HomeCelebs Update NewsInternationalDon't Look Up ရုပ်ရှင်မှာ Leonardo ထက် သရုပ်ဆောင်ကြေးနည်းပေမယ့် ပျော်ပါတယ်ဆိုတဲ့ Jennifer Lawrence 

Don’t Look Up ရုပ်ရှင်မှာ Leonardo ထက် သရုပ်ဆောင်ကြေးနည်းပေမယ့် ပျော်ပါတယ်ဆိုတဲ့ Jennifer Lawrence 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီး Jennifer Lawrence ကတော့ မကြာခင်မှာ ထွက်ရှိလာတော့မယ့် ရုပ်ရှင်အသစ် Don’t Look Up ထဲမှာ မင်းသား Leonardo DiCaprio ထက် သရုပ်ဆောင်ကြေး လျော့နည်းပေမယ့် စိတ်မခုပါဘူးလို့ ပြောလာပါတယ်။

တကယ်တော့ J. Law ဟာ ဒီရုပ်ရှင်ထဲက သရုပ်ဆောင်တွေထဲမှာ သရုပ်ဆောင်ကြေး အများဆုံး ရရှိတဲ့ထဲမှာ ပါဝင်ပါတယ်။ သို့ပေမယ့် ယခုနှစ်အစောပိုင်းက Variety သတင်းဌာနမှာ ဖော်ပြချက်အရ သူမဟာ Don’t Look Up ထဲမှာ သရုပ်ဆောင်ကြေး ဒေါ်လာ(၂၅)သန်း ရရှိခဲ့ပြီး ဒါဟာ Leonardo ရဲ့ သရုပ်ဆောင်ကြေးထက် ဒေါ်လာ(၅)သန်း လျော့နည်းတယ်လို့ သိရပါတယ်။

အသက်(၃၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ J. Law ဟာ ဒီဇင်ဘာလထုတ် Vanity Fair မဂ္ဂဇင်းအတွက် ကာဗာမော်ဒယ်လ် လုပ်ပေးပြီး အင်တာဗျူးလည်း ဖြေဆိုထားပါတယ်။ အဆိုပါ အင်တာဗျူးအတွင်းမှာတော့ ဟောလိဝုဒ် ရုပ်ရှင်လောကမှာ သရုပ်ဆောင်ကြေး ကွာဟတဲ့အကြောင်းကို အခုလို မှတ်ချက်ပေးထားတာ ဖြစ်ပါတယ်။

Photo via IMDb

“ဒီမှာကြည့် … Leo က ကျွန်မထက် box-office ဝင်ငွေ ပိုရှာပေးနိုင်တဲ့သူလေ။ ကျွန်မက တကယ်ကြီး ကံကောင်းတာ။ ပြီးတော့ ကျွန်မရတဲ့ အနေအထားကို ကျွန်မ ကျေနပ်ပါတယ် …  ”

“ဒါပေမယ့် တခြားတစ်ဘက်က ကြည့်ရင်တော့ ကျွန်မ ကြုံလာရတာ … တခြားအမျိုးသမီးသရုပ်ဆောင်တွေလည်း အဲလိုပဲ ကြုံကြရမှာပါ။ အဲဒါကတော့ သရုပ်ဆောင်ကြေး အညီအမျှ ရသလားဆိုတာ မေးရတာ တအားစိတ်ထဲမှာ မသက်မသာ ဖြစ်ရတယ်။ ပြီးတော့ အဲလိုမေးလိုက်လို့ မညီမျှဘူးဆိုတာ ပေါ်လာရင်လည်း ဒါက gender ပေါ် မူတည်ပြီး ခွဲခြားတာ မဟုတ်ပါဘူးလို့ ရှင့်ကို သူတို့ပြောကြလိမ့်မယ်။ ဒါပေမယ့် အဲဒါဆို ဘာပေါ်မူတည်တာလည်းဆိုတာကိုလည်း သူတို့ အတိအကျ မပြောနိုင်ကြဘူး … ” လို့ သူမက ဆိုပါတယ်။

Photo via IMDb

J. Law ဟာ သရုပ်ဆောင်ကြေး အမြင့်ဆုံး မရဘူးဆိုပေမယ့် call sheet မှာ သူမအမည်က ထိပ်ဆုံးက ပါနေတဲ့အတွက် သူမ လုပ်ရတာနဲ့ ထိုက်တန်မယ့် လစာကိုတော့ တောင်းဆိုခဲ့တယ်လို့ Vanity Fair ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒါ့အပြင် Vanity Fair ရဲ့ ဖော်ပြချက်အရ Don’t Look Up ရဲ့ credit စာရင်းမှာ Leonardo ရဲ့ အမည်ထက် သူမရဲ့အမည်က ပထမဆုံး ပေါ်လာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“Leo က ဒီကိစ္စနဲ့ ပတ်သက်ရင် အရမ်းသဘောထားကြီးပါတယ်။ ကျွန်မထင်တာ ကျွန်မတို့နှစ်ယောက်က Laverne & Shirley လို ရတာထင်တယ်။ အဲဒါကတော့ သရုပ်ဆောင်ကြေး ညီတူညီမျှရတာကို သူတို့ခေါ်တဲ့ဟာလေ။ ဒါပေမယ့် ကျွန်မက ထပ်ပြီး စပ်စုကြည့်သေးတာပေါ့။ ဒီထက် ပိုနက်နက်နဲနဲ သွားကြည့်ကြရင် တကယ်လို့များ မညီမျှတာ ဖြစ်နေရင်ရော ဆိုတာမျိုးပေါ့ …  ” လို့ J. Law က ဆိုပါတယ်။

Don’t Look Up ကတော့ သဘာဝဘေးအန္တရာယ်အကြောင်းကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Leonardo DiCaprio ၊ Jennifer Lawrence ၊ Timothée Chalamet ၊ Ariana Grande ၊ Jonah Hill ၊ Chris Evans ၊ Meryl Streep ၊ Cate Blanchett စတဲ့ နာမည်ကျော်သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

ဒီဇာတ်ကားကိုတော့ ဒီဇင်ဘာလ (၂၄)ရက်နေ့မှာ Netflix မှာ စတင်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

မင္းသမီး Jennifer Lawrence ကေတာ့ မၾကာခင္မွာ ထြက္ရွိလာေတာ့မယ့္ ႐ုပ္ရွင္အသစ္ Don’t Look Up ထဲမွာ မင္းသား Leonardo DiCaprio ထက္ သ႐ုပ္ေဆာင္ေၾကး ေလ်ာ့နည္းေပမယ့္ စိတ္မခုပါဘူးလို႔ ေျပာလာပါတယ္။

တကယ္ေတာ့ J. Law ဟာ ဒီ႐ုပ္ရွင္ထဲက သ႐ုပ္ေဆာင္ေတြထဲမွာ သ႐ုပ္ေဆာင္ေၾကး အမ်ားဆုံး ရရွိတဲ့ထဲမွာ ပါဝင္ပါတယ္။ သို႔ေပမယ့္ ယခုႏွစ္အေစာပိုင္းက Variety သတင္းဌာနမွာ ေဖာ္ျပခ်က္အရ သူမဟာ Don’t Look Up ထဲမွာ သ႐ုပ္ေဆာင္ေၾကး ေဒၚလာ(၂၅)သန္း ရရွိခဲ့ၿပီး ဒါဟာ Leonardo ရဲ့ သ႐ုပ္ေဆာင္ေၾကးထက္ ေဒၚလာ(၅)သန္း ေလ်ာ့နည္းတယ္လို႔ သိရပါတယ္။

အသက္(၃၁)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ J. Law ဟာ ဒီဇင္ဘာလထုတ္ Vanity Fair မဂၢဇင္းအတြက္ ကာဗာေမာ္ဒယ္လ္ လုပ္ေပးၿပီး အင္တာဗ်ဴးလည္း ေျဖဆိုထားပါတယ္။ အဆိုပါ အင္တာဗ်ဴးအတြင္းမွာေတာ့ ေဟာလိဝုဒ္ ႐ုပ္ရွင္ေလာကမွာ သ႐ုပ္ေဆာင္ေၾကး ကြာဟတဲ့အေၾကာင္းကို အခုလို မွတ္ခ်က္ေပးထားတာ ျဖစ္ပါတယ္။

Photo via IMDb

“ဒီမွာၾကည့္ … Leo က ကၽြန္မထက္ box-office ဝင္ေငြ ပိုရွာေပးနိုင္တဲ့သူေလ။ ကၽြန္မက တကယ္ႀကီး ကံေကာင္းတာ။ ၿပီးေတာ့ ကၽြန္မရတဲ့ အေနအထားကို ကၽြန္မ ေက်နပ္ပါတယ္ …  ”

“ဒါေပမယ့္ တျခားတစ္ဘက္က ၾကည့္ရင္ေတာ့ ကၽြန္မ ၾကဳံလာရတာ … တျခားအမ်ိဳးသမီးသ႐ုပ္ေဆာင္ေတြလည္း အဲလိုပဲ ၾကဳံၾကရမွာပါ။ အဲဒါကေတာ့ သ႐ုပ္ေဆာင္ေၾကး အညီအမၽွ ရသလားဆိုတာ ေမးရတာ တအားစိတ္ထဲမွာ မသက္မသာ ျဖစ္ရတယ္။ ၿပီးေတာ့ အဲလိုေမးလိုက္လို႔ မညီမၽွဘူးဆိုတာ ေပၚလာရင္လည္း ဒါက gender ေပၚ မူတည္ၿပီး ခြဲျခားတာ မဟုတ္ပါဘူးလို႔ ရွင့္ကို သူတို႔ေျပာၾကလိမ့္မယ္။ ဒါေပမယ့္ အဲဒါဆို ဘာေပၚမူတည္တာလည္းဆိုတာကိုလည္း သူတို႔ အတိအက် မေျပာနိုင္ၾကဘူး … ” လို႔ သူမက ဆိုပါတယ္။

Photo via IMDb

J. Law ဟာ သ႐ုပ္ေဆာင္ေၾကး အျမင့္ဆုံး မရဘူးဆိုေပမယ့္ call sheet မွာ သူမအမည္က ထိပ္ဆုံးက ပါေနတဲ့အတြက္ သူမ လုပ္ရတာနဲ႔ ထိုက္တန္မယ့္ လစာကိုေတာ့ ေတာင္းဆိုခဲ့တယ္လို႔ Vanity Fair ရဲ့ ေဖာ္ျပခ်က္အရ သိရပါတယ္။ ဒါ့အျပင္ Vanity Fair ရဲ့ ေဖာ္ျပခ်က္အရ Don’t Look Up ရဲ့ credit စာရင္းမွာ Leonardo ရဲ့ အမည္ထက္ သူမရဲ့အမည္က ပထမဆုံး ေပၚလာတာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

“Leo က ဒီကိစၥနဲ႔ ပတ္သက္ရင္ အရမ္းသေဘာထားႀကီးပါတယ္။ ကၽြန္မထင္တာ ကၽြန္မတို႔ႏွစ္ေယာက္က Laverne & Shirley လို ရတာထင္တယ္။ အဲဒါကေတာ့ သ႐ုပ္ေဆာင္ေၾကး ညီတူညီမၽွရတာကို သူတို႔ေခၚတဲ့ဟာေလ။ ဒါေပမယ့္ ကၽြန္မက ထပ္ၿပီး စပ္စုၾကည့္ေသးတာေပါ့။ ဒီထက္ ပိုနက္နက္နဲနဲ သြားၾကည့္ၾကရင္ တကယ္လို႔မ်ား မညီမၽွတာ ျဖစ္ေနရင္ေရာ ဆိုတာမ်ိဳးေပါ့ …  ” လို႔ J. Law က ဆိုပါတယ္။

Don’t Look Up ကေတာ့ သဘာဝေဘးအႏၲရာယ္အေၾကာင္းကို ဟာသေႏွာၿပီး ရိုက္ကူးထားတဲ့ ႐ုပ္ရွင္တစ္ကား ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာေတာ့ Leonardo DiCaprio ၊ Jennifer Lawrence ၊ Timothée Chalamet ၊ Ariana Grande ၊ Jonah Hill ၊ Chris Evans ၊ Meryl Streep ၊ Cate Blanchett စတဲ့ နာမည္ေက်ာ္သ႐ုပ္ေဆာင္မ်ားစြာ ပါဝင္ထားပါတယ္။

ဒီဇာတ္ကားကိုေတာ့ ဒီဇင္ဘာလ (၂၄)ရက္ေန႔မွာ Netflix မွာ စတင္ၾကည့္ရွုနိုင္မွာ ျဖစ္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular