾကာင့္ ႏွစ္ေတြၾကာလာတဲ့အထိ ျပင္းထန္တဲ့ စိတ္ဒဏ္ရာကို ခံစားခဲ့ရတယ္လို႔ သိရပါတယ္။

အမည္ရင္း Stefani Germanotta ျဖစ္တဲ့ ဂရမ္မီဆုရွင္ Gaga ဟာ သူမရဲ႕ ရင္ကြဲစရာ အတိတ္ဘဝအေၾကာင္းကို “The Me You Can’t See” လို႔ အမည္ရတဲ့ မွတ္တမ္းစီးရီးအသစ္ရဲ႕ အဖြင့္ပိုင္းမွာ ေျပာျပသြားတာ ျဖစ္ပါတယ္။ အဆိုပါရႈိးကိုေတာ့ အဂၤလန္ရဲ႕ ေတာ္ဝင္မင္းသား Harry နဲ႔ နာမည္ေက်ာ္ အစီအစဥ္ တင္ဆက္သူ Oprah Winfrey တို႔က ပူးတြဲထုတ္လုပ္လိုက္တာ ျဖစ္ၿပီး စိတ္ပိုင္းက်န္းမာေရးအတြက္ အဓိက ရည္ၫႊန္းတဲ့ အစီအစဥ္ ျဖစ္ပါတယ္။

Photo: ladygaga/ Instagram

ဂီတထုတ္လုပ္သူတစ္ေယာက္ဟာ သူမကို အဝတ္ေတြ ခြၽတ္ခိုင္းခဲ့ၿပီး မခြၽတ္ဘူးဆိုရင္ သူမရဲ႕သီခ်င္းေတြကို မီးရႈိ႕ပစ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့တဲ့အေၾကာင္း အဆိုပါ ရႈိးမွာ Gaga က မ်က္ရည္လည္႐ႊဲနဲ႔ ျပန္ေျပာင္း ေျပာဆိုခဲ့ပါတယ္။

“အဲဒီတုန္းက ကြၽန္မအသက္ (၁၉)ႏွစ္ပဲ ရွိပါေသးတယ္။ ဒီေလာကမွာ ေျခခ်ႏိုင္ဖို႔ ႀကိဳးစားေနတဲ့အခ်ိန္ေပါ့။ အဲဒီမွာ ထုတ္လုပ္သူတစ္ေယာက္က မင္း အက်ႌေတြ ခြၽတ္လိုက္လို႔ ေျပာတယ္ … ”

“အဲမွာ ကြၽန္မက မလုပ္ႏိုင္ဘူးလို႔ ေျပာၿပီး ထြက္လာခဲ့တယ္။ အဲဒီေနာက္ သူတို႔က ဘာေျပာလည္းဆိုေတာ့ ကြၽန္မ သူတို႔ကို သြားျပထားတဲ့ သီခ်င္းေတြအကုန္လုံးကို မီးရႈိ႕ေနတယ္လို႔ ေျပာတယ္။ ၿပီးေတာ့ သူတို႔က အေျပာပဲ မဟုတ္ဘူးေနာ္။ တကယ္ လုပ္ေနတာ။ ၿပီးေတာ့ ကြၽန္မကို သူတို႔ေတာင္းဆိုေနတာကိုလည္း မရပ္ဘူး။ အဲဒီမွာ ကြၽန္မ တစ္ကိုယ္လုံး ေအးခဲသြားတယ္။ ၿပီးေတာ့ ကြၽန္မ ဘာကိုမွ မမွတ္မိေတာ့ဘူး … ”

Photo: ladygaga/ Instagram

Gaga ဟာ သူမရဲ႕အတိတ္က ရင္နာစရာ ျဖစ္ရပ္ကို ရင္ဖြင့္ေျပာျပလာေပမယ့္ သူမကို အခုလို က်ဴးလြန္ခဲ့သူကိုေတာ့ ဘယ္သူဆိုတာ ထုတ္မေျပာခဲ့ပါဘူး။

“MeToo လႈပ္ရွားမႈကို ကြၽန္မ နားလည္ပါတယ္။ တျခားသူေတြမွာ ဒီလႈပ္ရွားမႈမွာ ပါဝင္ၿပီး ဘယ္သူဘယ္ဝါဆိုတာ ဖြင့္ခ်လိုက္လို႔ သူတို႔အတြက္ စိတ္သက္သာရာ ရသြားတာမ်ိဳး ရွိပါလိမ့္မယ္။ ဒါေပမယ့္ ကြၽန္မအတြက္ကေတာ့ အဲဒီလို မဟုတ္ပါဘူး။ အဲဒီလူနဲ႔ ကြၽန္မ ေနာက္တစ္ခါ မ်က္ႏွာခ်င္း လုံးဝမဆိုင္ခ်င္ပါဘူး … ” လို႔ Gaga က ဆိုပါတယ္။

အဆိုပါ အျဖစ္အပ်က္ေနာက္ပိုင္း ႏွစ္ေတြၾကာတဲ့အခါ ျပင္းထန္တဲ့ နာက်င္မႈေတြေၾကာင့္ ေဆး႐ုံတက္ရတဲ့အထိ ျဖစ္ခဲ့ၿပီး PSTD လို႔ေခၚတဲ့ စိတ္ေရာဂါတစ္ခု ခံစားလာရတယ္လို႔ သူမရဲ႕ အဆိုအရ သိရပါတယ္။ PSTD ဆိုတာကေတာ့ စိတ္ေၾကကြဲဖြယ္ရာ၊ ထိတ္လန႔္ေၾကာက္မက္ဖြယ္ရာ အေတြ႕အႀကဳံတစ္ခုကို ရင္ဆိုင္ခံစားရၿပီးေနာက္ အဆိုပါ ျဖစ္ရပ္ကို ထပ္တလဲလဲ ျပန္လည္ခံစားရေလ့ ရွိတဲ့ စိတ္ဒဏ္ရာတစ္မ်ိဳး ျဖစ္ပါတယ္။ Gaga ဟာ သူမမွာ ဒီေရာဂါ ခံစားေနရေၾကာင္း ၂၀၁၆ခုႏွစ္က တရားဝင္ ေျပာျပခဲ့ပါတယ္။

Photo: ladygaga/ Instagram

“အစပိုင္းမွာ တစ္ကိုယ္လုံး နာက်င္တာ။ အဲဒီေနာက္က်ေတာ့ ထုံသြားေရာ။ ၿပီးေတာ့ အဲဒီေနာက္ပိုင္း ရက္သတၱပတ္ေပါင္းမ်ားစြာ ကြၽန္မ ေနမေကာင္းျဖစ္ခဲ့တယ္။ အဲဒီမွာ ဒီနာက်င္မႈက အဲဒီလူ ကြၽန္မကို က်ဴးလြန္သြားတဲ့ နာက်င္မႈနဲ႔ အတူတူပဲဆိုတာ ကြၽန္မသိသြားတယ္ …. ”

“အဲဒီလူက ကြၽန္မကို ကိုယ္ဝန္ရေအာင္ မုဒိမ္းက်င့္ၿပီး ကြၽန္မမိဘေတြအိမ္မွာ ပစ္ထားခဲ့တယ္။ ဘာလို႔လည္းဆိုေတာ့ ကြၽန္မက ပ်ိဳ႕လိုက္၊ အန္လိုက္နဲ႔ ေနမေကာင္းျဖစ္ေနလို႔။ ကြၽန္မ ဘာလို႔ေနမေကာင္းျဖစ္ရလည္းဆိုေတာ့ ကြၽန္မကို စတူဒီယိုတစ္ခုထဲမွာ လနဲ႔ခ်ီၿပီး ပိတ္ထားခံရလို႔။ ႏွိပ္စက္ခံခဲ့ရလို႔ပါပဲ … ”

“နာက်င္မႈကို ကြၽန္မ ခံစားရတဲ့ပုံစံက အဓမၼက်င့္ခံရၿပီးေနာက္ ကြၽန္မ ခံစားရတဲ့အတိုင္းပါပဲ။ MRI ေတြေရာ၊ ဓာတ္မွန္ေတြေရာ အႀကိမ္ေပါင္းမ်ားစြာ ႐ိုက္ခဲ့ေပမယ့္ သူတို႔ေဆးပညာအရေတာ့ ကြၽန္မဆီမွာ ဘာမွမေတြ႕ရဘူး။ ဒါေပမယ့္ ခႏၶာကိုယ္က မွတ္မိေနတယ္ေလ။ ဘယ္လိုလုပ္မလဲ … ” လို႔ Gaga က ဝမ္းနည္းဖြယ္ရာ ျဖစ္ရပ္ကို ဖြင့္ဟခဲ့တာပါ။

Photo: ladygaga/ Instagram

ဒီျဖစ္ရပ္ေၾကာင့္ သူမဟာ ႏွစ္နဲ႔ခ်ီၿပီး ၿပိဳလဲခဲ့ရတဲ့အျပင္ စိတ္ဓာတ္ေရးရာမွာလည္း လုံးဝက်ဆင္းသြားခဲ့ရတယ္လို႔ ဆိုပါတယ္။ “ႏွစ္နဲ႔ခ်ီၿပီး စိတ္ဒဏ္ရာေတြနဲ႔ ၿပိဳလဲခဲ့ရပါတယ္။ ၿပီးေတာ့ ကြၽန္မက အဲဒါမတိုင္က ေကာင္မေလးနဲ႔ လုံးဝမတူေတာ့ပါဘူး … ” လို႔ ဆိုပါတယ္။

ဆိုး႐ြားတဲ့ အေတြ႕အႀကဳံနဲ႔ ရင္ဆိုင္ခဲ့ရသူေတြမွာ ကိုယ့္အသက္ကို အႏၲရာယ္ျပဳလာတဲ့ အေၾကာင္းေတြကိုလည္း သူမက ေဆြးေႏြးခဲ့ပါေသးတယ္။ “ကံဆိုးမ သြားရာ၊ မိုးလိုက္လို႔ ႐ြာဆိုတာက တကယ္ ခံစားရတာေနာ္။ ဘယ္ကိုပဲသြားသြား၊ နင္ကေတာ့ တန္ဖိုးမရွိတဲ့သူ၊ ေသလိုက္ဖို႔ပဲ ေကာင္းတယ္ဆိုတာမ်ိဳးေလ။ ကြၽန္မဆို အသံကုန္ေအာ္ၿပီး ကိုယ့္ကိုယ္ကို နံရံနဲ႔ ပစ္ေဆာင့္ေနခဲ့ဖူးပါတယ္ …” လို႔ သူမက ဆိုပါတယ္။

Photo: ladygaga/ Instagram

“ကိုယ့္ကိုယ္ကို ဓားနဲ႔လွီးတာက ဘာလို႔မေကာင္းလည္း သိလား။ ကိုယ့္ကိုယ္ကို နံရံနဲ႔ ပစ္ေဆာင့္တာ ဘာလို႔ မေကာင္းလည္း သိလား။ ကိုယ့္ကိုယ္ကို အႏၲရာယ္ေပးတာ၊ နာက်င္ေအာင္ လုပ္တာက ဘာလို႔ မေကာင္းတာလည္း သိပါသလား။ ဘာလို႔လည္းဆိုေတာ့ အဲ့ဒါေတြက ကိုယ္ခံစားရတာေတြကို ပိုဆိုးလာေစလို႔ပဲ … ”

” ရွင္တို႔ကေတာ့ ေတြးမိလိမ့္မယ္။ ကိုယ့္ကိုယ္ကို အနာတရျဖစ္ေအာင္ လုပ္ၿပီး တစ္ေယာက္ေယာက္ကို ျပလိုက္မယ္။ ေဟ့ ဒီမွာ ျမင္လား? ငါေတာ့ နာက်င္ေနရၿပီလို႔ ေျပာလိုက္ရင္ ကိုယ္ခံစားရတာေတြက သက္သာသြားလိမ့္မယ္လို႔ ထင္လိမ့္မယ္။ တကယ္က အဲဒီနည္းနဲ႔ အကူအညီ မျဖစ္ဘူး။ ကိုယ့္ခံစားခ်က္ကို လူေတြကို ေျပာပါ။ လုပ္ရပ္နဲ႔ မျပပါနဲ႔လို႔ လူေတြကို ကြၽန္မ အၿမဲတမ္း ေျပာေလ့ ရွိပါတယ္ … ”

Photo: ladygaga/ Instagram

အသက္(၃၅)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Gaga ဟာ သူမရဲ႕ စိတ္ဒဏ္ရာကို ကုစားမႈနဲ႔ ပတ္သက္ၿပီး “ကိုယ့္ကိုယ္ကို ပိတ္ေလွာင္ထားၿပီး လူေတြေရွ႕မွာ ဟန္ေဆာင္မယ့္အစား အဲဒီ့က အေတြ႕အႀကဳံနဲ႔ ကိုယ့္ကိုယ္ကို တစ္ခုခု ျပန္ေပးဖို႔ ႀကိဳးစားတယ္ … ” လို႔ ေျပာျပသြားပါတယ္။

Glasgow

Source: CNN

 

RELATED ARTICLES

Most Popular