HomeEntertainmentFilmLive Action အဖြစ် မြင်တွေ့ရဦးမယ့် How to Train Your Dragon

Live Action အဖြစ် မြင်တွေ့ရဦးမယ့် How to Train Your Dragon

Universal စတူဒီယိုဟာ နာမည်ကြီး Animation Trilogy ဖြစ်တဲ့ How to Train Your Dragon ဇာတ်လမ်းကို Live Action အဖြစ် ဖန်တီးသွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီ Animation Trilogy ကတော့ စာရေးဆရာမ Cressida Cowell ရေးသားခဲ့တဲ့ Children’s Book ကို အခြေခံပြီး ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အားလုံးသိကြတဲ့အတိုင်း လူငယ် Viking တစ်ယောက်ဟာ နဂါးတွေနဲ့ ရင်းနှီးသွားတဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via universal

Universal စတူဒီယိုက How to Train Your Dragon ဇာတ်လမ်းကို Live Action အဖြစ် ဖန်တီးသွားမယ်လို့ ကြေညာပြီးနောက်မှာတော့ မူလ Animation Trilogy ကို ဖန်တီးခဲ့တဲ့ Dean DeBlois ကပဲ Live Action ဗားရှင်းကိုလည်း တာဝန်ယူ ဖန်တီးသွားမယ်လို့ Deadline သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ ဒါရိုက်တာ Dean DeBlois ရဲ့ ပထမဆုံးအကြိမ် ဖန်တီးသွားမယ့် Live Action လည်း ဖြစ်နေပါတယ်။

Live Action ဗားရှင်းရဲ့ ဇာတ်လမ်းကလည်း Animation ရဲ့ ဇာတ်လမ်းအတိုင်းပဲ ဖန်တီးသွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ လူငယ် Viking တစ်ယောက်ဖြစ်တဲ့ Hiccup ဟာ တစ်ရက်မှာတော့ ဒဏ်ရာရနေတဲ့ Toothless ကို ရှာတွေ့ခဲ့ပြီး ဆေးကုပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ တဖြည်းဖြည်း နီးစပ်သွားကြပြီး Hiccup ဟာ မမျှော်လင့်ဘဲ နဂါးတွေနဲ့ ပတ်သက်ရင် ကျွမ်းကျင်သူ ဖြစ်သွားခဲ့ပါတယ်။

photo via universal

လောလောဆယ်မှာတော့ ဒီရုပ်ရှင်အတွက် သရုပ်ဆောင် ရွေးချယ်နေဆဲ ဖြစ်ပြီး ဘယ်သရုပ်ဆောင်တွေ ပါဝင်သွားမယ်ဆိုတာလည်း တရားဝင်ကြေညာတာမျိူးတော့ မရှိသေးပါဘူး။ စိတ်ဝင်စားစရာကောင်းတာကတော့ ဒီဇာတ်လမ်းထဲက နဂါးတွေကို Animation ထဲကလိုပဲ ချစ်စရာလည်းကောင်းအောင်၊ သဘာဝလည်းကျအောင် CGI နဲ့ ဘယ်လိုဖန်တီးသွားမလည်းဆိုတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၂၅ ခုနှစ် မတ်လ (၁၄)ရက်နေ့မှာ ထွက်ရှိလာမယ်လို့ ကြေညာထားပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular