HomeEntertainmentFilmThe Lion King 2 ထွက်လာဖို့အတွက် ပြင်ဆင်နေတဲ့ Disney
The Lion King 2 ထွက်လာဖို့အတွက် ပြင်ဆင်နေတဲ့ Disney
အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။
Disney ဟာ အခုချိန်မှာတော့ ဒါရိုက်တာ Barry Jenkins နဲ့အတူတူ The Lion King 2 ထွက်လာဖို့အတွက် ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက Disney ဟာ သူတို့ထုတ်ခဲ့တဲ့ နာမည်ကြီး animated movie တွေကို Live Action တွေအဖြစ် ပြောင်းလဲဖန်တီးခဲ့ကြပါတယ်။ ဒီလိုမျိုး Live Action အဖြစ် ပြန်လည်ရိုက်ကူးတဲ့အထဲမှာတော့ The Lion King ဟာလည်း အောင်မြင်တဲ့ ဇာတ်ကားတွေထဲမှာ ပါဝင်ခဲ့ပြီး box office မှာ ဝင်ငွေ ဒေါ်လာတစ်ဘီလျံတောင် ရရှိခဲ့ပါတယ်။
photo via imdb
ဒါ့အပြင် The Lion King ဟာ Aladdin နဲ့ ထွက်ခဲ့တဲ့နှစ် အတူတူပဲ ဖြစ်ပြီးတော့ Aladdin ဟာလည်း box office မှာ ဒေါ်လာတစ်ဘီလျံ ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့် Disney ဟာ Aladdin 2 ကို ထပ်မံရိုက်ကူးဖို့အတွက်လည်း စီစဉ်နေပြီး အဆိုပါဇာတ်ကားဟာ အရင်တုန်းက ထွက်ခဲ့ဖူးတဲ့ animated movie တွေကို အခြေခံထားမှာ မဟုတ်ဘဲ ဇာတ်လမ်းအသစ်နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုထပ်မံရိုက်ကူးမယ့် The Lion King 2 ဟာလည်း အလားတူပဲ animated movie ကို အခြေခံမှာ မဟုတ်တော့ဘဲ ဇာတ်လမ်းအသစ်နဲ့ ပုံစံအသစ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Photo via IMDb
The Lion King 2 ဟာ အခုချိန်မှာတော့ ဇာတ်ညွှန်းပိုင်းနဲ့ တစ်ခြားလိုအပ်တဲ့နေရာတွေမှာ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပြီး ဒါရိုက်တာ Barry Jenkins က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ The Lion King ဇာတ်ကားမှာ ဇာတ်ညွှန်းရေးပေးခဲ့တဲ့ Jeff Nathanson ဟာလည်း ဒုတိယမြောက်ဇာတ်ကားမှာ ထပ်မံပြီး ဇာတ်ညွှန်းတာဝန် ယူပေးဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် The Lion King 2 ရဲ့ဇာတ်လမ်းကတော့ Mufasa ရဲ့ origin ကို ရိုက်ကူးသွားမှာပါလို့ THR သတင်းဌာနက ဖော်ပြထားပါတယ်။ သို့ပေမယ့် The Lion King 2 ဟာ ရိုက်ကူးရေး ဘယ်အချိန်မှာ စမလည်းဆိုတာနဲ့ ဘယ်အချိန်မှာ ပရိသတ်တွေဆီကို ရောက်လာမလည်း ဆိုတာတွေကတော့ မသိရသေးပါဘူး။
Legos
Source: screenrant
(Zawgyi Version)
photo via imdb
ဒါ့အပြင် The Lion King ဟာ Aladdin နဲ့ထွက်ခဲ့တဲ့နှစ်အတူတူပဲ ဖြစ်ပြီးတော့ Aladdin ကလည်း box office မှာ ဒေါ်လာတစ်ဘီလျံ ရခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Disney ဟာ Aladdin 2 ကို ထပ်မံရိုက်ကူးဖို့အတွက် စီစဉ်နေပြီးတော့ အဲ့ဒီ Aladdin 2 က အရင်တုန်းကထွက်ခဲ့ဖူးတဲ့ ဘယ် animated movie ကိုမှ အခြေခံထားမှာ မဟုတ်ဘဲ ဇာတ်လမ်းအသစ်နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ အခုထပ်မံရိုက်ကူးမယ့် The Lion King 2 ဟာလည်း အဲ့လိုမျိုး ဘာကိုအခြေမခံတော့ဘဲ ဇာတ်လမ်းအသစ်နဲ့ ပုံစံအသစ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Photo via IMDb
The Lion King 2 ဟာ အခုချိန်မှာတော့ ဇာတ်ညွှန်းပိုင်းနဲ့ တစ်ခြားလိုအပ်တဲ့နေရာတွေမှာ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပြီးတော့ ဒါရိုက်တာ Barry Jenkins က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ထွက်ခဲ့တဲ့ The Lion King ဇာတ်ကားမှာ ဇာတ်ညွှန်းရေးပေးခဲ့တဲ့ Jeff Nathanson ဟာလည်း ဒုတိယမြောက်ဇာတ်ကားမှာ သူပဲ ဇာတ်ညွှန်းရေးပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် The Lion King 2 ရဲ့ဇာတ်လမ်းကတော့ Mufasa ရဲ့ origin ကို ရိုက်ကူးသွားမှာပါလို့ THR သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း The Lion King 2 ဟာ ရိုက်ကူးရေး ဘယ်အချိန်မှာ စမလည်း ဆိုတာနဲ့ ဘယ်အချိန်မှာ ပရိသတ်တွေဆီကို ရောက်လာမလည်း ဆိုတာတွေကတော့ မသိရသေးပါဘူး။
Legos
Source: screenrant
RELATED ARTICLES
Most Popular