HomeCelebs Update NewsInternationalအသက် (၆၄)နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ မူလ Wednesday သရုပ်ဆောင် Lisa Loring

အသက် (၆၄)နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ မူလ Wednesday သရုပ်ဆောင် Lisa Loring

Wednesday Addams ဇာတ်ကောင်ကို ပထမဆုံးသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Lisa Loring ကတော့ အသက် (၆၄)နှစ်အရွယ်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ မင်းသမီးကြီး Lisa Loring ကတော့ ၁၉၆၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Addams Family ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ၁၉၈၀ ကျော်လောက်က Slasher ရုပ်ရှင်ဖြစ်တဲ့ Blood Frenzy ၊ Iced နဲ့ Savage Harbor တို့လို ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ခဲ့ဖူးပါသေးတယ်။ သူမရဲ့ နောက်ဆုံးရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Horror ၊ Comdey ဇာတ်လမ်းအမျိူးအစား Doctor Spine ပဲ ဖြစ်ပါတယ်။

photo via screenrant

ယခုအချိန်မှာတော့ မင်းသမီးကြီး Lisa Loring ဟာ အသက်ကယ်ပစ္စည်းတွေရဲ့ အကူအညီနဲ့ သုံးရက်တာ နေခဲ့ပြီးမှ ကွယ်လွန်သွားတာပါလို့ The Guardian သတင်းဌာနက ဖော်ပြထားပါတယ်။ သူမဟာ လွန်ခဲ့တဲ့ သုံးရက်တုန်းက ဆေးလိပ်သောက်မှုနဲ့ သွေးပေါင်ချိန် အလွန်မြင့်တက်မှုကြောင့် ဦးနှောက်သွေးကြောပေါက်သွားတယ်လို့ သိရပါတယ်။

သူမဟာ သုံးရက်တာ အသက်ကယ်ပစ္စည်းတွေနဲ့ နေခဲ့ရပြီး ဘယ်လိုမှ ပြန်လည်ကောင်းလာဖို့ အရိပ်အယောင် မရှိတော့တာကြောင့် လေးရက်မြောက်နေ့မှာတော့ သူမရဲ့ မိသားစုဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့ရပြီး အသက်ကယ်ပစ္စည်းတွေကို ဖြုတ်ခဲ့ရပါတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်တွေ အားလုံးကိုတော့ မင်းသမီးကြီး Lisa Loring ရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်တဲ့ စာရေးဆရာမ Laurie Jacobson က Facebook ပေါ်မှာ ရှင်းပြခဲ့ပါတယ်။

photo via screenrant

မင်းသမီးကြီး Lisa Loring ဟာ The Addams Family ဇာတ်လမ်းတွဲထဲမှာ စတင်ပါဝင်ချိန်မှာ အသက် (၅)နှစ်သာ ရှိသေးပြီး နောက်ပိုင်းမှာလည်း အောင်မြင်မှုတွေများစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူမကြောင့်ပဲ ယခုအချိန်မှာ အလွန်အောင်မြင်မှုတွေ ရရှိထားတဲ့ Netflix ရဲ့ Wednesday ဇာတ်လမ်းတွဲ ဖြစ်လာခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။ ဝမ်းနည်းစရာနဲ့ပဲ ဟောလိဝုဒ်ရဲ့ ကြယ်ပွင့်တစ်ပွင့်ကတော့ လွင့်စင်သွားပါပြီ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular