HomeBiographyMichael Jackson ရဲ့ ကြေကွဲစရာကောင်းတဲ့ ဘဝစာမျက်နှာများ 

Michael Jackson ရဲ့ ကြေကွဲစရာကောင်းတဲ့ ဘဝစာမျက်နှာများ 

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Michael Jackson လို႔ ေျပာလိုက္တာနဲ႔ ကမာၻ႕ေရာငး္အား အေကာင္းဆုံး အယ္လ္ဘမ္ပိုင္ရွင္၊ ေပါ့ပ္ဘုရင္ႀကီး စတဲ့ ဂုဏ္ပုဒ္ေတြကို ေျပးျမင္မိၾကမွာပါ။ လူသာေသေပမယ့္ နာမည္မေသတဲ့ လူေတြထဲမွာ Michael ကလည္း ထိပ္ဆုံးက ပါပါလိမ့္မယ္။ ငယ္ငယ္အရြယ္တည္းက ဂီတေလာကထဲကို ၀င္ေရာက္ခဲ့ၿပီး ထိတ္ထိတ္ႀကဲ ေအာင္ျမင္လာခဲ့တဲ့ Michael ဟာ မ်ိဳးစုံေသာ အေၾကာင္းေတြနဲ႔ သတင္းေခါင္းစီးေတြပိုင္းမွာ ေဖာ္ျပခံခဲ့ရသူပါ။ ကမာၻေက်ာ္ဆိုတဲ့ ဂုဏ္ပုဒ္အတိုင္း တကယ္ မသိသူ မရိွတဲ့ Michael ရဲ႕ ပုဂၢိဳလ္ေရးဘ၀ကေတာ့ အမ်ားထင္ထားသလို အားက်စရာႀကီး ျဖစ္မေနခဲ့ပါဘူး။ ေၾကကြဲ၀မ္းနည္းစရာေတြနဲ႔ ျပည့္ႏွက္ေနခဲ့တဲ့ သူ႔ရဲ႕ဘ၀အေၾကာင္း တေစ့တေစာင္းကေတာ့ …

ႏွာေခါင္းကို အႀကိမ္ႀကိမ္ ခြဲစိတ္ျပဳျပင္ခဲ့ရတဲ့ ေနာက္ကြယ္က အေၾကာင္းရင္း

တစ္ႏွစ္ၿပီးတစ္ႏွစ္ ကုန္ဆုံးလာတာနဲ႔အမွ် Michael ရဲ႕ ရုပ္သြင္ဟာလည္း သိသိသာသာ ေျပာင္းလဲလာခဲ့ပါတယ္။ သူရဲ႕ အသားအေရဟာ ခရူသင္းစြဲသလိုမ်ဳိး အသားအေရာင္က ေရာင္ျခယ္ေတြ ျပယ္ပ်က္ကုန္တာေၾကာင့္ အျဖဴကြက္ေတြေပၚတဲ့ အေရျပားေရာဂါကို ခံစားခဲ့ရၿပီး ဒီအေၾကာင္းေၾကာင့္ပဲ ပလတ္စတစ္ ဆာဂ်ရီေတြ အႀကိမ္ႀကိမ္ ျပဳလုပ္ခဲ့တယ္လို႔ ေကာလာဟလေတြ အမ်ားႀကီး ထြက္ခဲ့ဖူးပါတယ္။ တစ္ခါမွာေတာ့ ႏွာေခါင္းခြဲစိတ္မႈေတြ အႀကိမ္ႀကိမ္ လုပ္တာေၾကာင့္ ႏွာေခါင္းထိပ္က ပဲ့ထြက္ေနသလိုမ်ိဳး ရုပ္သြင္ကိုပါ ေတြ႕ၾကရပါေသးတယ္။

၁၉၈၈ခုႏွစ္က ထြက္ရိွခဲ့တဲ့ ကိုယ္တိုင္ေရး အတၳဳပတၱိ “Moonwalk” ထဲမွာေတာ့ ႏွာေခါင္းခြဲစိတ္မႈ ႏွစ္ခါ ျပဳလုပ္ခဲ့တယ္လို႔ ၀န္ခံထားပါတယ္။ သို႔ေပမယ့္ ဒီလိုေတြ ခြဲစိတ္ျပဳျပင္ရတဲ့ ေနာက္ကြယ္က အေၾကာင္းရင္းကို လူေတာ္ေတာ္မ်ားမ်ား မသိၾကပါဘူး။ Michael ဟာ ငယ္စဥ္ကတည္းက သူ႔ရဲ႕ ရုပ္ရည္သြင္ျပင္နဲ႔ ပတ္သက္ၿပီး ႏွစ္ေပါင္းမ်ားစြာ အႏိုင္က်င့္၊ ေစာ္ကားခံခဲ့ရပါတယ္။ ဒါေၾကာင့္လည္း သူ႔ရုပ္ကို သူကိုယ္တိုင္ ေျပာင္းလဲပစ္ခ်င္ခဲ့ဟန္ တူပါတယ္။ Washington Post သတင္းစာမွာ ေဖာ္ျပခဲ့ဖူးတဲ့ သတင္းေဆာင္းပါးတစ္ခုအရ ကိုးနွစ္သားအရြယ္ Michael ကို သူ႔ရဲ႕အေဖနဲ႔ အစ္ကိုေတြက “ႏွာေခါင္းႀကီး” လို႔ နာမည္ေျပာင္ေပးၿပီး မခံခ်င္ေအာင္ ေျပာခဲ့ၾကဖူးတယ္လို႔ ဆိုပါတယ္။ Michael ဟာ သူ႔ရဲ႕ နာက်င္စရာ ကေလးဘ၀က ဒဏ္ရာေတြကို ေမ့ပစ္ခ်င္ခဲ့မယ္ဆိုတာ သံသယ၀င္စရာ မလိုပါဘူး။

©News Punch
ငယ္စဥ္ကတည္းက ႏွိပ္စက္တဲ့မိဘနဲ႔ ႀကီးျပင္းခဲ့ရတယ္ဆိုတဲ့ ေကာလာဟလ

Michael ဟာ သူမေသဆုံးခင္တုန္းက ဖခင္ျဖစ္သူ Joseph Jackson နဲ႔ ပတ္သက္တဲ့ အေၾကာင္းကို သီခ်င္းဆိုခဲ့ဖူးပါေသးတယ္။ ဖခင္နဲ႔ ပတ္သက္လို႔ Michael ေျပာခဲ့ဖူးတာကေတာ့ “သူကေတာ့ ရိွသေလာက္အားနဲ႔ ကိုင္ေပါက္တာတို႔၊ ရိုက္တာတို႔ လုပ္တာပဲ”ဆိုတဲ့ စကားပါ။ ဖခင္ျဖစ္သူ Joseph ဟာ သူ႔ရဲ႕သားသမီးေတြကို ကိုယ္ထိလက္ေရာက္ ျပင္းျပင္းထန္ထန္ ဆုံးမတတ္ၿပီး တင္းၾကပ္တဲ့ စည္းကမ္းေတြလည္း ခ်မွတ္ထားခဲ့တယ္လို႔ ဆိုပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ၂၀၁၃ခုႏွစ္ရဲ႕ Piers Morgan Tonight အစီအစဥ္က အင္တာဗ်ဴးမွာ Joseph ျပန္ေခ်ပခဲ့တာကေတာ့ “က်ဳပ္အေနနဲ႔ အဲ့သလိုပဲ လုပ္ခဲ့ရတယ္ဗ်။ ဘာလို႔လည္းဆိုေတာ့ အဲ့အခ်ိန္ က်ဳပ္တို႔ေနတဲ့ ပတ္၀န္းက်င္အေနအထားမွာ လူမိုက္ဂိုဏ္းေတြ အမ်ားႀကီးပဲ ရိွခဲ့တယ္။ တကယ္လည္း ခက္ခဲခဲ့တယ္” ဆိုၿပီး အေၾကာင္းျပခ်က္ေပးခဲ့ပါတယ္။ သို႔ေပမယ့္ ကေလးဘ၀တည္းက လမ္းေပၚ ဆင္းေဆာ့တာမ်ိဳးကို တင္းၾကပ္ခံခဲ့ရတာက ေနာက္ပိုင္းမွာ Michael အတြက္ စိတ္ပိုင္းဆိုင္ရာေရာ ရုပ္ပိုင္းဆိုင္ရာ က်န္းမာေရးမွာပါ ထိခိုက္မႈေတြ ျဖစ္ေစခဲ့ပုံ ရပါတယ္။

ကေလးဘ၀ ေပ်ာက္ဆုံးခဲ့ရတဲ့ Michael

Michael ဟာ The Jackson 5 ဆိုတဲ့ မိသားစုဂီတေတး၀ိုင္းမွာ အသက္(၅)ႏွစ္အရြယ္တည္းက Lead Vocals အျဖစ္ ပါ၀င္ခဲ့ရၿပီး အသက္(၁၃)ႏွစ္မွာ solo artist အျဖစ္ စလုပ္ၿပီး ကမာၻေက်ာ္တဲ့အထိ ေအာင္ျမင္လာခဲ့သူ ျဖစ္ပါတယ္။ ေအာင္ျမင္မႈရဲ႕ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ Michael ဟာ သူ႔ရဲ႕ကေလးဘ၀ကိုေတာ့ ဆုံးရႈံးခဲ့ရပါတယ္။ တင္းၾကပ္လြန္းတဲ့ အခ်ိန္ဇယားေတြၾကားမွာ သာမန္ကေလးတစ္ေယာက္လို ေဆာ့ကစားေနခဲ့ဖို႔ အခ်ိန္မရိွခဲ့တာေၾကာင့္ အထီးက်န္ဆန္မႈနဲ႔အတူ ၀မ္းနည္းမႈကို ခံစားခဲ့ရပါတယ္။

“တစ္ရက္ေတာ့ ကၽြန္ေတာ္ အသံသြင္းဖို႔ စတူဒီယိုကို သြားေနရင္း လမ္းေပၚမွာ ေဆာ့ကစားေနၾကတဲ့ ကေလးေတြကို ေငးၾကည့္ေနမိတယ္။ သူတို႔နဲ႔အတူ သူတို႔လိုပဲ သြားကစားခ်င္တာ အရမ္းပဲ။ ဒါေပမယ့္ ကၽြန္ေတာ္သြားရမယ့္ေနရာက အဲ့ဒီ့ကေလးေတြ ေဆာ့ေနတဲ့ ေဘးက အေဆာက္အအုံမွာရိွတဲ့ အသံသြင္းစတူဒီယိုပဲ။ မနက္လင္းကတည္းကေန ညမိုးခ်ဳပ္တဲ့အထိ ကၽြန္ေတာ္ သီခ်င္းေတြ သြင္းရတယ္။ အဲ့ဒီ့ ေဆာ့ေနတဲ့ကေလးေတြကို ေငးၾကည့္ရင္း ကၽြန္ေတာ္ မ်က္ရည္ေတြ စီးက်လာတယ္။ ငါေတာ့ ဒီဘ၀မွာ ပိတ္မိေနၿပီ။ တစ္သက္လုံး ဒီအတိုင္းပဲ ေနသြားရေတာ့မယ္” လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖၾကားခဲ့ဖူးပါတယ္။ Michael ဟာ စကားေျပာစရာ သူငယ္ခ်င္း၊ အေဖာ္ရယ္လို႔လည္း မရိွတဲ့အတြက္ အထီးက်န္ဆန္မႈကို ျပင္းျပင္းထန္ထန္ ခံစားခဲ့ရၿပီး သူ႔ရဲ႕အခန္းေလးထဲမွာ တစ္ေယာက္တည္း ငိုေၾကြးခဲ့ရတယ္လို႔လည္း ေျပာထားပါေသးတယ္။ ဒါေတြဟာ သူ႔ဘ၀ကို အတြင္းကေန လိႈက္စားသြားခဲ့တဲ့ ႀကီးမားတဲ့ အေၾကာင္းျပခ်က္တစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။

©Biography.com
လူပုံစံတူ အရုပ္ေတြနဲ႔ ၀န္းရံေနထိုင္ခဲ့တဲ့ Michael

Michael ဟာ အလြန္အမင္း လူရွက္တတ္သူပါ။ သူ႔ရဲ႕ လူေတြကို ရွက္တတ္တဲ့စိတ္ဟာ မီဒီယာေတြရဲ႕ ေခါင္းႀကီးပိုင္းေတြမွာ ေဖာ္ျပစရာတစ္ခု ျဖစ္ခဲ့ပါတယ္။ သို႔ေပမယ့္ လူအမ်ားစု သတိမျပဳမိၾကတာကေတာ့ Michael ဟာ သူ႔ရဲ႕လူရွက္တတ္တဲ့စိတ္ကို ခ်ိဳးႏွိမ္ရင္ဆိုင္ဖို႔ တကယ့္ လူအစစ္အရြယ္ အရုပ္ေတြနဲ႔ ၀န္းရံေနထိုင္တတ္တယ္ဆိုတာပါပဲ။

“အဲ့ဒါက ကၽြန္ေတာ္ တစ္ေယာက္တည္း ျဖစ္ေနတယ္လို႔ ခံစားရတာ သက္သာေစတယ္။ လက္ေတြ႕မွာ ကၽြန္ေတာ္ လူတစ္ေယာက္ေယာက္ကို လိုအပ္ေပမယ့္ ကၽြန္ေတာ့္မွာ တစ္ေယာက္မွ မရိွတဲ့အတြက္ အရုပ္ေတြနဲ႔ ၿခံရံေနထိုင္လိုက္ေတာ့ ကၽြန္ေတာ့္ေဘးမွာ တစ္ေယာက္ေယာက္ ရိွေနသလိုပဲ။ စိတ္သက္သာတယ္။ ၿပီးေတာ့ တကယ့္လူအစစ္ေတြရဲ႕ ေဘးမွာ ေနရမွာလည္း ကၽြန္ေတာ္ သိပ္ရွက္ပါတယ္” လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖဖူးပါတယ္။

၂၀၀၃ခုႏွစ္က ျဖစ္ခဲ့တဲ့ ကေလးသူငယ္ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈနဲ႔ တရားစြဲခံရၿပီးေနာက္မွာ The Sun သတင္းစာက ရိုက္ကူးခဲ့တဲ့ Michael ရဲ႕ Neverland ၿခံႀကီးထဲက ဓာတ္ပုံေတြ ေပၚထြက္လာခဲ့ပါတယ္။ အဆိုပါ ဓာတ္ပုံေတြအရ တကယ့္လူအရြယ္ အရုပ္ေတြကို ဂ်င္းေဘာင္းဘီေတြ၊ ဂ်ာကင္ေတြ၊ ဖိနပ္ေတြ ၀တ္ဆင္ေပးထားၿပီး ၾကမ္းေပၚမွာ လဲေလ်ာင္းလို႔တစ္ဖုံ၊ ကုလားထိုင္ေတြမွာ ထိုင္ေနလို႔တစ္မ်ိဳး ပုံစံအမ်ိဳးမ်ိဳး ေတြ႕ရတယ္လို႔ ဆိုပါတယ္။ အခ်ိဳ႕အရုပ္ေတြကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ စကားေျပာေနတဲ့ဟန္ေတြပါ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

Neverland ၿခံႀကီးကို တည္ေဆာက္ခဲ့ရတဲ့ ရည္ရြယ္ခ်က္

Michael Jackson လို႔ ေျပာလိုက္တာနဲ႔ ဧရာမ Neverland ၿခံႀကီးကိုလည္း တြဲျမင္မိၾကမွာပါ။ အဲ့ဒီ့ၿခံႀကီးကိုေတာ့ ၁၉၈၈ခုႏွစ္က ၀ယ္ယူခဲ့တာျဖစ္ၿပီး Wonderland နဲ႔ တစ္ပုံစံတည္းျဖစ္ေအာင္ ျပန္လည္ေဆာက္လုပ္ေစခဲ့ပါတယ္။ ရုပ္ရွင္ရုံ၊ တိရစာၦန္ရုံနဲ႔ ကစားကြင္းေတြပါ တစ္ပါတည္း ထည့္သြင္းထားတဲ့ အဆိုပါ Neverland ၿခံႀကီးဟာ Michael အတြက္ေတာ့ လူေတြကို ေၾကာက္ေနစရာမလိုဘဲ စိုးရိမ္ေသာက ကင္းကင္းနဲ႔ လည္ပတ္ေပ်ာ္ပါးလို႔ရတဲ့ေနရာ ျဖစ္ပါတယ္။

၂၀၀၃ခုႏွစ္က CBS ရုပ္သံလိုင္းနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာေတာ့ “ကၽြန္ေတာ္ ခ်စ္ျမတ္ႏိုးသမွ် အရာအားလုံးက အဲ့ဒီ့ဂိတ္တံခါးႀကီးေနာက္မွာ ရိွတယ္။ ဆင္ေတြ၊ သစ္ကုလားအုတ္ေတြ၊ မိေက်ာင္းေတြ၊ က်ားမ်ိဳးစိတ္အစုံနဲ႔ ျခေသၤ့မ်ိဳးအစုံလည္း ရိွတယ္”လို႔ ဆိုထားၿပီး ဘာအတြက္ေၾကာင့္ ဒီၿခံႀကီးကို ေဆာက္လုပ္ခဲ့ရသလည္းဆိုတဲ့ ေမးခြန္းကိုေတာ့ “ကၽြန္ေတာ္ကေလးဘ၀တုန္းက မရခဲ့တဲ့အရာအားလုံး ရိွတဲ့ ေနရာတစ္ခုေလာက္ ဖန္တီးထားခ်င္လို႔ပါ” လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

©CNBC.com
ဖခင္ျဖစ္သူဆီက စိတ္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြကို ခံစားခဲ့ရဟန္ရိွတဲ့ Michael

Michael ဟာ ဖခင္ျဖစ္သူဆီက ကိုယ္ထိလက္ေရာက္ အၾကမ္းပတမ္း ႏွိပ္စက္တာေတြကိုတင္ ခံစားခဲ့ရတာ မဟုတ္ဘဲ စိတ္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြကိုပါ ခံစားခဲ့ရဟန္ ရိွပါတယ္။ ဥပမာေျပာရမယ္ဆိုရင္ေတာ့ Michael တို႔ ညီအစ္ကိုေတြ ငယ္စဥ္က ညဘက္အိပ္တဲ့အခါ ျပတင္းေပါက္တံခါးကို ဖြင့္ၿပီး အိပ္တတ္ေစဖို႔အတြက္ အေဖလုပ္သူက ေၾကာက္စရာ မ်က္ႏွာဖုံးႀကီးကို စြပ္ၿပီး အခန္းထဲကို တြယ္တက္ကာ ေျခာက္လွန္႔တာမ်ိဳးေတြအထိ လုပ္ခဲ့ဖူးတာမ်ိဳးပါ။

Michael ရဲ႕ဖခင္ျဖစ္သူ Joseph ဟာ သူ႔ရဲ႕ကေလးေတြနဲ႔ စိတ္ခ်င္းေ၀းကြာေအာင္ ေနခဲ့သူ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ အျခားဖခင္ေတြဟာ သူတို႔ရဲ႕ကေလးေတြကို တုန္ေနေအာင္ ခ်စ္ေနၾကခ်ိန္မွာ၊ အထူးသျဖင့္ ေငြေၾကးအေျမာက္အမ်ား ရွာေဖြေထာက္ပ့ံႏိုင္ေနတဲ့ ကေလးေတြ ျဖစ္ေနပါလ်က္နဲ႔ Joseph ကေတာ့ ေအးတိေအးစက္သာ ဆက္ဆံတယ္လို႔ New York Post သတင္းစာမွာ ေဖာ္ျပဖူးပါတယ္။ Joseph နဲ႔ သူ႔ရဲ႕ကေလးေတြၾကားက ဆက္ဆံေရးဟာ ရႈပ္ေထြးတယ္လို႔ သိရၿပီး Joseph ဟာ သူ႔ကေလးေတြကို “အေဖ”လို႔ေတာင္ ေခၚခြင့္မေပးဘဲ သူ႔ရဲ႕နာမည္အတုိင္း “Joseph” လို႔ပဲ ေခၚခြင့္ေပးတယ္လို႔ ေဖာ္ျပထားပါေသးတယ္။

ေၾကာက္စရာ မေတာ္တဆမႈေၾကာင့္ ေဆးစြဲခဲ့ရေလသလား?

၁၉၈၄ခုႏွစ္ Pepsi ေၾကာ္ျငာ ရိုက္ကူးေနစဥ္မွာပဲ Michael ဟာ ေၾကာက္စရာ မေတာ္တဆမႈတစ္ခုနဲ႔ ႀကံဳခဲ့ရပါတယ္။ သူ႔ရဲ႕ နာမည္ႀကီးသီခ်င္း “Billie Jean” ကို သီဆိုေနတုန္းမွာ ကင္မရာေတြကလည္း စတင္ရိုက္ကူးေနခဲ့ၿပီး မထင္မွတ္ဘဲ မီးရွဴးမီးပန္းေတြနဲ႔ ပတ္သက္တဲ့ေနရာက ခ်ိဳ႕ယြင္းမႈျဖစ္ၿပီး ေပါက္ကြဲမႈႀကီးတစ္ခု ထျဖစ္ခဲ့ပါတယ္။ ေပါက္ကြဲမႈက လြင့္စဥ္လာတဲ့ မီးပြားေတြဟာ Michael ရဲ႕ ဆံပင္ေတြနဲ႔ ခႏၶာကိုယ္ေပၚမွာ ေနရာအႏွံ႔ ဖုံးလႊမ္းသြားခဲ့တယ္လို႔ ဆိုပါတယ္။ အဆိုပါ ရိုက္ကြင္းကို လာေရာက္ၾကည့္ရႈေနသူ ပရိသတ္ေတြဟာ အေယာက္သုံးေထာင္ခန္႔ ရိွခဲ့ၿပီး မေတာ္တဆမႈကို မ်က္ျမင္ကိုယ္ေတြ႕ ျမင္ခဲ့ၾကရတယ္လို႔ ေနာက္ပိုင္းမွာ ဖြင့္ဟလာၾကပါတယ္။

ဒီလိုေၾကာက္စရာ ျဖစ္ရပ္နဲ႔ ႀကံဳရေပမယ့္ Michael ဟာ ေသြးေအးေအးနဲ႔ပဲ သူ၀တ္ထားတဲ့ ဂ်ာကင္ကို ခၽြတ္ၿပီး မီးစြဲေနတဲ့ ဆံပင္ေတြကို ၿငိွမ္းသတ္ခဲ့တယ္လို႔ ဆိုပါတယ္။ ေခါင္းေပၚက ဦးေရျပားေတြနဲ႔ ေခါင္းအေနာက္ပိုင္းက မီးေလာင္ဒဏ္ရာေတြေၾကာင့္ အဆင့္(၂)နဲ႔ အဆင့္(၃) မီးေလာင္ဒဏ္ရာေတြအျဖစ္ သတ္မွတ္ကာ ကုသမႈခံယူခဲ့ရပါတယ္။ အဆိုပါ မေတာ္တဆမႈ ျဖစ္ၿပီးေနာက္ပိုင္းမွာ အမာရြတ္ေတြကို ဖုံးကြယ္ကုသဖို႔အတြက္ ပလတ္စတစ္ ဆာဂ်ာရီေတြကို ဆက္တိုက္လုပ္လာခဲ့တာ ျဖစ္ႏိုင္တယ္လို႔ အခ်ိဳ႕ကေတာ့ ဆိုၾကပါတယ္။ ဒါ့အျပင္ ဒီျဖစ္ရပ္ကပဲ ေနာက္ပိုင္းမွာ Michael ကို အကိုက္အခဲေပ်ာက္ေဆးေတြ စြဲလမ္းတဲ့အထိ ျဖစ္လာေစတယ္လို႔လည္း ခန္႔မွန္းၾကပါတယ္။

©Complex
ေဒၚလာသန္း(၄၀၀)အေၾကြးတင္ခဲ့တဲ့ Michael Jackson

Michael Jackson ဆိုတာဟာ ကမာၻ႕ေရာင္းအားအေကာင္းဆုံး အယ္လ္ဘမ္ပိုင္ရွင္၊ ဟုန္းဟုန္းေတာက္ ေအာင္ျမင္သူတစ္ေယာက္ဆိုေပမယ့္ သူရဲ႕အသက္(၅၀) ကြယ္လြန္ခ်ိန္မွာေတာ့ Billboard ရဲ႕ ေဖာ္ျပခ်က္အရ အေၾကြး ေဒၚလာသန္း(၄၀၀)တင္ရိွေနခဲ့တယ္လို႔ သိရပါတယ္။ သူ႔ရဲ႕ ေတာင္လိုပုံေနတဲ့ စီးပြားဥစၥာေတြကေတာ့ လိင္အၾကမ္းဖက္တယ္လို႔ စြပ္စြဲၿပီး တရားစြဲဆိုထားတဲ့ ကေလးေတြရဲ႕ မိသားစုေတြအတြက္ အေျခက်ေနထိုင္ႏိုင္ဖို႔ ေပးရင္း ကုန္ခဲ့တယ္လို႔ ဆိုပါတယ္။

Michael ဟာ ၂၀၀၅ခုႏွစ္က စြဲဆိုခံခဲ့ရတဲ့ အမႈ(၁၀)မႈလုံးမွာ ကြင္းလုံးကၽြတ္ လြတ္ေျမာက္ခဲ့ေပမယ့္ အမႈအတြက္ ကုန္က်စရိတ္ေတြက သူ႔ရဲ႕ေငြေၾကးခ်မ္းသာမႈကို ျဖဴကာျပာကာ က်ေစခဲ့ၿပီး သူခ်စ္ရပါေသာ Neverland ၿခံႀကီးကလည္း ဆုံးမဲ့စဲစဲ အေနအထားမွာ ျဖစ္ေနခဲ့ပါတယ္။ သို႔ေပမယ့္ ဒီေငြေၾကးအက်ပ္အတည္းႀကီးတစ္ခုလုံး အဆင္ေျပသြားခ်ိန္မွာေတာ့ Michael တစ္ေယာက္ လူ႔ေလာကထဲမွာ ရိွမေနခဲ့ေတာ့ပါဘူး။ Michael  ကြယ္လြန္ၿပီး ရွစ္ႏွစ္အၾကာ ၂၀၁၇ခုႏွစ္မွာေတာ့ ေဒၚလာ (၇၅)သန္းနဲ႔ ကြယ္လြန္ၿပီး အႏုပညာရွင္ေတြထဲမွာ ၀င္ေငြအမ်ားဆုံး အႏုပညာရွင္အျဖစ္ Forbes မဂၢဇင္းက ေဖာ္ျပခဲ့ပါတယ္။ Billboard ရဲ႕အဆိုအရ သူေသလြန္ၿပီးေနာက္အထိ အက်ံဳး၀င္ေနမယ့္ စာခ်ဳပ္ေတြနဲ႔ သီခ်င္းအတြက္ ေရာင္းရေငြေတြက ဒီလို ျပန္နာလန္ထူလာေအာင္ ျပဳလုပ္ေပးႏိုင္ခဲ့တာလို႔ သိရပါတယ္။

မည္သို႔ဆိုေစ Michael Jackson ဆိုတဲ့ အဆိုေတာ္ဟာ ေနာက္ႏွစ္ေပါင္းမ်ားစြာ ၾကာသည္အထိ ဂီတခ်စ္သူတို႔ရဲ႕ အသည္းႏွလုံးထဲမွာ ရွင္သန္ေနဦးမွာပါ။ အထီးက်န္ဆန္မႈေၾကာင့္ တစ္ဘ၀လုံး ခါးသီးမႈေတြ ခံစားခဲ့ရတဲ့ Michael တစ္ေယာက္ အခုေရာ ဘယ္ကမာၻမွာ ဘာသီခ်င္းေတြမ်ား ဆိုေနၿပီလည္းဆိုတာ မွန္းဆရင္း ….။

Xei

Ref: nickiswift

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

(Unicode Version)

Michael Jackson လို့ ပြောလိုက်တာနဲ့ ကမ္ဘာ့ရောင်းအား အကောင်းဆုံး အယ်လ်ဘမ်ပိုင်ရှင်၊ ပေါ့ပ်ဘုရင်ကြီး စတဲ့ ဂုဏ်ပုဒ်တွေကို ပြေးမြင်မိကြမှာပါ။ လူသာသေပေမယ့် နာမည်မသေတဲ့ လူတွေထဲမှာ Michael ကလည်း ထိပ်ဆုံးက ပါပါလိမ့်မယ်။ ငယ်ငယ်အရွယ်တည်းက ဂီတလောကထဲကို ဝင်ရောက်ခဲ့ပြီး ထိတ်ထိတ်ကြဲ အောင်မြင်လာခဲ့တဲ့ Michael ဟာ မျိုးစုံသော အကြောင်းတွေနဲ့ သတင်းခေါင်းစီးတွေပိုင်းမှာ ဖော်ပြခံခဲ့ရသူပါ။ ကမ္ဘာကျော်ဆိုတဲ့ ဂုဏ်ပုဒ်အတိုင်း တကယ် မသိသူ မရှိတဲ့ Michael ရဲ့ ပုဂ္ဂိုလ်ရေးဘဝကတော့ အများထင်ထားသလို အားကျစရာကြီး ဖြစ်မနေခဲ့ပါဘူး။ ကြေကွဲဝမ်းနည်းစရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ သူ့ရဲ့ဘဝအကြောင်း တစေ့တစောင်းကတော့ …

နှာခေါင်းကို အကြိမ်ကြိမ် ခွဲစိတ်ပြုပြင်ခဲ့ရတဲ့ နောက်ကွယ်က အကြောင်းရင်း

တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးလာတာနဲ့အမျှ Michael ရဲ့ ရုပ်သွင်ဟာလည်း သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။ သူရဲ့ အသားအရေဟာ ခရူသင်းစွဲသလိုမျိုး အသားအရောင်က ရောင်ခြယ်တွေ ပြယ်ပျက်ကုန်တာကြောင့် အဖြူကွက်တွေပေါ်တဲ့ အရေပြားရောဂါကို ခံစားခဲ့ရပြီး ဒီအကြောင်းကြောင့်ပဲ ပလတ်စတစ် ဆာဂျရီတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကောလာဟလတွေ အများကြီး ထွက်ခဲ့ဖူးပါတယ်။ တစ်ခါမှာတော့ နှာခေါင်းခွဲစိတ်မှုတွေ အကြိမ်ကြိမ် လုပ်တာကြောင့် နှာခေါင်းထိပ်က ပဲ့ထွက်နေသလိုမျိုး ရုပ်သွင်ကိုပါ တွေ့ကြရပါသေးတယ်။

၁၉၈၈ခုနှစ်က ထွက်ရှိခဲ့တဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိ “Moonwalk” ထဲမှာတော့ နှာခေါင်းခွဲစိတ်မှု နှစ်ခါ ပြုလုပ်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။ သို့ပေမယ့် ဒီလိုတွေ ခွဲစိတ်ပြုပြင်ရတဲ့ နောက်ကွယ်က အကြောင်းရင်းကို လူတော်တော်များများ မသိကြပါဘူး။ Michael ဟာ ငယ်စဉ်ကတည်းက သူ့ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ အနိုင်ကျင့်၊ စော်ကားခံခဲ့ရပါတယ်။ ဒါကြောင့်လည်း သူ့ရုပ်ကို သူကိုယ်တိုင် ပြောင်းလဲပစ်ချင်ခဲ့ဟန် တူပါတယ်။ Washington Post သတင်းစာမှာ ဖော်ပြခဲ့ဖူးတဲ့ သတင်းဆောင်းပါးတစ်ခုအရ ကိုးနှစ်သားအရွယ် Michael ကို သူ့ရဲ့အဖေနဲ့ အစ်ကိုတွေက “နှာခေါင်းကြီး” လို့ နာမည်ပြောင်ပေးပြီး မခံချင်အောင် ပြောခဲ့ကြဖူးတယ်လို့ ဆိုပါတယ်။ Michael ဟာ သူ့ရဲ့ နာကျင်စရာ ကလေးဘဝက ဒဏ်ရာတွေကို မေ့ပစ်ချင်ခဲ့မယ်ဆိုတာ သံသယဝင်စရာ မလိုပါဘူး။

©News Punch
ငယ်စဉ်ကတည်းက နှိပ်စက်တဲ့မိဘနဲ့ ကြီးပြင်းခဲ့ရတယ်ဆိုတဲ့ ကောလာဟလ

Michael ဟာ သူမသေဆုံးခင်တုန်းက ဖခင်ဖြစ်သူ Joseph Jackson နဲ့ ပတ်သက်တဲ့ အကြောင်းကို သီချင်းဆိုခဲ့ဖူးပါသေးတယ်။ ဖခင်နဲ့ ပတ်သက်လို့ Michael ပြောခဲ့ဖူးတာကတော့ “သူကတော့ ရှိသလောက်အားနဲ့ ကိုင်ပေါက်တာတို့၊ ရိုက်တာတို့ လုပ်တာပဲ”ဆိုတဲ့ စကားပါ။ ဖခင်ဖြစ်သူ Joseph ဟာ သူ့ရဲ့သားသမီးတွေကို ကိုယ်ထိလက်ရောက် ပြင်းပြင်းထန်ထန် ဆုံးမတတ်ပြီး တင်းကြပ်တဲ့ စည်းကမ်းတွေလည်း ချမှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၃ခုနှစ်ရဲ့ Piers Morgan Tonight အစီအစဉ်က အင်တာဗျူးမှာ Joseph ပြန်ချေပခဲ့တာကတော့ “ကျုပ်အနေနဲ့ အဲ့သလိုပဲ လုပ်ခဲ့ရတယ်ဗျ။ ဘာလို့လည်းဆိုတော့ အဲ့အချိန် ကျုပ်တို့နေတဲ့ ပတ်ဝန်းကျင်အနေအထားမှာ လူမိုက်ဂိုဏ်းတွေ အများကြီးပဲ ရှိခဲ့တယ်။ တကယ်လည်း ခက်ခဲခဲ့တယ်” ဆိုပြီး အကြောင်းပြချက်ပေးခဲ့ပါတယ်။ သို့ပေမယ့် ကလေးဘဝတည်းက လမ်းပေါ် ဆင်းဆော့တာမျိုးကို တင်းကြပ်ခံခဲ့ရတာက နောက်ပိုင်းမှာ Michael အတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာပါ ထိခိုက်မှုတွေ ဖြစ်စေခဲ့ပုံ ရပါတယ်။

ကလေးဘ၀ ပျောက်ဆုံးခဲ့ရတဲ့ Michael

Michael ဟာ The Jackson 5 ဆိုတဲ့ မိသားစုဂီတတေးဝိုင်းမှာ အသက်(၅)နှစ်အရွယ်တည်းက Lead Vocals အဖြစ် ပါဝင်ခဲ့ရပြီး အသက်(၁၃)နှစ်မှာ solo artist အဖြစ် စလုပ်ပြီး ကမ္ဘာကျော်တဲ့အထိ အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ အောင်မြင်မှုရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ Michael ဟာ သူ့ရဲ့ကလေးဘဝကိုတော့ ဆုံးရှုံးခဲ့ရပါတယ်။ တင်းကြပ်လွန်းတဲ့ အချိန်ဇယားတွေကြားမှာ သာမန်ကလေးတစ်ယောက်လို ဆော့ကစားနေခဲ့ဖို့ အချိန်မရှိခဲ့တာကြောင့် အထီးကျန်ဆန်မှုနဲ့အတူ ဝမ်းနည်းမှုကို ခံစားခဲ့ရပါတယ်။

“တစ်ရက်တော့ ကျွန်တော် အသံသွင်းဖို့ စတူဒီယိုကို သွားနေရင်း လမ်းပေါ်မှာ ဆော့ကစားနေကြတဲ့ ကလေးတွေကို ငေးကြည့်နေမိတယ်။ သူတို့နဲ့အတူ သူတို့လိုပဲ သွားကစားချင်တာ အရမ်းပဲ။ ဒါပေမယ့် ကျွန်တော်သွားရမယ့်နေရာက အဲ့ဒီ့ကလေးတွေ ဆော့နေတဲ့ ဘေးက အဆောက်အအုံမှာရှိတဲ့ အသံသွင်းစတူဒီယိုပဲ။ မနက်လင်းကတည်းကနေ ညမိုးချုပ်တဲ့အထိ ကျွန်တော် သီချင်းတွေ သွင်းရတယ်။ အဲ့ဒီ့ ဆော့နေတဲ့ကလေးတွေကို ငေးကြည့်ရင်း ကျွန်တော် မျက်ရည်တွေ စီးကျလာတယ်။ ငါတော့ ဒီဘဝမှာ ပိတ်မိနေပြီ။ တစ်သက်လုံး ဒီအတိုင်းပဲ နေသွားရတော့မယ်” လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ဖူးပါတယ်။ Michael ဟာ စကားပြောစရာ သူငယ်ချင်း၊ အဖော်ရယ်လို့လည်း မရှိတဲ့အတွက် အထီးကျန်ဆန်မှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး သူ့ရဲ့အခန်းလေးထဲမှာ တစ်ယောက်တည်း ငိုကြွေးခဲ့ရတယ်လို့လည်း ပြောထားပါသေးတယ်။ ဒါတွေဟာ သူ့ဘဝကို အတွင်းကနေ လှိုက်စားသွားခဲ့တဲ့ ကြီးမားတဲ့ အကြောင်းပြချက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

©Biography.com
လူပုံစံတူ အရုပ်တွေနဲ့ ဝန်းရံနေထိုင်ခဲ့တဲ့ Michael

Michael ဟာ အလွန်အမင်း လူရှက်တတ်သူပါ။ သူ့ရဲ့ လူတွေကို ရှက်တတ်တဲ့စိတ်ဟာ မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းတွေမှာ ဖော်ပြစရာတစ်ခု ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် လူအများစု သတိမပြုမိကြတာကတော့ Michael ဟာ သူ့ရဲ့လူရှက်တတ်တဲ့စိတ်ကို ချိုးနှိမ်ရင်ဆိုင်ဖို့ တကယ့် လူအစစ်အရွယ် အရုပ်တွေနဲ့ ဝန်းရံနေထိုင်တတ်တယ်ဆိုတာပါပဲ။

“အဲ့ဒါက ကျွန်တော် တစ်ယောက်တည်း ဖြစ်နေတယ်လို့ ခံစားရတာ သက်သာစေတယ်။ လက်တွေ့မှာ ကျွန်တော် လူတစ်ယောက်ယောက်ကို လိုအပ်ပေမယ့် ကျွန်တော့်မှာ တစ်ယောက်မှ မရှိတဲ့အတွက် အရုပ်တွေနဲ့ ခြံရံနေထိုင်လိုက်တော့ ကျွန်တော့်ဘေးမှာ တစ်ယောက်ယောက် ရှိနေသလိုပဲ။ စိတ်သက်သာတယ်။ ပြီးတော့ တကယ့်လူအစစ်တွေရဲ့ ဘေးမှာ နေရမှာလည်း ကျွန်တော် သိပ်ရှက်ပါတယ်” လို့ အင်တာဗျူးတစ်ခုမှာ ဖြေဖူးပါတယ်။

၂၀၀၃ခုနှစ်က ဖြစ်ခဲ့တဲ့ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ တရားစွဲခံရပြီးနောက်မှာ The Sun သတင်းစာက ရိုက်ကူးခဲ့တဲ့ Michael ရဲ့ Neverland ခြံကြီးထဲက ဓာတ်ပုံတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံတွေအရ တကယ့်လူအရွယ် အရုပ်တွေကို ဂျင်းဘောင်းဘီတွေ၊ ဂျာကင်တွေ၊ ဖိနပ်တွေ ဝတ်ဆင်ပေးထားပြီး ကြမ်းပေါ်မှာ လဲလျောင်းလို့တစ်ဖုံ၊ ကုလားထိုင်တွေမှာ ထိုင်နေလို့တစ်မျိုး ပုံစံအမျိုးမျိုး တွေ့ရတယ်လို့ ဆိုပါတယ်။ အချို့အရုပ်တွေကတော့ တစ်ယောက်နဲ့တစ်ယောက် စကားပြောနေတဲ့ဟန်တွေပါ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

Neverland ခြံကြီးကို တည်ဆောက်ခဲ့ရတဲ့ ရည်ရွယ်ချက်

Michael Jackson လို့ ပြောလိုက်တာနဲ့ ဧရာမ Neverland ခြံကြီးကိုလည်း တွဲမြင်မိကြမှာပါ။ အဲ့ဒီ့ခြံကြီးကိုတော့ ၁၉၈၈ခုနှစ်က ဝယ်ယူခဲ့တာဖြစ်ပြီး Wonderland နဲ့ တစ်ပုံစံတည်းဖြစ်အောင် ပြန်လည်ဆောက်လုပ်စေခဲ့ပါတယ်။ ရုပ်ရှင်ရုံ၊ တိရစ္ဆာန်ရုံနဲ့ ကစားကွင်းတွေပါ တစ်ပါတည်း ထည့်သွင်းထားတဲ့ အဆိုပါ Neverland ခြံကြီးဟာ Michael အတွက်တော့ လူတွေကို ကြောက်နေစရာမလိုဘဲ စိုးရိမ်သောက ကင်းကင်းနဲ့ လည်ပတ်ပျော်ပါးလို့ရတဲ့နေရာ ဖြစ်ပါတယ်။

၂၀၀၃ခုနှစ်က CBS ရုပ်သံလိုင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ “ကျွန်တော် ချစ်မြတ်နိုးသမျှ အရာအားလုံးက အဲ့ဒီ့ဂိတ်တံခါးကြီးနောက်မှာ ရှိတယ်။ ဆင်တွေ၊ သစ်ကုလားအုတ်တွေ၊ မိကျောင်းတွေ၊ ကျားမျိုးစိတ်အစုံနဲ့ ခြင်္သေ့မျိုးအစုံလည်း ရှိတယ်”လို့ ဆိုထားပြီး ဘာအတွက်ကြောင့် ဒီခြံကြီးကို ဆောက်လုပ်ခဲ့ရသလည်းဆိုတဲ့ မေးခွန်းကိုတော့ “ကျွန်တော်ကလေးဘဝတုန်းက မရခဲ့တဲ့အရာအားလုံး ရှိတဲ့ နေရာတစ်ခုလောက် ဖန်တီးထားချင်လို့ပါ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

©CNBC.com
ဖခင်ဖြစ်သူဆီက စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ခံစားခဲ့ရဟန်ရှိတဲ့ Michael

Michael ဟာ ဖခင်ဖြစ်သူဆီက ကိုယ်ထိလက်ရောက် အကြမ်းပတမ်း နှိပ်စက်တာတွေကိုတင် ခံစားခဲ့ရတာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုပါ ခံစားခဲ့ရဟန် ရှိပါတယ်။ ဥပမာပြောရမယ်ဆိုရင်တော့ Michael တို့ ညီအစ်ကိုတွေ ငယ်စဉ်က ညဘက်အိပ်တဲ့အခါ ပြတင်းပေါက်တံခါးကို ဖွင့်ပြီး အိပ်တတ်စေဖို့အတွက် အဖေလုပ်သူက ကြောက်စရာ မျက်နှာဖုံးကြီးကို စွပ်ပြီး အခန်းထဲကို တွယ်တက်ကာ ခြောက်လှန့်တာမျိုးတွေအထိ လုပ်ခဲ့ဖူးတာမျိုးပါ။

Michael ရဲ့ဖခင်ဖြစ်သူ Joseph ဟာ သူ့ရဲ့ကလေးတွေနဲ့ စိတ်ချင်းဝေးကွာအောင် နေခဲ့သူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အခြားဖခင်တွေဟာ သူတို့ရဲ့ကလေးတွေကို တုန်နေအောင် ချစ်နေကြချိန်မှာ၊ အထူးသဖြင့် ငွေကြေးအမြောက်အများ ရှာဖွေထောက်ပံ့နိုင်နေတဲ့ ကလေးတွေ ဖြစ်နေပါလျက်နဲ့ Joseph ကတော့ အေးတိအေးစက်သာ ဆက်ဆံတယ်လို့ New York Post သတင်းစာမှာ ဖော်ပြဖူးပါတယ်။ Joseph နဲ့ သူ့ရဲ့ကလေးတွေကြားက ဆက်ဆံရေးဟာ ရှုပ်ထွေးတယ်လို့ သိရပြီး Joseph ဟာ သူ့ကလေးတွေကို “အဖေ”လို့တောင် ခေါ်ခွင့်မပေးဘဲ သူ့ရဲ့နာမည်အတိုင်း “Joseph” လို့ပဲ ခေါ်ခွင့်ပေးတယ်လို့ ဖော်ပြထားပါသေးတယ်။

ကြောက်စရာ မတော်တဆမှုကြောင့် ဆေးစွဲခဲ့ရလေသလား?

၁၉၈၄ခုနှစ် Pepsi ကြော်ငြာ ရိုက်ကူးနေစဉ်မှာပဲ Michael ဟာ ကြောက်စရာ မတော်တဆမှုတစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ သူ့ရဲ့ နာမည်ကြီးသီချင်း “Billie Jean” ကို သီဆိုနေတုန်းမှာ ကင်မရာတွေကလည်း စတင်ရိုက်ကူးနေခဲ့ပြီး မထင်မှတ်ဘဲ မီးရှူးမီးပန်းတွေနဲ့ ပတ်သက်တဲ့နေရာက ချို့ယွင်းမှုဖြစ်ပြီး ပေါက်ကွဲမှုကြီးတစ်ခု ထဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲမှုက လွင့်စဉ်လာတဲ့ မီးပွားတွေဟာ Michael ရဲ့ ဆံပင်တွေနဲ့ ခန္ဓာကိုယ်ပေါ်မှာ နေရာအနှံ့ ဖုံးလွှမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ရိုက်ကွင်းကို လာရောက်ကြည့်ရှုနေသူ ပရိသတ်တွေဟာ အယောက်သုံးထောင်ခန့် ရှိခဲ့ပြီး မတော်တဆမှုကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြရတယ်လို့ နောက်ပိုင်းမှာ ဖွင့်ဟလာကြပါတယ်။

ဒီလိုကြောက်စရာ ဖြစ်ရပ်နဲ့ ကြုံရပေမယ့် Michael ဟာ သွေးအေးအေးနဲ့ပဲ သူဝတ်ထားတဲ့ ဂျာကင်ကို ချွတ်ပြီး မီးစွဲနေတဲ့ ဆံပင်တွေကို ငြှိမ်းသတ်ခဲ့တယ်လို့ ဆိုပါတယ်။ ခေါင်းပေါ်က ဦးရေပြားတွေနဲ့ ခေါင်းအနောက်ပိုင်းက မီးလောင်ဒဏ်ရာတွေကြောင့် အဆင့်(၂)နဲ့ အဆင့်(၃) မီးလောင်ဒဏ်ရာတွေအဖြစ် သတ်မှတ်ကာ ကုသမှုခံယူခဲ့ရပါတယ်။ အဆိုပါ မတော်တဆမှု ဖြစ်ပြီးနောက်ပိုင်းမှာ အမာရွတ်တွေကို ဖုံးကွယ်ကုသဖို့အတွက် ပလတ်စတစ် ဆာဂျာရီတွေကို ဆက်တိုက်လုပ်လာခဲ့တာ ဖြစ်နိုင်တယ်လို့ အချို့ကတော့ ဆိုကြပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်ကပဲ နောက်ပိုင်းမှာ Michael ကို အကိုက်အခဲပျောက်ဆေးတွေ စွဲလမ်းတဲ့အထိ ဖြစ်လာစေတယ်လို့လည်း ခန့်မှန်းကြပါတယ်။

©Complex
ဒေါ်လာသန်း(၄၀၀)အကြွေးတင်ခဲ့တဲ့ Michael Jackson

Michael Jackson ဆိုတာဟာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်ပိုင်ရှင်၊ ဟုန်းဟုန်းတောက် အောင်မြင်သူတစ်ယောက်ဆိုပေမယ့် သူရဲ့အသက်(၅၀) ကွယ်လွန်ချိန်မှာတော့ Billboard ရဲ့ ဖော်ပြချက်အရ အကြွေး ဒေါ်လာသန်း(၄၀၀)တင်ရှိနေခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ တောင်လိုပုံနေတဲ့ စီးပွားဥစ္စာတွေကတော့ လိင်အကြမ်းဖက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုထားတဲ့ ကလေးတွေရဲ့ မိသားစုတွေအတွက် အခြေကျနေထိုင်နိုင်ဖို့ ပေးရင်း ကုန်ခဲ့တယ်လို့ ဆိုပါတယ်။

Michael ဟာ ၂၀၀၅ခုနှစ်က စွဲဆိုခံခဲ့ရတဲ့ အမှု(၁၀)မှုလုံးမှာ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ပေမယ့် အမှုအတွက် ကုန်ကျစရိတ်တွေက သူ့ရဲ့ငွေကြေးချမ်းသာမှုကို ဖြူကာပြာကာ ကျစေခဲ့ပြီး သူချစ်ရပါသော Neverland ခြံကြီးကလည်း ဆုံးမဲ့စဲစဲ အနေအထားမှာ ဖြစ်နေခဲ့ပါတယ်။ သို့ပေမယ့် ဒီငွေကြေးအကျပ်အတည်းကြီးတစ်ခုလုံး အဆင်ပြေသွားချိန်မှာတော့ Michael တစ်ယောက် လူ့လောကထဲမှာ ရှိမနေခဲ့တော့ပါဘူး။ Michael  ကွယ်လွန်ပြီး ရှစ်နှစ်အကြာ ၂၀၁၇ခုနှစ်မှာတော့ ဒေါ်လာ (၇၅)သန်းနဲ့ ကွယ်လွန်ပြီး အနုပညာရှင်တွေထဲမှာ ဝင်ငွေအများဆုံး အနုပညာရှင်အဖြစ် Forbes မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ Billboard ရဲ့အဆိုအရ သူသေလွန်ပြီးနောက်အထိ အကျုံးဝင်နေမယ့် စာချုပ်တွေနဲ့ သီချင်းအတွက် ရောင်းရငွေတွေက ဒီလို ပြန်နာလန်ထူလာအောင် ပြုလုပ်ပေးနိုင်ခဲ့တာလို့ သိရပါတယ်။

မည်သို့ဆိုစေ Michael Jackson ဆိုတဲ့ အဆိုတော်ဟာ နောက်နှစ်ပေါင်းများစွာ ကြာသည်အထိ ဂီတချစ်သူတို့ရဲ့ အသည်းနှလုံးထဲမှာ ရှင်သန်နေဦးမှာပါ။ အထီးကျန်ဆန်မှုကြောင့် တစ်ဘဝလုံး ခါးသီးမှုတွေ ခံစားခဲ့ရတဲ့ Michael တစ်ယောက် အခုရော ဘယ်ကမ္ဘာမှာ ဘာသီချင်းတွေများ ဆိုနေပြီလည်းဆိုတာ မှန်းဆရင်း ….။

Xei

Ref: nickiswift

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular