HomeCelebs Update NewsInternationalGone Girl သရုပ်ဆောင် Lisa Banes ယာဉ်တိုက်ပြေးခံရမှုကြောင့် ကွယ်လွန်

Gone Girl သရုပ်ဆောင် Lisa Banes ယာဉ်တိုက်ပြေးခံရမှုကြောင့် ကွယ်လွန်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဇာတ်လမ်းတွဲများစွာနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Lisa Banes ဟာ အက်ဆီးဒင့်တစ်ခုမှာ ထိခိုက်မိပြီး ဆယ်ရက်အကြာမှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ရဲဌာနရဲ့ ဖော်ပြချက်အရ Lisa ဟာ ဇွန်လ(၄)ရက်နေ့တုန်းက နယူးယော့ခ်မြို့မှာ လမ်းဖြတ်ကူးနေတုန်း မီးနီဖြတ်မောင်းလာတဲ့ ဆိုင်ကယ်၊ ဒါမှမဟုတ် စကူတာလို့ ယူဆရတဲ့ ယာဉ်တစ်ခုနဲ့ တိုက်ပြေးခံခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ အက်ဆီးဒင့်ကြောင့် Lisa ဟာ ဦးခေါင်းခွံ ကွဲအက်သွားခဲ့ပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံပေါ်မှာ ဆယ်ရက်ကြာ ဝေဒနာခံစားပြီးမှ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။

Photo via twitter

ရဲတွေရဲ့ ပြောကြားချက်အရ အဆိုပါယာဉ်ကို မောင်းနှင်လာသူဟာ လုံးဝအရှိန်မလျှော့ခဲ့ဘဲ တိုက်မိပြီးနောက်မှာလည်း ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ Lisa ဟာ အဆိုပါနေ့ရက်တုန်းက သူမ တက်ရောက်ခဲ့ဖူးတဲ့ကျောင်းကို သွားရောက်လည်ပတ်ဖို့ အသွားလမ်းမှာပဲ အခုလို ယာဉ်တိုက်မှုနဲ့ ကြုံရပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့ရတာလို့ သူမရဲ့ မန်နေဂျာက ရှင်းပြထားပါတယ်။

Lisa ဟာ နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၁၄ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Gone Girl နဲ့ ၁၉၈၈ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Tome Cruise ရဲ့ဇာတ်ကား Cocktail တို့မှာလည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

သူမ ကွယ်လွန်ချိန်မှာ အသက်(၆၅)နှစ် ရှိပြီဖြစ်ပြီး ရဲအရာရှိတွေဟာ လက်ရှိအချိန်အထိ သူမကို တိုက်ပြေးသွားတဲ့ တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Linda December

Source: indian express

(Zawgyi Version)

ဇာတ္လမ္းတြဲမ်ားစြာနဲ႔ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသမီးႀကီး Lisa Banes ဟာ အက္ဆီးဒင့္တစ္ခုမွာ ထိခိုက္မိၿပီး ဆယ္ရက္အၾကာမွာ ကြယ္လြန္သြားၿပီလို႔ သိရပါတယ္။

ရဲဌာနရဲ႕ ေဖာ္ျပခ်က္အရ Lisa ဟာ ဇြန္လ(၄)ရက္ေန႔တုန္းက နယူးေယာ့ခ္ၿမိဳ႕မွာ လမ္းျဖတ္ကူးေနတုန္း မီးနီျဖတ္ေမာင္းလာတဲ့ ဆိုင္ကယ္၊ ဒါမွမဟုတ္ စကူတာလို႔ ယူဆရတဲ့ ယာဥ္တစ္ခုနဲ႔ တိုက္ေျပးခံခဲ့ရတာ ျဖစ္ပါတယ္။ အဆိုပါ အက္ဆီးဒင့္ေၾကာင့္ Lisa ဟာ ဦးေခါင္းခြံ ကြဲအက္သြားခဲ့ၿပီး ျပင္းထန္တဲ့ ဒဏ္ရာေတြနဲ႔ ေဆး႐ုံေပၚမွာ ဆယ္ရက္ၾကာ ေဝဒနာခံစားၿပီးမွ ၿပီးခဲ့တဲ့ တနလၤာေန႔မွာ ကြယ္လြန္သြားခဲ့တာလို႔ သိရပါတယ္။

Photo via twitter

ရဲေတြရဲ႕ ေျပာၾကားခ်က္အရ အဆိုပါယာဥ္ကို ေမာင္းႏွင္လာသူဟာ လုံးဝအရွိန္မေလွ်ာ့ခဲ့ဘဲ တိုက္မိၿပီးေနာက္မွာလည္း ထြက္ေျပးသြားခဲ့တယ္လို႔ သိရပါတယ္။ Lisa ဟာ အဆိုပါေန႔ရက္တုန္းက သူမ တက္ေရာက္ခဲ့ဖူးတဲ့ေက်ာင္းကို သြားေရာက္လည္ပတ္ဖို႔ အသြားလမ္းမွာပဲ အခုလို ယာဥ္တိုက္မႈနဲ႔ ႀကဳံရၿပီး အသက္ဆုံးရႈံးတဲ့အထိ ျဖစ္ခဲ့ရတာလို႔ သူမရဲ႕ မန္ေနဂ်ာက ရွင္းျပထားပါတယ္။

Lisa ဟာ နာမည္ေက်ာ္ ႐ုပ္သံဇာတ္လမ္းတြဲမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ၿပီး ၂၀၁၄ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Gone Girl နဲ႔ ၁၉၈၈ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Tome Cruise ရဲ႕ဇာတ္ကား Cocktail တို႔မွာလည္း ပါဝင္ခဲ့သူ ျဖစ္ပါတယ္။

သူမ ကြယ္လြန္ခ်ိန္မွာ အသက္(၆၅)ႏွစ္ ရွိၿပီျဖစ္ၿပီး ရဲအရာရွိေတြဟာ လက္ရွိအခ်ိန္အထိ သူမကို တိုက္ေျပးသြားတဲ့ တရားခံကို ဖမ္းဆီးရမိျခင္း မရွိေသးဘူးလို႔ သိရပါတယ္။

Linda December

Source: indian express

 

RELATED ARTICLES

Most Popular