HomeCelebs Update NewsInternationalLiam Hemsworth ရဲ႕ပုံေအာက္မွာ အီစီကလီ comment လာေရးသြားတဲ့ Lindsay Lohan

Liam Hemsworth ရဲ႕ပုံေအာက္မွာ အီစီကလီ comment လာေရးသြားတဲ့ Lindsay Lohan

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

မၾကာေသးခင္ကမွ ပူပူေႏြးေႏြး ဆင္ဂယ္လ္ျပန္ျဖစ္သြားတဲ့ Liam Hemsworth ကို ပစ္ခြင္းမယ့္ ျမားတစ္စင္းကေတာ့ ဆိုက္ေရာက္လုိ႔ လာပါၿပီ။ အဆိုေတာ္၊ သရုပ္ေဆာင္ Lindsay Lohan ဟာ Liam နဲ႔ Chris တို႔ ညီအစ္ကိုႏွစ္ေယာက္ရဲ႕ IG က ဓာတ္ပုံေအာက္မွာ အီစီကလီ မက္ေဆ့ခ်္တစ္ခုကို ေရးလုိက္ရာကေန ဇာတ္လမ္းက စတင္ခဲ့ပါတယ္။

ပူပူေႏြးေႏြး ဆင္ဂယ္လ္ျပန္ျဖစ္သြားတဲ့ မင္းသားေခ်ာ Liam ဟာ Lindsay ရဲ႕ အာရုံက်မႈကို ရသြားသလားေတာ့ မေျပာတတ္ပါဘူး။ Miley နဲ႔ လမ္းခြဲၿပီးကတည္းက ၾသစေတ်းလ်ကိုျပန္ၿပီး မိသားစုေတြ၊ ေဆြမ်ိဳး၊ မိတ္ေဆြေတြနဲ႔ အခ်ိန္ကုန္ဆုံးေနတဲ့ Liam ဟာ အစ္ကိုျဖစ္သူ Chris နဲ႔အတူ adventure ေတြလုပ္ၿပီး ေပ်ာ္ရႊင္ေနတဲ့ပုံေတြကို သူ႔ရဲ႕ IG အေကာင့္မွာ ျပန္လည္ေ၀မွ်ခဲ့ပါတယ္။ စက္တင္ဘာလ(၁၂)ရက္ေန႔က Liam တင္လိုက္တဲ့ ညီအစ္ကိုႏွစ္ေယာက္ရဲ႕ ဓာတ္ပုံကို နာမည္ေက်ာ္ E! News ၀က္ဘ္ဆိုဒ္က သူတို႔ရဲ႕ IG မွာ ျပန္လည္တင္ထားတဲ့ပုိ႔စ္မွာ Lindsay က “ဆစ္ဒနီမွာေရာ၊ ဘြန္ဒီမွာေရာ ဘာလို႔ ငါတို႔ မေတြ႕ၾကတာလဲ” လို႔ လာမန္႔သြားတာ ျဖစ္ပါတယ္။

Via hollywoodlife

ဒီကြန္းမန္႔နဲ႔ ပတ္သက္ၿပီး လူအမ်ားစုကေတာ့ Lindsay ရဲ႕ ျမားဦးဟာ Liam အေပၚ က်ေရာက္လာၿပီလားလို႔ ခန္႔မွန္းေနၾကပါတယ္။ Lindsay ဟာ လတ္တေလာမွာ The Masked Singer ရုပ္ရွင္ကို ရိုက္ကူးဖို႔ ၾသစေတ်းလ်ကို ေရာက္ရိွေနတာေၾကာင့္လည္း အမ်ားက ဒီလိုထင္ေၾကးေတြ ေပးလာၾကတာ ျဖစ္ပါတယ္။

Copyright @lindsaylohan IG
Copyright @liamhemsworth IG

Miley ကေတာ့ Liam နဲ႔ လမ္းခြဲျပတ္စဲၿပီးကတည္းက Kaitlynn Jenner နဲ႔ တြဲခုတ္ၿပီး ေပၚေပၚထင္ထင္ ခ်စ္ခြန္းေျခြျပေနတာကို ေတြ႕ရပါတယ္။ Liam ကေတာ့ ၾသစေတ်းလ်ကို ျပန္ၿပီးမိသားစု၊ ေဆြမ်ိဳးေတြနဲ႔ပဲ ေအးေအးေဆးေဆး ေနေနတာကို ေတြ႕ၾကရပါတယ္။ Lindsay ကို ၾကည့္ရင္ေတာ့ ေဆာ္ဒီအာေရဘီးယားႏိုင္ငံရဲ႕ အိမ္ေရွ႕မင္းသား Mohammed bin Salman နဲ႔ လမ္းခြဲထားၿပီး လတ္တေလာမွာ ဆင္ဂယ္လ္ျဖစ္ေနတာကို ေတြ႕ရပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

မကြာသေးခင်ကမှ ပူပူနွေးနွေး ဆင်ဂယ်လ်ပြန်ဖြစ်သွားတဲ့ Liam Hemsworth ကို ပစ်ခွင်းမယ့် မြားတစ်စင်းကတော့ ဆိုက်ရောက်လို့ လာပါပြီ။ အဆိုတော်၊ သရုပ်ဆောင် Lindsay Lohan ဟာ Liam နဲ့ Chris တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ IG က ဓာတ်ပုံအောက်မှာ အီစီကလီ မက်ဆေ့ချ်တစ်ခုကို ရေးလိုက်ရာကနေ ဇာတ်လမ်းက စတင်ခဲ့ပါတယ်။

ပူပူနွေးနွေး ဆင်ဂယ်လ်ပြန်ဖြစ်သွားတဲ့ မင်းသားချော Liam ဟာ Lindsay ရဲ့ အာရုံကျမှုကို ရသွားသလားတော့ မပြောတတ်ပါဘူး။ Miley နဲ့ လမ်းခွဲပြီးကတည်းက သြစတျေးလျကိုပြန်ပြီး မိသားစုတွေ၊ ဆွေမျိုး၊ မိတ်ဆွေတွေနဲ့ အချိန်ကုန်ဆုံးနေတဲ့ Liam ဟာ အစ်ကိုဖြစ်သူ Chris နဲ့အတူ adventure တွေလုပ်ပြီး ပျော်ရွှင်နေတဲ့ပုံတွေကို သူ့ရဲ့ IG အကောင့်မှာ ပြန်လည်ဝေမျှခဲ့ပါတယ်။ စက်တင်ဘာလ(၁၂)ရက်နေ့က Liam တင်လိုက်တဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဓာတ်ပုံကို နာမည်ကျော် E! News ဝက်ဘ်ဆိုဒ်က သူတို့ရဲ့ IG မှာ ပြန်လည်တင်ထားတဲ့ပို့စ်မှာ Lindsay က “ဆစ်ဒနီမှာရော၊ ဘွန်ဒီမှာရော ဘာလို့ ငါတို့ မတွေ့ကြတာလဲ” လို့ လာမန့်သွားတာ ဖြစ်ပါတယ်။

Via hollywoodlife

ဒီကွန်းမန့်နဲ့ ပတ်သက်ပြီး လူအများစုကတော့ Lindsay ရဲ့ မြားဦးဟာ Liam အပေါ် ကျရောက်လာပြီလားလို့ ခန့်မှန်းနေကြပါတယ်။ Lindsay ဟာ လတ်တလောမှာ The Masked Singer ရုပ်ရှင်ကို ရိုက်ကူးဖို့ သြစတျေးလျကို ရောက်ရှိနေတာကြောင့်လည်း အများက ဒီလိုထင်ကြေးတွေ ပေးလာကြတာ ဖြစ်ပါတယ်။

Copyright @lindsaylohan IG
Copyright @liamhemsworth IG

Miley ကတော့ Liam နဲ့ လမ်းခွဲပြတ်စဲပြီးကတည်းက Kaitlynn Jenner နဲ့ တွဲခုတ်ပြီး ပေါ်ပေါ်ထင်ထင် ချစ်ခွန်းခြွေပြနေတာကို တွေ့ရပါတယ်။ Liam ကတော့ သြစတျေးလျကို ပြန်ပြီးမိသားစု၊ ဆွေမျိုးတွေနဲ့ပဲ အေးအေးဆေးဆေး နေနေတာကို တွေ့ကြရပါတယ်။ Lindsay ကို ကြည့်ရင်တော့ ဆော်ဒီအာရေဘီးယားနိုင်ငံရဲ့ အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ လမ်းခွဲထားပြီး လတ်တလောမှာ ဆင်ဂယ်လ်ဖြစ်နေတာကို တွေ့ရပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular