HomeCelebs Update NewsInternational၂၀၂၂ အော်စကာဆုပေးပွဲမှာ တင်ဆက်သူအဖြစ် ဆောင်ရွက်သွားမယ့် Lady Gaga

၂၀၂၂ အော်စကာဆုပေးပွဲမှာ တင်ဆက်သူအဖြစ် ဆောင်ရွက်သွားမယ့် Lady Gaga

နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင် Lady Gaga ဟာ ယခုနှစ်ရဲ့ အော်စကာဆုပေးပွဲကိုတော့ အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူပြီး တက်ရောက်ရမှာ ဖြစ်ပါတယ်။

Gaga ဟာ House of Gucci ထဲက သူမရဲ့ သရုပ်ဆောင်မှုအတွက် အော်စကာ စံကာတင်စာရင်းမှာ ထည့်သွင်းစဉ်းစားခြင်း မခံခဲ့ရပေမယ့် အစီအစဉ်တင်ဆက်သူအဖြစ် ပြုလုပ်ပေးဖို့ ရွေးချယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ သူမဟာ အော်စကာမှာ စံကာတင်စာရင်းမဝင်ခဲ့ပေမယ့် အခြားသော ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွေမှာတော့ စံကာတင်စာရင်းများစွာမှာ ထည့်သွင်းခံထားရတာ ဖြစ်ပါတယ်။

Photo Credit: Metro Goldwyn Mayer Studios

၂၀၂၂ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပေးကြမယ့် ပထမအသုတ် အနုပညာရှင်တွေရဲ့ စာရင်းကိုတော့ ကြာသပတေးနေ့မှာပဲ The Academy of Motion Picture Arts and Science အဖွဲ့က ကြေညာပေးလိုက်တာ ဖြစ်ပါတယ်။ အဆိုပါ ပထမအသုတ် အစီအစဉ် တင်ဆက်သူတွေထဲမှာတော့ Lady Gaga နဲ့အတူ Zoë Kravitz ၊ Chris Rock ၊ Kevin Costner ၊ Rosie Perez နဲ့ ကိုရီးယားသရုပ်ဆောင် Yuh Jung Youn တို့ ပါဝင်ပါတယ်။

Lady Gaga ဟာ ရွှေကမ္ဘာလုံးဆု၊ Screen Actors Guild Awards နဲ့ BAFTA Awards တို့မှာတော့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်အဖြစ် စံကာတင်စာရင်း ဝင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာ စံကာတင်စာရင်းတောင် မဝင်ခဲ့ခြင်းက ပရိသတ်တွေအတွက်လည်း အံ့အားသင့်စရာတစ်ခု ဖြစ်ခဲ့ရပါတယ်။

Photo: ladygaga/ Instagram

သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ House of Gucci ဇာတ်ကားကတော့ အော်စကာဆုပေးပွဲမှာ စံကာတင်တစ်ဆု ဝင်ထားပါတယ်။ အဲဒါကတော့ Best Makeup and Hairstyling category မှာ စံကာတင်ဝင်ထားတာ ဖြစ်ပါတယ်။

Gaga ကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ A Star Is Born ရုပ်ရှင်ထဲက ဇာတ်ဝင်တေး Shallow နဲ့ အော်စကာဆု ရရှိထားသူ ဖြစ်ပါတယ်။ ဒါတင်မက ဒီဇာတ်ကားနဲ့ပဲ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုအတွက်လည်း စံကာတင်ဝင်ခဲ့ပါသေးတယ်။ Gaga ဟာ အော်စကာမှာတော့ စံကာတင်စာရင်း သုံးကြိမ်ဝင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo: ladygaga/ Instagram

ယခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုအတွက် စံကာတင် ဝင်ထားကြသူတွေကတော့ Jessica Chastain (The Eyes of Tammy Faye)၊ Olivia Colman (The Lost Daughter)၊ Penélope Cruz (Parallel Mothers)၊ Nicole Kidman (Being The Ricardos) နဲ့ Kristen Stewart (Spencer) တို့ပဲ ဖြစ်ပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular