HomeEntertainmentFilmLate Bloomers ဆိုတဲ့ ဟာသကားအသစ်မှာ ပါဝင်လာမယ့် Karen Gillan

Late Bloomers ဆိုတဲ့ ဟာသကားအသစ်မှာ ပါဝင်လာမယ့် Karen Gillan

Guardians of the Galaxy နဲ့ Jumanji တို့မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Karen Gillan ကတော့ Late Bloomers ဆိုတဲ့ ဟာသကားအသစ်ထဲမှာ ပါဝင်လာဦးမယ်လို့ သိရပါတယ်။ Karen Gillan ကတော့ Guardians of the Galaxy ထဲမှာ Nebula အနေနဲ့ ပါဝင်ခဲ့ပြီးနောက်မှာ ပိုမိုအောင်မြင်လာပြီး Jumanji Franchise ထဲမှာလည်း ဆက်လက်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ Doctor Who ဇာတ်လမ်းတွဲထဲမှာလည်း အနည်းငယ် ပါဝင်ခဲ့ပါသေးတယ်။ လာမယ့်နှစ်ထဲမှာလည်း Guardians of the Galaxy Vol.3 ထွက်ရှိလာမှာ ဖြစ်ပြီး Karen ကလည်း Nebula အနေနဲ့ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

photo via screenrant

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ Late Bloomers ဆိုတဲ့ ဟာသကားထဲမှာ Karen Gillan က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်လာဦးမယ်လို့ သိရပါတယ်။ ပါဝင်လာမယ့် သရုပ်ဆောင်တွေကတော့ Karen Gillan ၊ Margaret Sophie Stein ၊ Jermaine Fowler ၊ Kevin Nealon နဲ့ Talia Balsam တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ ရိုက်ကူးရေး ပြီးဆုံးသွားပြီလို့လည်း သိရပါတယ်။

ဇာတ်လမ်းကတော့ Louise ဆိုတဲ့ ကောင်မလေးဟာ မူးပြီးတော့ တင်ပါးဆုံရိုး ကျိူးသွားရာက စတင်ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ သမားတော်ဆီမှာ ကုသနေရင်းနဲ့ မိတ်ဆွေတစ်ယောက် ရသွားပါတယ်။ အဲဒီမိတ်ဆွေကတော့ ပိုလန်လူမျိူး အမျိူးသမီးကြီးတစ်ယောက် ဖြစ်ပြီး သူမဟာ Louise ရဲ့ နေ့စဉ်ဘဝမှာ လိုအပ်နေတဲ့ စိတ်ကူးစိတ်သန်းတွေကို ရရှိလာအောင် ကူညီပေးတဲ့အကြောင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Lisa Steen က ရိုက်ကူးပေးထားပြီး Anna Greenfield ကတော့ ဇာတ်ညွှန်းရေးဆရာအနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ Karen Gillan ကတော့ Louise နေရာမှာ သရုပ်ဆောင်ထားတာ ဖြစ်ပြီး Margaret Sophie Stein ကတော့ Polish အမျိူးသမီးကြီး နေရာက ပါဝင်ထားပါတယ်။ Jermaine ကတော့ Louise ရဲ့ အခန်းဖော်နေရာက ပါဝင်ထားပြီး Kevin နဲ့ Talia တို့ကတော့ Louise ရဲ့မိဘတွေအနေနဲ့ ပါဝင်ထားပါတယ်။ လောလောဆယ်မှာတော့ ဒီရုပ်ရှင်အတွက် ထွက်ရှိလာမယ့် ရက်အတိအကျကို မသိရသေးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular