HomeCelebs Update NewsInternationalVogue မဂ္ဂဇင်းမှာ ကာဗာမော်ဒယ်လ် လုပ်ပေးထားတဲ့ Lady Gaga ရဲ့ပုံရိပ်များ 

Vogue မဂ္ဂဇင်းမှာ ကာဗာမော်ဒယ်လ် လုပ်ပေးထားတဲ့ Lady Gaga ရဲ့ပုံရိပ်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Lady Gaga ကတော့ ဒီဇင်ဘာလအတွက် British Vogue မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ကာဗာမော်ဒယ်လ်အဖြစ် ဖက်ရှင်ဓာတ်ပုံတွေ ရိုက်ကူးပေးထားပါတယ်။

ဒီဇင်ဘာလအတွက် British Vogue မဂ္ဂဇင်းကိုတော့ နိုဝင်ဘာလ(၂)ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ မဂ္ဂဇင်းရဲ့ မျက်နှာဖုံးကာဗာမှာတော့ Lady Gaga ဟာ အပြာရောင်ဆံပင်တိုနဲ့ အရောင်စုံတဲ့ မိတ်ကပ်တွေ လိမ်းခြယ်ထားတာ တွေ့ရပါတယ်။ ဝတ်စုံကတော့ ရင်ဟိုက် အနက်ရောင်ကိုယ်ကျပ်ဂါဝန်ကို ဘေးနှစ်ဖက်က ရွှေရောင်အတွန့်လိပ်တွေနဲ့ အလှဆင် ဆင်မြန်းထားပါတယ်။

Photo Credit: British Vogue/ Steven Maisel

အသက်(၃၅)နှစ်အရွယ် Gaga ဟာ မျက်နှာဖုံးကာဗာအပြင် မဂ္ဂဇင်းရဲ့ အတွင်းပိုင်းစာမျက်နှာတွေမှာလည်း ရင်သပ်ရှုမောဖွယ် ဖက်ရှင်ဓာတ်ပုံတွေနဲ့ နေရာယူထားပါသေးတယ်။ နောက်တစ်ပုံကတော့ အဖြူအမည်းနဲ့ ရိုက်ကူးထားတဲ့ ဝတ်လစ်စလစ်ဓာတ်ပုံတစ်ပုံ ဖြစ်ပြီး သူမခန္ဓာကိုယ်ပေါ်က တက်တူးတွေကို အနုပညာဆန်စွာ မြင်တွေ့ရပါတယ်။

Photo Credit: British Vogue/ Steven Maisel

ဒါ့အပြင် Gaga ဟာ နိုဝင်ဘာလထုတ် Vogue Italia မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာလည်း ကာဗာမော်ဒယ်လ်အဖြစ် ပို့စ်ပေးထားတာ တွေ့ရပါသေးတယ်။ အဆိုပါ မျက်နှာဖုံးဓာတ်ပုံမှာတော့ သူမရဲ့ မျက်နှာကိုပဲ အနီးကပ် ရိုက်ကူးထားပြီး ခေါင်းစွပ်နဲ့ ပန်းရောင်မွေးပွ‌ ဝတ်စုံကို ဆင်မြန်းထားပါတယ်။

Photo Credit: British Vogue/ Steven Maisel

British Vogue ရဲ့ မျက်နှာဖုံးရှင် အင်တာဗျူးကဏ္ဍမှာတော့ Gaga ဟာ မကြာခင် ရုံတင် ပြသတော့မယ့် House of Gucci ထဲက သူမရဲ့ ဇာတ်ရုပ်အတွက် full-method အသုံးပြုပြီး သရုပ်ဆောင်ထားကြောင်း ပြောကြားထားပါသေးတယ်။

Photo: ladygaga/ Instagram

အဆိုပါဇာတ်ကားထဲမှာတော့ Gaga ဟာ နာမည်ကျော် Gucci မိသားစုဝင် Maurizio Gucci ရဲ့ ဇနီးဖြစ်သူ Patrizia Reggiani အဖြစ် သရုပ်ဆောင်ထားပါတယ်။ Patrizia ဟာ နောက်ပိုင်းမှာတော့ သူမရဲ့ ခင်ပွန်းဟောင်း Maurizio ကို ကြေးစားလူသတ်သမား ငှားရမ်းပြီး သတ်ဖြတ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

Photo: ladygaga/ Instagram

“ကျွန်မ အရိုးသားဆုံးနဲ့ အပွင့်လင်းဆုံး ပြောရရင် Patrizia အဖြစ်နဲ့ တစ်နှစ်ခွဲလောက် ကျွန်မ နေထိုင်ခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ လေယူလေသိမ်း (essence)အတိုင်း ကိုးလလောက် ပြောလာခဲ့တာပါ။ ကျွန်မ တစ်ခါမှ ဒီနေထိုင်မှုကို မချိုးဖောက်ခဲ့ပါဘူး။ သူမရဲ့ဘဝအတိုင်း ကျွန်မ နေထိုင်ခဲ့ပါတယ် … ” လို့ Gaga က ဆိုပါတယ်။

Photo: ladygaga/ Instagram

ဒါ့အပြင် ကင်မရာနောက်ကွယ် သာမန်အချိန်မှာလည်း အဲဒီလေယူလေသိမ်းနဲ့ပဲ စကားပြောဆိုခဲ့ပြီး ဆံပင်ကိုလည်း Patrizia နဲ့တူအောင် အမည်းရောင်ဆိုးခဲ့တယ်လို့ ဆိုပါတယ်။

Photo: ladygaga/ Instagram

Gaga ဟာ အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်သစ်တစ်ကား ရိုက်ကူးထားရုံသာမကဘဲ အောက်တိုဘာလ အစမှာပဲ ဂန္ထဝင်ဂီတပညာရှင် Tony Bennett နဲ့ ပူးတွဲထုတ်လုပ်ထားတဲ့ သူမရဲ့ အယ်လ်ဘမ်သစ် Love for Sale ကို ထွက်ရှိခဲ့ပါသေးတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

Lady Gaga ကေတာ့ ဒီဇင္ဘာလအတြက္ British Vogue မဂၢဇင္းရဲ့ မ်က္ႏွာဖုံးမွာ ကာဗာေမာ္ဒယ္လ္အျဖစ္ ဖက္ရွင္ဓာတ္ပုံေတြ ရိုက္ကူးေပးထားပါတယ္။

ဒီဇင္ဘာလအတြက္ British Vogue မဂၢဇင္းကိုေတာ့ နိုဝင္ဘာလ(၂)ရက္ေန႔မွာ ထြက္ရွိခဲ့တာ ျဖစ္ပါတယ္။ မဂၢဇင္းရဲ့ မ်က္ႏွာဖုံးကာဗာမွာေတာ့ Lady Gaga ဟာ အျပာေရာင္ဆံပင္တိုနဲ႔ အေရာင္စုံတဲ့ မိတ္ကပ္ေတြ လိမ္းျခယ္ထားတာ ေတြ႕ရပါတယ္။ ဝတ္စုံကေတာ့ ရင္ဟိုက္ အနက္ေရာင္ကိုယ္က်ပ္ဂါဝန္ကို ေဘးႏွစ္ဖက္က ေရႊေရာင္အတြန႔္လိပ္ေတြနဲ႔ အလွဆင္ ဆင္ျမန္းထားပါတယ္။

Photo Credit: British Vogue/ Steven Maisel

အသက္(၃၅)ႏွစ္အရြယ္ Gaga ဟာ မ်က္ႏွာဖုံးကာဗာအျပင္ မဂၢဇင္းရဲ့ အတြင္းပိုင္းစာမ်က္ႏွာေတြမွာလည္း ရင္သပ္ရွုေမာဖြယ္ ဖက္ရွင္ဓာတ္ပုံေတြနဲ႔ ေနရာယူထားပါေသးတယ္။ ေနာက္တစ္ပုံကေတာ့ အျဖဴအမည္းနဲ႔ ရိုက္ကူးထားတဲ့ ဝတ္လစ္စလစ္ဓာတ္ပုံတစ္ပုံ ျဖစ္ၿပီး သူမခႏၶာကိုယ္ေပၚက တက္တူးေတြကို အႏုပညာဆန္စြာ ျမင္ေတြ႕ရပါတယ္။

Photo Credit: British Vogue/ Steven Maisel

ဒါ့အျပင္ Gaga ဟာ နိုဝင္ဘာလထုတ္ Vogue Italia မဂၢဇင္းရဲ့ မ်က္ႏွာဖုံးမွာလည္း ကာဗာေမာ္ဒယ္လ္အျဖစ္ ပို႔စ္ေပးထားတာ ေတြ႕ရပါေသးတယ္။ အဆိုပါ မ်က္ႏွာဖုံးဓာတ္ပုံမွာေတာ့ သူမရဲ့ မ်က္ႏွာကိုပဲ အနီးကပ္ ရိုက္ကူးထားၿပီး ေခါင္းစြပ္နဲ႔ ပန္းေရာင္ေမြးပြ‌ ဝတ္စုံကို ဆင္ျမန္းထားပါတယ္။

Photo Credit: British Vogue/ Steven Maisel

British Vogue ရဲ့ မ်က္ႏွာဖုံးရွင္ အင္တာဗ်ဴးက႑မွာေတာ့ Gaga ဟာ မၾကာခင္ ႐ုံတင္ ျပသေတာ့မယ့္ House of Gucci ထဲက သူမရဲ့ ဇာတ္႐ုပ္အတြက္ full-method အသုံးျပဳၿပီး သ႐ုပ္ေဆာင္ထားေၾကာင္း ေျပာၾကားထားပါေသးတယ္။

Photo: ladygaga/ Instagram

အဆိုပါဇာတ္ကားထဲမွာေတာ့ Gaga ဟာ နာမည္ေက်ာ္ Gucci မိသားစုဝင္ Maurizio Gucci ရဲ့ ဇနီးျဖစ္သူ Patrizia Reggiani အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ Patrizia ဟာ ေနာက္ပိုင္းမွာေတာ့ သူမရဲ့ ခင္ပြန္းေဟာင္း Maurizio ကို ေၾကးစားလူသတ္သမား ငွားရမ္းၿပီး သတ္ျဖတ္ခိုင္းခဲ့တာ ျဖစ္ပါတယ္။

Photo: ladygaga/ Instagram

“ကၽြန္မ အရိုးသားဆုံးနဲ႔ အပြင့္လင္းဆုံး ေျပာရရင္ Patrizia အျဖစ္နဲ႔ တစ္ႏွစ္ခြဲေလာက္ ကၽြန္မ ေနထိုင္ခဲ့ပါတယ္။ ၿပီးေတာ့ သူ႔ရဲ့ ေလယူေလသိမ္း (essence)အတိုင္း ကိုးလေလာက္ ေျပာလာခဲ့တာပါ။ ကၽြန္မ တစ္ခါမွ ဒီေနထိုင္မွုကို မခ်ိဳးေဖာက္ခဲ့ပါဘူး။ သူမရဲ့ဘဝအတိုင္း ကၽြန္မ ေနထိုင္ခဲ့ပါတယ္ … ” လို႔ Gaga က ဆိုပါတယ္။

Photo: ladygaga/ Instagram

ဒါ့အျပင္ ကင္မရာေနာက္ကြယ္ သာမန္အခ်ိန္မွာလည္း အဲဒီေလယူေလသိမ္းနဲ႔ပဲ စကားေျပာဆိုခဲ့ၿပီး ဆံပင္ကိုလည္း Patrizia နဲ႔တူေအာင္ အမည္းေရာင္ဆိုးခဲ့တယ္လို႔ ဆိုပါတယ္။

Photo: ladygaga/ Instagram

Gaga ဟာ အႏုပညာလွုပ္ရွားမွုအေနနဲ႔ ႐ုပ္ရွင္သစ္တစ္ကား ရိုက္ကူးထား႐ုံသာမကဘဲ ေအာက္တိုဘာလ အစမွာပဲ ဂႏၴဝင္ဂီတပညာရွင္ Tony Bennett နဲ႔ ပူးတြဲထုတ္လုပ္ထားတဲ့ သူမရဲ့ အယ္လ္ဘမ္သစ္ Love for Sale ကို ထြက္ရွိခဲ့ပါေသးတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular