HomeEntertainmentFilmThe Boys ရဲ့ season 3 မှာ ပြန်လည်ပါဝင်လာနိုင်ချေရှိတဲ့ Lamplighter

The Boys ရဲ့ season 3 မှာ ပြန်လည်ပါဝင်လာနိုင်ချေရှိတဲ့ Lamplighter

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Lamplighter ဟာ The Boys ဇာတ်လမ်းတွဲရဲ့ season 2 ထဲမှာ သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဇာတ်သိမ်းမှာတော့ နောက်ထပ်လာမယ့် season ထဲမှာ Lamplighter ဟာ ပြန်လည်ပါဝင်နိုင်တဲ့အကြောင်းကို အရိပ်အမြွက် ပြသွားခဲ့ပါတယ်။

Lamplighter ဟာ The Seven ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက် ဖြစ်ပေမယ့်လည်း တစ်ခြားသူတွေလို မဟုတ်ဘဲ The Boys အဖွဲ့ကို ကူညီသွားခဲ့ပါတယ်။ သူဟာ The Seven က ထွက်ခွာပြီးနောက်ပိုင်းမှာ ကွန်ပေါင်း V ရဲ့ စမ်းသပ်ခံတွေကို စောင့်ကြည့်နေရပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ The Boys တွေနဲ့ တွေ့ဆုံခဲ့ပြီး Starlight ကို ကယ်တင်ဖို့အတွက် ကိုယ့်ကိုယ်ကို သတ်သေကာ Hughie Campbell ကို ကူညီခဲ့ပါတယ်။

Photo via IMDb

အဲ့ဒီအချိန်မှာတော့ Lamplighter ဟာ သေဆုံးသွားတာ လုံးဝကို သေချာပေမယ့်လည်း တတိယ season မှာ ပြန်လည်ပါဝင်လာနိုင်ချေ ရှိပါသေးတယ်။ အကြောင်းကတော့ ဒုတိယ season ရဲ့ နောက်ဆုံးအခန်းမှာ Lamplighter ဟာ အသက်ရှင်နိုင်လောက်သေးတယ် ဆိုတဲ့အကြောင်းကို အရိပ်အမြွက်ပြသွားခဲ့လို့ပဲ ဖြစ်ပါတယ်။

အဲ့ဒါကတော့ Hughie ဟာ လွှတ်တော်အမတ် Victoria Neuman ဆီကို သွားပြီး အလုပ်သွားတောင်းတဲ့အချိန်မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ သူတို့ရဲ့ရုံးထဲက တီဗွီတွေအားလုံးမှာ သိုလှောင်ရုံတစ်ခု မီးလောင်တဲ့အကြောင်း သတင်းတစ်ခု လာနေခဲ့ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နိုင်ပေမယ့် Lamplighter အသက်ပြန်ရှင်လာတဲ့အကြောင်းကို အရိပ်အမြွက် ပြချင်တာလည်း ဖြစ်နိုင်ပါတယ်။

photo via imdb

Lamplighter ဟာ Vought တာဝါမှာ သေဆုံးသွားပြီးနောက် သူ့ရဲ့အလောင်းကို ဘာလုပ်လိုက်လည်း ဆိုတာကိုလည်း မသိခဲ့ရပါဘူး။ အဲ့ဒါကြောင့် ဖြစ်နိုင်ချေရှိတာ တစ်ခုကတော့ သူနဲ့ပတ်သက်ပြီး သင်္ဂြိုဟ်ထားတဲ့ အရိပ်အယောင်ကိုလည်း မတွေ့ခဲ့ရတာကြောင့် သူ့ကိုအသက်ပြန်သွင်းဖို့အတွက် Vought က အလောင်းကို ထိန်းသိမ်းထားတယ်လို့လည်း ယူဆလို့ရပါတယ်။

အဲ့ဒါကြောင့် အသက်ပြန်သွင်းဖို့ ပြင်ဆင်နေတဲ့အချိန်မှာ သူ့ရဲ့အလောင်းကို သိုလှောင်ရုံတစ်ခုခုထဲမှာ သိမ်းထားနိုင်ပါတယ်။ တီဗွီမှာလာနေတဲ့ သတင်းအရဆိုရင်တော့ သိုလှောင်ရုံတစ်ခုဟာ မီးလောင်နေပြီး မီးဟာ မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံနေတယ်လို့ တွေ့ခဲ့ရပါတယ်။ အဲ့ဒီလိုမျိူး မီးလောင်ရတဲ့ အကြောင်းပြချက်ဟာ Lamplighter အသက်ပြန်ရှင်သန်လာပြီး သူ့ရဲ့စွမ်းအားကြောင့် အဲ့လိုမီးလောင်သွားတာလည်း ဖြစ်နိုင်ပါတယ်။

photo via imdb

ဒါ့အပြင် ကောမစ်ထဲမှာလည်း သူဟာ သေဆုံးသွားရာကနေ ပြန်လည် အသက်ရှင်သန်လာခဲ့ဖူးပါတယ်။ ကောမစ်ထဲမှာတော့ Mallory ဟာ Lamplighter ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ Vought ဟာ ကွန်ပေါင်း V ကို အသုံးပြုပြီးတော့ သူ့ကို ပြန်လည် အသက်ရှင်သန်စေခဲ့ပါတယ်။ သူဟာ အသက်ပြန်ရှင်လာခဲ့ပေမယ့်လည်း သူ့ဦးနှောက်ကတော့ လူကောင်းတစ်ယောက်လိုမျိူး အလုပ်မလုပ်တော့ပါဘူး။

ဒါ့အပြင် Live Action ထဲမှာတော့ Stormfront ကို လုံခြုံတဲ့နေရာတစ်ခုမှာ ဖမ်းဆီးထားတယ်လို့ ပြောသွားတာကို တွေ့ရပါတယ်။ Stormfront မှာလည်း ဒဏ်ရာတွေကို ပြန်လည်ကုသနိုင်စွမ်းရှိပြီးတော့ Vought ဟာ သူ့ရဲ့ဒဏ်ရာတွေကို ကုသနိုင်တဲ့စွမ်းရည်ကို တစ်နည်းနည်းနဲ့ အသုံးပြုပြီးတော့လည်း Lamplighter ကို အသက်ပြန်လည်သွင်းပေးနိုင်ချေ ရှိပါသေးတယ်။ ဒါတွေအကုန်လုံးကတော့ ဖြစ်နိုင်ချေရှိတဲ့ သီအိုရီတွေနဲ့ ကောမစ်ထဲကအကြောင်းတွေ ဖြစ်တာကြောင့် Lamplighter ဟာ တတိယ season မှာ တကယ် ပြန်လည်ပါဝင်လာမှာလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Lamplighter ဟာ The Boys ဇာတ္လမ္းတြဲရဲ႕ season 2 ထဲမွာ ေသဆုံးသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း ဇာတ္သိမ္းမွာေတာ့ ေနာက္ထပ္လာမယ့္ season ထဲမွာ Lamplighter ဟာ ျပန္လည္ပါဝင္ႏိုင္တဲ့အေၾကာင္းကို အရိပ္အႁမြက္ ျပသြားခဲ့ပါတယ္။

Lamplighter ဟာ The Seven ရဲ႕ အဖြဲ႕ဝင္ေဟာင္းတစ္ေယာက္ ျဖစ္ေပမယ့္လည္း တစ္ျခားသူေတြလို မဟုတ္ဘဲ The Boys အဖြဲ႕ကို ကူညီသြားခဲ့ပါတယ္။ သူဟာ The Seven က ထြက္ခြာၿပီးေနာက္ပိုင္းမွာ ကြန္ေပါင္း V ရဲ႕ စမ္းသပ္ခံေတြကို ေစာင့္ၾကည့္ေနရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ The Boys ေတြနဲ႔ ေတြ႕ဆုံခဲ့ၿပီး Starlight ကို ကယ္တင္ဖို႔အတြက္ ကိုယ့္ကိုယ္ကို သတ္ေသကာ Hughie Campbell ကို ကူညီခဲ့ပါတယ္။

Photo via IMDb

အဲ့ဒီအခ်ိန္မွာေတာ့ Lamplighter ဟာ ေသဆုံးသြားတာ လုံးဝကို ေသခ်ာေပမယ့္လည္း တတိယ season မွာ ျပန္လည္ပါဝင္လာႏိုင္ေခ် ရွိပါေသးတယ္။ အေၾကာင္းကေတာ့ ဒုတိယ season ရဲ႕ ေနာက္ဆုံးအခန္းမွာ Lamplighter ဟာ အသက္ရွင္ႏိုင္ေလာက္ေသးတယ္ ဆိုတဲ့အေၾကာင္းကို အရိပ္အႁမြက္ျပသြားခဲ့လို႔ပဲ ျဖစ္ပါတယ္။

အဲ့ဒါကေတာ့ Hughie ဟာ လႊတ္ေတာ္အမတ္ Victoria Neuman ဆီကို သြားၿပီး အလုပ္သြားေတာင္းတဲ့အခ်ိန္မွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာ သူတို႔ရဲ႕႐ုံးထဲက တီဗြီေတြအားလုံးမွာ သိုေလွာင္႐ုံတစ္ခု မီးေလာင္တဲ့အေၾကာင္း သတင္းတစ္ခု လာေနခဲ့ပါတယ္။ ဒါဟာ တိုက္ဆိုင္မႈတစ္ခုလည္း ျဖစ္ႏိုင္ေပမယ့္ Lamplighter အသက္ျပန္ရွင္လာတဲ့အေၾကာင္းကို အရိပ္အႁမြက္ ျပခ်င္တာလည္း ျဖစ္ႏိုင္ပါတယ္။

photo via imdb

Lamplighter ဟာ Vought တာဝါမွာ ေသဆုံးသြားၿပီးေနာက္ သူ႔ရဲ႕အေလာင္းကို ဘာလုပ္လိုက္လည္း ဆိုတာကိုလည္း မသိခဲ့ရပါဘူး။ အဲ့ဒါေၾကာင့္ ျဖစ္ႏိုင္ေခ်ရွိတာ တစ္ခုကေတာ့ သူနဲ႔ပတ္သက္ၿပီး သၿဂႋဳဟ္ထားတဲ့ အရိပ္အေယာင္ကိုလည္း မေတြ႕ခဲ့ရတာေၾကာင့္ သူ႔ကိုအသက္ျပန္သြင္းဖို႔အတြက္ Vought က အေလာင္းကို ထိန္းသိမ္းထားတယ္လို႔လည္း ယူဆလို႔ရပါတယ္။

အဲ့ဒါေၾကာင့္ အသက္ျပန္သြင္းဖို႔ ျပင္ဆင္ေနတဲ့အခ်ိန္မွာ သူ႔ရဲ႕အေလာင္းကို သိုေလွာင္႐ုံတစ္ခုခုထဲမွာ သိမ္းထားႏိုင္ပါတယ္။ တီဗြီမွာလာေနတဲ့ သတင္းအရဆိုရင္ေတာ့ သိုေလွာင္႐ုံတစ္ခုဟာ မီးေလာင္ေနၿပီး မီးဟာ ျမန္ျမန္ဆန္ဆန္ပဲ ပ်ံ႕ႏွံေနတယ္လို႔ ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီလိုမ်ိဴး မီးေလာင္ရတဲ့ အေၾကာင္းျပခ်က္ဟာ Lamplighter အသက္ျပန္ရွင္သန္လာၿပီး သူ႔ရဲ႕စြမ္းအားေၾကာင့္ အဲ့လိုမီးေလာင္သြားတာလည္း ျဖစ္ႏိုင္ပါတယ္။

photo via imdb

ဒါ့အျပင္ ေကာမစ္ထဲမွာလည္း သူဟာ ေသဆုံးသြားရာကေန ျပန္လည္ အသက္ရွင္သန္လာခဲ့ဖူးပါတယ္။ ေကာမစ္ထဲမွာေတာ့ Mallory ဟာ Lamplighter ကို ေသနတ္နဲ႔ ပစ္သတ္ခဲ့တာပါ။ အဲ့ဒီေနာက္မွာေတာ့ Vought ဟာ ကြန္ေပါင္း V ကို အသုံးျပဳၿပီးေတာ့ သူ႔ကို ျပန္လည္ အသက္ရွင္သန္ေစခဲ့ပါတယ္။ သူဟာ အသက္ျပန္ရွင္လာခဲ့ေပမယ့္လည္း သူ႔ဦးေႏွာက္ကေတာ့ လူေကာင္းတစ္ေယာက္လိုမ်ိဴး အလုပ္မလုပ္ေတာ့ပါဘူး။

ဒါ့အျပင္ Live Action ထဲမွာေတာ့ Stormfront ကို လုံၿခဳံတဲ့ေနရာတစ္ခုမွာ ဖမ္းဆီးထားတယ္လို႔ ေျပာသြားတာကို ေတြ႕ရပါတယ္။ Stormfront မွာလည္း ဒဏ္ရာေတြကို ျပန္လည္ကုသႏိုင္စြမ္းရွိၿပီးေတာ့ Vought ဟာ သူ႔ရဲ႕ဒဏ္ရာေတြကို ကုသႏိုင္တဲ့စြမ္းရည္ကို တစ္နည္းနည္းနဲ႔ အသုံးျပဳၿပီးေတာ့လည္း Lamplighter ကို အသက္ျပန္လည္သြင္းေပးႏိုင္ေခ် ရွိပါေသးတယ္။ ဒါေတြအကုန္လုံးကေတာ့ ျဖစ္ႏိုင္ေခ်ရွိတဲ့ သီအိုရီေတြနဲ႔ ေကာမစ္ထဲကအေၾကာင္းေတြ ျဖစ္တာေၾကာင့္ Lamplighter ဟာ တတိယ season မွာ တကယ္ ျပန္လည္ပါဝင္လာမွာလား ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular