HomeCelebs Update NewsInternationalOzark သရုပ်ဆောင်နဲ့ တိတ်တဆိတ် လက်ထပ်သွားတဲ့ Lena Headey

Ozark သရုပ်ဆောင်နဲ့ တိတ်တဆိတ် လက်ထပ်သွားတဲ့ Lena Headey

Game of Thrones သရုပ်ဆောင် Lena Headey ကတော့ တိတ်တဆိတ်ပဲ လက်ထပ်သွားပြီ ဖြစ်ပါတယ်။ နာမည်ကျော် HBO ဇာတ်လမ်းတွဲဖြစ်တဲ့ Game of Thrones ထဲမှာတော့ Lena Headey ဟာ Cersei Lannister ဇာတ်ကောင်နေရာက သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုကို တခဲနက် ရရှိခဲ့တာ ဖြစ်ပါတယ်။

Lena ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ အီတလီနိုင်ငံမှာ လက်ထပ်ပွဲ ကျင်းပခဲ့တာဖြစ်ပြီး သူမရဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေကိုသာ ဖိတ်ကြားပြီး သီးသန့်ဆန်တဲ့ မင်္ဂလာဧည့်ခံပွဲလေးကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူမနဲ့ လက်ထပ်မင်္ဂလာပြုသွားတဲ့ သတို့သားကတော့ Ozark ဇာတ်လမ်းတွဲထဲမှာ Russ Langmore အဖြစ် သရုပ်ဆောင်ထားတဲ့ Marc Menchaca ပဲ ဖြစ်ပါတယ်။

Photo: taniabrownyoga/ Instagram

သူမတို့ရဲ့ မင်္ဂလာပွဲက ပုံရိပ်တွေကို မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ ဧည့်သည်အချို့က အင်စတာဂရမ်မှာ ဝေမျှထားတာ ဖြစ်ပါတယ်။ အဆိုပါပုံရိပ်တွေမှာတော့ Lena ဟာ ရိုးရိုးရှင်းရှင်း အဖြူရောင် ကြိုးတစ်လုံးဂါဝန်ကိုသာ ဝတ်ဆင်ထားပြီး နှင်းဆီပန်းအချို့ ပန်ဆင်ထားတာကို တွေ့ရပါတယ်။

Photo: taniabrownyoga/ Instagram

ဒါ့အပြင် Lena ရဲ့ မင်္ဂလာပွဲကိုတော့ Game of Thrones သရုပ်ဆောင်အချို့လည်း တက်ရောက်ခဲ့ကြပါသေးတယ်။ ပွဲတက်ရောက်ခဲ့ကြသူတွေထဲမှာ Peter Dinklage နဲ့ Conleth Hill ကိုလည်း တွေ့ရသလို Sophie Turner နဲ့ ခင်ပွန်းဖြစ်သူ Joe Jonas တို့ကိုလည်း တွေ့ရပါသေးတယ်။

Photo: charley.mcewen/ Instagram

ဒါတင်မက အီတလီနိုင်ငံက ဒေသတွင်း စားသောက်ဆိုင်တစ်ခုကလည်း ပြန်ဆုံတွေ့ခဲ့ကြတဲ့ Game of Thrones အဖွဲ့သားအချို့နဲ့ ရိုက်ကူးထားတဲ့ ပုံကို အင်စတာဂရမ်မှာ မျှဝေထားပါသေးတယ်။ အဆိုပါဓာတ်ပုံထဲမှာတော့ Tyrion Lannister အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Peter Dinklage ၊ Catelyn Stark အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Michelle Fairley နဲ့ Varys အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Conleth Hill တို့ကို တစုတဝေးတည်း တွေ့ရပါတယ်။

Photo: scinua/ Instagram

မင်္ဂလာသတို့သမီးဖြစ်တဲ့ Lena ကတော့ သူမရဲ့မင်္ဂလာပွဲက ပုံရိပ်တွေကို ယခုအချိန်ထိ ဆိုရှယ်မီဒီယာမှာ မျှဝေထားခြင်း မရှိသေးပါဘူး။ အသက်(၄၉)နှစ် ရှိပြီဖြစ်တဲ့ Lena ဟာ အသက်(၄၇)နှစ် ရှိပြီဖြစ်တဲ့ Marc Menchaca နဲ့ ၂၀၂၀ ခုနှစ်တည်းက တွဲနေခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ တကယ်တော့ Lena ရဲ့ တတိယမြောက်အိမ်ထောင် ဖြစ်ပါတယ်။ သူမဟာ ပထမဆုံးအိမ်ထောင်အဖြစ် musician Peter Loughran နဲ့ ငါးနှစ်ကြာ ပေါင်းသင်းနေထိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ အဲဒီနောက် ဒါရိုက်တာ Dan Cadan နဲ့ ၂၀၁၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ပေါင်းသင်းပြီးနောက် ကွာရှင်းခဲ့ပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular