HomeCelebs Update NewsInternationalရိုက်ကွင်းပေါ်မှာ ဒဏ်ရာရသွားလို့ ဆေးရုံတင်လိုက်ရတဲ့ Black Panther သရုပ်ဆောင် Letitia Wright

ရိုက်ကွင်းပေါ်မှာ ဒဏ်ရာရသွားလို့ ဆေးရုံတင်လိုက်ရတဲ့ Black Panther သရုပ်ဆောင် Letitia Wright

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Black Panther ထဲမှာ Shuri အဖြစ် ပါဝင်ထားတဲ့ သရုပ်ဆောင် Letitia Wright ဟာ Black Panther: Wakanda Forever ကို ရိုက်ကူးနေရင်း ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်ကတော့ ဗုဒ္ဓဟူးနေ့က ဖြစ်ခဲ့တာ  ဖြစ်ပြီး သူမဟာ စတန့်တစ်ခုကို ပြုလုပ်နေရင်း ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ Black Panther: Wakanda Forever ရိုက်ကွင်းဟာ Boston မြို့မှာ ရိုက်ကူးရေး ပြုလုပ်နေပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ ယခင်က သရုပ်ဆောင်အများစု ပြန်လည်ပါဝင်လာသလို Michaela Cole ကလည်း ဇာတ်ကောင်အသစ်အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Iron Man နေရာကို ဆက်ခံသွားမယ့် Ironheart တဖြစ်လည်း Riri Williams ကလည်း ဒီရုပ်ရှင်ထဲမှာ စတင်ပါဝင်လာမှာ ဖြစ်ပြီး Ironheart နေရာမှာတော့ Dominique Thorne က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Teonch Heurta ကလည်း ကောမစ်ထဲက Anti-Hero တစ်ယောက်ဖြစ်တဲ့ Namor နေရာမှာ ပါဝင်လာမယ်လို့ သတင်းထွက်နေပါသေးတယ်။

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ Boston မြို့မှာ ရိုက်ကူးရေး ပြုလုပ်နေရင်း Letitia Wright ဟာ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ သူမကတော့ စတန့်တစ်ခု ပြုလုပ်နေရင်းနဲ့ ဒဏ်ရာရသွားတာ ဖြစ်ပြီး လောလောဆယ်မှာတော့ ဆေးရုံတစ်ခုမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် သူမရဲ့ ဒဏ်ရာဟာ ကြီးကြီးမားမား မဟုတ်တာကြောင့် သိပ်မကြာခင်မှာပဲ ဆေးရုံဆင်းခွင့်ရမှာ ဖြစ်ပြီး သူမရဲ့ဒဏ်ရာကြောင့် ဒီရုပ်ရှင်ရဲ့ ရိုက်ကူးရေး နှောင့်နှေးမှုတွေလည်း ဖြစ်လာမှာ မဟုတ်ဘူးလို့ သိရပါတယ်။

photo via screenrant

Letitia ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Shuri ဟာ Black Panther: Wakanda Forever ထဲမှာ အရေးပါတဲ့ နေရာက ပါဝင်လာမှာ ဖြစ်ပါတယ်။ Shuri ဟာ T’Challa ရဲ့ တစ်ဦးတည်းသောမောင်နှမ ဖြစ်တာကြောင့် သူမဟာ T’Challa နေရာမှာ အစားဝင်ပြီး Black Panther အဖြစ် ခံယူသွားနိုင်ပါသေးတယ်။

အားလုံးသိကြတဲ့အတိုင်း T’Challa နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Chadwick Boseman ဟာ လူ့လောကမှာ မရှိတော့ပါဘူး။ ဒါကြောင့် Black Panther နေရာကိုတော့ တစ်ယောက်ယောက်က အစားဝင်ရတော့မှာ ဖြစ်ပါတယ်။ ဘယ်သူက Black Panther ဖြစ်လာမလည်းဆိုတာကတော့ ရင်ခုန်စရာပါပဲ။

Legos

Source: Screenrant

(Zawgyi Version)

Black Panther ထဲမွာ Shuri အျဖစ္ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ Letitia Wright ဟာ Black Panther: Wakanda Forever ကို ႐ိုက္ကူးေနရင္း ဒဏ္ရာရရွိခဲ့တာေၾကာင့္ ေဆး႐ုံတင္ထားရတယ္လို႔ သိရပါတယ္။

ဒီအျဖစ္အပ်က္ကေတာ့ ဗုဒၶဟူးေန႔က ျဖစ္ခဲ့တာ  ျဖစ္ၿပီး သူမဟာ စတန႔္တစ္ခုကို ျပဳလုပ္ေနရင္း ဒဏ္ရာအနည္းငယ္ ရရွိခဲ့တယ္လို႔ ဆိုပါတယ္။ ေလာေလာဆယ္မွာေတာ့ Black Panther: Wakanda Forever ႐ိုက္ကြင္းဟာ Boston ၿမိဳ႕မွာ ႐ိုက္ကူးေရး ျပဳလုပ္ေနပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ ယခင္က သ႐ုပ္ေဆာင္အမ်ားစု ျပန္လည္ပါဝင္လာသလို Michaela Cole ကလည္း ဇာတ္ေကာင္အသစ္အေနနဲ႔ ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Iron Man ေနရာကို ဆက္ခံသြားမယ့္ Ironheart တျဖစ္လည္း Riri Williams ကလည္း ဒီ႐ုပ္ရွင္ထဲမွာ စတင္ပါဝင္လာမွာ ျဖစ္ၿပီး Ironheart ေနရာမွာေတာ့ Dominique Thorne က ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ Teonch Heurta ကလည္း ေကာမစ္ထဲက Anti-Hero တစ္ေယာက္ျဖစ္တဲ့ Namor ေနရာမွာ ပါဝင္လာမယ္လို႔ သတင္းထြက္ေနပါေသးတယ္။

Deadline သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Boston ၿမိဳ႕မွာ ႐ိုက္ကူးေရး ျပဳလုပ္ေနရင္း Letitia Wright ဟာ ဒဏ္ရာရရွိသြားတယ္လို႔ သိရပါတယ္။ သူမကေတာ့ စတန႔္တစ္ခု ျပဳလုပ္ေနရင္းနဲ႔ ဒဏ္ရာရသြားတာ ျဖစ္ၿပီး ေလာေလာဆယ္မွာေတာ့ ေဆး႐ုံတစ္ခုမွာ ေဆးကုသမႈ ခံယူေနတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ သူမရဲ႕ ဒဏ္ရာဟာ ႀကီးႀကီးမားမား မဟုတ္တာေၾကာင့္ သိပ္မၾကာခင္မွာပဲ ေဆး႐ုံဆင္းခြင့္ရမွာ ျဖစ္ၿပီး သူမရဲ႕ဒဏ္ရာေၾကာင့္ ဒီ႐ုပ္ရွင္ရဲ႕ ႐ိုက္ကူးေရး ေႏွာင့္ေႏွးမႈေတြလည္း ျဖစ္လာမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

photo via screenrantLetitia ရဲ႕ ဇာတ္ေကာင္ျဖစ္တဲ့ Shuri ဟာ Black Panther: Wakanda Forever ထဲမွာ အေရးပါတဲ့ ေနရာက ပါဝင္လာမွာ ျဖစ္ပါတယ္။ Shuri ဟာ T’Challa ရဲ႕ တစ္ဦးတည္းေသာေမာင္ႏွမ ျဖစ္တာေၾကာင့္ သူမဟာ T’Challa ေနရာမွာ အစားဝင္ၿပီး Black Panther အျဖစ္ ခံယူသြားႏိုင္ပါေသးတယ္။

အားလုံးသိၾကတဲ့အတိုင္း T’Challa ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Chadwick Boseman ဟာ လူ႔ေလာကမွာ မရွိေတာ့ပါဘူး။ ဒါေၾကာင့္ Black Panther ေနရာကိုေတာ့ တစ္ေယာက္ေယာက္က အစားဝင္ရေတာ့မွာ ျဖစ္ပါတယ္။ ဘယ္သူက Black Panther ျဖစ္လာမလည္းဆိုတာကေတာ့ ရင္ခုန္စရာပါပဲ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular