HomeCelebs Update NewsInternationalချစ်သူနဲ့ စေ့စပ်ပြီး တစ်နှစ်အကြာမှာ လက်ထပ်သွားပြီဖြစ်တဲ့ Lily Collins 

ချစ်သူနဲ့ စေ့စပ်ပြီး တစ်နှစ်အကြာမှာ လက်ထပ်သွားပြီဖြစ်တဲ့ Lily Collins 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်အချစ်တော် မင်းသမီးချောလေး Lily Collins ကတော့ သူမရဲ့ချစ်သူ ဒါရိုက်တာ Charlie McDowell နဲ့ လက်ထပ်သွားပြီလို့ သိရပါတယ်။

Love, Rosie ၊ Emily in Paris ဇာတ်ကားတွေနဲ့ မြန်မာပရိသတ်တွေကြားမှာ လူသိများကျော်ကြားတဲ့ မင်းသမီးလေး Lily Collins ဟာ ပြီးခဲ့တဲ့နှစ်က ချစ်သူ ဒါရိုက်တာ Charlie McDowell ရဲ့ လက်ထပ်ခွင့်ကို ခေါင်းညိတ်အပြီးမှာတော့ ယခုအခါ တရားဝင် လက်ထပ်သွားပြီလို့ သိရပါတယ်။ အသက်(၃၂)နှစ်အရွယ် မင်းသမီးနဲ့ အသက်(၃၈)နှစ်အရွယ် ဒါရိုက်တာတို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၄)ရက်နေ့က လက်ထပ်ပွဲ ကျင်းပခဲ့ကြတာလို့ သိရပါတယ်။

Photo: lilyjcollins/ Instagram

လက်ထပ်ပွဲကိုတော့ ကော်လိုရာဒိုပြည်နယ်က Dunton Hot Springs မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ လက်ထပ်ပွဲက ပုံရိပ်လေးတွေကိုတော့ နှစ်ယောက်စလုံးရဲ့ အင်စတာဂရမ်မှာ တင်ထားပြီး ပရိသတ်တွေဆီ မျှဝေပေးထားပါတယ်။ Lily ကိုတော့ အဖြူရောင် ဇာဂါဝန်အရှည်ကြီးနဲ့ လှပတင့်တယ်စွာ မြင်တွေ့ရပြီး သတို့သားကိုတော့ အဖြူ၊အမည်း tuxedo ဝမ်းဆက်နဲ့ ခန့်ငြားစွာ တွေ့ရပါတယ်။

Lily ကတော့ သူမရဲ့ပိုစ့်မှာ ရင်တွင်းခံစားချက်တွေကို အခုလိုရေးသားထားပါတယ်။ “ကို့ရဲ့ချစ်သူအဖြစ်ထက် တခြားဘယ်သူ့ရဲ့လူမှ မဖြစ်ချင်ဘူး။ အခုတော့ ကို့ရဲ့ ဇနီး ဖြစ်သွားပြီလေ။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့မှာ ကျွန်မတို့ဟာ တရားဝင် ဇနီးမောင်နှံတွေ ထာဝရ ဖြစ်သွားကြပါပြီ။ ချစ်တာထက် ပိုပါတယ် … ” လို့ Lily က ဆိုထားပါတယ်။

Photo: lilyjcollins/ Instagram

ဒါ့အပြင် “အခုလောက် တစ်ခါမှ မပျော်ခဲ့ဖူးဘူး။ နတ်သမီးပုံပြင်အဖြစ်နဲ့ စတင်ခဲ့တဲ့ ဇာတ်လမ်းလေးက အခုတော့ ကျွန်မရဲ့ ထာဝရ အရှိတရားတစ်ခု ဖြစ်သွားပါပြီ။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ကျွန်မခံစားခဲ့ရသမျှကို တကယ် စကားလုံးနဲ့တောင် ရှာဖွေဖော်ပြလို့ မရနိုင်ပါဘူး … ” လို့ နောက်ထပ် ပို့စ်တစ်ခုမှာ ပြောထားပါသေးတယ်။

Lily ရဲ့ သတို့သား Charlie ကလည်း သူ့ရဲ့ ခံစားချက်တွေနဲ့အတူ အင်စတာဂရမ်မှာ ပို့စ်တင်ထားပါသေးတယ်။ “ကျွန်တော်ကတော့ ကျွန်တော်သိဖူးသမျှ လူတွေထဲမှာ အရက်ရောဆုံး၊ အတွေးအခေါ် အမြော်အမြင်ရှိဆုံးနဲ့ အလှပဆုံးသူတစ်ယောက်ကို လက်ထပ်လိုက်ရတာပါ။ ချစ်တယ် .. ” လို့ ဆိုထားပါတယ်။

Photo: lilyjcollins/ Instagram

Lily နဲ့ Charlie တို့ဟာ ကြီးမားတဲ့ အနုပညာနောက်ခံနဲ့ မိသားစုက ပေါက်ဖွားလာကြသူတွေ ဖြစ်တာမို့ တစ်ယောက်နဲ့တစ်ယောက် ပိုမိုနားလည်နိုင်ကြပြီး ချစ်ခင်ကြင်နာနိုင်ကြတာလို့လည်း ပြောနိုင်ပါတယ်။ Lily ဟာ နာမည်ကျော် ဒရမ်သမား Phil Collins ရဲ့ သမီးဖြစ်သလို Charlie ကတော့ နာမည်ကျော် သရုပ်ဆောင်မိဘနှစ်ပါးဖြစ်တဲ့ Malcolm McDowell နဲ့ Mary Steenburgen တို့ရဲ့သား ဖြစ်ပါတယ်။

နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီကြတဲ့ သူတို့နှစ်ဦးကတော့ ပြီးခဲ့တဲ့နှစ် ၂၀၂၀ ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့မှာ စေ့စပ်ခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး နားလည်ပြီး မခွဲမခွာအတူ ရှိကြတဲ့ Lily နဲ့ Charlie တို့ သက်ဆုံးတိုင် ရိုးမြေကျ ပေါင်းဖက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

ပရိသတ္အခ်စ္ေတာ္ မင္းသမီးေခ်ာေလး Lily Collins ကေတာ့ သူမရဲ့ခ်စ္သူ ဒါရိုက္တာ Charlie McDowell နဲ႔ လက္ထပ္သြားၿပီလို႔ သိရပါတယ္။

Love, Rosie ၊ Emily in Paris ဇာတ္ကားေတြနဲ႔ ျမန္မာပရိသတ္ေတြၾကားမွာ လူသိမ်ားေက်ာ္ၾကားတဲ့ မင္းသမီးေလး Lily Collins ဟာ ၿပီးခဲ့တဲ့ႏွစ္က ခ်စ္သူ ဒါရိုက္တာ Charlie McDowell ရဲ့ လက္ထပ္ခြင့္ကို ေခါင္းညိတ္အၿပီးမွာေတာ့ ယခုအခါ တရားဝင္ လက္ထပ္သြားၿပီလို႔ သိရပါတယ္။ အသက္(၃၂)ႏွစ္အရြယ္ မင္းသမီးနဲ႔ အသက္(၃၈)ႏွစ္အရြယ္ ဒါရိုက္တာတို႔ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလ(၄)ရက္ေန႔က လက္ထပ္ပြဲ က်င္းပခဲ့ၾကတာလို႔ သိရပါတယ္။

Photo: lilyjcollins/ Instagram

လက္ထပ္ပြဲကိုေတာ့ ေကာ္လိုရာဒိုျပည္နယ္က Dunton Hot Springs မွာ က်င္းပခဲ့တာ ျဖစ္ပါတယ္။ ဒီအေၾကာင္းနဲ႔ လက္ထပ္ပြဲက ပုံရိပ္ေလးေတြကိုေတာ့ ႏွစ္ေယာက္စလုံးရဲ့ အင္စတာဂရမ္မွာ တင္ထားၿပီး ပရိသတ္ေတြဆီ မၽွေဝေပးထားပါတယ္။ Lily ကိုေတာ့ အျဖဴေရာင္ ဇာဂါဝန္အရွည္ႀကီးနဲ႔ လွပတင့္တယ္စြာ ျမင္ေတြ႕ရၿပီး သတို႔သားကိုေတာ့ အျဖဴ၊အမည္း tuxedo ဝမ္းဆက္နဲ႔ ခန႔္ျငားစြာ ေတြ႕ရပါတယ္။

Lily ကေတာ့ သူမရဲ့ပိုစ့္မွာ ရင္တြင္းခံစားခ်က္ေတြကို အခုလိုေရးသားထားပါတယ္။ “ကို႔ရဲ့ခ်စ္သူအျဖစ္ထက္ တျခားဘယ္သူ႔ရဲ့လူမွ မျဖစ္ခ်င္ဘူး။ အခုေတာ့ ကို႔ရဲ့ ဇနီး ျဖစ္သြားၿပီေလ။ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလ(၄)ရက္ေန႔မွာ ကၽြန္မတို႔ဟာ တရားဝင္ ဇနီးေမာင္ႏွံေတြ ထာဝရ ျဖစ္သြားၾကပါၿပီ။ ခ်စ္တာထက္ ပိုပါတယ္ … ” လို႔ Lily က ဆိုထားပါတယ္။

Photo: lilyjcollins/ Instagram

ဒါ့အျပင္ “အခုေလာက္ တစ္ခါမွ မေပ်ာ္ခဲ့ဖူးဘူး။ နတ္သမီးပုံျပင္အျဖစ္နဲ႔ စတင္ခဲ့တဲ့ ဇာတ္လမ္းေလးက အခုေတာ့ ကၽြန္မရဲ့ ထာဝရ အရွိတရားတစ္ခု ျဖစ္သြားပါၿပီ။ ၿပီးခဲ့တဲ့ တစ္ပတ္အတြင္း ကၽြန္မခံစားခဲ့ရသမၽွကို တကယ္ စကားလုံးနဲ႔ေတာင္ ရွာေဖြေဖာ္ျပလို႔ မရနိုင္ပါဘူး … ” လို႔ ေနာက္ထပ္ ပို႔စ္တစ္ခုမွာ ေျပာထားပါေသးတယ္။

Lily ရဲ့ သတို႔သား Charlie ကလည္း သူ႔ရဲ့ ခံစားခ်က္ေတြနဲ႔အတူ အင္စတာဂရမ္မွာ ပို႔စ္တင္ထားပါေသးတယ္။ “ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ္သိဖူးသမၽွ လူေတြထဲမွာ အရက္ေရာဆုံး၊ အေတြးအေခၚ အေျမာ္အျမင္ရွိဆုံးနဲ႔ အလွပဆုံးသူတစ္ေယာက္ကို လက္ထပ္လိုက္ရတာပါ။ ခ်စ္တယ္ .. ” လို႔ ဆိုထားပါတယ္။

Photo: lilyjcollins/ Instagram

Lily နဲ႔ Charlie တို႔ဟာ ႀကီးမားတဲ့ အႏုပညာေနာက္ခံနဲ႔ မိသားစုက ေပါက္ဖြားလာၾကသူေတြ ျဖစ္တာမို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုမိုနားလည္နိုင္ၾကၿပီး ခ်စ္ခင္ၾကင္နာနိုင္ၾကတာလို႔လည္း ေျပာနိုင္ပါတယ္။ Lily ဟာ နာမည္ေက်ာ္ ဒရမ္သမား Phil Collins ရဲ့ သမီးျဖစ္သလို Charlie ကေတာ့ နာမည္ေက်ာ္ သ႐ုပ္ေဆာင္မိဘႏွစ္ပါးျဖစ္တဲ့ Malcolm McDowell နဲ႔ Mary Steenburgen တို႔ရဲ့သား ျဖစ္ပါတယ္။

ေနနဲ႔လ ေရႊနဲ႔ျမလို လိုက္ဖက္ညီၾကတဲ့ သူတို႔ႏွစ္ဦးကေတာ့ ၿပီးခဲ့တဲ့ႏွစ္ ၂၀၂၀ ခုႏွစ္ စက္တင္ဘာလ(၂၄)ရက္ေန႔မွာ ေစ့စပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ တစ္ဦးနဲ႔တစ္ဦး နားလည္ၿပီး မခြဲမခြာအတူ ရွိၾကတဲ့ Lily နဲ႔ Charlie တို႔ သက္ဆုံးတိုင္ ရိုးေျမက် ေပါင္းဖက္နိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular