HomeEntertainmentFilmLoki ဇာတ်လမ်းတွဲ အပိုင်း(၃)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ

Loki ဇာတ်လမ်းတွဲ အပိုင်း(၃)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

****Spoiler Alert****

ပရိသတ်တွေများစွာ စိတ်ဝင်စားနေကြတဲ့ Loki ဇာတ်လမ်းတွဲဟာ မကြာသေးခင်ကပဲ အပိုင်း(၃) ထွက်ရှိလာပါတယ်။ အပိုင်း(၃)ထဲမှာတော့ Loki ဟာ Lady Loki နောက်ကို လိုက်သွားပြီး အကြောင်းအမျိူးမျိူးကြောင့် ပျက်စီးခါနီး ဂြိုဟ်ပေါ်ကို ရောက်ရှိသွားပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ဂြိုဟ်ပေါ်ကနေ လွတ်မြောက်နိုင်ဖို့ ကြိုးစားကြတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လည်း အပိုင်း(၃)ရဲ့ အဆုံးမှာတော့ သူတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့ ယာဉ်ပျံကြီးလည်း ပျက်စီးသွားတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက် ဒီဂြိုဟ်ပေါ်က ဘယ်လိုထွက်သွားမလည်း ဆိုတာကို အပိုင်း(၄)မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အပိုင်း(၄) မလာခင်မှာ အပိုင်း(၃)ထဲက စိတ်ဝင်စားစရာအချက်တွေနဲ့ Easter Egg တွေကို ဖော်ပြပေးချင်ပါတယ်။

(1) ဓားမြောင်ကစားကွက်
photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာလည်း Loki လုပ်နေကျအရာတစ်ခု ဖြစ်တဲ့ ဓားမြောင်ကို ဆော့ကစားတဲ့ပုံစံကို ထပ်မံ မြင်တွေ့ခဲ့ရပါတယ်။ အပိုင်း(၁)ထဲမှာတော့ Loki ဟာ တရားရုံးထဲမှာ သူ့ရဲ့ ဓားမြောင်ကို ဆင့်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ အပိုင်း(၂)ထဲမှာတော့ Lady Loki နောက်ကို လိုက်ရမယ့် မစ်ရှင်မှာ Mobius က Loki ကို ဓားမြောင်နှစ်ချောင်း ပေးခဲ့ပေမယ့်လည်း အေးဂျင့် B-15 က ပြန်ယူသွားခဲ့ပါတယ်။

အပိုင်း(၃)ထဲမှာတော့ Loki ဟာ Lady Loki နောက်ကို လိုက်သွားပြီး TVA ရဲ့ Locker ထဲက ဓားမြောင်ကိုယူကာ Lady Loki နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အပိုင်း(၃)ထဲမှာ မြင်တွေ့လိုက်ရတဲ့ Loki ရဲ့ ဓားမြောင်ဆော့ကစားနေတဲ့ အနှေးပြကွက်ဟာ Thor: Ragnarok ထဲမှာ ပြသခဲ့တဲ့ ဇာတ်ဝင်ခန်းနဲ့ ဆင်တူနေတာကို တွေ့ရပါတယ်။

(2) Lady Loki ရဲ့ Asgardian ဓား
photo via screenrant

Lady Loki ဟာ Minute Men တွေနဲ့ တိုက်ခိုက်တဲ့ အချိန်တုန်းကရော Lamentis-1 ပေါ်မှာ ရောက်နေတဲ့ အချိန်မှာပါ ဓားတစ်ချောင်းနဲ့ ကျွမ်းကျင်စွာ တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီဓားကို အနီးကပ်ရိုက်ပြတဲ့ အချိန်မှာတော့ Asgard မှာ မြင်တွေ့ခဲ့ရဖူးတဲ့ ရှေးဟောင်းစာလုံးပုံစံတွေကို တွေ့လိုက်ရပါတယ်။

၂၀၁၂ Loki နဲ့ Lady Loki တို့ရဲ့ အတိတ်ဇာတ်ကြောင်းဟာ အနည်းငယ် မတူညီတာတွေ ရှိပါတယ်။ Loki နဲ့ မတူတဲ့အချက်ကတော့ Lady Loki ဟာ ငယ်ဘဝကတည်းက မွေးစားခံထားရမှန်း သိခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမဟာ Asgardian တော်ဝင်မျိူးနွယ်အနေနဲ့ ကြီးပြင်းလာရတာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဓားကတော့ သူမနဲ့ Asgard တို့ကြားမှာ ဆက်နွယ်မှုရှိခဲ့တယ်ဆိုတဲ့ သက်သေပဲ ဖြစ်ပါတယ်။

(3) ချိူတစ်ချောင်း ကျိူးနေတဲ့ Lady Loki
photo via screenrant

Lady Loki ကိုတော့ အပိုင်း(၂)ရဲ့ အဆုံးသတ်မှာ စတင်မြင်တွေ့ခဲ့ရပြီး အပိုင်း(၃)မှာတော့ သူမကို Loki လို့ ခေါ်တာကို မကြိုက်ဘဲ Sylvie လို့ပဲ ခေါ်စေခဲ့ပါတယ်။ ဒီအပိုင်းထဲမှာ Sylvie ကို သေချာမြင်တွေ့ခဲ့ရပြီး သူမရဲ့သရဖူမှာ ချိူတစ်ချောင်း ကျိူးနေတာကိုလည်း သေချာမြင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့် အခုလိုမျိူး ဖြစ်နေတာလည်း ဆိုတာကိုတော့ မရှင်းပြသေးပါဘူး။ ယခုဒီဇိုင်းကတော့ သေချာပေါက် Marvel ကောမစ်ကို အခြေခံပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Sylvie ရဲ့ သရဖူဟာ ဘာကြောင့် ချိူတစ်ချောင်း ကျိူးနေလည်းဆိုတာကို အသစ်ထွက်လာမယ့် အပိုင်းတွေမှာ ပြသသွားဖို့ များပါတယ်။

(4) Star Wars Reference
photo via screenrant

Loki ဟာ Sylvie နဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ “ငါတို့နှစ်ယောက် အတူတူ ပူးပေါင်းနိုင်မယ်လို့ ထင်ထားတာ။ အခုတော့ နင်က အမြင်မရှိတာကို သိလိုက်ရပြီ … ” လို့ Loki က ပြောခဲ့ပါတယ်။ ဒီဒိုင်ယာလော့ခ်ဟာ အချို့ပရိသတ်တွေအတွက်  အနည်းငယ် ရင်းနှီးသလို ဖြစ်နေပါလိမ့်မယ်။

အကြောင်းကတော့ Return of the Jedi ထဲက ဗီလိန်ကြီး ပြောခဲ့တဲ့ “မင်းရဲ့ အမျှော်အမြင် မရှိမှုကြောင့် အခုမင်းပေးဆပ်ရတော့မယ် … ” ဆိုတဲ့စကားနဲ့ အနည်းငယ် ဆင်တူနေလို့ပဲ ဖြစ်ပါတယ်။ ဒီအချက်ကတော့ Marvel က ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းထားတာလည်း ဖြစ်နိုင်သလို မတော်တဆ ဆင်တူနေတာလည်း ဖြစ်နိုင်ပါတယ်။

(5) Loki ရဲ့ တယ်လီပို့အစွမ်း
photo via screenrant

၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Avengers ရုပ်ရှင်ထဲမှာ Loki က Phil Coulson ကို သတ်လိုက်တဲ့ ဇာတ်ဝင်ခန်းကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာတော့ Loki ဟာ သူ့ရဲ့ ပုံရိပ်ယောင်နဲ့ Coulson ကို အာရုံလွှဲထားပြီး တယ်လီပို့ပြုလုပ်ကာ Coulson ရဲ့နောက်ကျောကို Scepter နဲ့ ထိုးသတ်ခဲ့ပါတယ်။

ကျွန်တော်တို့အတွက် ဒီရုပ်ရှင်ဟာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပေမယ့်လည်း ဒီဇာတ်လမ်းတွဲထဲက Loki ကတော့ ၂၀၁၂ ခုနှစ်က ဖြစ်တာကြောင့် သူ့အတွက် မနေ့တနေ့ကလိုပဲ ဖြစ်နေပါတယ်။ ဒါ့အပြင် အပိုင်း(၃)ထဲက Lamentis-1 ပေါ်မှာ Sylvie နဲ့ တိုက်ခိုက်နေတဲ့အချိန်မှာလည်း အဲ့ဒီလှည့်ကွက်ကိုပဲ ထပ်မံ အသုံးပြုသွားခဲ့ပါတယ်။

(6) Lamentis
photo via screenrant

မတော်တဆမှုတစ်ခုကြောင့် Loki နဲ့ Sylvie တို့ဟာ Lamentis-1 လို့ခေါ်တဲ့ လတစ်ခုပေါ်ကို ရောက်သွားခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရောက်သွားတဲ့ အချိန်ကလည်း Lamentis-1 ရဲ့ ပျက်စီးတော့မယ့်အချိန် ဖြစ်နေပါတယ်။ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Annihilation: Conquest Prologue #1 ကောမစ်ထဲမှာ Lamentis ဂြိုဟ်ကြီး စတင်ပါဝင်လာခဲ့ပါတယ်။

Lamentis ဂြိုဟ်ကို လှည့်ပတ်နေတဲ့ Lamentis-1 ဆိုတဲ့ လကတော့ လူတွေနေထိုင်လို့ရတဲ့ ဂြိုဟ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်လမ်းတွဲထဲမှာ ပြသသွားသလို ၂၀၇၇ ခုနှစ်မှာတော့ Lamentis ဂြိုဟ်ကြီးဟာ တစ်စစီ ပျက်စီးပြီး အဲ့ဒီအပိုင်းအစတွေက Lamentis-1 ပေါ်ကို ကျလာကာ ရှိသမျှ သက်ရှိတွေအကုန် သေဆုံးသွားခဲ့ပါတယ်။

(7) Loki ရဲ့ မှော်ပညာအများစုဟာ Frigga သင်ပေးထားတာပါ။
photo via screenrant

Loki နဲ့ Sylvie တို့ဟာ ရထားပေါ်ကို ရောက်တဲ့အချိန်မှာတော့ သူတို့ရဲ့ အတိတ်အကြောင်းအချို့ကို ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာတော့ Loki ဟာ သူ့ရဲ့အမေဖြစ်သူ Frigga အကြောင်းကို အနည်းငယ် ပြောပြခဲ့ပြီး သူ တတ်မြောက်ထားတဲ့ မှော်ပညာအများစုဟာ Frigga သင်ပေးခဲ့တာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ Sylvie ကတော့ Loki နဲ့ မတူညီဘဲ သူမရဲ့ စိတ်ထိန်းချုပ်တဲ့ အတတ်ပညာတွေကို သူမ ကိုယ်တိုင်ပဲ ရှာဖွေတွေ့ရှိထားတာလို့ သိရပါတယ်။

(8) Loki ဟာ Bisexual ဖြစ်ပါတယ်။
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလို ရထားပေါ်က Loki နဲ့ Sylvie တို့ရဲ့ စကားဝိုင်းထဲမှာတော့ Loki ဟာ Bisexual ဆိုတာကို အတည်ပြုတဲ့ စကားတွေ ပါဝင်ခဲ့ပါတယ်။ “ဒီတိုက်ပွဲတွေရဲ့ အဆုံးမှာ မင်းကို စောင့်နေတဲ့သူ ရှိလား … ” ဆိုပြီး  Loki က Sylvie ကို အရင်ဆုံး မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Sylvie ဟာ စာပို့သမားတစ်ယောက်နဲ့ LDRS ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် Sylvie က “နင်ကရော … ? နင်က မင်းသားဆိုတော့ တခြားမင်းသမီးတွေ ဒါမှမဟုတ်၊ မင်းသားတွေ ရှိခဲ့မှာပေါ့ … ” လို့ ပြန်လည်မေးမြန်းခဲ့ပါတယ်။ Loki ကတော့ ဘာကိုမှ မငြင်းဆန်ခဲ့ဘဲ “နှစ်ခုလုံး နည်းနည်းစီပေါ့ … ” လို့ ပြန်ဖြေလိုက်ပါတယ်။ ဒါကြောင့်ပဲ နောက်ဆုံးမှာတော့ MCU ဟာ Loki က bi ဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။

(9) စာပို့သမားက ဘယ်သူလဲ?
photo via screenrant

Sylvie နဲ့ Loki တို့ရဲ့ စကားဝိုင်းထဲမှာ Sylvie က စာပို့သမားတစ်ယောက်နဲ့ LDRS ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီစာပို့သမားက ဘယ်သူဖြစ်မလည်းဆိုတာကို ကောမစ်ထဲက အချက်တွေနဲ့ ခန့်မှန်းကြည့်ကြရအောင်။ ဖြစ်နိုင်ချေ အရှိဆုံးကတော့ Marvel ကောမစ်ထဲက နာမည်အကြီးဆုံး စာပို့သမားဖြစ်တဲ့ Willie Lumpkin ပဲ ဖြစ်ပါတယ်။ Willie ကတော့ Fantastic Four ရဲ့ အခြေစိုက်စခန်းက စာပို့သမား ဖြစ်ပါတယ်။ သူဟာ စူပါဟီးရိုးတွေနဲ့ ရင်းနှီးတာကြောင့် စူပါဟီးရိုးတွေရဲ့ စွန့်စားခန်းတွေမှာ ပါဝင်ခဲ့ဖူးသလို အချိန်ခရီးသွားလည်း ဖြစ်ခဲ့ဖူးပါတယ်။

သူဟာ ကောမစ်ထဲမှာတော့ Loki နဲ့ တစ်ခါမှ မတွဲခဲ့ဖူးပေမယ့်လည်း Spider-Man ရဲ့ အဒေါ်ဖြစ်သူ Aunt May နဲ့ တွဲခဲ့ဖူးပါတယ်။ ဒါတင်မကသေးဘဲ ၂၀၀၅ နဲ့ ၂၀၀၇ တို့မှာ ထွက်ရှိခဲ့တဲ့ Fantastic Four ရုပ်ရှင်ထဲမှာတော့ Stan Lee ဟာ Willie အနေနဲ့ Cameo ပါဝင်ခဲ့ပါသေးတယ်။

နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကတော့ Postman ဆိုတဲ့ codename နဲ့ သန္ဓေပြောင်း လူသားတစ်ယောက် ဖြစ်ပါတယ်။ သူကတော့ လူသားတွေကို စိတ်ကုန်နေပြီး Chicago မြို့ရဲ့ မြေအောက်ထဲမှာ နေထိုင်သူ ဖြစ်ပါတယ်။ သူ့ရဲ့ ကောမစ်ထဲက ဇာတ်လမ်းနဲ့ Sylvie တို့ဟာ ဘာမှတော့ သက်ဆိုင်မှု မရှိပါဘူး။ ဒီနှစ်ယောက်ကတော့ ဖြစ်နိုင်ချေ ရှိတာကို ဖော်ပြထားတာ ဖြစ်ပေမယ့်လည်း Sylvie ရဲ့ ချစ်သူဟာ ဘာကောမစ်နဲ့မှ မပတ်သက်ဘဲ ဒီအတိုင်း ထည့်သွင်းထားတဲ့ သာမန်လူသား ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်နေနိုင်ပါတယ်။

(10) Loki ဆိုနေတဲ့ သီချင်း
photo via screenrant

ရထားပေါ်မှာတော့ Loki ဟာ ရှမ်ပိန်တွေ သောက်ပြီးနောက်မှာ သီချင်းတစ်ပုဒ်ကို သီဆိုခဲ့ပါတယ်။ အဲ့ဒီသီချင်းထဲမှာတော့ စာတစ်ကြောင်းစာလောက်ပဲ အင်္ဂလိပ်လို ဖြစ်ပြီး ကျန်တဲ့စာသားတွေကတော့ နော်ဝေလို သီဆိုသွားတာ ဖြစ်ပါတယ်။ အဲ့ဒီသီချင်းကိုတော့ စာရေးဆရာ Erlend O. Nodtvedt နဲ့ ဂီတပညာရှင် Benedicte Maurseth တို့က ဒီဇာတ်လမ်းတွဲအတွက် သီးသန့် ဖန်တီးပေးထားတာ ဖြစ်ပြီး သီချင်းနာမည်ကတော့ “Jeg Saler Min Ganger” ဖြစ်ပါတယ်။

(11) Another!
photo via screenrant

Loki ဟာ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ သီချင်းသီဆိုပြီးနောက်မှာတော့ ရှမ်ပိန်တွေ ထပ်သောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရှမ်ပိန်ခွက်ကို မြေကြီးနဲ့ ရိုက်ခွဲပြီး Another! လို့ အော်ကာ နောက်ထပ်တစ်ခွက် ထပ်တောင်းခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thor ရုပ်ရှင်ထဲမှာ ကမ္ဘာပေါ်ကို Thor ရောက်လာခါစက ကော်ဖီဆိုင်မှာ ပြုမူခဲ့တဲ့ အပြုအမူနဲ့ တူညီနေတာကို တွေ့ရပါတယ်။

(12) Sylvie ဟာ သူမရဲ့သရဖူကို တိုက်ပွဲမှာ အသုံးပြုပါတယ်။
photo via screenrant

အပေါ်မှာဖော်ပြထားသလိုပဲ Loki သီချင်းဆိုနေတဲ့အချိန်မှာ လူတစ်ယောက်က သူ့ကို ထူးထူးဆန်းဆန်း ကြည့်နေပါတယ်။ အဲ့ဒီနောက်မှာတော့ ရထားအစောင့်တွေကို ခေါ်လာတာကြောင့် Loki နဲ့ Sylvie တို့ဟာ ရထားစောင့်တွေနဲ့ တိုက်ခိုက်ရပါတော့တယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ Sylvie ဟာ သူမရဲ့ သရဖူကို ချွတ်လိုက်ပြီး ရထားစောင့်ရဲ့ခေါင်းကို ရိုက်လိုက်တာကို မြင်တွေ့ခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Thor: Ragnarok ထဲမှာလည်း Loki ဟာ အလားတူပဲ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ သူတို့ကိုယ်သူတို့ ထင်ထားတာထက် ပိုပြီးတူညီချက်တွေ ရှိနေပါတယ်။

(13) Loki ကျ ကျခြင်း
photo via screenrant

ကြောင်တွေဟာ အမြဲတမ်း ကြောင်ကျ ကျသလိုပဲ Loki ဟာလည်း အမြဲတမ်း Loki ကျ ကျပါတယ်။ Thor: Ragnarok ထဲမှာ Doctor Strange ရဲ့ ပေါ်တယ်ကနေ Loki ပြုတ်ကျခဲ့တဲ့ ပုံစံနဲ့ အပိုင်း(၂)ထဲမှာ Sylvie နဲ့ တိုက်ခိုက်တုန်းက ပြုတ်ကျခဲ့တဲ့ ပုံစံတွေဟာ တူညီနေပါတယ်။ ဒါတင်မကသေးဘဲ အပိုင်း(၃)ထဲမှာတော့ Loki ဟာ ရထားပေါ်က ပြုတ်ကျခဲ့ပြီး ထုံးစံအတိုင်း Loki ကျ ကျခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါကတော့ Loki ဇာတ်လမ်းတွဲ အပိုင်း(၃)နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

****Spoiler Alert****

ပရိသတ္ေတြမ်ားစြာ စိတ္ဝင္စားေနၾကတဲ့ Loki ဇာတ္လမ္းတြဲဟာ မၾကာေသးခင္ကပဲ အပိုင္း(၃) ထြက္ရွိလာပါတယ္။ အပိုင္း(၃)ထဲမွာေတာ့ Loki ဟာ Lady Loki ေနာက္ကို လိုက္သြားၿပီး အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ပ်က္စီးခါနီး ၿဂိဳဟ္ေပၚကို ေရာက္ရွိသြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ၿဂိဳဟ္ေပၚကေန လြတ္ေျမာက္ႏိုင္ဖို႔ ႀကိဳးစားၾကတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒါေပမယ့္လည္း အပိုင္း(၃)ရဲ႕ အဆုံးမွာေတာ့ သူတို႔ရဲ႕ တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္ျဖစ္တဲ့ ယာဥ္ပ်ံႀကီးလည္း ပ်က္စီးသြားတာကို ေတြ႕လိုက္ရပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ ဒီၿဂိဳဟ္ေပၚက ဘယ္လိုထြက္သြားမလည္း ဆိုတာကို အပိုင္း(၄)မွာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ အပိုင္း(၄) မလာခင္မွာ အပိုင္း(၃)ထဲက စိတ္ဝင္စားစရာအခ်က္ေတြနဲ႔ Easter Egg ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) ဓားေျမာင္ကစားကြက္
photo via screenrant

ဒီဇာတ္လမ္းတြဲထဲမွာလည္း Loki လုပ္ေနက်အရာတစ္ခု ျဖစ္တဲ့ ဓားေျမာင္ကို ေဆာ့ကစားတဲ့ပုံစံကို ထပ္မံ ျမင္ေတြ႕ခဲ့ရပါတယ္။ အပိုင္း(၁)ထဲမွာေတာ့ Loki ဟာ တရား႐ုံးထဲမွာ သူ႔ရဲ႕ ဓားေျမာင္ကို ဆင့္ေခၚဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ပါဘူး။ အပိုင္း(၂)ထဲမွာေတာ့ Lady Loki ေနာက္ကို လိုက္ရမယ့္ မစ္ရွင္မွာ Mobius က Loki ကို ဓားေျမာင္ႏွစ္ေခ်ာင္း ေပးခဲ့ေပမယ့္လည္း ေအးဂ်င့္ B-15 က ျပန္ယူသြားခဲ့ပါတယ္။

အပိုင္း(၃)ထဲမွာေတာ့ Loki ဟာ Lady Loki ေနာက္ကို လိုက္သြားၿပီး TVA ရဲ႕ Locker ထဲက ဓားေျမာင္ကိုယူကာ Lady Loki နဲ႔ တိုက္ခိုက္ခဲ့ပါတယ္။ အပိုင္း(၃)ထဲမွာ ျမင္ေတြ႕လိုက္ရတဲ့ Loki ရဲ႕ ဓားေျမာင္ေဆာ့ကစားေနတဲ့ အေႏွးျပကြက္ဟာ Thor: Ragnarok ထဲမွာ ျပသခဲ့တဲ့ ဇာတ္ဝင္ခန္းနဲ႔ ဆင္တူေနတာကို ေတြ႕ရပါတယ္။

(2) Lady Loki ရဲ႕ Asgardian ဓား
photo via screenrant

Lady Loki ဟာ Minute Men ေတြနဲ႔ တိုက္ခိုက္တဲ့ အခ်ိန္တုန္းကေရာ Lamentis-1 ေပၚမွာ ေရာက္ေနတဲ့ အခ်ိန္မွာပါ ဓားတစ္ေခ်ာင္းနဲ႔ ကြၽမ္းက်င္စြာ တိုက္ခိုက္ခဲ့ပါတယ္။ အဲ့ဒီဓားကို အနီးကပ္႐ိုက္ျပတဲ့ အခ်ိန္မွာေတာ့ Asgard မွာ ျမင္ေတြ႕ခဲ့ရဖူးတဲ့ ေရွးေဟာင္းစာလုံးပုံစံေတြကို ေတြ႕လိုက္ရပါတယ္။

၂၀၁၂ Loki နဲ႔ Lady Loki တို႔ရဲ႕ အတိတ္ဇာတ္ေၾကာင္းဟာ အနည္းငယ္ မတူညီတာေတြ ရွိပါတယ္။ Loki နဲ႔ မတူတဲ့အခ်က္ကေတာ့ Lady Loki ဟာ ငယ္ဘဝကတည္းက ေမြးစားခံထားရမွန္း သိခဲ့ပါတယ္။ ဒါေပမယ့္လည္း သူမဟာ Asgardian ေတာ္ဝင္မ်ိဴးႏြယ္အေနနဲ႔ ႀကီးျပင္းလာရတာ မဟုတ္ပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီဓားကေတာ့ သူမနဲ႔ Asgard တို႔ၾကားမွာ ဆက္ႏြယ္မႈရွိခဲ့တယ္ဆိုတဲ့ သက္ေသပဲ ျဖစ္ပါတယ္။

(3) ခ်ိဴတစ္ေခ်ာင္း က်ိဴးေနတဲ့ Lady Loki
photo via screenrant

Lady Loki ကိုေတာ့ အပိုင္း(၂)ရဲ႕ အဆုံးသတ္မွာ စတင္ျမင္ေတြ႕ခဲ့ရၿပီး အပိုင္း(၃)မွာေတာ့ သူမကို Loki လို႔ ေခၚတာကို မႀကိဳက္ဘဲ Sylvie လို႔ပဲ ေခၚေစခဲ့ပါတယ္။ ဒီအပိုင္းထဲမွာ Sylvie ကို ေသခ်ာျမင္ေတြ႕ခဲ့ရၿပီး သူမရဲ႕သရဖူမွာ ခ်ိဴတစ္ေခ်ာင္း က်ိဴးေနတာကိုလည္း ေသခ်ာျမင္ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ဘာေၾကာင့္ အခုလိုမ်ိဴး ျဖစ္ေနတာလည္း ဆိုတာကိုေတာ့ မရွင္းျပေသးပါဘူး။ ယခုဒီဇိုင္းကေတာ့ ေသခ်ာေပါက္ Marvel ေကာမစ္ကို အေျခခံၿပီး ဖန္တီးထားတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Sylvie ရဲ႕ သရဖူဟာ ဘာေၾကာင့္ ခ်ိဴတစ္ေခ်ာင္း က်ိဴးေနလည္းဆိုတာကို အသစ္ထြက္လာမယ့္ အပိုင္းေတြမွာ ျပသသြားဖို႔ မ်ားပါတယ္။

(4) Star Wars Reference
photo via screenrant

Loki ဟာ Sylvie နဲ႔ တိုက္ခိုက္ေနတဲ့အခ်ိန္မွာ “ငါတို႔ႏွစ္ေယာက္ အတူတူ ပူးေပါင္းႏိုင္မယ္လို႔ ထင္ထားတာ။ အခုေတာ့ နင္က အျမင္မရွိတာကို သိလိုက္ရၿပီ … ” လို႔ Loki က ေျပာခဲ့ပါတယ္။ ဒီဒိုင္ယာေလာ့ခ္ဟာ အခ်ိဳ႕ပရိသတ္ေတြအတြက္  အနည္းငယ္ ရင္းႏွီးသလို ျဖစ္ေနပါလိမ့္မယ္။

အေၾကာင္းကေတာ့ Return of the Jedi ထဲက ဗီလိန္ႀကီး ေျပာခဲ့တဲ့ “မင္းရဲ႕ အေမွ်ာ္အျမင္ မရွိမႈေၾကာင့္ အခုမင္းေပးဆပ္ရေတာ့မယ္ … ” ဆိုတဲ့စကားနဲ႔ အနည္းငယ္ ဆင္တူေနလို႔ပဲ ျဖစ္ပါတယ္။ ဒီအခ်က္ကေတာ့ Marvel က ရည္႐ြယ္ခ်က္ရွိရွိ ထည့္သြင္းထားတာလည္း ျဖစ္ႏိုင္သလို မေတာ္တဆ ဆင္တူေနတာလည္း ျဖစ္ႏိုင္ပါတယ္။

(5) Loki ရဲ႕ တယ္လီပို႔အစြမ္း
photo via screenrant

၂၀၁၂ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Avengers ႐ုပ္ရွင္ထဲမွာ Loki က Phil Coulson ကို သတ္လိုက္တဲ့ ဇာတ္ဝင္ခန္းကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းမွာေတာ့ Loki ဟာ သူ႔ရဲ႕ ပုံရိပ္ေယာင္နဲ႔ Coulson ကို အာ႐ုံလႊဲထားၿပီး တယ္လီပို႔ျပဳလုပ္ကာ Coulson ရဲ႕ေနာက္ေက်ာကို Scepter နဲ႔ ထိုးသတ္ခဲ့ပါတယ္။

ကြၽန္ေတာ္တို႔အတြက္ ဒီ႐ုပ္ရွင္ဟာ အခ်ိန္အေတာ္ၾကာခဲ့ၿပီ ျဖစ္ေပမယ့္လည္း ဒီဇာတ္လမ္းတြဲထဲက Loki ကေတာ့ ၂၀၁၂ ခုႏွစ္က ျဖစ္တာေၾကာင့္ သူ႔အတြက္ မေန႔တေန႔ကလိုပဲ ျဖစ္ေနပါတယ္။ ဒါ့အျပင္ အပိုင္း(၃)ထဲက Lamentis-1 ေပၚမွာ Sylvie နဲ႔ တိုက္ခိုက္ေနတဲ့အခ်ိန္မွာလည္း အဲ့ဒီလွည့္ကြက္ကိုပဲ ထပ္မံ အသုံးျပဳသြားခဲ့ပါတယ္။

(6) Lamentis
photo via screenrant

မေတာ္တဆမႈတစ္ခုေၾကာင့္ Loki နဲ႔ Sylvie တို႔ဟာ Lamentis-1 လို႔ေခၚတဲ့ လတစ္ခုေပၚကို ေရာက္သြားခဲ့ပါတယ္။ ဒါ့အျပင္ သူတို႔ေရာက္သြားတဲ့ အခ်ိန္ကလည္း Lamentis-1 ရဲ႕ ပ်က္စီးေတာ့မယ့္အခ်ိန္ ျဖစ္ေနပါတယ္။ ၂၀၀၇ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Annihilation: Conquest Prologue #1 ေကာမစ္ထဲမွာ Lamentis ၿဂိဳဟ္ႀကီး စတင္ပါဝင္လာခဲ့ပါတယ္။

Lamentis ၿဂိဳဟ္ကို လွည့္ပတ္ေနတဲ့ Lamentis-1 ဆိုတဲ့ လကေတာ့ လူေတြေနထိုင္လို႔ရတဲ့ ၿဂိဳဟ္တစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီဇာတ္လမ္းတြဲထဲမွာ ျပသသြားသလို ၂၀၇၇ ခုႏွစ္မွာေတာ့ Lamentis ၿဂိဳဟ္ႀကီးဟာ တစ္စစီ ပ်က္စီးၿပီး အဲ့ဒီအပိုင္းအစေတြက Lamentis-1 ေပၚကို က်လာကာ ရွိသမွ် သက္ရွိေတြအကုန္ ေသဆုံးသြားခဲ့ပါတယ္။

(7) Loki ရဲ႕ ေမွာ္ပညာအမ်ားစုဟာ Frigga သင္ေပးထားတာပါ။
photo via screenrant

Loki နဲ႔ Sylvie တို႔ဟာ ရထားေပၚကို ေရာက္တဲ့အခ်ိန္မွာေတာ့ သူတို႔ရဲ႕ အတိတ္အေၾကာင္းအခ်ိဳ႕ကို ေဆြးေႏြးခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Loki ဟာ သူ႔ရဲ႕အေမျဖစ္သူ Frigga အေၾကာင္းကို အနည္းငယ္ ေျပာျပခဲ့ၿပီး သူ တတ္ေျမာက္ထားတဲ့ ေမွာ္ပညာအမ်ားစုဟာ Frigga သင္ေပးခဲ့တာ ျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္။ Sylvie ကေတာ့ Loki နဲ႔ မတူညီဘဲ သူမရဲ႕ စိတ္ထိန္းခ်ဳပ္တဲ့ အတတ္ပညာေတြကို သူမ ကိုယ္တိုင္ပဲ ရွာေဖြေတြ႕ရွိထားတာလို႔ သိရပါတယ္။

(8) Loki ဟာ Bisexual ျဖစ္ပါတယ္။
photo via screenrant

အေပၚမွာ ေဖာ္ျပခဲ့သလို ရထားေပၚက Loki နဲ႔ Sylvie တို႔ရဲ႕ စကားဝိုင္းထဲမွာေတာ့ Loki ဟာ Bisexual ဆိုတာကို အတည္ျပဳတဲ့ စကားေတြ ပါဝင္ခဲ့ပါတယ္။ “ဒီတိုက္ပြဲေတြရဲ႕ အဆုံးမွာ မင္းကို ေစာင့္ေနတဲ့သူ ရွိလား … ” ဆိုၿပီး  Loki က Sylvie ကို အရင္ဆုံး ေမးျမန္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Sylvie ဟာ စာပို႔သမားတစ္ေယာက္နဲ႔ LDRS ျဖစ္ေနတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ Sylvie က “နင္ကေရာ … ? နင္က မင္းသားဆိုေတာ့ တျခားမင္းသမီးေတြ ဒါမွမဟုတ္၊ မင္းသားေတြ ရွိခဲ့မွာေပါ့ … ” လို႔ ျပန္လည္ေမးျမန္းခဲ့ပါတယ္။ Loki ကေတာ့ ဘာကိုမွ မျငင္းဆန္ခဲ့ဘဲ “ႏွစ္ခုလုံး နည္းနည္းစီေပါ့ … ” လို႔ ျပန္ေျဖလိုက္ပါတယ္။ ဒါေၾကာင့္ပဲ ေနာက္ဆုံးမွာေတာ့ MCU ဟာ Loki က bi ျဖစ္ေၾကာင္း အတည္ျပဳလိုက္ပါၿပီ။

(9) စာပို႔သမားက ဘယ္သူလဲ?
photo via screenrant

Sylvie နဲ႔ Loki တို႔ရဲ႕ စကားဝိုင္းထဲမွာ Sylvie က စာပို႔သမားတစ္ေယာက္နဲ႔ LDRS ျဖစ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေၾကာင့္ပဲ အဲ့ဒီစာပို႔သမားက ဘယ္သူျဖစ္မလည္းဆိုတာကို ေကာမစ္ထဲက အခ်က္ေတြနဲ႔ ခန႔္မွန္းၾကည့္ၾကရေအာင္။ ျဖစ္ႏိုင္ေခ် အရွိဆုံးကေတာ့ Marvel ေကာမစ္ထဲက နာမည္အႀကီးဆုံး စာပို႔သမားျဖစ္တဲ့ Willie Lumpkin ပဲ ျဖစ္ပါတယ္။ Willie ကေတာ့ Fantastic Four ရဲ႕ အေျခစိုက္စခန္းက စာပို႔သမား ျဖစ္ပါတယ္။ သူဟာ စူပါဟီး႐ိုးေတြနဲ႔ ရင္းႏွီးတာေၾကာင့္ စူပါဟီး႐ိုးေတြရဲ႕ စြန႔္စားခန္းေတြမွာ ပါဝင္ခဲ့ဖူးသလို အခ်ိန္ခရီးသြားလည္း ျဖစ္ခဲ့ဖူးပါတယ္။

သူဟာ ေကာမစ္ထဲမွာေတာ့ Loki နဲ႔ တစ္ခါမွ မတြဲခဲ့ဖူးေပမယ့္လည္း Spider-Man ရဲ႕ အေဒၚျဖစ္သူ Aunt May နဲ႔ တြဲခဲ့ဖူးပါတယ္။ ဒါတင္မကေသးဘဲ ၂၀၀၅ နဲ႔ ၂၀၀၇ တို႔မွာ ထြက္ရွိခဲ့တဲ့ Fantastic Four ႐ုပ္ရွင္ထဲမွာေတာ့ Stan Lee ဟာ Willie အေနနဲ႔ Cameo ပါဝင္ခဲ့ပါေသးတယ္။

ေနာက္ထပ္ ျဖစ္ႏိုင္ေခ်တစ္ခုကေတာ့ Postman ဆိုတဲ့ codename နဲ႔ သေႏၶေျပာင္း လူသားတစ္ေယာက္ ျဖစ္ပါတယ္။ သူကေတာ့ လူသားေတြကို စိတ္ကုန္ေနၿပီး Chicago ၿမိဳ႕ရဲ႕ ေျမေအာက္ထဲမွာ ေနထိုင္သူ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေကာမစ္ထဲက ဇာတ္လမ္းနဲ႔ Sylvie တို႔ဟာ ဘာမွေတာ့ သက္ဆိုင္မႈ မရွိပါဘူး။ ဒီႏွစ္ေယာက္ကေတာ့ ျဖစ္ႏိုင္ေခ် ရွိတာကို ေဖာ္ျပထားတာ ျဖစ္ေပမယ့္လည္း Sylvie ရဲ႕ ခ်စ္သူဟာ ဘာေကာမစ္နဲ႔မွ မပတ္သက္ဘဲ ဒီအတိုင္း ထည့္သြင္းထားတဲ့ သာမန္လူသား ဇာတ္ေကာင္တစ္ေယာက္လည္း ျဖစ္ေနႏိုင္ပါတယ္။

(10) Loki ဆိုေနတဲ့ သီခ်င္း
photo via screenrant

ရထားေပၚမွာေတာ့ Loki ဟာ ရွမ္ပိန္ေတြ ေသာက္ၿပီးေနာက္မွာ သီခ်င္းတစ္ပုဒ္ကို သီဆိုခဲ့ပါတယ္။ အဲ့ဒီသီခ်င္းထဲမွာေတာ့ စာတစ္ေၾကာင္းစာေလာက္ပဲ အဂၤလိပ္လို ျဖစ္ၿပီး က်န္တဲ့စာသားေတြကေတာ့ ေနာ္ေဝလို သီဆိုသြားတာ ျဖစ္ပါတယ္။ အဲ့ဒီသီခ်င္းကိုေတာ့ စာေရးဆရာ Erlend O. Nodtvedt နဲ႔ ဂီတပညာရွင္ Benedicte Maurseth တို႔က ဒီဇာတ္လမ္းတြဲအတြက္ သီးသန႔္ ဖန္တီးေပးထားတာ ျဖစ္ၿပီး သီခ်င္းနာမည္ကေတာ့ “Jeg Saler Min Ganger” ျဖစ္ပါတယ္။

(11) Another!
photo via screenrant

Loki ဟာ အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ သီခ်င္းသီဆိုၿပီးေနာက္မွာေတာ့ ရွမ္ပိန္ေတြ ထပ္ေသာက္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ရွမ္ပိန္ခြက္ကို ေျမႀကီးနဲ႔ ႐ိုက္ခြဲၿပီး Another! လို႔ ေအာ္ကာ ေနာက္ထပ္တစ္ခြက္ ထပ္ေတာင္းခဲ့ပါတယ္။ ဒီဇာတ္ဝင္ခန္းကေတာ့ ၂၀၁၁ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Thor ႐ုပ္ရွင္ထဲမွာ ကမာၻေပၚကို Thor ေရာက္လာခါစက ေကာ္ဖီဆိုင္မွာ ျပဳမူခဲ့တဲ့ အျပဳအမူနဲ႔ တူညီေနတာကို ေတြ႕ရပါတယ္။

(12) Sylvie ဟာ သူမရဲ႕သရဖူကို တိုက္ပြဲမွာ အသုံးျပဳပါတယ္။
photo via screenrant

အေပၚမွာေဖာ္ျပထားသလိုပဲ Loki သီခ်င္းဆိုေနတဲ့အခ်ိန္မွာ လူတစ္ေယာက္က သူ႔ကို ထူးထူးဆန္းဆန္း ၾကည့္ေနပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ရထားအေစာင့္ေတြကို ေခၚလာတာေၾကာင့္ Loki နဲ႔ Sylvie တို႔ဟာ ရထားေစာင့္ေတြနဲ႔ တိုက္ခိုက္ရပါေတာ့တယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Sylvie ဟာ သူမရဲ႕ သရဖူကို ခြၽတ္လိုက္ၿပီး ရထားေစာင့္ရဲ႕ေခါင္းကို ႐ိုက္လိုက္တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Thor: Ragnarok ထဲမွာလည္း Loki ဟာ အလားတူပဲ ျပဳလုပ္ခဲ့ပါေသးတယ္။ ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ဟာ သူတို႔ကိုယ္သူတို႔ ထင္ထားတာထက္ ပိုၿပီးတူညီခ်က္ေတြ ရွိေနပါတယ္။

(13) Loki က် က်ျခင္း
photo via screenrant

ေၾကာင္ေတြဟာ အၿမဲတမ္း ေၾကာင္က် က်သလိုပဲ Loki ဟာလည္း အၿမဲတမ္း Loki က် က်ပါတယ္။ Thor: Ragnarok ထဲမွာ Doctor Strange ရဲ႕ ေပၚတယ္ကေန Loki ျပဳတ္က်ခဲ့တဲ့ ပုံစံနဲ႔ အပိုင္း(၂)ထဲမွာ Sylvie နဲ႔ တိုက္ခိုက္တုန္းက ျပဳတ္က်ခဲ့တဲ့ ပုံစံေတြဟာ တူညီေနပါတယ္။ ဒါတင္မကေသးဘဲ အပိုင္း(၃)ထဲမွာေတာ့ Loki ဟာ ရထားေပၚက ျပဳတ္က်ခဲ့ၿပီး ထုံးစံအတိုင္း Loki က် က်ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒါကေတာ့ Loki ဇာတ္လမ္းတြဲ အပိုင္း(၃)နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္ေတြကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular