HomeCelebs Update NewsInternationalတစ္ေန႔မွာ One Direction အဖြဲ႔ျပန္ဆုံျဖစ္ဖို႔ ယုံၾကည္ခ်က္ရိွတယ္လို႔ ေျပာလိုက္တဲ့ Liam Payne

တစ္ေန႔မွာ One Direction အဖြဲ႔ျပန္ဆုံျဖစ္ဖို႔ ယုံၾကည္ခ်က္ရိွတယ္လို႔ ေျပာလိုက္တဲ့ Liam Payne

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Liam Payne ဟာ စက္တင္ဘာလ(၁၇)ရက္ေန႔က SiriusXM နဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ One Direction အဖြဲ႕ရဲ႕ အနာဂတ္အေျခအေနကို ေျပာျပသြားခဲ့ၿပီး အဖြဲ႕၀င္အမ်ားစုဟာ ျပန္လည္ေပါင္းစည္းဖို႔ စိတ္ဓာတ္တက္ၾကြေနတာေၾကာင့္ အေျခအေနေပးတဲ့ တစ္ေန႔မွာ အဖြဲ႕ျပန္ေပါင္းျဖစ္ဖို႔ ျဖစ္လာႏိုင္တယ္လို႔ ေျပာသြားပါတယ္။

Liam Payne ရဲ႕အဆိုအရ သူအပါအ၀င္ Niall Horan နဲ႔ Louis Tomlinson တို႔ႏွစ္ေယာက္ဟာ အေျခအေနေပးခဲ့ရင္ ျပန္လည္ေပါင္းစည္းဖို႔ ေသခ်ာသေလာက္ရိွေနတယ္လို႔ ေျပာပါတယ္။ Harry Styles ရဲ႕ လက္ရိွစိတ္အေျခအေနကိုေတာ့ အေသအခ်ာ မေျပာတတ္ေသးဘူးလို႔ ဆိုေပမယ့္ ေနာင္လာမယ့္ အနာဂတ္မွာေတာ့ သူတု႔ိအားလုံး စုေပါင္းၿပီး ေသခ်ာေပါက္ သီခ်င္းေတြ ျပန္လုပ္ျဖစ္ဦးမွာပါလို႔ ဆိုပါတယ္။

Photo: flickr

“Harry နဲ႔က စကားမေျပာျဖစ္တာ ၾကာၿပီဆိုေတာ့ သူ႔ေခါင္းထဲမွာ ဘာရိွေနလည္း ကၽြန္ေတာ္ မသိဘူး။ တစ္ခ်ိဳ႕မဂၢဇင္းေတြမွာ သူ ဒီအေၾကာင္း ေျပာတဲ့ဟာေတြေတာ့ ၾကားထားတာ ရိွတယ္။ ဒါလည္း ေကာင္းတဲ့အရာပဲေပါ့။ ကၽြန္ေတာ္ ထင္တာကေတာ့ အကုန္လုံးက ဒီကိစၥကို ထုတ္ေျပာလာၾကတယ္ဆိုေတာ့ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ျပန္ဆုံမိဖို႔ အဆင္သင့္ျဖစ္ေနသလိုပါပဲ” လို႔ Liam က ေျပာပါတယ္။

အဖြဲ႕၀င္အားလုံးထဲမွာမွ Niall Horan က စိတ္ဓာတ္အတက္ၾကြဆုံး ျဖစ္ေနတယ္လို႔လည္း Liam က ေျပာျပပါေသးတယ္။ “ကၽြန္ေတာ္တို႔က အဖြဲ႕ကို ရပ္လိုက္ဖို႔ ဆုံးျဖတ္လိုက္တည္းက သူက အဆင္သင့္ျဖစ္ေနခဲ့တာ။ သူေျပာတာက မနက္ျဖန္က်ရင္ ငါတို႔ေတြ ျပန္လာျဖစ္ၾကမယ္ဆိုတာ ေသခ်ာပါတယ္ကြာဆိုၿပီး ျဖစ္ေနတာ။ သူက အၿမဲအဆင္သင့္ ျဖစ္ေနခဲ့တာပါ” လို႔ ေျဖထားပါတယ္။

Photo: flickr

Rolling Stone မဂၢဇင္းရဲ႕ စက္တင္ဘာလထုတ္ စာအုပ္မွာ One Direction အဖြဲ႕ ျပန္လည္အသက္၀င္လာႏိုင္မလားဆိုတာနဲ႔ ပတ္သက္ၿပီး Harry Style ေျဖထားတာနဲ႔ ပတ္သက္ၿပီးေတာ့လည္း Liam က ထင္ျမင္ခ်က္ ေပးခဲ့ပါေသးတယ္။ “သူက အဖြဲ႕ျပန္ဆုံဖို႔ကိစၥကို ျငင္းတာမဟုတ္ပါဘူး။ အကုန္လုံးက အဆင္ေျပၿပီလို႔ ထင္တဲ့အခ်ိန္မ်ိဳးမွာမွ ျဖစ္မယ္ဆိုတာမ်ိဳး။ အခ်ိန္ကိုက္ျဖစ္ဖို႔ လိုေနတာလို႔ ေျပာခ်င္တာေပါ့” လို႔ Liam က ေျပာထားပါတယ္။

Harry ကေတာ့ “ကၽြန္ေတာ္လည္း မသိဘူး။ ဘယ္ေတာ့မွ အဖြဲ႕နဲ႔ ျပန္မလုပ္ေတာ့ဘူးလို႔ေတာ့ ကၽြန္ေတာ္ တစ္ခါမွ မေျပာခဲ့ဖူးပါဘူး။ ကၽြန္ေတာ့္စိတ္ထဲ အဲ့လိုလည္း မရိွဘူး။ ကၽြန္ေတာ္တို႔ေတြ အကုန္လုံးက ဟာ .. ဒီအခ်ိန္မွာေတာ့ ငါတို႔အကုန္ျပန္လုပ္သင့္ၿပီလို႔ ထင္တဲ့အခ်ိန္မ်ိဳး ေရာက္လာခဲ့ရင္ လုပ္ျဖစ္ၾကမွာပါ။ သိတယ္မွတ္လား။ အကုန္လုံးက ဒါက ေပ်ာ္စရာႀကီးပါကြာ။ လာကြာ .. လုပ္ၾကစို႔ ဆိုတာမ်ိဳး မဟုတ္ဘဲနဲ႔ေတာ့ အဆင္ေျပမွာ မဟုတ္ဘူး။ အဲ့ဒီ့အခ်ိန္မ်ိဳး မေရာက္ေသးခင္ကေတာ့ ကိုယ့္ဘာသာ သီခ်င္းေလးေတြ လုပ္ေနတာ၊ ေမ်ာေနတာနဲ႔လည္း ေပ်ာ္ေနပါတယ္” လို႔ အဖြဲ႕ျပန္ေပါင္းဖို႔ ကိစၥကို ေျဖထားဖူးပါတယ္။

Photo: flickr

One Direction အဖြဲ႕ဟာ ၂၀၁၆ခုႏွစ္မွာ ရပ္နားခဲ့ၿပီးကတည္းက အဖြဲ႕၀င္ေလးဦးစလုံးဟာ ကိုယ္ပိုင္ solo သီခ်င္းေတြလုပ္ၿပီး ကိုယ္စီေအာင္ျမင္ေနၾကတာပါ။ Niall က သူ႔ရဲ႕ပထမဆုံး တစ္ကိုယ္ေတာ္အယ္လ္ဘမ္ “Flicker” ကို ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလက ထုတ္ေ၀ခဲ့ၿပီး Harry ကေတာ့ သူ႔ရဲ႕နာမည္နဲ႔ ပြဲဦးထြက္ တစ္ကိုယ္ေတာ္အယ္လ္ဘမ္ကို Niall နဲ႔ တစ္ႏွစ္တည္း ေမလမွာ ထုတ္ေ၀ခဲ့ပါတယ္။ Liam ကလည္း First Time လို႔ အမည္ရတဲ့ သူ႔ရဲ႕ solo EP ကို ၂၀၁၈ခုႏွစ္ ၾသဂုတ္လမွာ ထုတ္ေ၀ခဲ့ၿပီး Louis ကေတာ့ ဆင္ဂယ္လ္အပုဒ္ေပါင္းမ်ားစြာကို ထုတ္ေ၀ခဲ့ပါတယ္။

တစ္ခ်ိန္က ပရိသတ္ေတြ ႏွစ္ၿခိဳက္အားေပးခဲ့ၾကတဲ့ One Direction အဖြဲ႕ဟာ ဘယ္အခ်ိန္မွာ ျပန္လည္အသက္၀င္လာမလည္းဆိုတာ ေစာင့္ဆိုင္းရင္း …။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

Liam Payne ဟာ စက်တင်ဘာလ(၁၇)ရက်နေ့က SiriusXM နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ One Direction အဖွဲ့ရဲ့ အနာဂတ်အခြေအနေကို ပြောပြသွားခဲ့ပြီး အဖွဲ့ဝင်အများစုဟာ ပြန်လည်ပေါင်းစည်းဖို့ စိတ်ဓာတ်တက်ကြွနေတာကြောင့် အခြေအနေပေးတဲ့ တစ်နေ့မှာ အဖွဲ့ပြန်ပေါင်းဖြစ်ဖို့ ဖြစ်လာနိုင်တယ်လို့ ပြောသွားပါတယ်။

Liam Payne ရဲ့အဆိုအရ သူအပါအဝင် Niall Horan နဲ့ Louis Tomlinson တို့နှစ်ယောက်ဟာ အခြေအနေပေးခဲ့ရင် ပြန်လည်ပေါင်းစည်းဖို့ သေချာသလောက်ရှိနေတယ်လို့ ပြောပါတယ်။ Harry Styles ရဲ့ လက်ရှိစိတ်အခြေအနေကိုတော့ အသေအချာ မပြောတတ်သေးဘူးလို့ ဆိုပေမယ့် နောင်လာမယ့် အနာဂတ်မှာတော့ သူတု့ိအားလုံး စုပေါင်းပြီး သေချာပေါက် သီချင်းတွေ ပြန်လုပ်ဖြစ်ဦးမှာပါလို့ ဆိုပါတယ်။

Photo: flickr

“Harry နဲ့က စကားမပြောဖြစ်တာ ကြာပြီဆိုတော့ သူ့ခေါင်းထဲမှာ ဘာရှိနေလည်း ကျွန်တော် မသိဘူး။ တစ်ချို့မဂ္ဂဇင်းတွေမှာ သူ ဒီအကြောင်း ပြောတဲ့ဟာတွေတော့ ကြားထားတာ ရှိတယ်။ ဒါလည်း ကောင်းတဲ့အရာပဲပေါ့။ ကျွန်တော် ထင်တာကတော့ အကုန်လုံးက ဒီကိစ္စကို ထုတ်ပြောလာကြတယ်ဆိုတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ပြန်ဆုံမိဖို့ အဆင်သင့်ဖြစ်နေသလိုပါပဲ” လို့ Liam က ပြောပါတယ်။

အဖွဲ့ဝင်အားလုံးထဲမှာမှ Niall Horan က စိတ်ဓာတ်အတက်ကြွဆုံး ဖြစ်နေတယ်လို့လည်း Liam က ပြောပြပါသေးတယ်။ “ကျွန်တော်တို့က အဖွဲ့ကို ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တည်းက သူက အဆင်သင့်ဖြစ်နေခဲ့တာ။ သူပြောတာက မနက်ဖြန်ကျရင် ငါတို့တွေ ပြန်လာဖြစ်ကြမယ်ဆိုတာ သေချာပါတယ်ကွာဆိုပြီး ဖြစ်နေတာ။ သူက အမြဲအဆင်သင့် ဖြစ်နေခဲ့တာပါ” လို့ ဖြေထားပါတယ်။

Photo: flickr

Rolling Stone မဂ္ဂဇင်းရဲ့ စက်တင်ဘာလထုတ် စာအုပ်မှာ One Direction အဖွဲ့ ပြန်လည်အသက်ဝင်လာနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး Harry Style ဖြေထားတာနဲ့ ပတ်သက်ပြီးတော့လည်း Liam က ထင်မြင်ချက် ပေးခဲ့ပါသေးတယ်။ “သူက အဖွဲ့ပြန်ဆုံဖို့ကိစ္စကို ငြင်းတာမဟုတ်ပါဘူး။ အကုန်လုံးက အဆင်ပြေပြီလို့ ထင်တဲ့အချိန်မျိုးမှာမှ ဖြစ်မယ်ဆိုတာမျိုး။ အချိန်ကိုက်ဖြစ်ဖို့ လိုနေတာလို့ ပြောချင်တာပေါ့” လို့ Liam က ပြောထားပါတယ်။

Harry ကတော့ “ကျွန်တော်လည်း မသိဘူး။ ဘယ်တော့မှ အဖွဲ့နဲ့ ပြန်မလုပ်တော့ဘူးလို့တော့ ကျွန်တော် တစ်ခါမှ မပြောခဲ့ဖူးပါဘူး။ ကျွန်တော့်စိတ်ထဲ အဲ့လိုလည်း မရှိဘူး။ ကျွန်တော်တို့တွေ အကုန်လုံးက ဟာ .. ဒီအချိန်မှာတော့ ငါတို့အကုန်ပြန်လုပ်သင့်ပြီလို့ ထင်တဲ့အချိန်မျိုး ရောက်လာခဲ့ရင် လုပ်ဖြစ်ကြမှာပါ။ သိတယ်မှတ်လား။ အကုန်လုံးက ဒါက ပျော်စရာကြီးပါကွာ။ လာကွာ .. လုပ်ကြစို့ ဆိုတာမျိုး မဟုတ်ဘဲနဲ့တော့ အဆင်ပြေမှာ မဟုတ်ဘူး။ အဲ့ဒီ့အချိန်မျိုး မရောက်သေးခင်ကတော့ ကိုယ့်ဘာသာ သီချင်းလေးတွေ လုပ်နေတာ၊ မျောနေတာနဲ့လည်း ပျော်နေပါတယ်” လို့ အဖွဲ့ပြန်ပေါင်းဖို့ ကိစ္စကို ဖြေထားဖူးပါတယ်။

Photo: flickr

One Direction အဖွဲ့ဟာ ၂၀၁၆ခုနှစ်မှာ ရပ်နားခဲ့ပြီးကတည်းက အဖွဲ့ဝင်လေးဦးစလုံးဟာ ကိုယ်ပိုင် solo သီချင်းတွေလုပ်ပြီး ကိုယ်စီအောင်မြင်နေကြတာပါ။ Niall က သူ့ရဲ့ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ် “Flicker” ကို ၂၀၁၇ခုနှစ် အောက်တိုဘာလက ထုတ်ဝေခဲ့ပြီး Harry ကတော့ သူ့ရဲ့နာမည်နဲ့ ပွဲဦးထွက် တစ်ကိုယ်တော်အယ်လ်ဘမ်ကို Niall နဲ့ တစ်နှစ်တည်း မေလမှာ ထုတ်ဝေခဲ့ပါတယ်။ Liam ကလည်း First Time လို့ အမည်ရတဲ့ သူ့ရဲ့ solo EP ကို ၂၀၁၈ခုနှစ် သြဂုတ်လမှာ ထုတ်ဝေခဲ့ပြီး Louis ကတော့ ဆင်ဂယ်လ်အပုဒ်ပေါင်းများစွာကို ထုတ်ဝေခဲ့ပါတယ်။

တစ်ချိန်က ပရိသတ်တွေ နှစ်ခြိုက်အားပေးခဲ့ကြတဲ့ One Direction အဖွဲ့ဟာ ဘယ်အချိန်မှာ ပြန်လည်အသက်ဝင်လာမလည်းဆိုတာ စောင့်ဆိုင်းရင်း …။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular