HomeCelebs Update NewsInternationalအယ်လ်ဘမ်သစ်နဲ့ ကိုယ်ဝန်ရှိနေကြောင်း ချပြလာပြန်တဲ့ Lil Nas X 

အယ်လ်ဘမ်သစ်နဲ့ ကိုယ်ဝန်ရှိနေကြောင်း ချပြလာပြန်တဲ့ Lil Nas X 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ထူးခြားတဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ ပရိသတ်တွေကို ရင်ခုန်အောင် ပြုလုပ်နေကျ Lil Nas X ကတော့ အခုလည်း အယ်လ်ဘမ်သစ်နဲ့အတူ ကိုယ်ဝန်ရှိနေကြောင်း ချပြလာပြန်ပါပြီ။

အဲဒါကတော့ လာမယ့် စက်တင်ဘာလ(၁၇)ရက်နေ့မှာ ထွက်ရှိလာတော့မယ့် သူ့ရဲ့ ပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ် Montero အတွက် အထူးဖန်တီးရည်ညွှန်းလိုက်တဲ့ ဓာတ်ပုံရိုက်ချက်တွေပဲ ဖြစ်ပါတယ်။ အသက်(၂၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Lil Nas X ဟာ queer person တစ်ယောက် ဖြစ်တာနဲ့အညီ ယခုအယ်လ်ဘမ်ကို သူ့ရဲ့ ရင်သွေးလေးလိုပဲ ရည်ညွှန်းကာ အခုလို ကိုယ်ဝန်ဆောင်တစ်ယောက်လို ဓာတ်ပုံတွေ ရိုက်ကူးလိုက်တာ ဖြစ်ပါတယ်။

Photo: lilnasx/ Instagram

မကြာသေးခင်ကပဲ People မဂ္ဂဇင်းနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ ယခုလို ဓာတ်ပုံရိုက်ကူးဖို့ စိတ်ကူးကို သူ့ရဲ့ သီချင်းသစ် “Doll Sign Slime” ထဲက Megan Thee Stallion ရဲ့ သီချင်းပိုဒ်ကို ပထမဆုံး နားထောင်ပြီးနောက်မှာ အကြံရရှိခဲ့တာလို့ ပြောထားပါတယ်။

“ဒီ verse က အရမ်းအံ့ဩဖို့ကောင်းလို့ ကျွန်တော် တစ်ခါတည်း ဘုရားတလိုက်ရတာပဲ။ ပြီးတော့ ကျွန်တော့် stylist ဆီကို တန်းပြီးဖုန်းဆက်လိုက်တယ်။ အဲ့မှာတင် သူက ကျွန်တော့်ကို ပြောတာ။ အကုန်လုံး အဆင်ပြေသွားတာပေါ့။ မင်းရဲ့ အယ်လ်ဘမ်။ မင်းရဲ့ ကလေးလေးလေလို့ ပြောလိုက်ရော။ ကျွန်တော်လည်း ကျွန်တော့်ကလေးလားပေါ့။ ပြီးတော့ သူက ကျွန်တော့်ကို ထပ်ပြီးနောက်တယ်။ ဟုတ်တယ်တဲ့ … ရှင် pregnancy photoshoot ပါ လုပ်သင့်တယ်တဲ့ … ” လို့ Lil Nas X က ဆိုပါတယ်။

Photo: lilnasx/ Instagram

“အဲ့မှာတင် ကျွန်တော်လည်း ဒါက တကယ်ကောင်းတဲ့ စိတ်ကူးပဲလို့ သိလိုက်တယ်။ အဲဒီနောက် ဒါကြီးတစ်ခုလုံး ဖြစ်လာတယ်ပေါ့။ တကယ်လည်း အံ့ဩစရာ၊ စိတ်လှုပ်ရှားစရာကောင်းမှာပါ … ” လို့ ပြောထားပါတယ်။

ဒါ့အပြင် “ကျွန်တော်က အဖေလည်း ဟုတ်တယ်။ အမေဆိုလည်း ဟုတ်ပါတယ် …” လို့ အယ်လ်ဘမ်ကို ရည်ညွှန်းပြီး ပြောထားပါတယ်။ “ဒါပေမယ့် ဒီအခွေအတွက် produce လုပ်ပေးထားတဲ့ music producer တွေကလည်း အဖေတွေပဲပေါ့ … ” လို့ တခြားအဓိပ္ပာယ်ကို မစဉ်းစားဘဲ ပြောလိုက်ပြီးမှ “မဟုတ်လည်း ဦးလေးတွေပေါ့ … ” လို့ ဖြည့်စွက် ပြောထားပါတယ်။

Montero လို့ သူ့ရဲ့ နာမည်ကို အစွဲပြုပြီး ပေးထားတဲ့ ယခုအယ်လ်ဘမ်သစ်ကတော့ ကိုဗစ်ကြောင့် လော့ခ်ဒေါင်းကျနေတဲ့ အချိန်အတောအတွင်းမှာ ဖန်တီးထားတာလို့ သိရပါတယ်။

Photo via People/ Credit: Adrian Per

“ကျွန်တော် အများကြီး ပြောင်းလဲသွားပါတယ်။ အခြေအနေအများကြီးကို ကိုင်တွယ်ပုံတွေကအစ ပြောင်းလဲသွားတယ်။ ကျွန်တော့်ရဲ့ ဒေါသတွေ၊ ဝမ်းနည်းမှုတွေကို ကိုင်တွယ်တာကအစပေါ့။ ပြီးတော့ ခံစားမှုတိုင်းကို တနည်းနည်းနဲ့ လိုက်တုံ့ပြန်စရာမလိုဘူးဆိုတာလည်း သိလာခဲ့တယ်။ ကိုယ်ခံစားရတာကို မပြောင်းလဲနိုင်ပေမယ့် ဘယ်လိုတုံ့ပြန်မလည်းဆိုတာကိုတော့ ပြောင်းလဲနိုင်တယ်လေ။ နောက်ပြီး လူတွေက ကျွန်တော့်အပေါ် ပြောဆိုကြတဲ့ ထင်မြင်ချက်တွေကိုလည်း အသာလေး ကျောခိုင်းလိုက်နိုင်ပါတယ် … ” လို့ Montero တဖြစ်လည်း Lil Nas X က ဆိုထားပါတယ်။

Montero အယ်လ်ဘမ်ထဲမှာတော့ Megan Thee Stallion နဲ့ တွဲဖက်သီဆိုထားသလို One of Me သီချင်းမှာ Elton John ၊ Am I Dreaming သီချင်းမှာ Miley Cyrus နဲ့ Scoop သီချင်းမှာ Doja Cat တို့နဲ့ တွဲဖက်သီဆိုထားကြောင်း သိရပါတယ်။

Glasgow

Source: people

(Zawgyi Version)

ထူးျခားတဲ့ ဆန္းသစ္တီထြင္မႈေတြနဲ႔ ပရိသတ္ေတြကို ရင္ခုန္ေအာင္ ျပဳလုပ္ေနက် Lil Nas X ကေတာ့ အခုလည္း အယ္လ္ဘမ္သစ္နဲ႔အတူ ကိုယ္ဝန္ရွိေနေၾကာင္း ခ်ျပလာျပန္ပါၿပီ။

အဲဒါကေတာ့ လာမယ့္ စက္တင္ဘာလ(၁၇)ရက္ေန႔မွာ ထြက္ရွိလာေတာ့မယ့္ သူ႔ရဲ႕ ပြဲဦးထြက္ စတူဒီယိုအယ္လ္ဘမ္ Montero အတြက္ အထူးဖန္တီးရည္ၫႊန္းလိုက္တဲ့ ဓာတ္ပုံ႐ိုက္ခ်က္ေတြပဲ ျဖစ္ပါတယ္။ အသက္(၂၂)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Lil Nas X ဟာ queer person တစ္ေယာက္ ျဖစ္တာနဲ႔အညီ ယခုအယ္လ္ဘမ္ကို သူ႔ရဲ႕ ရင္ေသြးေလးလိုပဲ ရည္ၫႊန္းကာ အခုလို ကိုယ္ဝန္ေဆာင္တစ္ေယာက္လို ဓာတ္ပုံေတြ ႐ိုက္ကူးလိုက္တာ ျဖစ္ပါတယ္။

Photo: lilnasx/ Instagram

မၾကာေသးခင္ကပဲ People မဂၢဇင္းနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာေတာ့ ယခုလို ဓာတ္ပုံ႐ိုက္ကူးဖို႔ စိတ္ကူးကို သူ႔ရဲ႕ သီခ်င္းသစ္ “Doll Sign Slime” ထဲက Megan Thee Stallion ရဲ႕ သီခ်င္းပိုဒ္ကို ပထမဆုံး နားေထာင္ၿပီးေနာက္မွာ အႀကံရရွိခဲ့တာလို႔ ေျပာထားပါတယ္။

“ဒီ verse က အရမ္းအံ့ဩဖို႔ေကာင္းလို႔ ကြၽန္ေတာ္ တစ္ခါတည္း ဘုရားတလိုက္ရတာပဲ။ ၿပီးေတာ့ ကြၽန္ေတာ့္ stylist ဆီကို တန္းၿပီးဖုန္းဆက္လိုက္တယ္။ အဲ့မွာတင္ သူက ကြၽန္ေတာ့္ကို ေျပာတာ။ အကုန္လုံး အဆင္ေျပသြားတာေပါ့။ မင္းရဲ႕ အယ္လ္ဘမ္။ မင္းရဲ႕ ကေလးေလးေလလို႔ ေျပာလိုက္ေရာ။ ကြၽန္ေတာ္လည္း ကြၽန္ေတာ့္ကေလးလားေပါ့။ ၿပီးေတာ့ သူက ကြၽန္ေတာ့္ကို ထပ္ၿပီးေနာက္တယ္။ ဟုတ္တယ္တဲ့ … ရွင္ pregnancy photoshoot ပါ လုပ္သင့္တယ္တဲ့ … ” လို႔ Lil Nas X က ဆိုပါတယ္။

Photo: lilnasx/ Instagram

“အဲ့မွာတင္ ကြၽန္ေတာ္လည္း ဒါက တကယ္ေကာင္းတဲ့ စိတ္ကူးပဲလို႔ သိလိုက္တယ္။ အဲဒီေနာက္ ဒါႀကီးတစ္ခုလုံး ျဖစ္လာတယ္ေပါ့။ တကယ္လည္း အံ့ဩစရာ၊ စိတ္လႈပ္ရွားစရာေကာင္းမွာပါ … ” လို႔ ေျပာထားပါတယ္။

ဒါ့အျပင္ “ကြၽန္ေတာ္က အေဖလည္း ဟုတ္တယ္။ အေမဆိုလည္း ဟုတ္ပါတယ္ …” လို႔ အယ္လ္ဘမ္ကို ရည္ၫႊန္းၿပီး ေျပာထားပါတယ္။ “ဒါေပမယ့္ ဒီအေခြအတြက္ produce လုပ္ေပးထားတဲ့ music producer ေတြကလည္း အေဖေတြပဲေပါ့ … ” လို႔ တျခားအဓိပၸာယ္ကို မစဥ္းစားဘဲ ေျပာလိုက္ၿပီးမွ “မဟုတ္လည္း ဦးေလးေတြေပါ့ … ” လို႔ ျဖည့္စြက္ ေျပာထားပါတယ္။

Montero လို႔ သူ႔ရဲ႕ နာမည္ကို အစြဲျပဳၿပီး ေပးထားတဲ့ ယခုအယ္လ္ဘမ္သစ္ကေတာ့ ကိုဗစ္ေၾကာင့္ ေလာ့ခ္ေဒါင္းက်ေနတဲ့ အခ်ိန္အေတာအတြင္းမွာ ဖန္တီးထားတာလို႔ သိရပါတယ္။

Photo via People/ Credit: Adrian Per

“ကြၽန္ေတာ္ အမ်ားႀကီး ေျပာင္းလဲသြားပါတယ္။ အေျခအေနအမ်ားႀကီးကို ကိုင္တြယ္ပုံေတြကအစ ေျပာင္းလဲသြားတယ္။ ကြၽန္ေတာ့္ရဲ႕ ေဒါသေတြ၊ ဝမ္းနည္းမႈေတြကို ကိုင္တြယ္တာကအစေပါ့။ ၿပီးေတာ့ ခံစားမႈတိုင္းကို တနည္းနည္းနဲ႔ လိုက္တုံ႔ျပန္စရာမလိုဘူးဆိုတာလည္း သိလာခဲ့တယ္။ ကိုယ္ခံစားရတာကို မေျပာင္းလဲႏိုင္ေပမယ့္ ဘယ္လိုတုံ႔ျပန္မလည္းဆိုတာကိုေတာ့ ေျပာင္းလဲႏိုင္တယ္ေလ။ ေနာက္ၿပီး လူေတြက ကြၽန္ေတာ့္အေပၚ ေျပာဆိုၾကတဲ့ ထင္ျမင္ခ်က္ေတြကိုလည္း အသာေလး ေက်ာခိုင္းလိုက္ႏိုင္ပါတယ္ … ” လို႔ Montero တျဖစ္လည္း Lil Nas X က ဆိုထားပါတယ္။

Montero အယ္လ္ဘမ္ထဲမွာေတာ့ Megan Thee Stallion နဲ႔ တြဲဖက္သီဆိုထားသလို One of Me သီခ်င္းမွာ Elton John ၊ Am I Dreaming သီခ်င္းမွာ Miley Cyrus နဲ႔ Scoop သီခ်င္းမွာ Doja Cat တို႔နဲ႔ တြဲဖက္သီဆိုထားေၾကာင္း သိရပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular