HomeEntertainmentFilmLeonardo DiCaprio ပါဝင်သွားမယ့် Stephen King ရဲ့ Billy Summers ဇာတ်လမ်း

Leonardo DiCaprio ပါဝင်သွားမယ့် Stephen King ရဲ့ Billy Summers ဇာတ်လမ်း

စာရေးဆရာကြီး Stephen King ရဲ့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Best Seller ဖြစ်ခဲ့တဲ့ Billy Summers ဝတ္ထုကိုတော့ Leonardo DiCaprio နဲ့ J.J. Abram တို့က ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးသွားတော့မှာ ဖြစ်ပါတယ်။ ထူးခြားတာ တခုကတော့ Horror King လို့တောင် တင်စားရတဲ့ စာရေးဆရာကြီး Stephen King က ရေးသားထားတာ ဖြစ်ပေမယ့်လည်း ဒီဝတ္ထုကတော့ Horror ဇာတ်လမ်းမဟုတ်ဘဲ Crime ဇာတ်လမ်းအမျိူးအစား ဖြစ်နေပါတယ်။

photo via screenrant

ဒီဝတ္ထုကတော့ ထွက်ရှိလာပြီး သိပ်မကြာခင်မှာပဲ The New York Times ရဲ့ Best Seller List မှာ နံပတ်တစ် ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ J.J. Abram ရဲ့ Bad Robot Production ဟာ လျင်လျင်မြန်မြန်ပဲ ဒီဇာတ်လမ်းကို Limited Series အဖြစ် ဖန်တီးဖို့ ပြင်ဆင်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ Warner Bros ဟာ ဒီစာအုပ်ရဲ့ မူပိုင်ခွင့်ကို ဝယ်ယူခဲ့ပြီး J.J. Abram ရဲ့ Bad Robot Production ၊ Leonardo DiCaprio ရဲ့ Appian Way Production တို့နဲ့အတူ ရုပ်ရှင်အဖြစ် ပြောင်းလဲဖန်တီးသွားမယ်လို့ Deadline သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါ့အပြင် Leonardo ကိုယ်တိုင်လည်း အဓိကဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်သွားနိုင်ပါတယ်။

ဇာတ်လမ်းကတော့ မရိန်းစစ်သားဟောင်း တစ်ယောက်ဟာ လူဆိုးတွေကိုပဲ အခကြေးငွေယူပြီး သတ်ဖြတ်ပေးတဲ့ လုပ်ကြံသတ်ဖြတ်သူအဖြစ် အသက်မွေးနေပါတယ်။ တရက်မှာတော့ သူဟာ သူ့ရဲ့ဘဝတလျှောက်လုံးအတွက် ငွေအများဆုံးရရှိမယ့် အလုပ်တစ်ခုကို လက်ခံလိုက်ပြီး ဒီအလုပ်ပြီးရင် အေးဆေးအနားယူသွားဖို့ စီစဉ်ထားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘယ်လိုမျိူး မထင်မှတ်ထားတာတွေ ဖြစ်လာမလည်း ဆိုတာကတော့…။

photo via screenrant

ယခုအချိန်မှာတော့ စာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုအချို့ကို Live Action အဖြစ် ပြန်လည်ဖန်တီးနေကြပြီး ယခုနှစ်အတွင်းမှာလည်း ထွက်ရှိလာမယ့် ရုပ်ရှင်တွေ ရှိပါသေးတယ်။ ပထမဆုံးရုပ်ရှင်ကတော့ The Boogeyman ပဲ ဖြစ်ပြီး ဇွန်လ (၂)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် The Salem’s Lot ရုပ်ရှင်ကလည်း ယခုနှစ်အတွင်းမှာပဲ ထွက်ရှိလာဖို့ များပါတယ်။ Billy Summers ရုပ်ရှင်ကတော့ ရိုက်ကူးရေးတောင် မစရသေးတာကြောင့် နောက်ထပ် (၂)နှစ် (၃)နှစ်လောက်နေမှ ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular