HomeCelebs Update NewsInternationalကိုရိုနာဗိုင်းရပ်စ်ကြောင့် စားဝတ်နေရေးကျပ်တည်းနေသူတွေအတွက် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်လိုက်တဲ့ Leonardo

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားဝတ်နေရေးကျပ်တည်းနေသူတွေအတွက် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်လိုက်တဲ့ Leonardo

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ဟောလိဝုဒ်မင်းသားချော Leonardo DiCaprio ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားဝတ်နေရေး ကျပ်တည်းနေသူတွေအတွက် ရည်ရွယ်ပြီး ရန်ပုံငွေဖောင်ဒေးရှင်းတစ်ခု ထူထောင်လိုက်ပါတယ်။

America’s Food Fund လို့ အမည်ပေးထားတဲ့ ဖောင်ဒေးရှင်းကို နာမည်ကျော် ပရဟိတသမား Laurene Powell Jobs နဲ့ တွဲဖက်ကာ ထူထောင်လိုက်တာဖြစ်ပြီး လောလောဆယ်အထိ အမေရိကန်ဒေါ်လာ(၁၂)သန်း မတည်အလှူငွေ ရရှိထားပြီလို့ သိရပါတယ်။ ဒီဖောင်ဒေးရှင်းဟာ ဝင်ငွေနည်းပါးတဲ့မိသားစုတွေ၊ သက်ကြီးရွယ်အို ဘိုးဘွားတွေနဲ့ စာသင်ကျောင်းက ကျွေးတဲ့ နေ့လယ်စာကိုသာ အားကိုးစားသောက်နေရတဲ့ ကလေးငယ်တွေအတွက် ရည်ရွယ်တာဖြစ်ပြီး ယခုလို ဗိုင်းရပ်စ်ကြောင့် အလုပ်တွေ ရပ်နားထားရချိန်မှာ စားဖို့သောက်ဖို့ အခက်အခဲဖြစ်နေတဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေအတွက် ကူညီပေးသွားမှာဖြစ်တယ်လို့ ကြေငြာထားပါတယ်။

Photo: leonardodicaprio/ Instagram

အဆိုပါ ဖောင်ဒေးရှင်းဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပရဟိတအဖွဲ့အစည်းကြီးတွေဖြစ်တဲ့ World Central Kitchen နဲ့ Feeding America အဖွဲ့နှစ်ဖွဲ့နဲ့အတူ ပူးပေါင်းပြီး တကယ် အစားအသောက် လိုအပ်နေသူတွေကို ကူညီသွားမှာ ဖြစ်ပါတယ်။ ဒီဖောင်ဒေးရှင်းမှာ မင်းသား Leonardo က တွဲဖက်တည်ထောင်သူအဖြစ် တာဝန်ယူထားပြီး နာမည်ကျော် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Apple ကုမ္ပဏီနဲ့ Ford ဖောင်ဒေးရှင်းတို့ကလည်း ဖောင်ဒေးရှင်းဖြစ်မြောက်လာအောင် ကနဦး မတည်အလှူငွေတွေ ထည့်ဝင်ပေးထားကြပါတယ်။

“အခုလို အကျပ်အတည်းဖြစ်နေတဲ့အချိန်မှာ World Central Kitchen နဲ့ Feeding America အဖွဲ့နှစ်ဖွဲ့ဟာ သူတို့ရဲ့ ခိုင်မြဲတည်တံ့တဲ့ ကတိကဝတ်နဲ့အတူ တကယ်လိုအပ်နေတဲ့သူတွေအတွက် အစားအစာတေွ ပံ့ပိုးကူညီပေးနေတာက ကျွန်တော်တို့အတွက် တကယ် အတုယူစရာဖြစ်စေပါတယ်။ တကယ် ရှေ့တမ်းကနေပြီး မမောနိုင်မပန်းနိုင် လုပ်အားပေးနေကြတဲ့ သူတို့လိုအဖွဲ့အစည်းတွေကို ကျွန်တော်တို့အနေနဲ့ အင်တိုက်အားတိုက် ကူညီပံ့ပိုးပေးသင့်ပါတယ်။ တကယ်လည်း ကျေးဇူးတင်စရာကောင်းလှပါတယ် …” လို့ Leonardo က သူ့ရဲ့ကြေငြာချက်ထဲမှာ ပြောထားပါတယ်။

Photo: wikimedia commons

ယခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့ကပ်ရောဂါအနေနဲ့ နိုင်ငံအများအပြားမှာ ခံစားနေကြရပြီး အကျိုးဆက်အနေနဲ့ စီးပွားရေးတွေလည်း အကြီးအကျယ် ထိခိုက်နေပါတယ်။ ဒါ့အပြင် တစ်နေ့တာဝင်ငွေကို အဓိကအားထားနေရတဲ့ အောက်ခြေလူတန်းစားတွေအတွက်လည်း တစ်ဖက်က ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေရသလို တစ်ဖက်ကလည်း ဝမ်းရေးအတွက် အခက်အခဲတွေ ကြုံနေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူတွေရဲ့ ဆာလောင်မှုတွေကို ဖြေဖျောက်ပေးပြီး ဒီကပ်ရောဂါဆိုးကြီးကို တောင့်ခံကာ အတူကျော်ဖြတ်နိုင်ဖို့ နိုင်ငံအသီးသီးမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေသလို ဖြေရှင်းနေကြရတာ ဖြစ်ပါတယ်။ ဒီလိုအခက်အခဲဖြစ်ချိန်မှာ ကူညီပေးနေသူတွေဟာလည်း တကယ်ကို ကျေးဇူးတင်ထိုက်သူတွေပါလို့ တင်ပြရင်း … ။

LaNina
(Zawgyi Version)

နာမည္ေက်ာ္ ေဟာလိဝုဒ္မင္းသားေခ်ာ Leonardo DiCaprio ဟာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စားဝတ္ေနေရး က်ပ္တည္းေနသူေတြအတြက္ ရည္႐ြယ္ၿပီး ရန္ပုံေငြေဖာင္ေဒးရွင္းတစ္ခု ထူေထာင္လိုက္ပါတယ္။

America’s Food Fund လို႔ အမည္ေပးထားတဲ့ ေဖာင္ေဒးရွင္းကို နာမည္ေက်ာ္ ပရဟိတသမား Laurene Powell Jobs နဲ႔ တြဲဖက္ကာ ထူေထာင္လိုက္တာျဖစ္ၿပီး ေလာေလာဆယ္အထိ အေမရိကန္ေဒၚလာ(၁၂)သန္း မတည္အလႉေငြ ရရွိထားၿပီလို႔ သိရပါတယ္။ ဒီေဖာင္ေဒးရွင္းဟာ ဝင္ေငြနည္းပါးတဲ့မိသားစုေတြ၊ သက္ႀကီး႐ြယ္အို ဘိုးဘြားေတြနဲ႔ စာသင္ေက်ာင္းက ေကြၽးတဲ့ ေန႔လယ္စာကိုသာ အားကိုးစားေသာက္ေနရတဲ့ ကေလးငယ္ေတြအတြက္ ရည္႐ြယ္တာျဖစ္ၿပီး ယခုလို ဗိုင္းရပ္စ္ေၾကာင့္ အလုပ္ေတြ ရပ္နားထားရခ်ိန္မွာ စားဖို႔ေသာက္ဖို႔ အခက္အခဲျဖစ္ေနတဲ့ တစ္ေန႔လုပ္မွ တစ္ေန႔စားရသူေတြအတြက္ ကူညီေပးသြားမွာျဖစ္တယ္လို႔ ေၾကျငာထားပါတယ္။

Photo: leonardodicaprio/ Instagram

အဆိုပါ ေဖာင္ေဒးရွင္းဟာ အေမရိကန္ျပည္ေထာင္စုမွာရွိတဲ့ ပရဟိတအဖြဲ႕အစည္းႀကီးေတြျဖစ္တဲ့ World Central Kitchen နဲ႔ Feeding America အဖြဲ႕ႏွစ္ဖြဲ႕နဲ႔အတူ ပူးေပါင္းၿပီး တကယ္ အစားအေသာက္ လိုအပ္ေနသူေတြကို ကူညီသြားမွာ ျဖစ္ပါတယ္။ ဒီေဖာင္ေဒးရွင္းမွာ မင္းသား Leonardo က တြဲဖက္တည္ေထာင္သူအျဖစ္ တာဝန္ယူထားၿပီး နာမည္ေက်ာ္ ကုမၸဏီႀကီးေတြျဖစ္တဲ့ Apple ကုမၸဏီနဲ႔ Ford ေဖာင္ေဒးရွင္းတို႔ကလည္း ေဖာင္ေဒးရွင္းျဖစ္ေျမာက္လာေအာင္ ကနဦး မတည္အလႉေငြေတြ ထည့္ဝင္ေပးထားၾကပါတယ္။

“အခုလို အက်ပ္အတည္းျဖစ္ေနတဲ့အခ်ိန္မွာ World Central Kitchen နဲ႔ Feeding America အဖြဲ႕ႏွစ္ဖြဲ႕ဟာ သူတို႔ရဲ႕ ခိုင္ၿမဲတည္တံ့တဲ့ ကတိကဝတ္နဲ႔အတူ တကယ္လိုအပ္ေနတဲ့သူေတြအတြက္ အစားအစာေတြ ပံ့ပိုးကူညီေပးေနတာက ကြၽန္ေတာ္တို႔အတြက္ တကယ္ အတုယူစရာျဖစ္ေစပါတယ္။ တကယ္ ေရွ႕တမ္းကေနၿပီး မေမာႏိုင္မပန္းႏိုင္ လုပ္အားေပးေနၾကတဲ့ သူတို႔လိုအဖြဲ႕အစည္းေတြကို ကြၽန္ေတာ္တို႔အေနနဲ႔ အင္တိုက္အားတိုက္ ကူညီပံ့ပိုးေပးသင့္ပါတယ္။ တကယ္လည္း ေက်းဇူးတင္စရာေကာင္းလွပါတယ္ …” လို႔ Leonardo က သူ႔ရဲ႕ေၾကျငာခ်က္ထဲမွာ ေျပာထားပါတယ္။

Photo: wikimedia commons

ယခုဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ဟာ ကမာၻ႔ကပ္ေရာဂါအေနနဲ႔ ႏိုင္ငံအမ်ားအျပားမွာ ခံစားေနၾကရၿပီး အက်ိဳးဆက္အေနနဲ႔ စီးပြားေရးေတြလည္း အႀကီးအက်ယ္ ထိခိုက္ေနပါတယ္။ ဒါ့အျပင္ တစ္ေန႔တာဝင္ေငြကို အဓိကအားထားေနရတဲ့ ေအာက္ေျခလူတန္းစားေတြအတြက္လည္း တစ္ဖက္က က်န္းမာေရးအတြက္ စိုးရိမ္ပူပန္ေနရသလို တစ္ဖက္ကလည္း ဝမ္းေရးအတြက္ အခက္အခဲေတြ ႀကဳံေနၾကရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း လူေတြရဲ႕ ဆာေလာင္မႈေတြကို ေျဖေဖ်ာက္ေပးၿပီး ဒီကပ္ေရာဂါဆိုးႀကီးကို ေတာင့္ခံကာ အတူေက်ာ္ျဖတ္ႏိုင္ဖို႔ ႏိုင္ငံအသီးသီးမွာ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ အဆင္ေျပသလို ေျဖရွင္းေနၾကရတာ ျဖစ္ပါတယ္။ ဒီလိုအခက္အခဲျဖစ္ခ်ိန္မွာ ကူညီေပးေနသူေတြဟာလည္း တကယ္ကို ေက်းဇူးတင္ထိုက္သူေတြပါလို႔ တင္ျပရင္း … ။

LaNina
RELATED ARTICLES

Most Popular