HomeEntertainmentFilmLoki ဇာတ်လမ်းတွဲ အပိုင်း(၄)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ မြှုပ်ကွက်များ

Loki ဇာတ်လမ်းတွဲ အပိုင်း(၄)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ မြှုပ်ကွက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

***Spoiler Alert****

Disney+ က ထုတ်လွှင့်နေတဲ့ Loki ဇာတ်လမ်းတွဲဟာ MCU ပရိသတ်တွေကြားမှာတော့ အလွန်ရေပန်းစားနေပါတယ်။ ဒီဇာတ်လမ်းတွဲဟာ အပိုင်း(၆)ပိုင်း ပါဝင်မှာ ဖြစ်ပြီး လောလောဆယ်မှာတော့ (၄)ပိုင်းအထိ ထွက်ရှိပြီးပါပြီ။ အပိုင်း(၄)ထဲမှာတော့ ပရိသတ်တွေအတွက် အံ့ဩစရာတွေများစွာ ပါဝင်နေပြီး ဇာတ်လမ်း အလှည့်အပြောင်းတွေလည်း ပါဝင်နေပါသေးတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Loki အပိုင်း(၄)ထဲက စိတ်ဝင်စားစရာတွေနဲ့ မြှုပ်ကွက်လေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(1) Asgard
photo via screenrant

အပိုင်း(၄)မှာ ပထမဆုံး မြင်တွေ့ရတဲ့ ဇာတ်ဝင်ခန်းထဲမှာတော့ Asgard ကို ပြသသွားတာ ဖြစ်ပြီး Sylvie ရဲ့ ငယ်ဘဝကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ Sylvie ဟာ တစ်ယောက်တည်း အရုပ်လေးတွေနဲ့ ဆော့ကစားနေချိန်မှာ TVA က လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့ အချက်ကတော့ ကျွန်တော်တို့လိုပဲ Sylvie ကိုယ်တိုင်ကတောင် သူမ ဘာအမှားလုပ်ခဲ့မိလို့ အဖမ်းခံခဲ့ရတာလည်းဆိုတာ အခုချိန်ထိ မသိသေးပါဘူး။

(2) Ragnarok
photo via screenrant

အပေါ်က ဖော်ပြခဲ့တဲ့ ဇာတ်ဝင်ခန်းထဲမှာပဲ Sylvie ဆော့ကစားနေတဲ့ အရုပ်လေးနှစ်ခုမှာ မြုပ်ကွက်တွေ ပါဝင်နေပါတယ်။ Sylvie ဟာ နဂါးရုပ်လေးနဲ့ မြင်းပျံအရုပ်လေးကို ဆော့ကစားနေတာဖြစ်ပြီး အဲဒီထဲက မြင်းပျံရုပ်လေးကတော့ Valkyrie ကို ဆိုလိုတာ ဖြစ်ပါတယ်။ အဲ့ဒီအရုပ်ဟာ Tessa Thompson ရဲ့ ဇာတ်ကောင် တစ်ယောက်တည်းကို ရည်ညွှန်းတာ မဖြစ်နိုင်ဘဲ Valkyrie တွေ အားလုံးကို ဆိုလိုတာ ဖြစ်နိုင်ပါတယ်။ Thor: Ragnarok ထဲမှာတော့ Tessa Thompson ရဲ့ ဇာတ်ကောင်ဟာ နောက်ဆုံး အသက်ရှင်ကျန်တဲ့ Valkyrie ဖြစ်နေပေမယ့်လည်း Sylvie ရဲ့ Timeline မှာတော့ Valkyrie တွေအားလုံး ရှင်သန်နေသေးတယ်လို့ ပြောလို့ရပါတယ်။

Viking သင်္ဘောရဲ့ ဘေးမှာ မြင်တွေ့ခဲ့ရတဲ့ ဝံပုလွေအရုပ်ကတော့ Thor: Ragnarok ထဲမှာ Hulk နဲ့ တိုက်ခိုက်ခဲ့တဲ့ ဝံပုလွေ Fenris ဖြစ်နိုင်ပါတယ်။ Fenris ဟာ Hela ရဲ့ သစ္စာရှိတဲ့ နောက်လိုက် ဖြစ်ပါတယ်။ ဒါကြောင့် အစပိုင်း Sylvie ဆော့ကစားနေတဲ့ နဂါးရုပ်ဟာ Hela ကို ကိုယ်စားပြုတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ပဲ Sylvie ဟာ သူမ Timeline ရဲ့ Ragnarok အဖြစ်အပျက်တွေကို ဆော့ကစားနေတာ ဖြစ်ပါလိမ့်မယ်။

(3) A-23
photo via screenrant

Sylvie ကို လာရောက်ဖမ်းဆီးခဲ့တဲ့ Minute Men တွေထဲက တစ်ယောက်ကတော့ Ravonna Slayer ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Ravonna ဟာ B-15 တို့လိုမျိူး Minute Men တွေထဲကတစ်ယောက် ဖြစ်ခဲ့ဖူးတယ်ဆိုတာ သိလိုက်ရပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ အဲ့ဒီဇာတ်ဝင်ခန်းထဲက Ravonna ရဲ့ ကုတ်နံပါတ်ဟာ A-23 လို့ တွေ့ရပါတယ်။ Marvel ကောမစ်ထဲမှာ Ravonna စတင်ပါဝင်တဲ့ ကောမစ်ကတော့ Avengers #23 မှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပြီး ဒီဇာတ်လမ်းထဲမှာ အဲ့ဒီအချက်ကို Easter Egg အနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

(4) Morag
photo via screenrant

Mobius နဲ့ B-15 တို့ဟာ ပျောက်ဆုံးနေတဲ့ Loki နဲ့ Sylvie တို့ကို ရှာဖွေနေတဲ့ အချိန်မှာတော့ Timeline တစ်ခုလုံးကို သေချာရှာဖွေနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ယခင်က TVA က စောင့်ကြည့်နေတဲ့ နေရာတွေကို မြင်ခဲ့ရပြီး Morag ဂြိုဟ်ကိုတော့ အမြဲတမ်းစောင့်ကြည့်နေတာ တွေ့ရပါတယ်။ Morag ဂြိုဟ်ကတော့ Guardians of the Galaxy ထဲမှာ ပါဝင်ခဲ့ပြီး Star-Lord က Infinity Stone ကို သွားယူခဲ့တဲ့နေရာ ဖြစ်ပါတယ်။

(5) Lady Sif
photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ မမြင်ရတာ ကြာနေပြီ ဖြစ်တဲ့ Lady Sif ကို ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ MCU ထဲမှာတော့ Lady Sif ဟာ Thor ရဲ့ ယုံကြည်ရတဲ့ စစ်သည်တော် သုံးယောက်ထဲကတစ်ယောက် ဖြစ်ပါတယ်။ Mobius ဟာ Loki ကို ပညာပေးတဲ့အနေနဲ့ Loki ရဲ့ အဆိုးဆုံးမှတ်ဉာဏ်တွေထဲက တစ်ခုထဲမှာ ပိတ်ထားခဲ့ပါတယ်။ အဲ့ဒီမှတ်ဉာဏ်ထဲမှာတော့ Lady Sif ဟာ သူမရဲ့ ဆံပင်ကို Loki က ဖြတ်ပစ်ခဲ့တာကြောင့် ဒေါသထွက်ကာ Loki ကို ပြဿနာရှာခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကိုတော့ ယခင်က MCU ထဲမှာ မပြသခဲ့ဖူးပါဘူး။ ဒါ့အပြင် ဒီဇာတ်ဝင်ခန်းဟာ Norse ဒဏ္ဍာရီကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ Norse ဒဏ္ဍာရီထဲမှာတော့ Lady Sif ဟာ သူမရဲ့ ဆံပင်ကို အလွန်တန်ဖိုးထားသူ ဖြစ်ပြီး သူမရဲ့ဆံပင်ကို ရွှေဆံပင်လို့ တင်စားကြပါတယ်။ ဒါကြောင့်လည်း Loki ဟာ Lady Sif ရဲ့ ဆံပင်ကို သူမ အိပ်နေတုန်း ဖြတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ MCU နဲ့ မတူတဲ့အချက်ကတော့ Lady Sif ဟာ Thor နဲ့ လက်ထပ်ထားတာ ဖြစ်ပါတယ်။

(6) Time Theater 47
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Loki ဟာ အဲ့ဒီမှတ်ဉာဏ်တစ်ခုတည်းမှာ ပိတ်မိနေတဲ့အချိန်မှာ TVA က Sylvie ကိုတော့ Time Theater 47 ထဲမှာ ချုပ်ထားခဲ့ပါတယ်။ အဲ့ဒီ 47 ဆိုတဲ့ ဂဏန်းဟာ ၁၉၈၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ What If…? #47 ကောမစ်ကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ အဲ့ဒီကောမစ်ရဲ့ ဇာတ်လမ်းကတော့ Loki သာ Thor ရဲ့ တူဖြစ်တဲ့ Mjolnir ကို ရသွားရင် ဘာတွေဖြစ်ကုန်မလည်းဆိုတဲ့ အကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီအချက်ဟာ အပိုင်း(၄)ရဲ့ အဆုံးမှာ ပါဝင်လာမယ့် Credit Scene နဲ့ နောက်ထပ် အပိုင်းသစ်တွေမှာ ပါဝင်လာမယ့်အရာတွေကို နိမိတ်ပုံအနေနဲ့ ပြထားတာ ဖြစ်နိုင်ပါတယ်။

(7) Kree ၊ Titan တွေနဲ့ Vampire များ
photo via screenrant

Time Theater 47 ရဲ့ အပြင်ဘက်မှာ Mobius နဲ့ B-15 တို့ နှစ်ယောက်ဟာ စကားအနည်းငယ် ပြောခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာတော့ Mobius ဟာ “ငါတို့တွေ အရင်တုန်းက Kree တွေ၊ Titan တွေနဲ့ Vampire တွေကိုတောင် ဖမ်းခဲ့ဖူးတာပဲ … ” လို့ ပြောခဲ့ပါတယ်။ Kree တွေနဲ့ Titan တွေကို TVA က ဖမ်းဆီးခဲ့ဖူးတယ်ဆိုတာ သိပ်အထူးအဆန်းတော့ မဟုတ်ပါဘူး။

ဒါပေမယ့်လည်း အသစ်ထွက်ရှိလာမယ့် Blade ရုပ်ရှင်ကို စောင့်မျှော်နေသူတွေအတွက်ကတော့ Mobius ရဲ့ စကားဟာ MCU ထဲမှာ သွေးစုပ်ဖုတ်ကောင်တွေ တည်ရှိနေတယ်ဆိုတာကို အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ Thor: Ragnarok ထဲမှာလည်း Korg က သွေးစုပ်ဖုတ်ကောင်တွေအကြောင်း ပြောခဲ့ဖူးပေမယ့်လည်း ဟာသဆန်ဆန် ပြောခဲ့တာကြောင့် MCU မှာ သွေးစုပ်ဖုတ်ကောင် ရှိနေတယ်လို့ အတည်မပြုနိုင်ခဲ့ပါဘူး။

(8) Sam Wilson ရဲ့ Big Three Theory
photo via screenrant

ဘာကြောင့်မှန်း မသိပေမယ့်လည်း Loki ဇာတ်လမ်းတွဲကို ကြည့်ရှုနေကြတဲ့ ပရိသတ်အများစုဟာ Time-Keeper သုံးယောက်ကို Marvel ရဲ့ ဂျင်းလို့ ထင်နေကြပါတယ်။ အပိုင်း(၄)ထဲမှာတော့ Time-Keeper သုံးယောက်ဟာ Android တွေ ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေအတွက် မေးခွန်းတွေက ပိုမိုများပြားလာခဲ့ပါတယ်။

ဒီ Time-Keeper သုံးယောက်ဟာ အတုတွေ ဖြစ်နေပြီး တကယ့် Time-Keeper အစစ်တွေက တခြားနေရာမှာ ရှိနေတာလား၊ ဒါမှမဟုတ် Time-Keeper ဆိုတာ တကယ်မရှိဘဲ နောက်ကွယ်က ကြိုးကိုင်နေသူဟာ Kang the Conqueror လားဆိုတာ မေးစရာတွေ ဖြစ်လာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချက်ဟာ The Falcon and the Winter Soldier ထဲမှာ Sam Wilson ပြောပြသွားတဲ့ Big Three Theory နဲ့ ကိုက်ညီနေပါတယ်။ အဲ့ဒီသီအိုရီကတော့ ပြဿနာတစ်ခုခု ဖြစ်လာတိုင်း အဲ့ဒီပြဿနာတွေကို ဖန်တီးသူတွေဟာ Android ၊ ဂြိုဟ်သားတွေနဲ့ မှော်ဆရာတွေပဲ ဖြစ်ပါတယ်။

(9) ဝဋ်လည်သွားတဲ့ Loki
photo via screenrant

Loki နဲ့ Sylvie တို့ဟာ B-15 ရဲ့ အကူအညီကြောင့် TVA ရဲ့ လူတွေနဲ့ တိုက်ခိုက်နိုင်ခဲ့ပြီး Time-Keeper သုံးယောက်က Android တွေဆိုတာကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Loki က Sylvie ကို အရေးကြီးတဲ့ စကားတွေ ပြောတော့မယ့်အချိန်မှာ Loki ရဲ့ နောက်ကျောကို Ravonna က သူမရဲ့ လက်နက်နဲ့ ထိုးလိုက်ပါတယ်။ Loki ဟာ သူ့ရဲ့ဘဝ တလျှောက်လုံးမှာ လူပေါင်းများစွာကို နောက်ကျောကနေ ဓားနဲ့ထိုးခဲ့ဖူးပြီး ဒီတစ်ခေါက်မှာတော့ ဝဋ်လည်သွားတယ်လို့ ပြောလို့ရပါတယ်။

(10) Avengers တာဝါ
photo via screenrant

အရှေ့မှာ ထွက်ရှိခဲ့တဲ့ အပိုင်းတွေနဲ့ မတူတဲ့အချက်ကတော့ အပိုင်း(၄)ရဲ့ နောက်ဆုံးမှာ Credit Scene ပါဝင်လာတာပါပဲ။ Loki ဟာ Ravonna ကြောင့် ဖြစ်တည်မှုကနေ ပယ်ဖျက်ခံလိုက်ရတယ်လို့ ထင်ခဲ့ပေမယ့်လည်း Credit Scene ထဲမှာတော့ Loki ဟာ တခြားနေရာကို ရောက်ရှိသွားတာ မြင်ခဲ့ရပါတယ်။

Loki ရောက်သွားတဲ့ နေရာကတော့ ပျက်စီးနေတဲ့ New York မြို့ကြီးနဲ့ ဆင်တူနေပြီး နောက်ကွယ်မှာလည်း Avenger တာဝါနဲ့ ဆင်တူနေတဲ့ အဆောက်အဦးတစ်ခုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ပရိသတ်အများစုကတော့ Loki ရောက်သွားတဲ့ နေရာဟာ ၂၀၁၂ Avenger ဇာတ်လမ်းမှာ New York မြို့ကြီး ပျက်စီးသွားတဲ့ Timeline ဖြစ်လိမ့်မယ်လို့ ယူဆနေကြပါတယ်။

(11) Loki လေးယောက်
photo via screenrant

၂၀၁၂ Loki ရောက်သွားတဲ့ နေရာမှာတော့ နောက်ထပ် Loki ဗားရှင်း လေးမျိူးကို ထပ်မံ မြင်တွေ့လိုက်ရပါတယ်။ ပထမဆုံး တစ်ယောက်ကတော့ အသက်ကြီးနေတဲ့ Loki ဖြစ်ပြီး Classic ဒီဇိုင်းနဲ့ မြင်တွေ့ခဲ့ရပါတယ်။ နောက်တစ်ယောက်ကတော့ Kid Loki ဖြစ်ပါတယ်။ ကောမစ်တစ်ခုထဲမှာတော့ Loki ဟာ သေဆုံးသွားပြီး ကလေးတစ်ယောက်အနေနဲ့ ပြန်လည် အသက်ရှင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း Kid Loki ဟာ သူ့ရဲ့အရင်ဘဝက အကြောင်းအရာအများစုကို မမှတ်မိတော့တဲ့အပြင် Young Avengers အဖွဲ့ဝင်တောင် ဖြစ်ခဲ့ဖူးပါတယ်။

နောက်တစ်ယောက်ကတော့ ဝတ်ဆင်ထားတဲ့ ဒီဇိုင်းကလည်း တခြား Loki တွေနဲ့ လုံးဝကွာခြားပြီး တူတစ်လက်ကို ကိုင်ဆောင်ထားတာ မြင်တွေ့ခဲ့ရပါတယ်။ တချို့ပရိသတ်တွေကတော့ အဲ့ဒီတူဟာ Thor ရဲ့ Mjolnir လို့ ယူဆနေကြပြီး သူ့ရဲ့ ဒီဇိုင်းကတော့ ကျွန်တော်တို့ မြင်ဖူးခဲ့တဲ့ Mjolnir နဲ့ အတော်လေး ကွာခြားနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသစ်ထွက်ရှိလာမယ့် အပိုင်းတွေထဲမှာတော့ ရှင်းပြသွားမယ်လို့ မျှော်လင့်ရပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ အားလုံးထဲက အထူးဆန်းဆုံးလို့ ပြောလို့ရတဲ့ မိကျောင်း Loki ပဲ ဖြစ်ပါတယ်။

ဒါကတော့ Loki ဇာတ်လမ်းတွဲရဲ့ အပိုင်း(၄) နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ မြှုပ်ကွက်လေးတွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

***Spoiler Alert****

Disney+ က ထုတ္လႊင့္ေနတဲ့ Loki ဇာတ္လမ္းတြဲဟာ MCU ပရိသတ္ေတြၾကားမွာေတာ့ အလြန္ေရပန္းစားေနပါတယ္။ ဒီဇာတ္လမ္းတြဲဟာ အပိုင္း(၆)ပိုင္း ပါဝင္မွာ ျဖစ္ၿပီး ေလာေလာဆယ္မွာေတာ့ (၄)ပိုင္းအထိ ထြက္ရွိၿပီးပါၿပီ။ အပိုင္း(၄)ထဲမွာေတာ့ ပရိသတ္ေတြအတြက္ အံ့ဩစရာေတြမ်ားစြာ ပါဝင္ေနၿပီး ဇာတ္လမ္း အလွည့္အေျပာင္းေတြလည္း ပါဝင္ေနပါေသးတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Loki အပိုင္း(၄)ထဲက စိတ္ဝင္စားစရာေတြနဲ႔ ျမႇဳပ္ကြက္ေလးေတြကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

(1) Asgard
photo via screenrant

အပိုင္း(၄)မွာ ပထမဆုံး ျမင္ေတြ႕ရတဲ့ ဇာတ္ဝင္ခန္းထဲမွာေတာ့ Asgard ကို ျပသသြားတာ ျဖစ္ၿပီး Sylvie ရဲ႕ ငယ္ဘဝကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Sylvie ဟာ တစ္ေယာက္တည္း အ႐ုပ္ေလးေတြနဲ႔ ေဆာ့ကစားေနခ်ိန္မွာ TVA က လာေရာက္ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ ဝမ္းနည္းစရာေကာင္းတဲ့ အခ်က္ကေတာ့ ကြၽန္ေတာ္တို႔လိုပဲ Sylvie ကိုယ္တိုင္ကေတာင္ သူမ ဘာအမွားလုပ္ခဲ့မိလို႔ အဖမ္းခံခဲ့ရတာလည္းဆိုတာ အခုခ်ိန္ထိ မသိေသးပါဘူး။

(2) Ragnarok
photo via screenrant

အေပၚက ေဖာ္ျပခဲ့တဲ့ ဇာတ္ဝင္ခန္းထဲမွာပဲ Sylvie ေဆာ့ကစားေနတဲ့ အ႐ုပ္ေလးႏွစ္ခုမွာ ျမဳပ္ကြက္ေတြ ပါဝင္ေနပါတယ္။ Sylvie ဟာ နဂါး႐ုပ္ေလးနဲ႔ ျမင္းပ်ံအ႐ုပ္ေလးကို ေဆာ့ကစားေနတာျဖစ္ၿပီး အဲဒီထဲက ျမင္းပ်ံ႐ုပ္ေလးကေတာ့ Valkyrie ကို ဆိုလိုတာ ျဖစ္ပါတယ္။ အဲ့ဒီအ႐ုပ္ဟာ Tessa Thompson ရဲ႕ ဇာတ္ေကာင္ တစ္ေယာက္တည္းကို ရည္ၫႊန္းတာ မျဖစ္ႏိုင္ဘဲ Valkyrie ေတြ အားလုံးကို ဆိုလိုတာ ျဖစ္ႏိုင္ပါတယ္။ Thor: Ragnarok ထဲမွာေတာ့ Tessa Thompson ရဲ႕ ဇာတ္ေကာင္ဟာ ေနာက္ဆုံး အသက္ရွင္က်န္တဲ့ Valkyrie ျဖစ္ေနေပမယ့္လည္း Sylvie ရဲ႕ Timeline မွာေတာ့ Valkyrie ေတြအားလုံး ရွင္သန္ေနေသးတယ္လို႔ ေျပာလို႔ရပါတယ္။

Viking သေဘၤာရဲ႕ ေဘးမွာ ျမင္ေတြ႕ခဲ့ရတဲ့ ဝံပုေလြအ႐ုပ္ကေတာ့ Thor: Ragnarok ထဲမွာ Hulk နဲ႔ တိုက္ခိုက္ခဲ့တဲ့ ဝံပုေလြ Fenris ျဖစ္ႏိုင္ပါတယ္။ Fenris ဟာ Hela ရဲ႕ သစၥာရွိတဲ့ ေနာက္လိုက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ အစပိုင္း Sylvie ေဆာ့ကစားေနတဲ့ နဂါး႐ုပ္ဟာ Hela ကို ကိုယ္စားျပဳတာ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ပဲ Sylvie ဟာ သူမ Timeline ရဲ႕ Ragnarok အျဖစ္အပ်က္ေတြကို ေဆာ့ကစားေနတာ ျဖစ္ပါလိမ့္မယ္။

(3) A-23
photo via screenrant

Sylvie ကို လာေရာက္ဖမ္းဆီးခဲ့တဲ့ Minute Men ေတြထဲက တစ္ေယာက္ကေတာ့ Ravonna Slayer ျဖစ္ေနတာကို ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ Ravonna ဟာ B-15 တို႔လိုမ်ိဴး Minute Men ေတြထဲကတစ္ေယာက္ ျဖစ္ခဲ့ဖူးတယ္ဆိုတာ သိလိုက္ရပါတယ္။ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ကေတာ့ အဲ့ဒီဇာတ္ဝင္ခန္းထဲက Ravonna ရဲ႕ ကုတ္နံပါတ္ဟာ A-23 လို႔ ေတြ႕ရပါတယ္။ Marvel ေကာမစ္ထဲမွာ Ravonna စတင္ပါဝင္တဲ့ ေကာမစ္ကေတာ့ Avengers #23 မွာ စတင္ပါဝင္ခဲ့တာ ျဖစ္ၿပီး ဒီဇာတ္လမ္းထဲမွာ အဲ့ဒီအခ်က္ကို Easter Egg အေနနဲ႔ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

(4) Morag
photo via screenrant

Mobius နဲ႔ B-15 တို႔ဟာ ေပ်ာက္ဆုံးေနတဲ့ Loki နဲ႔ Sylvie တို႔ကို ရွာေဖြေနတဲ့ အခ်ိန္မွာေတာ့ Timeline တစ္ခုလုံးကို ေသခ်ာရွာေဖြေနခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ ယခင္က TVA က ေစာင့္ၾကည့္ေနတဲ့ ေနရာေတြကို ျမင္ခဲ့ရၿပီး Morag ၿဂိဳဟ္ကိုေတာ့ အၿမဲတမ္းေစာင့္ၾကည့္ေနတာ ေတြ႕ရပါတယ္။ Morag ၿဂိဳဟ္ကေတာ့ Guardians of the Galaxy ထဲမွာ ပါဝင္ခဲ့ၿပီး Star-Lord က Infinity Stone ကို သြားယူခဲ့တဲ့ေနရာ ျဖစ္ပါတယ္။

(5) Lady Sif
photo via screenrant

ဒီဇာတ္လမ္းတြဲထဲမွာေတာ့ မျမင္ရတာ ၾကာေနၿပီ ျဖစ္တဲ့ Lady Sif ကို ျပန္လည္ျမင္ေတြ႕ခဲ့ရပါတယ္။ MCU ထဲမွာေတာ့ Lady Sif ဟာ Thor ရဲ႕ ယုံၾကည္ရတဲ့ စစ္သည္ေတာ္ သုံးေယာက္ထဲကတစ္ေယာက္ ျဖစ္ပါတယ္။ Mobius ဟာ Loki ကို ပညာေပးတဲ့အေနနဲ႔ Loki ရဲ႕ အဆိုးဆုံးမွတ္ဉာဏ္ေတြထဲက တစ္ခုထဲမွာ ပိတ္ထားခဲ့ပါတယ္။ အဲ့ဒီမွတ္ဉာဏ္ထဲမွာေတာ့ Lady Sif ဟာ သူမရဲ႕ ဆံပင္ကို Loki က ျဖတ္ပစ္ခဲ့တာေၾကာင့္ ေဒါသထြက္ကာ Loki ကို ျပႆနာရွာခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ကိုေတာ့ ယခင္က MCU ထဲမွာ မျပသခဲ့ဖူးပါဘူး။ ဒါ့အျပင္ ဒီဇာတ္ဝင္ခန္းဟာ Norse ဒ႑ာရီကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။ Norse ဒ႑ာရီထဲမွာေတာ့ Lady Sif ဟာ သူမရဲ႕ ဆံပင္ကို အလြန္တန္ဖိုးထားသူ ျဖစ္ၿပီး သူမရဲ႕ဆံပင္ကို ေ႐ႊဆံပင္လို႔ တင္စားၾကပါတယ္။ ဒါေၾကာင့္လည္း Loki ဟာ Lady Sif ရဲ႕ ဆံပင္ကို သူမ အိပ္ေနတုန္း ျဖတ္ပစ္လိုက္တာ ျဖစ္ပါတယ္။ MCU နဲ႔ မတူတဲ့အခ်က္ကေတာ့ Lady Sif ဟာ Thor နဲ႔ လက္ထပ္ထားတာ ျဖစ္ပါတယ္။

(6) Time Theater 47
photo via screenrant

အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ Loki ဟာ အဲ့ဒီမွတ္ဉာဏ္တစ္ခုတည္းမွာ ပိတ္မိေနတဲ့အခ်ိန္မွာ TVA က Sylvie ကိုေတာ့ Time Theater 47 ထဲမွာ ခ်ဳပ္ထားခဲ့ပါတယ္။ အဲ့ဒီ 47 ဆိုတဲ့ ဂဏန္းဟာ ၁၉၈၄ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ What If…? #47 ေကာမစ္ကို ရည္ၫႊန္းထားတာ ျဖစ္ပါတယ္။ အဲ့ဒီေကာမစ္ရဲ႕ ဇာတ္လမ္းကေတာ့ Loki သာ Thor ရဲ႕ တူျဖစ္တဲ့ Mjolnir ကို ရသြားရင္ ဘာေတြျဖစ္ကုန္မလည္းဆိုတဲ့ အေၾကာင္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒီအခ်က္ဟာ အပိုင္း(၄)ရဲ႕ အဆုံးမွာ ပါဝင္လာမယ့္ Credit Scene နဲ႔ ေနာက္ထပ္ အပိုင္းသစ္ေတြမွာ ပါဝင္လာမယ့္အရာေတြကို နိမိတ္ပုံအေနနဲ႔ ျပထားတာ ျဖစ္ႏိုင္ပါတယ္။

(7) Kree ၊ Titan ေတြနဲ႔ Vampire မ်ား
photo via screenrant

Time Theater 47 ရဲ႕ အျပင္ဘက္မွာ Mobius နဲ႔ B-15 တို႔ ႏွစ္ေယာက္ဟာ စကားအနည္းငယ္ ေျပာခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Mobius ဟာ “ငါတို႔ေတြ အရင္တုန္းက Kree ေတြ၊ Titan ေတြနဲ႔ Vampire ေတြကိုေတာင္ ဖမ္းခဲ့ဖူးတာပဲ … ” လို႔ ေျပာခဲ့ပါတယ္။ Kree ေတြနဲ႔ Titan ေတြကို TVA က ဖမ္းဆီးခဲ့ဖူးတယ္ဆိုတာ သိပ္အထူးအဆန္းေတာ့ မဟုတ္ပါဘူး။

ဒါေပမယ့္လည္း အသစ္ထြက္ရွိလာမယ့္ Blade ႐ုပ္ရွင္ကို ေစာင့္ေမွ်ာ္ေနသူေတြအတြက္ကေတာ့ Mobius ရဲ႕ စကားဟာ MCU ထဲမွာ ေသြးစုပ္ဖုတ္ေကာင္ေတြ တည္ရွိေနတယ္ဆိုတာကို အတည္ျပဳေပးလိုက္တာ ျဖစ္ပါတယ္။ Thor: Ragnarok ထဲမွာလည္း Korg က ေသြးစုပ္ဖုတ္ေကာင္ေတြအေၾကာင္း ေျပာခဲ့ဖူးေပမယ့္လည္း ဟာသဆန္ဆန္ ေျပာခဲ့တာေၾကာင့္ MCU မွာ ေသြးစုပ္ဖုတ္ေကာင္ ရွိေနတယ္လို႔ အတည္မျပဳႏိုင္ခဲ့ပါဘူး။

(8) Sam Wilson ရဲ႕ Big Three Theory
photo via screenrant

ဘာေၾကာင့္မွန္း မသိေပမယ့္လည္း Loki ဇာတ္လမ္းတြဲကို ၾကည့္ရႈေနၾကတဲ့ ပရိသတ္အမ်ားစုဟာ Time-Keeper သုံးေယာက္ကို Marvel ရဲ႕ ဂ်င္းလို႔ ထင္ေနၾကပါတယ္။ အပိုင္း(၄)ထဲမွာေတာ့ Time-Keeper သုံးေယာက္ဟာ Android ေတြ ျဖစ္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္လည္း ပရိသတ္ေတြအတြက္ ေမးခြန္းေတြက ပိုမိုမ်ားျပားလာခဲ့ပါတယ္။

ဒီ Time-Keeper သုံးေယာက္ဟာ အတုေတြ ျဖစ္ေနၿပီး တကယ့္ Time-Keeper အစစ္ေတြက တျခားေနရာမွာ ရွိေနတာလား၊ ဒါမွမဟုတ္ Time-Keeper ဆိုတာ တကယ္မရွိဘဲ ေနာက္ကြယ္က ႀကိဳးကိုင္ေနသူဟာ Kang the Conqueror လားဆိုတာ ေမးစရာေတြ ျဖစ္လာပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီအခ်က္ဟာ The Falcon and the Winter Soldier ထဲမွာ Sam Wilson ေျပာျပသြားတဲ့ Big Three Theory နဲ႔ ကိုက္ညီေနပါတယ္။ အဲ့ဒီသီအိုရီကေတာ့ ျပႆနာတစ္ခုခု ျဖစ္လာတိုင္း အဲ့ဒီျပႆနာေတြကို ဖန္တီးသူေတြဟာ Android ၊ ၿဂိဳဟ္သားေတြနဲ႔ ေမွာ္ဆရာေတြပဲ ျဖစ္ပါတယ္။

(9) ဝဋ္လည္သြားတဲ့ Loki
photo via screenrant

Loki နဲ႔ Sylvie တို႔ဟာ B-15 ရဲ႕ အကူအညီေၾကာင့္ TVA ရဲ႕ လူေတြနဲ႔ တိုက္ခိုက္ႏိုင္ခဲ့ၿပီး Time-Keeper သုံးေယာက္က Android ေတြဆိုတာကိုလည္း ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Loki က Sylvie ကို အေရးႀကီးတဲ့ စကားေတြ ေျပာေတာ့မယ့္အခ်ိန္မွာ Loki ရဲ႕ ေနာက္ေက်ာကို Ravonna က သူမရဲ႕ လက္နက္နဲ႔ ထိုးလိုက္ပါတယ္။ Loki ဟာ သူ႔ရဲ႕ဘဝ တေလွ်ာက္လုံးမွာ လူေပါင္းမ်ားစြာကို ေနာက္ေက်ာကေန ဓားနဲ႔ထိုးခဲ့ဖူးၿပီး ဒီတစ္ေခါက္မွာေတာ့ ဝဋ္လည္သြားတယ္လို႔ ေျပာလို႔ရပါတယ္။

(10) Avengers တာဝါ
photo via screenrant

အေရွ႕မွာ ထြက္ရွိခဲ့တဲ့ အပိုင္းေတြနဲ႔ မတူတဲ့အခ်က္ကေတာ့ အပိုင္း(၄)ရဲ႕ ေနာက္ဆုံးမွာ Credit Scene ပါဝင္လာတာပါပဲ။ Loki ဟာ Ravonna ေၾကာင့္ ျဖစ္တည္မႈကေန ပယ္ဖ်က္ခံလိုက္ရတယ္လို႔ ထင္ခဲ့ေပမယ့္လည္း Credit Scene ထဲမွာေတာ့ Loki ဟာ တျခားေနရာကို ေရာက္ရွိသြားတာ ျမင္ခဲ့ရပါတယ္။

Loki ေရာက္သြားတဲ့ ေနရာကေတာ့ ပ်က္စီးေနတဲ့ New York ၿမိဳ႕ႀကီးနဲ႔ ဆင္တူေနၿပီး ေနာက္ကြယ္မွာလည္း Avenger တာဝါနဲ႔ ဆင္တူေနတဲ့ အေဆာက္အဦးတစ္ခုကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ ပရိသတ္အမ်ားစုကေတာ့ Loki ေရာက္သြားတဲ့ ေနရာဟာ ၂၀၁၂ Avenger ဇာတ္လမ္းမွာ New York ၿမိဳ႕ႀကီး ပ်က္စီးသြားတဲ့ Timeline ျဖစ္လိမ့္မယ္လို႔ ယူဆေနၾကပါတယ္။

(11) Loki ေလးေယာက္
photo via screenrant

၂၀၁၂ Loki ေရာက္သြားတဲ့ ေနရာမွာေတာ့ ေနာက္ထပ္ Loki ဗားရွင္း ေလးမ်ိဴးကို ထပ္မံ ျမင္ေတြ႕လိုက္ရပါတယ္။ ပထမဆုံး တစ္ေယာက္ကေတာ့ အသက္ႀကီးေနတဲ့ Loki ျဖစ္ၿပီး Classic ဒီဇိုင္းနဲ႔ ျမင္ေတြ႕ခဲ့ရပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ Kid Loki ျဖစ္ပါတယ္။ ေကာမစ္တစ္ခုထဲမွာေတာ့ Loki ဟာ ေသဆုံးသြားၿပီး ကေလးတစ္ေယာက္အေနနဲ႔ ျပန္လည္ အသက္ရွင္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း Kid Loki ဟာ သူ႔ရဲ႕အရင္ဘဝက အေၾကာင္းအရာအမ်ားစုကို မမွတ္မိေတာ့တဲ့အျပင္ Young Avengers အဖြဲ႕ဝင္ေတာင္ ျဖစ္ခဲ့ဖူးပါတယ္။

ေနာက္တစ္ေယာက္ကေတာ့ ဝတ္ဆင္ထားတဲ့ ဒီဇိုင္းကလည္း တျခား Loki ေတြနဲ႔ လုံးဝကြာျခားၿပီး တူတစ္လက္ကို ကိုင္ေဆာင္ထားတာ ျမင္ေတြ႕ခဲ့ရပါတယ္။ တခ်ိဳ႕ပရိသတ္ေတြကေတာ့ အဲ့ဒီတူဟာ Thor ရဲ႕ Mjolnir လို႔ ယူဆေနၾကၿပီး သူ႔ရဲ႕ ဒီဇိုင္းကေတာ့ ကြၽန္ေတာ္တို႔ ျမင္ဖူးခဲ့တဲ့ Mjolnir နဲ႔ အေတာ္ေလး ကြာျခားေနပါေသးတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အသစ္ထြက္ရွိလာမယ့္ အပိုင္းေတြထဲမွာေတာ့ ရွင္းျပသြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ေနာက္ဆုံးတစ္ေယာက္ကေတာ့ အားလုံးထဲက အထူးဆန္းဆုံးလို႔ ေျပာလို႔ရတဲ့ မိေက်ာင္း Loki ပဲ ျဖစ္ပါတယ္။

ဒါကေတာ့ Loki ဇာတ္လမ္းတြဲရဲ႕ အပိုင္း(၄) နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့ ျမႇဳပ္ကြက္ေလးေတြကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular