HomeEntertainmentFilmLeonardo DiCaprio သရုပ်ဆောင်ထားတဲ့ ဝမ်းနည်းစရာအကောင်းဆုံး ဇာတ်ကောင်များ

Leonardo DiCaprio သရုပ်ဆောင်ထားတဲ့ ဝမ်းနည်းစရာအကောင်းဆုံး ဇာတ်ကောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Leonardo DiCaprio ဟာ ၁၉၇၄ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခုချိန်မှာတော့ အသက် (၄၆)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ Leonardo ဟာ ကမ္ဘာကေျာ် ရုပ်ရှင်ကားပေါင်းများစွာမှာ သရုပ်ဆောင်ခဲ့ဖူးပြီး အလွန်နာမည်ကြီးတဲ့ ဇာတ်ကောင်တွေနေရာမှာလည်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ အော်စကာဆုရှင် Leonardo သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်တွေထဲက ဝမ်းနည်းစရာအကောင်းဆုံး ဇာတ်ကောင်တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Shutter Island – Teddy Daniels
photo via screenrant

ဒီရုပ်ရှင်ထဲမှာတေ‌ာ့ အထူးအေးဂျင့်နှစ်ယောက်ဖြစ်တဲ့ Teddy Daniels နဲ့ Chuck Aule တို့ဟာ လူနာတစ်ယောက် ပျောက်ဆုံးသွားတာကြောင့် အရူးထောင်ကို စုံစမ်းဖို့အတွက် စေလွှတ်ခံလိုက်ရပါတယ်။ Teddy ကတော့ Andrew Laeddis ရဲ့ ရှို့မီးတစ်ခုကြောင့် သူ့ရဲ့အမျိူးသမီးကို ဆုံးရှုံးလိုက်ရလို့ စိတ်ဒဏ်ရာရနေသူလည်း ဖြစ်ပါတယ်။ Teddy အဲ့ဒီအမှုကို လက်ခံခဲ့ရတဲ့အကြောင်းကတော့ အဲ့ဒီကျွန်းပေါ်မှာ Andrew ကို ရှာဖွေချင်တာကြောင့်လို့ Chuck ကို ပြောပြလိုက်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ပရိသတ်တွေဟာ မထင်မှတ်ထားတဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်တွေကို မြင်တွေ့ခဲ့ရပါတယ်။

(6) Django Unchained – Calvin J. Candie
photo via screenrant

Leonardo ဟာ ဗီလိန်နေရာမှာ သိပ်ပြီး သရုပ်ဆောင်လေ့ မရှိပေမယ့်လည်း ဒီဇာတ်လမ်းထဲမှာတော့ Leonardo ကို ဗီလိန်အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူသရုပ်ဆောင်ခဲ့ရတဲ့ Calvin ဇာတ်ကောင်ဟာ အလွန်ဆိုးရွားပြီး လူမျိူးရေး ခွဲခြားတာကြောင့် သူ့အနေနဲ့ အတော်လေး အခက်တွေ့ခဲ့ရပါသေးတယ်။

ဒါ့အပြင် ဒီဇာတ်လမ်းကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Quentin Tarantino ဟာလည်း အဲ့ဒီဇာတ်ကောင်ကို သူ တကယ်စက်ဆုပ်ရွံရှာတဲ့ ပုံစံမျိူး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်ဟာ ဗီလိန်တစ်ယောက် ဖြစ်နေပေမယ့်လည်း ဒီဇာတ်လမ်းကို သေချာကြည့်မယ်ဆိုရင်တော့ သူဟာလည်း ဝမ်းနည်းဖို့ကောင်းတဲ့ ဇာတ်ကောင်တစ်ယောက်ဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(5) Blood Diamond – Danny Archer
photo via screenrant

ဒီဇာတ်လမ်းကိုတော့ ၁၉၉၁ခုနှစ်ကနေ ၂၀၀၁ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ Sierra Leone နိုင်ငံရဲ့ ပြည်တွင်းစစ် အချိန်ကာလအတွင်းမှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Leonardo ဟာ Danny Archer လို့ခေါ်တဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ ကြေးစား စစ်သားဟောင်းတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတစ်လျှောက်မှာတော့ Danny ဟာ စိန်တွေကို ရှာဖွေဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် Solomon Vandy လို့ခေါ်တဲ့ နယ်ခံငါးဖမ်းသမားတစ်ယောက်နဲ့ တရားမဝင် စိန်ရောင်းဝယ်ရေးအကြောင်းကို သတင်းရေးသားဖို့ ကြိုးစားနေတဲ့ Maddy Bowen လို့ခေါ်တဲ့ သတင်းထောက်တစ်ယောက်တို့ဟာလည်း Danny နဲ့အတူ ဇာတ်လမ်းတစ်လျှောက်မှာ ပါဝင်ခဲ့ပါတယ်။ သူတို့ရဲ့ စွန့်စားခန်းတစ်လျှောက်မှာတော့ အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ခဲ့ရပြီး ဒီဇာတ်ကောင်ဟာလည်း ဝမ်းနည်းစရာဇာတ်သိမ်းကို ကြုံတွေ့ခဲ့ရပါတယ်။

(4) The Departed – William “Billy” Costigan Jr.
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၂ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Infernal Affairs ဆိုတဲ့ ဟောင်ကောင်တရုတ်ကားကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်လမ်းကတော့ အိုင်းရစ်ရှ် ဒုစရိုက်ဂိုဏ်းတစ်ခုနဲ့ ရဲတွေကြားထဲက ပဋိပက္ခတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ William ကတော့ အဲ့ဒီရဲဌာနရဲ့ လူသစ်တစ်ယောက် ဖြစ်တာကြောင့် သူ့ရဲ့အထက်လူကြီးတွေဟာ အိုင်းရစ်ရှ် ဒုစရိုက်ဂိုဏ်းထဲကို အသွင်ယူ ဝင်ရောက်ပြီး စုံစမ်းခိုင်းခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ သူတို့ရဲ့ ရဲစခန်းမှာလည်း စပိုင်တစ်ယောက် ရှိနေတာကို သိလိုက်ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူ အသွင်ယူထားတာကို ဂိုဏ်းထဲက လူတွေမသိသွားခင်မှာ ရဲစခန်းထဲမှာရှိနေတဲ့ စပိုင်ဟာ ဘယ်သူလည်းဆိုတာကို ရှာဖွေရပါတော့တယ်။ ဒီဇာတ်ကောင်ရဲ့ ဇာတ်သိမ်းကလည်း ဝမ်းနည်းစရာကောင်းပြီး ကြည့်ရှုနေတဲ့ ပရိသတ်တွေကို ရင်ထဲမှာ ဟာတာတာ ဖြစ်သွားစေမယ့် ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။

(3) The Great Gatsby – Jay Gatsby
photo via screenrant

ဒီရုပ်ရှင်ဟာ F.Scott Fitzgerald ရေးသားခဲ့ပြီး ၁၉၂၅ခုနှစ်က ထွက်ရှိခဲ့တဲ့ The Great Gatsby ဆိုတဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Leonardo ဟာ ဝမ်းနည်းဖို့ကောင်းတဲ့ ရိုမန့်စ်ဇာတ်လမ်းတွေမှာ သရုပ်ဆောင်ရတာကို ကြိုက်နှစ်သက်လေ့ရှိပြီး ဒီဇာတ်လမ်းဟာလည်း သူ့အကြိုက် ရိုမန့်စ်ဇာတ်လမ်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ Daisy Buchanan ဆိုတဲ့ ကောင်မလေးအပေါ်မှာထားတဲ့ Jay ရဲ့ အချစ်တွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။

Jay ဟာ Daisy နဲ့ ချစ်ကြိုက်နေကြပေမယ့်လည်း ပထမကမ္ဘာစစ်ပွဲကြီး စတင်တဲ့အချိန်မှာတော့ သူဟာ စစ်ထဲကို လိုက်သွားရပါတယ်။ အဲ့ဒါကြောင့်ပဲ စစ်ပွဲကြီး ပြီးသွားတဲ့အချိန်မှာတော့ Jay ဟာ သူ့ကိုယ်သူ အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်လာအောင် လုပ်မယ်လို့ ကတိပေးပြီးတော့ Daisy ကို စောင့်ခိုင်းခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေ စတင်ပြီးတော့ ဝမ်းနည်းဖို့ကောင်းတဲ့ Jay ရဲ့ အချစ်ဇာတ်လမ်းလေးကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

(2) Romeo + Juliet – Romeo
photo via screenrant

ဒီရုပ်ရှင်ကတော့ ကမ္ဘာကျော် ဇာတ်လမ်းတွေကို ရေးသားခဲ့တဲ့ ဆရာကြီး William Shakespeare ရဲ့ ပြဇာတ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကလည်း အပေါ်မှာ ဖော်ပြခဲ့သလိုမျိူး ဝမ်းနည်းဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းတွေတစ်ခုပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အီတလီနိုင်ငံရဲ့ Verona မြို့မှာ‌နေထိုင်ကြတဲ့ Montague မိသားစုနဲ့ Capulet မိသားစုတို့ဟာ မဟာရန်သူတွေ ဖြစ်ကြပါတယ်။ Montague မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ Romeo ဟာ တစ်ရက်မှာတော့ Capulet မိသားစုဝင်ဖြစ်တဲ့ Juliet နဲ့ ချစ်ကြိုက်သွားပါတယ်။ ဒီလိုစစ်ဖြစ်နေတဲ့ မိသားစုနှစ်ခုဟာ သူတို့ရဲ့သားသမီးတွေကို ဘယ်လိုမှ ရန်သူမိသားစုဝင်နဲ့ သဘောတူမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့်ပဲ တစ်ကမ္ဘာလုံးမှာ နာမည်ကြီးခဲ့တဲ့ Romeo + Juliet ဆိုတဲ့ ဇာတ်လမ်း ဖြစ်ပေါ်လာတာပါ။

(1) Titanic – Jack Dawson
photo via screenrant

ဒီရုပ်ရှင်ကတော့ မသိသူ မရှိလောက်အောင် အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပြီးတော့ အော်စကာ (၁၁)ဆုတောင် ရရှိထားပါတယ်။ Jack Dawson ဆိုတဲ့ သာမန်ကောင်လေးတစ်ယောက်နဲ့ လူကုံထံ မိန်းကလေးတစ်ယောက်ဖြစ်တဲ့ Rose တို့ဟာ တိုက်တန်းနစ် သင်္ဘောကြီးပေါ်မှာ စတင်တွေ့ဆုံခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ကံကြမ္မာရဲ့ ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေကြောင့် တဖြည်းဖြည်းနဲ့ နီးစပ်လာကာ နောက်ဆုံးမှာတော့ ချစ်ကြိုက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အားလုံးသိကြတဲ့အတိုင်း တိုက်တန်းနစ်သင်္ဘောကြီးဟာ နစ်မြုပ်သွားတဲ့အခါမှာတော့…..။

ဒါကတော့ မင်းသား Leonardo DiCaprio သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်တွေထဲက ဝမ်းနည်းစရာအကောင်းဆုံး ဇာတ်ကောင်တွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေကို ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Leonardo DiCaprio ဟာ ၁၉၇၄ခုႏွစ္ ႏိုဝင္ဘာလ (၁၁)ရက္ေန႔မွာ ေမြးဖြားခဲ့ၿပီး အခုခ်ိန္မွာေတာ့ အသက္ (၄၆)ႏွစ္ ရွိေနၿပီ ျဖစ္ပါတယ္။ Leonardo ဟာ ကမာၻေက်ာ္ ႐ုပ္ရွင္ကားေပါင္းမ်ားစြာမွာ သ႐ုပ္ေဆာင္ခဲ့ဖူးၿပီး အလြန္နာမည္ႀကီးတဲ့ ဇာတ္ေကာင္ေတြေနရာမွာလည္း သ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ေအာ္စကာဆုရွင္ Leonardo သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ေကာင္ေတြထဲက ဝမ္းနည္းစရာအေကာင္းဆုံး ဇာတ္ေကာင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Shutter Island – Teddy Daniels
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတ‌ာ့ အထူးေအးဂ်င့္ႏွစ္ေယာက္ျဖစ္တဲ့ Teddy Daniels နဲ႔ Chuck Aule တို႔ဟာ လူနာတစ္ေယာက္ ေပ်ာက္ဆုံးသြားတာေၾကာင့္ အ႐ူးေထာင္ကို စုံစမ္းဖို႔အတြက္ ေစလႊတ္ခံလိုက္ရပါတယ္။ Teddy ကေတာ့ Andrew Laeddis ရဲ႕ ရႈိ႕မီးတစ္ခုေၾကာင့္ သူ႔ရဲ႕အမ်ိဴးသမီးကို ဆုံးရႈံးလိုက္ရလို႔ စိတ္ဒဏ္ရာရေနသူလည္း ျဖစ္ပါတယ္။ Teddy အဲ့ဒီအမႈကို လက္ခံခဲ့ရတဲ့အေၾကာင္းကေတာ့ အဲ့ဒီကြၽန္းေပၚမွာ Andrew ကို ရွာေဖြခ်င္တာေၾကာင့္လို႔ Chuck ကို ေျပာျပလိုက္ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာေတာ့ ပရိသတ္ေတြဟာ မထင္မွတ္ထားတဲ့ ဝမ္းနည္းစရာ အျဖစ္အပ်က္ေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။

(6) Django Unchained – Calvin J. Candie
photo via screenrant

Leonardo ဟာ ဗီလိန္ေနရာမွာ သိပ္ၿပီး သ႐ုပ္ေဆာင္ေလ့ မရွိေပမယ့္လည္း ဒီဇာတ္လမ္းထဲမွာေတာ့ Leonardo ကို ဗီလိန္အေနနဲ႔ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူသ႐ုပ္ေဆာင္ခဲ့ရတဲ့ Calvin ဇာတ္ေကာင္ဟာ အလြန္ဆိုး႐ြားၿပီး လူမ်ိဴးေရး ခြဲျခားတာေၾကာင့္ သူ႔အေနနဲ႔ အေတာ္ေလး အခက္ေတြ႕ခဲ့ရပါေသးတယ္။

ဒါ့အျပင္ ဒီဇာတ္လမ္းကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Quentin Tarantino ဟာလည္း အဲ့ဒီဇာတ္ေကာင္ကို သူ တကယ္စက္ဆုပ္႐ြံရွာတဲ့ ပုံစံမ်ိဴး ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒီဇာတ္ေကာင္ဟာ ဗီလိန္တစ္ေယာက္ ျဖစ္ေနေပမယ့္လည္း ဒီဇာတ္လမ္းကို ေသခ်ာၾကည့္မယ္ဆိုရင္ေတာ့ သူဟာလည္း ဝမ္းနည္းဖို႔ေကာင္းတဲ့ ဇာတ္ေကာင္တစ္ေယာက္ဆိုတာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

(5) Blood Diamond – Danny Archer
photo via screenrant

ဒီဇာတ္လမ္းကိုေတာ့ ၁၉၉၁ခုႏွစ္ကေန ၂၀၀၁ခုႏွစ္အထိ ျဖစ္ပြားခဲ့တဲ့ Sierra Leone ႏိုင္ငံရဲ႕ ျပည္တြင္းစစ္ အခ်ိန္ကာလအတြင္းမွာ ဇာတ္အိမ္တည္ၿပီး ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Leonardo ဟာ Danny Archer လို႔ေခၚတဲ့ ဇင္ဘာေဘြႏိုင္ငံရဲ႕ ေၾကးစား စစ္သားေဟာင္းတစ္ေယာက္အေနနဲ႔ သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္လမ္းတစ္ေလွ်ာက္မွာေတာ့ Danny ဟာ စိန္ေတြကို ရွာေဖြဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။

ဒါ့အျပင္ Solomon Vandy လို႔ေခၚတဲ့ နယ္ခံငါးဖမ္းသမားတစ္ေယာက္နဲ႔ တရားမဝင္ စိန္ေရာင္းဝယ္ေရးအေၾကာင္းကို သတင္းေရးသားဖို႔ ႀကိဳးစားေနတဲ့ Maddy Bowen လို႔ေခၚတဲ့ သတင္းေထာက္တစ္ေယာက္တို႔ဟာလည္း Danny နဲ႔အတူ ဇာတ္လမ္းတစ္ေလွ်ာက္မွာ ပါဝင္ခဲ့ပါတယ္။ သူတို႔ရဲ႕ စြန႔္စားခန္းတစ္ေလွ်ာက္မွာေတာ့ အခက္အခဲေတြ အမ်ားႀကီးကို ရင္ဆိုင္ခဲ့ရၿပီး ဒီဇာတ္ေကာင္ဟာလည္း ဝမ္းနည္းစရာဇာတ္သိမ္းကို ႀကဳံေတြ႕ခဲ့ရပါတယ္။

(4) The Departed – William “Billy” Costigan Jr.
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၂ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Infernal Affairs ဆိုတဲ့ ေဟာင္ေကာင္တ႐ုတ္ကားကို ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ရဲ႕ အဓိကဇာတ္လမ္းကေတာ့ အိုင္းရစ္ရွ္ ဒုစ႐ိုက္ဂိုဏ္းတစ္ခုနဲ႔ ရဲေတြၾကားထဲက ပဋိပကၡေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ William ကေတာ့ အဲ့ဒီရဲဌာနရဲ႕ လူသစ္တစ္ေယာက္ ျဖစ္တာေၾကာင့္ သူ႔ရဲ႕အထက္လူႀကီးေတြဟာ အိုင္းရစ္ရွ္ ဒုစ႐ိုက္ဂိုဏ္းထဲကို အသြင္ယူ ဝင္ေရာက္ၿပီး စုံစမ္းခိုင္းခဲ့ပါတယ္။

သိပ္မၾကာခင္မွာပဲ သူတို႔ရဲ႕ ရဲစခန္းမွာလည္း စပိုင္တစ္ေယာက္ ရွိေနတာကို သိလိုက္ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ အသြင္ယူထားတာကို ဂိုဏ္းထဲက လူေတြမသိသြားခင္မွာ ရဲစခန္းထဲမွာရွိေနတဲ့ စပိုင္ဟာ ဘယ္သူလည္းဆိုတာကို ရွာေဖြရပါေတာ့တယ္။ ဒီဇာတ္ေကာင္ရဲ႕ ဇာတ္သိမ္းကလည္း ဝမ္းနည္းစရာေကာင္းၿပီး ၾကည့္ရႈေနတဲ့ ပရိသတ္ေတြကို ရင္ထဲမွာ ဟာတာတာ ျဖစ္သြားေစမယ့္ ဇာတ္ေကာင္ပဲ ျဖစ္ပါတယ္။

(3) The Great Gatsby – Jay Gatsby
photo via screenrant

ဒီ႐ုပ္ရွင္ဟာ F.Scott Fitzgerald ေရးသားခဲ့ၿပီး ၁၉၂၅ခုႏွစ္က ထြက္ရွိခဲ့တဲ့ The Great Gatsby ဆိုတဲ့ ဝတၳဳကို ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Leonardo ဟာ ဝမ္းနည္းဖို႔ေကာင္းတဲ့ ႐ိုမန႔္စ္ဇာတ္လမ္းေတြမွာ သ႐ုပ္ေဆာင္ရတာကို ႀကိဳက္ႏွစ္သက္ေလ့ရွိၿပီး ဒီဇာတ္လမ္းဟာလည္း သူ႔အႀကိဳက္ ႐ိုမန႔္စ္ဇာတ္လမ္းေတြထဲကတစ္ခု ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ Daisy Buchanan ဆိုတဲ့ ေကာင္မေလးအေပၚမွာထားတဲ့ Jay ရဲ႕ အခ်စ္ေတြကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။

Jay ဟာ Daisy နဲ႔ ခ်စ္ႀကိဳက္ေနၾကေပမယ့္လည္း ပထမကမာၻစစ္ပြဲႀကီး စတင္တဲ့အခ်ိန္မွာေတာ့ သူဟာ စစ္ထဲကို လိုက္သြားရပါတယ္။ အဲ့ဒါေၾကာင့္ပဲ စစ္ပြဲႀကီး ၿပီးသြားတဲ့အခ်ိန္မွာေတာ့ Jay ဟာ သူ႔ကိုယ္သူ ေအာင္ျမင္တဲ့ လူတစ္ေယာက္ ျဖစ္လာေအာင္ လုပ္မယ္လို႔ ကတိေပးၿပီးေတာ့ Daisy ကို ေစာင့္ခိုင္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကေန စတင္ၿပီးေတာ့ ဝမ္းနည္းဖို႔ေကာင္းတဲ့ Jay ရဲ႕ အခ်စ္ဇာတ္လမ္းေလးကို ျမင္ေတြ႕ရမွာပဲ ျဖစ္ပါတယ္။

(2) Romeo + Juliet – Romeo
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ကမာၻေက်ာ္ ဇာတ္လမ္းေတြကို ေရးသားခဲ့တဲ့ ဆရာႀကီး William Shakespeare ရဲ႕ ျပဇာတ္ကို ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကလည္း အေပၚမွာ ေဖာ္ျပခဲ့သလိုမ်ိဴး ဝမ္းနည္းဖို႔ေကာင္းတဲ့ အခ်စ္ဇာတ္လမ္းေတြတစ္ခုပဲ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ အီတလီႏိုင္ငံရဲ႕ Verona ၿမိဳ႕မွာ‌ေနထိုင္ၾကတဲ့ Montague မိသားစုနဲ႔ Capulet မိသားစုတို႔ဟာ မဟာရန္သူေတြ ျဖစ္ၾကပါတယ္။ Montague မိသားစုဝင္တစ္ေယာက္ျဖစ္တဲ့ Romeo ဟာ တစ္ရက္မွာေတာ့ Capulet မိသားစုဝင္ျဖစ္တဲ့ Juliet နဲ႔ ခ်စ္ႀကိဳက္သြားပါတယ္။ ဒီလိုစစ္ျဖစ္ေနတဲ့ မိသားစုႏွစ္ခုဟာ သူတို႔ရဲ႕သားသမီးေတြကို ဘယ္လိုမွ ရန္သူမိသားစုဝင္နဲ႔ သေဘာတူမွာ မဟုတ္ပါဘူး။ အဲ့ဒါေၾကာင့္ပဲ တစ္ကမာၻလုံးမွာ နာမည္ႀကီးခဲ့တဲ့ Romeo + Juliet ဆိုတဲ့ ဇာတ္လမ္း ျဖစ္ေပၚလာတာပါ။

(1) Titanic – Jack Dawson
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ မသိသူ မရွိေလာက္ေအာင္ ေအာင္ျမင္ခဲ့တဲ့ ႐ုပ္ရွင္ကားေကာင္းတစ္ကား ျဖစ္ၿပီးေတာ့ ေအာ္စကာ (၁၁)ဆုေတာင္ ရရွိထားပါတယ္။ Jack Dawson ဆိုတဲ့ သာမန္ေကာင္ေလးတစ္ေယာက္နဲ႔ လူကုံထံ မိန္းကေလးတစ္ေယာက္ျဖစ္တဲ့ Rose တို႔ဟာ တိုက္တန္းနစ္ သေဘၤာႀကီးေပၚမွာ စတင္ေတြ႕ဆုံခဲ့ၾကပါတယ္။ ဒီလိုနဲ႔ သူတို႔ႏွစ္ေယာက္ဟာ ကံၾကမၼာရဲ႕ ဆန္းၾကယ္တဲ့ ျဖစ္ရပ္ေတြေၾကာင့္ တျဖည္းျဖည္းနဲ႔ နီးစပ္လာကာ ေနာက္ဆုံးမွာေတာ့ ခ်စ္ႀကိဳက္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း အားလုံးသိၾကတဲ့အတိုင္း တိုက္တန္းနစ္သေဘၤာႀကီးဟာ နစ္ျမဳပ္သြားတဲ့အခါမွာေတာ့…..။

ဒါကေတာ့ မင္းသား Leonardo DiCaprio သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ေကာင္ေတြထဲက ဝမ္းနည္းစရာအေကာင္းဆုံး ဇာတ္ေကာင္ေတြကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြကို ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular