HomeEntertainmentFilm(၇၄)ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဆုကြေညာသူအဖြစ် ပါဝင်ရမယ့် Lee Byung Hun

(၇၄)ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဆုကြေညာသူအဖြစ် ပါဝင်ရမယ့် Lee Byung Hun

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ကိုရီးယားမင်းသား Lee Byung Hun ဟာ အစဉ်အလာကြီးမားတဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်ကြီးမှာ ဆုကြေညာသူအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးရတော့မှာ ဖြစ်ပါတယ်။

Lee Byung Hun ဟာ ကိန်းစ်ရုပ်ရှင်ပွဲတော်ကြီးမှာ ပထမဆုံး ဆုကြေညာပေးရမယ့် ကိုရီးယားသရုပ်ဆောင် ဖြစ်လာမှာ ဖြစ်ပြီး ဘယ် category ကို ကြေညာပေးရမယ်ဆိုတာကိုတော့ ဆုံးဖြတ်ချက် မရရှိသေးဘူးလို့ သူ့ရဲ့ အေဂျင်စီက ဆိုပါတယ်။

တကယ်တော့ Lee Byung Hun ပါဝင်ထားတဲ့ Emergency Declaration ဆိုတဲ့ ကိုရီးယားရုပ်ရှင်ဇာတ်ကားဟာ ယခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Han Jae Rim ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကတော့ လေယာဉ်တစ်စင်းဟာ အကြောင်းတစ်ခုကြောင့် အရေးပေါ် ဆင်းသက်ဖို့ ကြုံလာရရာက ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Photo: byunghun0712/ Instagram

အဆိုပါ ဇာတ်ကားထဲမှာတော့ ဝါရင့်မင်းသားကြီး Song Kang Ho ၊ Jeon Do Yeon ၊ Lee Byung Hun ၊ Kim Nam Gil ၊ Im Siwan ၊ Kim So Jin နဲ့ Park Hae Joon တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဇွန်လ (၃၀)ရက်နေ့မှာတော့ ဒီရုပ်ရှင်ရဲ့ ဖြန့်ချိရေး ကုမ္ပဏီက ကြေညာချက်အရ မင်းသားကြီး Song Kang Ho ၊ Lee Byung Hun နဲ့ Im Siwan တို့ သုံးယောက်ဟာ ရုပ်ရှင်ရဲ့ ကိုယ်စားပြုအနေနဲ့ ပွဲတော်ကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ထုတ်လုပ်ရေးကုမ္ပဏီက ကြေညာချက်အရ သူတို့သုံးယောက်ရဲ့ လေယာဉ်အချိန်ဇယားတွေကတော့ မထွက်ရှိလာသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါ အခြေအနေအရ လေယာဉ်ကွင်းမှာ လူတွေ စုပြုံလာတာမျိုး မဖြစ်ရလေအောင် လေယာဉ်ချိန်တွေကို သီးသန့် လျှို့ဝှက်သွားမယ်လို့လည်း သိရပါတယ်။

Photo: song.kang.ho/ Instagram

ဒါ့အပြင် ထူးခြားချက်တစ်ခုလည်း ထပ်ရှိနေပါသေးတယ်။ အဲဒါကတော့ Lee Byung Hun က ဆုကြေညာပေးရမှာ ဖြစ်တဲ့အပြင် မင်းသားကြီး Song Kang Ho ကလည်း ရုပ်ရှင်ပွဲတော်ရဲ့ အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးရဦးမယ်လို့ သိရပါတယ်။ မင်းသားကြီး ပါဝင်ထားတဲ့ Parasite ရုပ်ရှင်ဇာတ်ကားကတော့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဂုဏ်သရေအမြင့်ဆုံးဖြစ်တဲ့ Palme d’Or ဆုကို ရရှိခဲ့တဲ့ ပထမဆုံး ကိုရီးယားရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

ယခုနှစ်အတွက် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာတော့ Emergency Declaration ရုပ်ရှင်အပြင် ဒါရိုက်တာ Hong Sang Soo ရဲ့ “In Front of Your Face” ရုပ်ရှင်ဟာလည်း ဖွင့်ပွဲအတွက် အထူးပြသမယ့် ဇာတ်ကားတွေထဲမှာ ရွေးချယ်ခံထားရပါတယ်။

Photo via IMDb

ကိန်းစ်ရုပ်ရှင်ပွဲတော်ကြီးကတော့ နှစ်စဉ် ကျင်းပလေ့ရှိပြီး ကြိုတင်ရွေးချယ်ထားတဲ့ ဇာတ်ကား(၂၄)ကားထဲက category ကိုးခု ခွဲပြီး ဆုချီးမြှင့်လေ့ ရှိပါတယ်။ ယခင်နှစ်တွေကတော့ မေလမှာ ကျင်းပလေ့ ရှိပေမယ့် ယခုနှစ်မှာတော့ ဇူလိုင်လ (၁၆)ရက်နဲ့ (၁၇)ရက်နေ့တွေမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

နာမည္ေက်ာ္ ကိုရီးယားမင္းသား Lee Byung Hun ဟာ အစဥ္အလာႀကီးမားတဲ့ ကိန္းစ္႐ုပ္ရွင္ပြဲေတာ္ႀကီးမွာ ဆုေၾကညာသူအျဖစ္ တာဝန္ယူ ေဆာင္႐ြက္ေပးရေတာ့မွာ ျဖစ္ပါတယ္။

Lee Byung Hun ဟာ ကိန္းစ္႐ုပ္ရွင္ပြဲေတာ္ႀကီးမွာ ပထမဆုံး ဆုေၾကညာေပးရမယ့္ ကိုရီးယားသ႐ုပ္ေဆာင္ ျဖစ္လာမွာ ျဖစ္ၿပီး ဘယ္ category ကို ေၾကညာေပးရမယ္ဆိုတာကိုေတာ့ ဆုံးျဖတ္ခ်က္ မရရွိေသးဘူးလို႔ သူ႔ရဲ႕ ေအဂ်င္စီက ဆိုပါတယ္။

တကယ္ေတာ့ Lee Byung Hun ပါဝင္ထားတဲ့ Emergency Declaration ဆိုတဲ့ ကိုရီးယား႐ုပ္ရွင္ဇာတ္ကားဟာ ယခုႏွစ္ ကိန္းစ္႐ုပ္ရွင္ပြဲေတာ္မွာ ျပသဖို႔ ေ႐ြးခ်ယ္ခံထားရတာ ျဖစ္ပါတယ္။ ဒါ႐ိုက္တာ Han Jae Rim ႐ိုက္ကူးထားတဲ့ ဒီဇာတ္ကားကေတာ့ ေလယာဥ္တစ္စင္းဟာ အေၾကာင္းတစ္ခုေၾကာင့္ အေရးေပၚ ဆင္းသက္ဖို႔ ႀကဳံလာရရာက ျဖစ္ေပၚလာတဲ့ ေဘးအႏၲရာယ္အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

Photo: byunghun0712/ Instagram

အဆိုပါ ဇာတ္ကားထဲမွာေတာ့ ဝါရင့္မင္းသားႀကီး Song Kang Ho ၊ Jeon Do Yeon ၊ Lee Byung Hun ၊ Kim Nam Gil ၊ Im Siwan ၊ Kim So Jin နဲ႔ Park Hae Joon တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ ဇြန္လ (၃၀)ရက္ေန႔မွာေတာ့ ဒီ႐ုပ္ရွင္ရဲ႕ ျဖန႔္ခ်ိေရး ကုမၸဏီက ေၾကညာခ်က္အရ မင္းသားႀကီး Song Kang Ho ၊ Lee Byung Hun နဲ႔ Im Siwan တို႔ သုံးေယာက္ဟာ ႐ုပ္ရွင္ရဲ႕ ကိုယ္စားျပဳအေနနဲ႔ ပြဲေတာ္ကို တက္ေရာက္ၾကမွာ ျဖစ္ပါတယ္။

ထုတ္လုပ္ေရးကုမၸဏီက ေၾကညာခ်က္အရ သူတို႔သုံးေယာက္ရဲ႕ ေလယာဥ္အခ်ိန္ဇယားေတြကေတာ့ မထြက္ရွိလာေသးဘူးလို႔ သိရပါတယ္။ ဒါ့အျပင္ ကိုဗစ္ေရာဂါ အေျခအေနအရ ေလယာဥ္ကြင္းမွာ လူေတြ စုၿပဳံလာတာမ်ိဳး မျဖစ္ရေလေအာင္ ေလယာဥ္ခ်ိန္ေတြကို သီးသန႔္ လွ်ိဳ႕ဝွက္သြားမယ္လို႔လည္း သိရပါတယ္။

Photo: song.kang.ho/ Instagram

ဒါ့အျပင္ ထူးျခားခ်က္တစ္ခုလည္း ထပ္ရွိေနပါေသးတယ္။ အဲဒါကေတာ့ Lee Byung Hun က ဆုေၾကညာေပးရမွာ ျဖစ္တဲ့အျပင္ မင္းသားႀကီး Song Kang Ho ကလည္း ႐ုပ္ရွင္ပြဲေတာ္ရဲ႕ အကဲျဖတ္ဒိုင္တစ္ဦးအျဖစ္ တာဝန္ယူ ေဆာင္႐ြက္ေပးရဦးမယ္လို႔ သိရပါတယ္။ မင္းသားႀကီး ပါဝင္ထားတဲ့ Parasite ႐ုပ္ရွင္ဇာတ္ကားကေတာ့ ကိန္းစ္႐ုပ္ရွင္ပြဲေတာ္မွာ ဂုဏ္သေရအျမင့္ဆုံးျဖစ္တဲ့ Palme d’Or ဆုကို ရရွိခဲ့တဲ့ ပထမဆုံး ကိုရီးယား႐ုပ္ရွင္ဇာတ္ကားလည္း ျဖစ္ပါတယ္။

ယခုႏွစ္အတြက္ ကိန္းစ္႐ုပ္ရွင္ပြဲေတာ္မွာေတာ့ Emergency Declaration ႐ုပ္ရွင္အျပင္ ဒါ႐ိုက္တာ Hong Sang Soo ရဲ႕ “In Front of Your Face” ႐ုပ္ရွင္ဟာလည္း ဖြင့္ပြဲအတြက္ အထူးျပသမယ့္ ဇာတ္ကားေတြထဲမွာ ေ႐ြးခ်ယ္ခံထားရပါတယ္။

Photo via IMDb

ကိန္းစ္႐ုပ္ရွင္ပြဲေတာ္ႀကီးကေတာ့ ႏွစ္စဥ္ က်င္းပေလ့ရွိၿပီး ႀကိဳတင္ေ႐ြးခ်ယ္ထားတဲ့ ဇာတ္ကား(၂၄)ကားထဲက category ကိုးခု ခြဲၿပီး ဆုခ်ီးျမႇင့္ေလ့ ရွိပါတယ္။ ယခင္ႏွစ္ေတြကေတာ့ ေမလမွာ က်င္းပေလ့ ရွိေပမယ့္ ယခုႏွစ္မွာေတာ့ ဇူလိုင္လ (၁၆)ရက္နဲ႔ (၁၇)ရက္ေန႔ေတြမွာ က်င္းပသြားမွာ ျဖစ္ပါတယ္။

Glasgow

Source: soompi

 

RELATED ARTICLES

Most Popular