HomeEntertainmentFilmLGBT ဇာတ်ကောင် ပါဝင်နေတာကြောင့် ဆော်ဒီမှာ Ban ခံထားရတဲ့ Doctor Strange 2

LGBT ဇာတ်ကောင် ပါဝင်နေတာကြောင့် ဆော်ဒီမှာ Ban ခံထားရတဲ့ Doctor Strange 2

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Doctor Strange in the Multiverse of Madness ဟာ မေလ (၆)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ သို့သော်လည်း LGBT ဇာတ်ကောင် ပါဝင်နေတာကြောင့် ဆော်ဒီအာရေဘီယားနိုင်ငံမှာတော့ ရုံတင်ခွင့် ပိတ်ခံထားရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Doctor Strange နဲ့ Wanda တို့ဟာ အဓိကကျတဲ့ နေရာက ပါဝင်လာမှာ ဖြစ်ပြီး ဇာတ်ကောင်အသစ် ဖြစ်တဲ့ America Chavez လည်း စတင်ပါဝင်လာမှာ ဖြစ်ပါတယ်။

photo via screenrant

Disney ဟာ နိုင်ငံတကာအတွက် ဘယ်လို Content တွေကို ဆင်ဆာ လုပ်မလည်းဆိုတာ ယခင်ကတော့ အကြီးအကျယ် ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာတော့ Disney ဟာ Eternals ထဲက Phastos ရဲ့ Relationship ကို ဆင်ဆာ မလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြသလို မကြာခင်မှာ ထွက်ရှိလာမယ့် Doctor Strange 2 ထဲက LGBT ဇာတ်ကောင်ကိုလည်း ဆင်ဆာ မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီရုပ်ရှင်ဟာ LGBT ဇာတ်ကောင် ပါဝင်နေတာကြောင့် ဆော်ဒီအာရေဘီးယားနိုင်ငံမှာ ရုံတင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ကူဝိတ်နိုင်ငံမှာလည်း Ban ခံရနိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ထဲက LGBT ဇာတ်ကောင်ကတော့ America Chavez ဖြစ်ပြီး သူမဟာ ဆယ်ကျော်သက်အရွယ် မိန်းကလေးချင်း နှစ်သက်တဲ့ Lesbian တစ်ယောက် ဖြစ်ပါတယ်။

photo via screenrant

ယခုအချိန်ထိ ကမ္ဘာပေါ်က တချို့နိုင်ငံတွေမှာတော့ လိင်တူချစ်ကြိုက်ခြင်းကို ခွင့်မပြုသေးဘဲ ရုပ်ရှင်တွေထဲမှာလည်း အလားတူ Content တွေကို ပိတ်ပင်လေ့ရှိကြပါတယ်။ အကယ်၍ ဒီရုပ်ရှင်ထဲမှာသာ Eternals ထဲကလို LGBT စုံတွဲရဲ့ အကြင်နာပေးတဲ့ ဇာတ်ဝင်ခန်းတွေ မပါဝင်ဘဲ America Chavez က Lesbian ဖြစ်တယ် ဆိုတာကို Mention သွားရုံပဲ ဆိုရင်တော့ အဲ့ဒီဇာတ်ဝင်ခန်းကို ဖျက်ထုတ်လိုက်ရင် ရုံတင်ခွင့်တော့ ပိတ်ပင်ခံရမှာ မဟုတ်ပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular