HomeEntertainmentFilmLeonardo DiCaprio ရဲ့ အသစ်ထွက်လာမယ့် ရုပ်ရှင်များ

Leonardo DiCaprio ရဲ့ အသစ်ထွက်လာမယ့် ရုပ်ရှင်များ

ဟောလိဝုဒ်လောကရဲ့ အအောင်မြင်ဆုံး မင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ Leonardo DiCaprio ဟာ ၂၀၂၁ ခုနှစ်အတွင်းမှာတော့ Netflix ရဲ့ Don’t Look Up ရုပ်ရှင်ထဲမှာ ပါဝင်ထားပါတယ်။ Don’t Look Up ကလည်း ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပြီး IMDb (7.3) ရရှိထားပါတယ်။ ဒါ့အပြင် Leonardo ရဲ့ ပရိသတ်တွေအတွက် အခုအခါမှာတော့ သူ့ရဲ့ အသစ်ထွက်လာမယ့် ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

Killers of the Flower Moon
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ စာရေးဆရာ David Grann ရေးသားခဲ့တဲ့ Killers of the Flower Moon ဆိုတဲ့စာအုပ်ကို ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၂၀ ကျော်လောက်က Oklahoma မှာရှိတဲ့ လူချမ်းသာ Native American တွေရဲ့ လူသတ်မှုအကြောင်းကို မြင်တွေ့ရမှာပါ။ Leonardo ကတော့ Ernest Burkhart ဆိုတဲ့ စီးပွားရေးသမား တစ်ယောက်နေရာက ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ရိုက်ကူးရေးကတော့ စတင်နေပြီလို့ သိရပါတယ်။

The Black Hand
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ စာရေးဆရာ Stephen Talty ရေးသားခဲ့တဲ့ “The Black Hand: The Epic War Between a Brilliant Detective and the Deadliest Secret Society” ဆိုတဲ့စာအုပ်ကို ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ Leonardo ကတော့ Joseph Petrosino ဆိုတဲ့ ရဲတစ်ယောက်နေရာမှာ ပါဝင်ထားပြီး သူဟာ နယူးယော့ခ်မှာရှိတဲ့ အီတလီ၊ အမေရိကန်ဂိုဏ်းတစ်ခုကို ရပ်တန့်ဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ရိုက်ကူးရေး စတင်ဖို့ ပြင်ဆင်နေဆဲ အခြေအနေပဲ ဖြစ်ပါတယ်။

The Devil in the White City
photo via screenrant

၂၀၀၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ The Devil in the White City စာအုပ်ရဲ့ မူပိုင်ခွင့်ကိုတော့ Leonardo ဟာ ၂၀၁၀ ခုနှစ်မှာ ဝယ်ယူခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချီကာဂိုမြို့မှာ ရှိတဲ့ H. H. Holmes ဆိုတဲ့ ဆရာဝန်တစ်ယောက်အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူကတော့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး ကွင်းဆက်လူသတ်သမား ဖြစ်လာခဲ့သူလည်း ဖြစ်ပါသေးတယ်။ ဒီဇာတ်လမ်းကိုတော့ Hulu မှာ မီနီစီးရီးအနေနဲ့ ပြသသွားမယ်လို့ သိရပါတယ်။

Roosevelt
photo via screenrant

ဒီရုပ်ရှင်ကတော့ အမေရိကန်သမ္မတဟောင်းဖြစ်သူ Theodore Roosevelt ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ဖန်တီးသွားမှာ ဖြစ်ပါတယ်။ Leonardo ကတော့ Theodore Roosevelt နေရာကနေပဲ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး တစ်ခြားအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကတော့ တော်တော်နဲ့ ထွက်ရှိလာမယ်လို့ မထင်ပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular