HomeCharacterThe Little Mermaid ထဲက Ariel ဟာ တကယ်တော့ Siren ပါ။ (fan theory)

The Little Mermaid ထဲက Ariel ဟာ တကယ်တော့ Siren ပါ။ (fan theory)

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney ရုပ်ရှင်တွေထဲက ဇာတ်လမ်းတွေနဲ့ ဇာတ်ကောင်တွေဟာ မိသားစုနဲ့အတူ ကြည့်ရှုဖို့ သင့်တော်ပြီး ကလေးငယ်တွေအတွက်လည်း သင့်တော်ပါတယ်။ ဒါပေမယ့်လည်း Disney ရဲ့ ဇာတ်လမ်းအများစုဟာ ဟိုးအရင်တုန်းက ပုံပြင်တွေကို ပြန်လည်ပြုပြင် ဖန်တီးထားတာ ဖြစ်ပါတယ်။

တကယ့်မူရင်း ဇာတ်လမ်းတွေကတော့ ကလေးတွေနဲ့ ဘယ်လိုမှ မသင့်တော်လောက်အောင် Dark ဖြစ်တဲ့ အချက်တွေ ပါဝင်‌လေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း Disney ရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့ သီအိုရီတွေများစွာ ရှိပြီး ဒီတစ်ခါမှာတော့ The Little Mermaid ထဲက Ariel ဟာ Siren ဖြစ်နေနိုင်တယ်ဆိုတဲ့ သီအိုရီကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

photo via screenrant

Siren ဆိုတာကတော့ ဂရိဒဏ္ဍာရီထဲက မှော်သတ္တဝါတွေ ဖြစ်ပြီး သူတို့ရဲ့ သီချင်းဆိုသံနဲ့ သင်္ဘောသားတွေကို ဆွဲဆောင်လေ့ ရှိကြပါတယ်။ ဒဏ္ဍာရီအရ ဆိုရင်တော့ Siren တွေရဲ့ သီချင်းဆိုသံဟာ ချိူသာလွန်းတာကြောင့် ဘယ်သူကမှ မခုခံနိုင်ဘဲ သင်္ဘောတွေ မှောက်ကြလေ့ရှိတယ်လို့ သိရပါတယ်။

မူလတုန်းကတော့ ဂရိဒဏ္ဍာရီထဲမှာ Siren တွေကို ငှက်နဲ့ဆင်တူတဲ့ အမျိူးသမီးတွေလို့ ဖော်ပြကြပေမယ့် အချိန်တွေ ကြာမြင့်လာတဲ့အခါမှာတော့ ဒီဒဏ္ဍာရီဟာ ငှက်နဲ့ဆင်တူတဲ့ အမျိူးသမီးတွေကနေ ရေသူမတွေအဖြစ် ပြောင်းလဲသွားကြတာ ဖြစ်ပါတယ်။ နောက်ထပ် ထူးဆန်းတဲ့ တစ်ချက်ကတော့ Ariel နဲ့ Hercules တို့ဟာ ဝမ်းကွဲမောင်နှမတွေပါဆိုတဲ့ သီအိုရီလည်း ရှိပါသေးတယ်။ အဲ့ဒီသီအိုရီကိုတော့ နောက်ထပ်စာတစ်ပုဒ်နဲ့ တင်ပေးသွားပါမယ်။

The Little Mermaid ဇာတ်လမ်းကတော့ ၁၈၃၇ ခုနှစ်မှာ Hans Christian Andersen ရေးသားခဲ့တဲ့ ဝတ္ထုကို အခြေခံပြီး ပြန်လည်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ မူရင်းဇာတ်လမ်းထဲမှာတော့ အဲ့ဒီရေသူမလေးဟာ သူ ချစ်ရသူနဲ့ မပေါင်းရဘဲ သေဆုံးသွားပါတယ်။

ယခုဖော်ပြမယ့် သီအိုရီမှာတော့ Ariel ဟာ Siren လို့ ယူဆထားပါတယ်။ ဒီဇာတ်လမ်းထဲက အမှတ်ရဆုံး ဖြစ်စေမယ့် ဇာတ်ဝင်ခန်းထဲမှာတော့ Ariel ဟာ ကျောက်တုံးတစ်တုံးပေါ်ကနေ Eric ကို သီချင်းဆိုပြခဲ့ပါတယ်။ အဲ့ဒီအချိန်က စတင်ပြီး Eric ဟာ Ariel ကို ရှာဖွေဖို့အတွက် စွဲလန်းသွားတာ ဖြစ်ပါတယ်။ (Siren တွေက လူသားတွေကို ဘယ်လိုဆွဲဆောင်လည်းဆိုတာကို အပေါ်မှာ ဖော်ပြထားတာ သတိထားမိမယ် ထင်ပါတယ်။)

photo via screenrant

ဒီဇာတ်လမ်းထဲမှာတော့ Ariel ဟာ Eric ဆီကို သွားဖို့အတွက် ခြေထောက်တွေ ရရှိဖို့ သူမရဲ့အသံနဲ့ အလဲအလှယ် ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Eric ဟာ Ariel ကို ပြန်တွေ့တဲ့အချိန်မှာတော့ သူမကို တကယ့် Ariel အစစ်လို့ မယုံကြည်ခဲ့ပါဘူး။ အကြောင်းကတော့ အပေါ်မှာ ဖော်ပြထားသလိုပဲ Eric ဟာ သူမရဲ့ အသံကြောင့် သူမကို စွဲလန်းသွားတာဖြစ်ပြီး Ariel ဟာ အသံမထွက်နိုင်တော့တာကြောင့် သူမကို မယုံတော့တာ ဖြစ်ပါတယ်။

နောက်ပိုင်း ဇာတ်ဝင်ခန်းတွေထဲမှာတော့ Ursula ဟာ Ariel ရဲ့ အသံကို အသုံးပြုပြီး Eric ဆီကို ချဉ်းကပ်ခဲ့တဲ့ အချိန်မှာတော့ Eric ဟာ Ursula ကို ချက်ချင်းပဲ လက်ထပ်တော့မလို ဖြစ်သွားပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် Ariel ရဲ့ အသံဟာ Eric ကို ဆွဲဆောင်ထားရုံတင်မဟုတ်ဘဲ Ursula ကလည်း Ariel ရဲ့ စွမ်းအားကို သိနေတယ်ဆိုတာ သိသာစေပါတယ်။

နောက်ထပ်တစ်ချက်ကတော့ Ariel မှာ ညီအစ်မခြောက်ယောက် ရှိပြီး သူတို့တွေအားလုံးဟာ ရေအောက်ကမ္ဘာမှာ နာမည်ကြီးကြတဲ့ အဆိုတော်တွေ ဖြစ်ကြပါတယ်။ သူတို့ ညီအစ်မအားလုံးထဲမှာမှ Ariel ရဲ့ အသံဟာ အလှပဆုံးလို့ ဖော်ပြထားတာကြောင့် သူမရဲ့ အသံဟာ လူသားတွေကို ဆွဲဆောင်ဖို့ စွမ်းအားအကြီးဆုံးလို့ ယူဆနိုင်ပါတယ်။

ဒါ့အပြင် Ariel ဟာ လူသားတွေရဲ့ ကမ္ဘာနဲ့ အဆက်အသွယ် လုပ်ခဲ့တာကြောင့် King Triton ကလည်း မကြာခဏ ဒေါသထွက်နေပြီး အဲ့ဒီအချက်ကို “အရိုင်းအစိုင်းဆန်တယ်” လို့ ပြောခဲ့ပါတယ်။ နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာလည်း Ariel ဟာ ရေအောက်ထဲမှာ နစ်မြုပ်နေတဲ့ သင်္ဘောတစ်ခုကို ရှာတွေ့ခဲ့ပြီး “အံ့ဩစရာ ကောင်းလိုက်တာ” လို့ ပြောခဲ့ပါတယ်။ ဒါကြောင့်ပဲ သူမဟာ လူသားတွေ သေကြေပြီး ပျက်စီးနေတဲ့ သင်္ဘောကြီးကို သဘောကျနေတယ်လို့တောင် ယူဆနိုင်ပါတယ်။

photo via screenrant

ဒါတင်မကသေးဘဲ မုဆိုးတွေဟာ သမင်ခေါင်းကို အောင်ပွဲရ အထိမ်းအမှတ်အနေနဲ့ အိမ်မှာ ချိတ်ထားဖို့ ယူဆောင်သွားသလိုပဲ Ariel ဟာလည်း အဲ့ဒီသင်္ဘောပျက်ကျတဲ့ နေရာက ပစ္စည်းတွေကို ယူဆောင်သွားခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ အစပိုင်းမှာလည်း Ariel ဟာ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ စကားပြောနေတဲ့အချိန်မှာ Eric ရဲ့ သင်္ဘောဟာ မုန်တိုင်းကြားထဲကို ဝင်ရောက်သွားခဲ့ပါတယ်။

ဒါကြောင့်ပဲ Ariel ရဲ့ အသံဟာ အလွန်စွမ်းအားကြီးမားလွန်းတာကြောင့် တစွန်းတစလေး ကြားရုံနဲ့တင် Eric ရဲ့ သင်္ဘောကို မှောက်သွားအောင် ပြုလုပ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ အချက်တွေအားလုံးဟာ ယုံကြည်နိုင်လောက်တဲ့ အကြောင်းပြချက်တွေပဲ ဖြစ်တာကြောင့် ဒီသီအိုရီကတော့ ပရိသတ်တွေအတွက် စဉ်းစားစရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ The Little Mermaid ရုပ်ရှင်ဟာ မတူညီတဲ့ ကမ္ဘာနှစ်ခုက လူနှစ်ယောက် ချစ်ကြိုက်သွားတဲ့အကြောင်းကို ဖန်တီးထားတာ မဟုတ်ဘဲ မုဆိုးက သားကောင်ကို ချစ်ကြိုက်သွားတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်နေနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Disney ႐ုပ္ရွင္ေတြထဲက ဇာတ္လမ္းေတြနဲ႔ ဇာတ္ေကာင္ေတြဟာ မိသားစုနဲ႔အတူ ၾကည့္ရွုဖို႔ သင့္ေတာ္ၿပီး ကေလးငယ္ေတြအတြက္လည္း သင့္ေတာ္ပါတယ္။ ဒါေပမယ့္လည္း Disney ရဲ့ ဇာတ္လမ္းအမ်ားစုဟာ ဟိုးအရင္တုန္းက ပုံျပင္ေတြကို ျပန္လည္ျပဳျပင္ ဖန္တီးထားတာ ျဖစ္ပါတယ္။

တကယ့္မူရင္း ဇာတ္လမ္းေတြကေတာ့ ကေလးေတြနဲ႔ ဘယ္လိုမွ မသင့္ေတာ္ေလာက္ေအာင္ Dark ျဖစ္တဲ့ အခ်က္ေတြ ပါဝင္‌ေလ့ ရွိၾကပါတယ္။ ဒါေၾကာင့္လည္း Disney ႐ုပ္ရွင္ေတြနဲ႔ ပတ္သက္ၿပီး ထူးဆန္းတဲ့ သီအိုရီေတြမ်ားစြာ ရွိၿပီး ဒီတစ္ခါမွာေတာ့ The Little Mermaid ထဲက Ariel ဟာ Siren ျဖစ္ေနနိုင္တယ္ဆိုတဲ့ သီအိုရီကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

photo via screenrant

Siren ဆိုတာကေတာ့ ဂရိဒ႑ာရီထဲက ေမွာ္သတၱဝါေတြ ျဖစ္ၿပီး သူတို႔ရဲ့ သီခ်င္းဆိုသံနဲ႔ သေဘၤာသားေတြကို ဆြဲေဆာင္ေလ့ ရွိၾကပါတယ္။ ဒ႑ာရီအရ ဆိုရင္ေတာ့ Siren ေတြရဲ့ သီခ်င္းဆိုသံဟာ ခ်ိဴသာလြန္းတာေၾကာင့္ ဘယ္သူကမွ မခုခံနိုင္ဘဲ သေဘၤာေတြ ေမွာက္ၾကေလ့ရွိတယ္လို႔ သိရပါတယ္။

မူလတုန္းကေတာ့ ဂရိဒ႑ာရီထဲမွာ Siren ေတြကို ငွက္နဲ႔ဆင္တူတဲ့ အမ်ိဴးသမီးေတြလို႔ ေဖာ္ျပၾကေပမယ့္ အခ်ိန္ေတြ ၾကာျမင့္လာတဲ့အခါမွာေတာ့ ဒီဒ႑ာရီဟာ ငွက္နဲ႔ဆင္တူတဲ့ အမ်ိဴးသမီးေတြကေန ေရသူမေတြအျဖစ္ ေျပာင္းလဲသြားၾကတာ ျဖစ္ပါတယ္။ ေနာက္ထပ္ ထူးဆန္းတဲ့ တစ္ခ်က္ကေတာ့ Ariel နဲ႔ Hercules တို႔ဟာ ဝမ္းကြဲေမာင္ႏွမေတြပါဆိုတဲ့ သီအိုရီလည္း ရွိပါေသးတယ္။ အဲ့ဒီသီအိုရီကိုေတာ့ ေနာက္ထပ္စာတစ္ပုဒ္နဲ႔ တင္ေပးသြားပါမယ္။

The Little Mermaid ဇာတ္လမ္းကေတာ့ ၁၈၃၇ ခုႏွစ္မွာ Hans Christian Andersen ေရးသားခဲ့တဲ့ ဝတၳဳကို အေျခခံၿပီး ျပန္လည္ဖန္တီးထားတာပဲ ျဖစ္ပါတယ္။ စိတ္မေကာင္းစြာနဲ႔ပဲ မူရင္းဇာတ္လမ္းထဲမွာေတာ့ အဲ့ဒီေရသူမေလးဟာ သူ ခ်စ္ရသူနဲ႔ မေပါင္းရဘဲ ေသဆုံးသြားပါတယ္။

ယခုေဖာ္ျပမယ့္ သီအိုရီမွာေတာ့ Ariel ဟာ Siren လို႔ ယူဆထားပါတယ္။ ဒီဇာတ္လမ္းထဲက အမွတ္ရဆုံး ျဖစ္ေစမယ့္ ဇာတ္ဝင္ခန္းထဲမွာေတာ့ Ariel ဟာ ေက်ာက္တုံးတစ္တုံးေပၚကေန Eric ကို သီခ်င္းဆိုျပခဲ့ပါတယ္။ အဲ့ဒီအခ်ိန္က စတင္ၿပီး Eric ဟာ Ariel ကို ရွာေဖြဖို႔အတြက္ စြဲလန္းသြားတာ ျဖစ္ပါတယ္။ (Siren ေတြက လူသားေတြကို ဘယ္လိုဆြဲေဆာင္လည္းဆိုတာကို အေပၚမွာ ေဖာ္ျပထားတာ သတိထားမိမယ္ ထင္ပါတယ္။)

photo via screenrant

ဒီဇာတ္လမ္းထဲမွာေတာ့ Ariel ဟာ Eric ဆီကို သြားဖို႔အတြက္ ေျခေထာက္ေတြ ရရွိဖို႔ သူမရဲ့အသံနဲ႔ အလဲအလွယ္ ျပဳလုပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Eric ဟာ Ariel ကို ျပန္ေတြ႕တဲ့အခ်ိန္မွာေတာ့ သူမကို တကယ့္ Ariel အစစ္လို႔ မယုံၾကည္ခဲ့ပါဘူး။ အေၾကာင္းကေတာ့ အေပၚမွာ ေဖာ္ျပထားသလိုပဲ Eric ဟာ သူမရဲ့ အသံေၾကာင့္ သူမကို စြဲလန္းသြားတာျဖစ္ၿပီး Ariel ဟာ အသံမထြက္နိုင္ေတာ့တာေၾကာင့္ သူမကို မယုံေတာ့တာ ျဖစ္ပါတယ္။

ေနာက္ပိုင္း ဇာတ္ဝင္ခန္းေတြထဲမွာေတာ့ Ursula ဟာ Ariel ရဲ့ အသံကို အသုံးျပဳၿပီး Eric ဆီကို ခ်ဥ္းကပ္ခဲ့တဲ့ အခ်ိန္မွာေတာ့ Eric ဟာ Ursula ကို ခ်က္ခ်င္းပဲ လက္ထပ္ေတာ့မလို ျဖစ္သြားပါတယ္။ ဒီအခ်က္ကို ၾကည့္ျခင္းအားျဖင့္ Ariel ရဲ့ အသံဟာ Eric ကို ဆြဲေဆာင္ထား႐ုံတင္မဟုတ္ဘဲ Ursula ကလည္း Ariel ရဲ့ စြမ္းအားကို သိေနတယ္ဆိုတာ သိသာေစပါတယ္။

ေနာက္ထပ္တစ္ခ်က္ကေတာ့ Ariel မွာ ညီအစ္မေျခာက္ေယာက္ ရွိၿပီး သူတို႔ေတြအားလုံးဟာ ေရေအာက္ကမၻာမွာ နာမည္ႀကီးၾကတဲ့ အဆိုေတာ္ေတြ ျဖစ္ၾကပါတယ္။ သူတို႔ ညီအစ္မအားလုံးထဲမွာမွ Ariel ရဲ့ အသံဟာ အလွပဆုံးလို႔ ေဖာ္ျပထားတာေၾကာင့္ သူမရဲ့ အသံဟာ လူသားေတြကို ဆြဲေဆာင္ဖို႔ စြမ္းအားအႀကီးဆုံးလို႔ ယူဆနိုင္ပါတယ္။

ဒါ့အျပင္ Ariel ဟာ လူသားေတြရဲ့ ကမၻာနဲ႔ အဆက္အသြယ္ လုပ္ခဲ့တာေၾကာင့္ King Triton ကလည္း မၾကာခဏ ေဒါသထြက္ေနၿပီး အဲ့ဒီအခ်က္ကို “အရိုင္းအစိုင္းဆန္တယ္” လို႔ ေျပာခဲ့ပါတယ္။ ေနာက္ထပ္ ဇာတ္ဝင္ခန္းတစ္ခုမွာလည္း Ariel ဟာ ေရေအာက္ထဲမွာ နစ္ျမဳပ္ေနတဲ့ သေဘၤာတစ္ခုကို ရွာေတြ႕ခဲ့ၿပီး “အံ့ဩစရာ ေကာင္းလိုက္တာ” လို႔ ေျပာခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ လူသားေတြ ေသေၾကၿပီး ပ်က္စီးေနတဲ့ သေဘၤာႀကီးကို သေဘာက်ေနတယ္လို႔ေတာင္ ယူဆနိုင္ပါတယ္။

photo via screenrant

ဒါတင္မကေသးဘဲ မုဆိုးေတြဟာ သမင္ေခါင္းကို ေအာင္ပြဲရ အထိမ္းအမွတ္အေနနဲ႔ အိမ္မွာ ခ်ိတ္ထားဖို႔ ယူေဆာင္သြားသလိုပဲ Ariel ဟာလည္း အဲ့ဒီသေဘၤာပ်က္က်တဲ့ ေနရာက ပစၥည္းေတြကို ယူေဆာင္သြားခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ရဲ့ အစပိုင္းမွာလည္း Ariel ဟာ သူ႔ရဲ့ သူငယ္ခ်င္းေတြနဲ႔ စကားေျပာေနတဲ့အခ်ိန္မွာ Eric ရဲ့ သေဘၤာဟာ မုန္တိုင္းၾကားထဲကို ဝင္ေရာက္သြားခဲ့ပါတယ္။

ဒါေၾကာင့္ပဲ Ariel ရဲ့ အသံဟာ အလြန္စြမ္းအားႀကီးမားလြန္းတာေၾကာင့္ တစြန္းတစေလး ၾကား႐ုံနဲ႔တင္ Eric ရဲ့ သေဘၤာကို ေမွာက္သြားေအာင္ ျပဳလုပ္နိုင္တယ္လို႔ ယူဆနိုင္ပါတယ္။ အေပၚမွာ ေဖာ္ျပထားတဲ့ အခ်က္ေတြအားလုံးဟာ ယုံၾကည္နိုင္ေလာက္တဲ့ အေၾကာင္းျပခ်က္ေတြပဲ ျဖစ္တာေၾကာင့္ ဒီသီအိုရီကေတာ့ ပရိသတ္ေတြအတြက္ စဥ္းစားစရာတစ္ခုပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ The Little Mermaid ႐ုပ္ရွင္ဟာ မတူညီတဲ့ ကမၻာႏွစ္ခုက လူႏွစ္ေယာက္ ခ်စ္ႀကိဳက္သြားတဲ့အေၾကာင္းကို ဖန္တီးထားတာ မဟုတ္ဘဲ မုဆိုးက သားေကာင္ကို ခ်စ္ႀကိဳက္သြားတဲ့ ဇာတ္လမ္းတစ္ခု ျဖစ္ေနနိုင္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular