HomeEntertainmentFilmLoki အပိုင်း(၅)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ

Loki အပိုင်း(၅)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ

***Spoiler Alert***

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Loki ဇာတ်လမ်းတွဲရဲ့ အပိုင်း (၅)ဟာ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီအပိုင်းထဲမှာတော့ Loki ရဲ့ ဗားရှင်းအမျိူးမျိူးကို သေချာမြင်တွေ့ခဲ့ရပြီး Sylvie ကလည်း ၂၀၁၂ Loki နောက်ကို လိုက်သွားပါတယ်။ အပိုင်း(၅)ထဲမှာ ထပ်မံသိလိုက်ရတဲ့ အချက်ကတော့ TVA ရဲ့ ဖျောက်ဖျက်တာ ခံလိုက်ရသူတွေဟာ သူတို့ရဲ့ ဖြစ်တည်မှု တန်းပျောက်သွားတာ မဟုတ်ဘဲ အချိန်တွေရဲ့ အဆုံးသတ် ဗလာနတ္ထိကို ရောက်သွားတယ်ဆိုတာပါပဲ။ အဲ့ဒီဗလာနတ္ထိထဲမှာတော့ Loki ၊ Sylvie နဲ့ Mobius တို့ ပြန်လည်တွေ့ဆုံခဲ့ကြပါတယ်။ ဒီလို စိတ်ဝင်စားစရာ အချက်တွေအပြင် အရင်ထွက်ရှိခဲ့တဲ့ အပိုင်းတွေထက် ဒီအပိုင်းမှာတော့ Easter Egg တွေ ပိုမိုပါဝင်လာတာ တွေ့ရပါတယ်။

(1) Journey Into Mystery
photo via screenrant

အသစ်ထွက်ရှိလာတဲ့ အပိုင်း(၅)ရဲ့ ခေါင်းစဉ်ကတော့ “Journey Into Mystery” ဖြစ်ပြီးတော့ ဒီခေါင်းစဉ်ကိုယ်တိုင်က  Easter Egg ဖြစ်နေပါတယ်။ Journey Into Mystery ကတော့ ၁၉၅၀ ကျော်လောက်မှာ စတင်ထွက်ရှိခဲ့တဲ့ ကောမစ်စီးရီး ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာတော့ အဲ့ဒီကောမစ်စီးရီးထဲမှာပဲ Thor နဲ့ Loki တို့ နှစ်ယောက်ဟာ Marvel ကောမစ်ဇာတ်ကောင်တွေ စတင်ဖြစ်လာခဲ့တာပါ။

(2) Qeng Enterprises
photo via screenrant

အပိုင်း(၄)ရဲ့ Credit Scene ထဲမှာ ပါဝင်ခဲ့တဲ့ Avengers တာဝါကြီးကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အပိုင်း(၅)ထဲမှာတော့ အဲ့ဒီတာဝါကို အနီးကပ်ရိုက်ပြသွားပြီး Avengers လိုဂိုမဟုတ်ဘဲ Qeng ဆိုတဲ့ စာလုံးကြီးကို မြင်တွေ့ခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers ကောမစ်ထဲမှာတော့ Tony Stark ဟာ Avengers တာဝါကို Qeng Enterprises ကို ရောင်းချခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ Qeng Enterprises ရဲ့ CEO ဟာ Mr. Gryphon ဖြစ်ပြီး တကယ်တော့ အဲ့ဒီ Mr. Gryphon ဟာ (၂၁)ရာစုမှာ ပိတ်မိနေတဲ့ Kang the Conqueror ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Kang ရဲ့ Nexus Event ဟာ MCU ထဲမှာ ဖြစ်ပျက်ပြီးသွားပြီလို့ ဆိုလိုချင်တာ ဖြစ်နိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေကတော့ ပရိသတ်အများစု ထင်နေကြသလို TVA ကို နောက်ကွယ်က ထိန်းချုပ်နေသူဟာ Kang ဖြစ်နေတယ်ဆိုတဲ့ အချက်ကို အရိပ်အမြွက် ပြသသွားတာလည်း ဖြစ်နိုင်ပါတယ်။

(3) Alioth
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ TVA ဟာ အချိန်ကွဲတစ်ယောက်ရဲ့ ဖြစ်တည်မှုကို ဖျောက်ဖျက်လိုက်တဲ့အချိန်မှာ ဒီအတိုင်းတန်းပျောက်သွားတာ မဟုတ်ဘဲ အချိန်တွေအားလုံးရဲ့ အဆုံးသတ် ဗလာနတ္ထိထဲကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ အဲ့ဒီဗလာနတ္ထိထဲမှာတော့ Alioth တည်ရှိနေပြီး ဗလာနတ္ထိထဲကို ရောက်လာသမျှ အရာအားလုံးကို ဖျက်ဆီးပစ်တဲ့ သတ္တဝါကြီးလို့ ပြောလို့ရပါတယ်။

Alioth ကိုတော့ မီးခိုးတိမ်တိုက်လို ပုံစံမျိူးနဲ့ မြင်တွေ့ရပါတယ်။ ကောမစ်ထဲမှာဆိုရင်လည်း Alioth ဟာ အနီ‌ရောင်မျက်လုံးနှစ်လုံးနဲ့ ခရမ်းရောင် မီးခိုးတိမ်တိုက်ပုံစံမျိူးပဲ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ Alioth ဟာ Marvel ကောမစ်ထဲမှာ Kang ရဲ့ ပြိုင်ဘက်အနေနဲ့ စတင်ပါဝင်လာခဲ့ပါတယ်။

(4) Yellowjacket ရဲ့ ခေါင်းစွပ်
photo via screenrant

ဗလာနတ္ထိထဲကို စတင်ရောက်သွားတဲ့အချိန်မှာတော့ ၂၀၁၂ Loki ကို တခြားLoki လေးယောက်က လာခေါ်ပြီး သူတို့နေထိုင်နေတဲ့နေရာကို ခေါ်လာခဲ့ပါတယ်။ သူတို့ နေထိုင်နေတဲ့ နေရာကို ရောက်ဖို့အတွက် လမ်းလျှောက်လာတဲ့ အချိန်မှာတော့ လူခေါင်းနဲ့ ဆင်တူတဲ့ ကျောက်တုံးတွေနဲ့ Yellowjacket ရဲ့ ကြီးမားတဲ့ ခေါင်းစွပ်ကိုလည်း တွေ့ခဲ့ရပါတယ်။

Yellowjacket ကတော့ Ant-Man 1 ထဲမှာ ဗီလိန်အဖြစ် ပါဝင်ခဲ့ပြီး နောက်ထပ်ရုပ်ရှင်တွေထဲမှာ ထပ်မံ မတွေ့ရသေးပါဘူး။ ဒါပေမယ့်လည်း Yellowjacket ရဲ့ခေါင်းစွပ်ကို ဗလာနတ္ထိထဲမှာ တွေ့ခဲ့ရတာကြောင့် တခြား Timeline တစ်ခုခုက Yellowjacket ဟာ Nexus Event ကို ဖန်တီးခဲ့လို့ TVA က ဖျောက်ဖျက်ပစ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ နောက်ထပ်တစ်ခုကတော့ Ant-Man 1 ထဲမှာ မြင်ခဲ့ရတဲ့ Yellowjacket ကပဲ အချိန်တွေအားလုံးရဲ့ အဆုံးသတ်ကို ရောက်ဖို့အတွက် Quantum Realm ကို ဖြတ်သန်းခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

(5) Thanos-Copter
photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုမျိူး Loki တွေက လမ်းလျှောက်လာတဲ့အချိန်မှာတော့ နောက်ထပ် Easter Egg တစ်ခုကို ထပ်မံတွေ့ရှိခဲ့ရပါတယ်။ အဲ့ဒါကတော့ Thanos ဆိုတဲ့ စာတန်းပါတဲ့ အဝါရောင် ဟယ်လီကော်ပတာတစ်စီးပဲ ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကောမစ်တွေထဲမှာတော့ Thanos ဟာ ဟယ်လီကော်ပတာ စီးရတာကို သဘောကျခဲ့ပါတယ်။ အဲ့ဒီဟယ်လီကော်ပတာကိုတော့ Thanos-Copter လို့ ခေါ်ပါတယ်။

ဒါပေမယ့်လည်း Thanos လို လူကောင်အကြီးကြီးက ဒီဟယ်လီကော်ပတာလေးကို စီးနင်းတာဟာ ရယ်ချင်စရာ ဖြစ်နေပြီး စာဖတ်သူတွေကလည်း အဲ့ဒီအချက်ကို လှောင်ပြောင်ခဲ့ကြပါတယ်။ ပရိသတ်တွေက မကြိုက်ကြတာကြောင့် နောက်ထပ် ကောမစ်တွေမှာတော့ Thanos-Copter မပါဝင်လာတော့ဘဲ ပရိသတ်တွေလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပါတယ်။ အခုချိန်မှာတော့ ဗလာနတ္ထိထဲမှာ Thanos-Copter ကို မြင်တွေ့ခဲ့ရတာကြောင့် အချိန်ကွဲ Thanos တစ်ယောက်ဟာ ဟယ်လီကော်ပတာနဲ့ ခရီးသွားရတာကို ကြိုက်ပြီး TVA လက်ချက်မိသွားတယ်လို့ ယူဆနိုင်ပါတယ်။

(6) TVA ရဲ့ အပျင်းကြီးတဲ့ Minute Men များ
photo via screenrant

၂၀၁၂ Loki ကို တခြား Loki တွေက သူတို့နေထိုင်တဲ့ နေရာကို ခေါ်သွားပြီး မြေအောက်ထဲကို ဆင်းကြတဲ့အချိန်မှာတော့ TVA က တစ်ခါစား ပုံစံခွက်တွေ၊ အအေးဘူးတွေနဲ့ အမှိုက်တွေများစွာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီအမှိုက်တွေကတော့ ဘာ Nexus Event ကိုမှ ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့်ပဲ ဖြစ်နိုင်တာတစ်ခုကတော့ TVA က Minute Men တွေဟာ သူတို့ရဲ့ အမှိုက်တွေကို သေချာစွန့်ပစ်ရမှာ ပျင်းတာကြောင့် ဖြစ်တည်မှုကို ဖျောက်ဖျက်ပစ်လိုက်တာ ဖြစ်နိုင်ပါတယ်။ ပုံမှန် Minute Men တွေကတော့ သူတို့ရဲ့ လက်နက်ကို သုံးလိုက်ရင် ဖြစ်တည်မှုတစ်ခုလုံးကို တန်းပြီးဖျောက်ဖျက်လိုက်တယ်လို့ ယုံကြည်ကြတာကြောင့် ဒါဟာ ပိုပြီးတော့တောင် ဖြစ်နိုင်ပါသေးတယ်။

(7) Mjolnir & Throg
photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုပဲ Loki တွေ မြေအောက်ထဲကို ဆင်းသွားကြတဲ့အချိန်မှာ အမှိုက်တွေကိုပဲ မြင်ခဲ့ရတာ မဟုတ်ဘဲ Thor ရဲ့ တူဖြစ်တဲ့ Mjolnir ကိုပါ မြင်လိုက်ရပါတယ်။ ဗလာနတ္ထိထဲမှာ Mjolnir ကို မြင်ခဲ့ရတယ် ဆိုကတည်းက Mjolnir ရဲ့ ပိုင်ရှင်ဟာ TVA လက်ချက်မိသွားတာပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Thor ပုံစံနဲ့ ဖားတစ်ကောင်ကို ဖန်ပုလင်းတစ်ခုထဲမှာ မြင်တွေ့ခဲ့ရပါသေးတယ်။

ကောမစ်ထဲမှာတော့ သူဟာ Simon Walterson ဆိုတဲ့ သာမန်လူတစ်ယောက် ဖြစ်ပြီး မှော်ပညာကြောင့် ဖားတစ်ကောင်အဖြစ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Mjolnir ကို ကိုင်ဆောင်ခဲ့ပြီး Thor ရဲ့ အစွမ်းတွေကို ရရှိခဲ့ကာ Throg ဖြစ်လာခဲ့ပါတယ်။ MCU ထဲမှာတော့ သူကလည်း TVA လက်ချက်ကြောင့် ဗလာနတ္ထိထဲကို ရောက်နေတဲ့ အချိန်ကွဲတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီဖန်ပုလင်းပေါ်မှာ ရေးထားတဲ့ T365 ဆိုတာကလည်း Easter Egg ပဲ ဖြစ်ပါတယ်။ Throg ကတော့ ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thor #365 မှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပြီး ဖန်ပုလင်းပေါ်က နံပါတ်ဟာ ဒီအချက်ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

(8) Roxxiwine
photo via screenrant

Loki တွေဟာ သူတို့နေထိုင်တဲ့ နေရာကို ရောက်တဲ့အချိန်မှာတော့ Roxxiwine လို့ တံဆိပ်တပ်ထားတဲ့ ဘူးတွေကို သောက်နေကြပါတယ်။ ဒီဇာတ်လမ်းတွဲထဲက အရင်အပိုင်းထဲမှာတော့ Roxxcart လို့ခေါ်တဲ့ Mall တစ်ခုကို မြင်တွေ့ခဲ့ရပါသေးတယ်။ ဒီအချက်ကတော့ Marvel ကောမစ်ထဲမှာ ပါဝင်တဲ့ Roxxon Corporation ကို ရည်ညွှန်းတာဖြစ်ပြီး အဲ့ဒီ Roxxon ဟာ ဒုစရိုက်မှုတွေများစွာရဲ့ နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

(9) Polybius
photo via screenrant

တကယ့်လက်တွေ့ဘဝမှာ လူသားတွေအတွက် အဖြေမရှိတဲ့ အရာတွေဖြစ်တဲ့ UFO တို့လို အရာတွေနဲ့ တခြားအရာတွေကိုလည်း ဗလာနတ္ထိထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ Loki တို့ နေထိုင်နေတဲ့ မြေအောက်စခန်းထဲကို နောက်ထပ် Loki တစ်ယောက်ဟာ သူ့ရဲ့အဖွဲ့နဲ့ ဝင်ရောက်လာပြီး တိုက်ခိုက်ကြတဲ့အချိန်မှာတော့ Polybius လို့ရေးထားတဲ့ ဂိမ်းစက်တစ်လုံးကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါဟာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ Easter Egg တစ်ခု ဖြစ်ပြီး တကယ်လက်တွေ့မှာတော့ Polybius ဆိုတဲ့ ဂိမ်းစက်ဟာ ဘယ်တုန်းကမှ မတည်ရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း အဲ့ဒီဂိမ်းစက်ဟာ ပါးစပ်ပြောရာဇဝင်တွေထဲမှာတော့ အဓိကနေရာက ပါဝင်ခဲ့ပါတယ်။

ပါးစပ်ပြော ရာဇဝင်တွေအရဆိုရင်တော့ Polybius ဂိမ်းစက်မှာ ကစားလိုက်တဲ့ ဘယ်သူမဆို အဲ့ဒီဂိမ်းစက်ကို အလွန်စွဲလန်းသွားစေပါတယ်။ ဒါ့အပြင် တချို့လူတွေကတော့ ဒီဂိမ်းစက်ဟာ လူတွေပေါ်မှာ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်ဖို့အတွက် အစိုးရက ဖန်တီးထားတာလို့လည်း ပြောကြပါတယ်။

ဒါ့အပြင် အဲ့ဒီပြောစကားတွေအရဆိုရင် ဒီဂိမ်းစက်ဟာ ၁၉၈၁ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ Oregon ပြည်နယ်၊ Portland မြို့မှာ တစ်လလောက် တည်ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ပျောက်ကွယ်သွားတယ်လို့ သိရပါတယ်။ အပိုင်း (၅)ထဲမှာတော့ အဲ့ဒီဂိမ်းစက်ဟာ ဗလာနတ္ထိထဲကို ရောက်ရှိနေတာကြောင့် MCU ထဲမှာတော့ ဒီဂိမ်းစက်တွေ ပျောက်ကွယ်သွားတဲ့ အကြောင်းအရင်းဟာ TVA က ဖျောက်ဖျက်တယ်လို့ ယူဆနိုင်ပါတယ်။

(10) Ecto Cooler Hi-C
photo via screenrant

Loki ဇာတ်လမ်းတွဲဟာ အခုခေတ်မှာ မရနိုင်တော့ဘဲ အရင်ခေတ်က ရေပန်းစားခဲ့တဲ့ အချိူရည်တွေကို Easter Egg အဖြစ် အကြိမ်ကြိမ် အသုံးပြုထားပါတယ်။ ပထမဆုံး တွေ့ခဲ့ရတာတော့ Mobius သောက်နေတဲ့ Josta ဖြစ်ပြီး ဒုတိယကတော့ Casey သောက်နေတဲ့ Boku အချိူရည်ပဲ ဖြစ်ပါတယ်။ အပိုင်း (၅)ထဲမှာတော့ Kid Loki ကလည်း Ecto Cooler Hi-C ဆိုတဲ့ အချိူရည်ကို သောက်သုံးနေတာ တွေ့ရပါတယ်။ အဲ့ဒီအချိူရည်ကတော့ ၁၉၈၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

(11) Infinity War ထဲမှာ Loki တကယ်ပဲ သေဆုံးခဲ့သလား?
photo via screenrant

အပိုင်း (၅)ထဲမှာတော့ Loki တွေဟာ ဘယ်လို အဖြစ်အပျက်တွေကြောင့် အခုလိုဗလာနတ္ထိထဲကို ရောက်ရှိလာကြလည်းဆိုတာကို ပြောပြခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာတော့ Classic Loki ဟာ Dagger ကို အသုံးမပြုဘဲ သူ့ရဲ့မှော်ပညာကို ပိုမိုအစွမ်းထက်လာအောင် လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း Classic Loki ဟာ Thanos တောင် ယုံကြည်သွားခဲ့တဲ့ ပုံရိပ်ယောင်ကို ဖန်တီးကာ သူ့ရဲ့ သေဆုံးခြင်းအတုကို ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ သူဟာ အားလုံးနဲ့ ဝေးရာကို တစ်ယောက်တည်း ထွက်သွားခဲ့ပြီး နှစ်တွေအရမ်းကြာပြီး အထီးကျန်လာတော့မှသာ Thor ဆီကို ပြန်လာဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအချိန်မှသာ Classic Loki ကို TVA က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Infinity War ထဲက Loki ရဲ့ သေဆုံးမှုဟာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ Classic Loki တောင် Thanos လက်က လွတ်မြောက်နိုင်ခဲ့တယ်ဆိုရင် Infinity War ထဲက Loki ဟာလည်း သူ့ရဲ့မှော်ပညာကို လေ့ကျင့်ထားမယ်ဆိုရင် Thanos လက်ထဲက လွတ်မြောက်နိုင်ခဲ့မှာပါပဲ။

(12) Vote Loki
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Kid Loki ၊ Classic Loki ၊ မိကျောင်း Loki နဲ့ ၂၀၁၂ Loki တို့ကို နောက်ထပ် Loki တစ်စုက လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီအုပ်စုရဲ့ ခေါင်းဆောင်ကတော့ Vote Loki ဆိုတဲ့ ကောမစ်ထဲက Loki အတိုင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ နောက်လိုက်တွေကလည်း တစ်ယောက်တစ်မျိူး ပုံစံမတူညီကြပေမယ့်လည်း အကုန်လုံးက Loki တွေပဲလို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် ညာဘက်က ရေတွက်လိုက်ရင် ဒုတိယမြောက် တစ်ယောက်ဟာ TVA မှာ မြင်တွေ့ခဲ့ရတဲ့ အချိန်ကွဲ Loki ဖိုင်တွေထဲက တစ်ယောက် ဖြစ်ပါတယ်။

(13) Pizza Planet Truck
photo via screenrant

အခုချိန်မှာတော့ Marvel ၊ Pixar တို့လို ရုပ်ရှင်စတူဒီယိုတွေဟာ Disney ရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်နေပါပြီ။ အပိုင်း (၅)ထဲမှာ Mobius က Sylvie ကို လာရောက်ကယ်တင်တဲ့ အခန်းမှာတော့ Mobius မောင်းလာတဲ့ ကားဟာ Pixar ရုပ်ရှင်တိုင်းမှာ ပါဝင်တဲ့ Pizza Planet Truck နဲ့ ဆင်တူနေပါတယ်။ Pixar ရုပ်ရှင်တွေထဲမှာ မြင်တွေ့ခဲ့ရတဲ့အတိုင်း တထပ်တည်းတော့ မတူညီပေမယ့်လည်း ဒီအချက်ကို Easter Egg လို့ ယူဆလိုက်ရင် Crossover Easter Egg လို့တောင် ပြောလို့ရပါတယ်။

(14) Hula Girl အရုပ်လေး
photo via screenrant

Mobius မောင်းလာတဲ့ ကားရဲ့ ဒက်ရှ်ဘုတ်ပေါ်မှာလည်း Hula Girl အရုပ်လေးကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအရုပ်လေးကတော့ အပြင်လောကမှာလည်း နေရာအနှံ့အပြားမှာ အသုံးပြုကြသလို MCU ရုပ်ရှင်တွေထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ ပထမဆုံးကတော့ Agents of SHIELD ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့ပြီး WandaVision ထဲမှာလည်း Vision နဲ့ Darcy တို့ မောင်းလာတဲ့ ကားပေါ်မှာလည်း ပါဝင်ခဲ့ပါသေးတယ်။

(15) USS Eldridge
photo via screenrant

အပိုင်း (၅)ထဲမှာ လေပေါ်ကနေ သင်္ဘောကြီး ပြုတ်ကျလာတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒီအပိုင်းထဲမှာတော့ ဗလာနတ္ထိထဲကို အဲ့ဒီသင်္ဘောကြီး ရောက်လာလာချင်းမှာပဲ Alioth က စားသုံးလိုက်ပါတယ်။ အဲ့ဒီသင်္ဘောဟာ တကယ့်လက်တွေ့ဘဝမှာလည်း တကယ်ရှိခဲ့တဲ့ သင်္ဘောတစ်စီးဖြစ်ပြီး USS Eldridge လို့ ခေါ်ပါတယ်။

ပါးစပ်ပြောရာဇဝင်တွေအရ အမေရိကန်အစိုးရဟာ အဲ့ဒီသင်္ဘောကို ကိုယ်ပျောက်နိုင်အောင် “Philadelphia” လို့ခေါ်တဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း ဒါဟာ အခုချိန်မှာတော့ ပါးစပ်ပြောရာဇဝင်သက်သက်ပဲ ဖြစ်နေပြီး ဘယ်သူမှ သက်သေအခိုင်အမာ မပြနိုင်သလို အမေရိကန်အစိုးရကလည်း ဒီစမ်းသပ်မှုကို မပြုလုပ်ခဲ့ပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် MCU ထဲမှာတော့ ဒီသင်္ဘောဟာလည်း TVA လက်ချက်နဲ့ ဗလာနတ္ထိထဲကို ရောက်ရှိလာခဲ့တယ်လို့ ယူဆနိုင်ပါတယ်။

(16) GRN W1D
photo via screenrant

Mobius မောင်းလာတဲ့ ကားရဲ့ နံပါတ်ကိုတော့ GRN W1D လို့ မြင်တွေ့ခဲ့ရပါတယ်။ Mobius ဆိုတဲ့ ကောမစ်ဇာတ်ကောင်ကိုတော့ Marvel ရဲ့ ကောမစ်ရေးသားသူ Mark Gruenwald ရဲ့ ပုံစံအတိုင်း ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Gruenwald ဟာ Alioth ကို ပူးပေါင်းဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။ Mobius မောင်းလာတဲ့ ကားနံပါတ်ဖြစ်တဲ့ GRN W1D ကတော့ Gruenwald ကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။ အပိုင်း (၂)တုန်းကလည်း Gruenwald ရဲ့ မွေးရပ်မြေဖြစ်တဲ့ Oshkosh ၊ Wisconsin ကို Easter Egg အနေနဲ့ ထည့်သွင်းခဲ့ပါသေးတယ်။

(17) Ronan ရဲ့ ယာဉ်ပျံကြီး
photo via screenrant

Loki အဖွဲ့ဟာ Mobius နဲ့အတူ Alioth နဲ့ ရင်ဆိုင်ဖို့ အသင့်ပြင်နေတဲ့ အချိန်မှာတော့ သူတို့ရဲ့ရှေ့မှာ Guardians of the Galaxy ထဲက Ronan ရဲ့ ယာဉ်ပျံနဲ့ တူတဲ့အရာကြီးကို မြင်တွေ့လိုက်ရပါတယ်။ Ronan ရဲ့ အဲ့ဒီယာဉ်ပျံကြီးကတော့ Nova Corps တွေနဲ့ တိုက်ပွဲမှာ ပျက်စီးသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း တခြား Timeline တစ်ခုက Ronan ဟာ ထုံးစံအတိုင်းပဲ Nexus Event ကို ဖန်တီးခဲ့တာကြောင့် ဗလာနတ္ထိထဲကို ဒီယာဉ်ပျံကြီး ရောက်ရှိနေတာ ဖြစ်နိုင်ပါတယ်။

(18) The Living Tribunal
photo via screenrant

ဒီအပိုင်းထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ မျက်နှာနှစ်ခု ပါဝင်တဲ့ ကျောက်တုံးကြီးကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီကျောက်တုံးကြီးတွေကတော့ ကောမစ်ထဲက The Living Tribunal ရဲ့ ရုပ်တု ဖြစ်နိုင်ပါတယ်။ The Living Tribunal ကတော့ Multiverse ကြီးကို ညီမျှနေအောင် ထိန်းသိမ်းပေးနေတဲ့ Cosmic Entity တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအချက်ကိုတော့ Easter Egg အနေနဲ့ပဲ ထည့်သွင်းထားတာလား၊ ဒါမှမဟုတ် ဇာတ်လမ်းနဲ့ပါ ဆက်စပ်နေဦးမလား ဆိုတာကိုတော့ မသိရသေးပါဘူး။

(19) SHIELD ရဲ့ ယာဉ်ပျံကြီး
photo via screenrant

Loki နဲ့ Sylvie တို့ နှစ်ယောက် Alioth ကို ရင်ဆိုင်နေတဲ့ အချိန်မှာပဲ နောက်ကွယ်မှာတော့ SHIELD ရဲ့ ယာဉ်ပျံကြီးကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီယာဉ်ပျံကြီးကလည်း Easter Egg အနေနဲ့ ပါဝင်ထားပြီး Deadpool ရုပ်ရှင်ရဲ့ အဆုံးသတ်မှာလည်း အဲ့ဒီယာဉ်ပျံကြီးပေါ်မှာပဲ တိုက်ခိုက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဗလာနတ္ထိထဲက SHIELD ရဲ့ ယာဉ်ကတော့ ထုံးစံအတိုင်း SHIELD အဖွဲ့အစည်းက မလုပ်သင့်တဲ့ အရာတစ်ခုခုကို လုပ်မိသွားတာကြောင့် ဖြစ်ပါလိမ့်မယ်။

(20) Laevateinn
photo via screenrant

Sylvie ဟာ Alioth ကို ပြုစားဖို့အတွက် အာရုံလွှဲစရာတစ်ခု လိုအပ်နေတဲ့အချိန်မှာ‌တော့ Loki ဟာ Kid Loki ဆီက ရရှိခဲ့တဲ့ ဓားကို မီးလောင်အောင် ပြုလုပ်ပြီး Alioth ကို အာရုံလွှဲဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအချက်ကတော့ Norse ဒဏ္ဍာရီနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ Easter Egg တစ်ခုပဲ ဖြစ်ပါတယ်။ Norse ဒဏ္ဍာရီထဲမှာတော့ Loki ဟာ Laevateinn လို့ခေါ်တဲ့ လက်နက်ကို သူကိုယ်တိုင် သွန်းလုပ်ခဲ့ပြီး အဲ့ဒီလက်နက်ဟာ မီးလောင်နေတဲ့ ဓားလို့ သိရပါတယ်။

(21) TVA ကို နောက်ကွယ်က ကြိုးကိုင်နေသူ
photo via screenrant

အပိုင်း (၅)ရဲ့ အဆုံးသတ်မှာတော့ Sylvie နဲ့ Loki တို့ဟာ အောင်မြင်စွာနဲ့ Alioth ကို ပြုစားနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Alioth ဟာ Sylvie နဲ့ Loki တို့ကို TVA ကို ကြိုးကိုင်နေသူ နေထိုင်တဲ့နေရာဆီ သွားတဲ့လမ်းကို ပြသခဲ့ပါတယ်။ အဲ့ဒီနေရာကတော့ ဗလာနတ္ထိရဲ့ အကျော်မှာ တည်ရှိပြီးတော့ ရဲတိုက်ကြီးတစ်ခုပဲ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ပရိသတ်အများစုက ကြိုးကိုင်နေသူကို Kang the Conqueror လို့ ခန့်မှန်းထားကြပြီး တချို့ Easter Egg တွေကလည်း Kang the Conqueror ကို ပြသထားပါတယ်။ TVA ကို နောက်ကွယ်ကနေ ကြိုးကိုင်နေသူက ပရိသတ်တွေ ထင်နေကြတဲ့ Kang the Conqueror ဟုတ်လား၊ မဟုတ်လား ဆိုတာကိုတော့ အပိုင်း(၆) ထွက်လာရင် သိရတော့မှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

***Spoiler Alert***

ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ Loki ဇာတ္လမ္းတြဲရဲ႕ အပိုင္း (၅)ဟာ မၾကာေသးခင္ကပဲ ထြက္ရွိခဲ့ပါတယ္။ ဒီအပိုင္းထဲမွာေတာ့ Loki ရဲ႕ ဗားရွင္းအမ်ိဴးမ်ိဴးကို ေသခ်ာျမင္ေတြ႕ခဲ့ရၿပီး Sylvie ကလည္း ၂၀၁၂ Loki ေနာက္ကို လိုက္သြားပါတယ္။ အပိုင္း(၅)ထဲမွာ ထပ္မံသိလိုက္ရတဲ့ အခ်က္ကေတာ့ TVA ရဲ႕ ေဖ်ာက္ဖ်က္တာ ခံလိုက္ရသူေတြဟာ သူတို႔ရဲ႕ ျဖစ္တည္မႈ တန္းေပ်ာက္သြားတာ မဟုတ္ဘဲ အခ်ိန္ေတြရဲ႕ အဆုံးသတ္ ဗလာနတၳိကို ေရာက္သြားတယ္ဆိုတာပါပဲ။ အဲ့ဒီဗလာနတၳိထဲမွာေတာ့ Loki ၊ Sylvie နဲ႔ Mobius တို႔ ျပန္လည္ေတြ႕ဆုံခဲ့ၾကပါတယ္။ ဒီလို စိတ္ဝင္စားစရာ အခ်က္ေတြအျပင္ အရင္ထြက္ရွိခဲ့တဲ့ အပိုင္းေတြထက္ ဒီအပိုင္းမွာေတာ့ Easter Egg ေတြ ပိုမိုပါဝင္လာတာ ေတြ႕ရပါတယ္။

(1) Journey Into Mystery
photo via screenrant

အသစ္ထြက္ရွိလာတဲ့ အပိုင္း(၅)ရဲ႕ ေခါင္းစဥ္ကေတာ့ “Journey Into Mystery” ျဖစ္ၿပီးေတာ့ ဒီေခါင္းစဥ္ကိုယ္တိုင္က  Easter Egg ျဖစ္ေနပါတယ္။ Journey Into Mystery ကေတာ့ ၁၉၅၀ ေက်ာ္ေလာက္မွာ စတင္ထြက္ရွိခဲ့တဲ့ ေကာမစ္စီးရီး ျဖစ္ပါတယ္။ ၁၉၆၂ ခုႏွစ္မွာေတာ့ အဲ့ဒီေကာမစ္စီးရီးထဲမွာပဲ Thor နဲ႔ Loki တို႔ ႏွစ္ေယာက္ဟာ Marvel ေကာမစ္ဇာတ္ေကာင္ေတြ စတင္ျဖစ္လာခဲ့တာပါ။

(2) Qeng Enterprises
photo via screenrant

အပိုင္း(၄)ရဲ႕ Credit Scene ထဲမွာ ပါဝင္ခဲ့တဲ့ Avengers တာဝါႀကီးကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ အပိုင္း(၅)ထဲမွာေတာ့ အဲ့ဒီတာဝါကို အနီးကပ္႐ိုက္ျပသြားၿပီး Avengers လိုဂိုမဟုတ္ဘဲ Qeng ဆိုတဲ့ စာလုံးႀကီးကို ျမင္ေတြ႕ခဲ့ရပါတယ္။ ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Avengers ေကာမစ္ထဲမွာေတာ့ Tony Stark ဟာ Avengers တာဝါကို Qeng Enterprises ကို ေရာင္းခ်ခဲ့ပါတယ္။

စိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္ကေတာ့ Qeng Enterprises ရဲ႕ CEO ဟာ Mr. Gryphon ျဖစ္ၿပီး တကယ္ေတာ့ အဲ့ဒီ Mr. Gryphon ဟာ (၂၁)ရာစုမွာ ပိတ္မိေနတဲ့ Kang the Conqueror ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Kang ရဲ႕ Nexus Event ဟာ MCU ထဲမွာ ျဖစ္ပ်က္ၿပီးသြားၿပီလို႔ ဆိုလိုခ်င္တာ ျဖစ္ႏိုင္ပါတယ္။ ေနာက္ထပ္ ျဖစ္ႏိုင္ေခ်ကေတာ့ ပရိသတ္အမ်ားစု ထင္ေနၾကသလို TVA ကို ေနာက္ကြယ္က ထိန္းခ်ဳပ္ေနသူဟာ Kang ျဖစ္ေနတယ္ဆိုတဲ့ အခ်က္ကို အရိပ္အႁမြက္ ျပသသြားတာလည္း ျဖစ္ႏိုင္ပါတယ္။

(3) Alioth
photo via screenrant

အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ TVA ဟာ အခ်ိန္ကြဲတစ္ေယာက္ရဲ႕ ျဖစ္တည္မႈကို ေဖ်ာက္ဖ်က္လိုက္တဲ့အခ်ိန္မွာ ဒီအတိုင္းတန္းေပ်ာက္သြားတာ မဟုတ္ဘဲ အခ်ိန္ေတြအားလုံးရဲ႕ အဆုံးသတ္ ဗလာနတၳိထဲကို ေရာက္ရွိသြားတာ ျဖစ္ပါတယ္။ အဲ့ဒီဗလာနတၳိထဲမွာေတာ့ Alioth တည္ရွိေနၿပီး ဗလာနတၳိထဲကို ေရာက္လာသမွ် အရာအားလုံးကို ဖ်က္ဆီးပစ္တဲ့ သတၱဝါႀကီးလို႔ ေျပာလို႔ရပါတယ္။

Alioth ကိုေတာ့ မီးခိုးတိမ္တိုက္လို ပုံစံမ်ိဴးနဲ႔ ျမင္ေတြ႕ရပါတယ္။ ေကာမစ္ထဲမွာဆိုရင္လည္း Alioth ဟာ အနီ‌ေရာင္မ်က္လုံးႏွစ္လုံးနဲ႔ ခရမ္းေရာင္ မီးခိုးတိမ္တိုက္ပုံစံမ်ိဴးပဲ ျဖစ္ပါတယ္။ ၁၉၉၃ ခုႏွစ္မွာေတာ့ Alioth ဟာ Marvel ေကာမစ္ထဲမွာ Kang ရဲ႕ ၿပိဳင္ဘက္အေနနဲ႔ စတင္ပါဝင္လာခဲ့ပါတယ္။

(4) Yellowjacket ရဲ႕ ေခါင္းစြပ္
photo via screenrant

ဗလာနတၳိထဲကို စတင္ေရာက္သြားတဲ့အခ်ိန္မွာေတာ့ ၂၀၁၂ Loki ကို တျခားLoki ေလးေယာက္က လာေခၚၿပီး သူတို႔ေနထိုင္ေနတဲ့ေနရာကို ေခၚလာခဲ့ပါတယ္။ သူတို႔ ေနထိုင္ေနတဲ့ ေနရာကို ေရာက္ဖို႔အတြက္ လမ္းေလွ်ာက္လာတဲ့ အခ်ိန္မွာေတာ့ လူေခါင္းနဲ႔ ဆင္တူတဲ့ ေက်ာက္တုံးေတြနဲ႔ Yellowjacket ရဲ႕ ႀကီးမားတဲ့ ေခါင္းစြပ္ကိုလည္း ေတြ႕ခဲ့ရပါတယ္။

Yellowjacket ကေတာ့ Ant-Man 1 ထဲမွာ ဗီလိန္အျဖစ္ ပါဝင္ခဲ့ၿပီး ေနာက္ထပ္႐ုပ္ရွင္ေတြထဲမွာ ထပ္မံ မေတြ႕ရေသးပါဘူး။ ဒါေပမယ့္လည္း Yellowjacket ရဲ႕ေခါင္းစြပ္ကို ဗလာနတၳိထဲမွာ ေတြ႕ခဲ့ရတာေၾကာင့္ တျခား Timeline တစ္ခုခုက Yellowjacket ဟာ Nexus Event ကို ဖန္တီးခဲ့လို႔ TVA က ေဖ်ာက္ဖ်က္ပစ္ခဲ့တာ ျဖစ္ႏိုင္ပါတယ္။ ေနာက္ထပ္တစ္ခုကေတာ့ Ant-Man 1 ထဲမွာ ျမင္ခဲ့ရတဲ့ Yellowjacket ကပဲ အခ်ိန္ေတြအားလုံးရဲ႕ အဆုံးသတ္ကို ေရာက္ဖို႔အတြက္ Quantum Realm ကို ျဖတ္သန္းခဲ့တာလည္း ျဖစ္ႏိုင္ပါတယ္။

(5) Thanos-Copter
photo via screenrant

အေပၚမွာ ေဖာ္ျပထားသလိုမ်ိဴး Loki ေတြက လမ္းေလွ်ာက္လာတဲ့အခ်ိန္မွာေတာ့ ေနာက္ထပ္ Easter Egg တစ္ခုကို ထပ္မံေတြ႕ရွိခဲ့ရပါတယ္။ အဲ့ဒါကေတာ့ Thanos ဆိုတဲ့ စာတန္းပါတဲ့ အဝါေရာင္ ဟယ္လီေကာ္ပတာတစ္စီးပဲ ျဖစ္ပါတယ္။ ၁၉၇၉ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ ေကာမစ္ေတြထဲမွာေတာ့ Thanos ဟာ ဟယ္လီေကာ္ပတာ စီးရတာကို သေဘာက်ခဲ့ပါတယ္။ အဲ့ဒီဟယ္လီေကာ္ပတာကိုေတာ့ Thanos-Copter လို႔ ေခၚပါတယ္။

ဒါေပမယ့္လည္း Thanos လို လူေကာင္အႀကီးႀကီးက ဒီဟယ္လီေကာ္ပတာေလးကို စီးနင္းတာဟာ ရယ္ခ်င္စရာ ျဖစ္ေနၿပီး စာဖတ္သူေတြကလည္း အဲ့ဒီအခ်က္ကို ေလွာင္ေျပာင္ခဲ့ၾကပါတယ္။ ပရိသတ္ေတြက မႀကိဳက္ၾကတာေၾကာင့္ ေနာက္ထပ္ ေကာမစ္ေတြမွာေတာ့ Thanos-Copter မပါဝင္လာေတာ့ဘဲ ပရိသတ္ေတြလည္း ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္သြားၾကပါတယ္။ အခုခ်ိန္မွာေတာ့ ဗလာနတၳိထဲမွာ Thanos-Copter ကို ျမင္ေတြ႕ခဲ့ရတာေၾကာင့္ အခ်ိန္ကြဲ Thanos တစ္ေယာက္ဟာ ဟယ္လီေကာ္ပတာနဲ႔ ခရီးသြားရတာကို ႀကိဳက္ၿပီး TVA လက္ခ်က္မိသြားတယ္လို႔ ယူဆႏိုင္ပါတယ္။

(6) TVA ရဲ႕ အပ်င္းႀကီးတဲ့ Minute Men မ်ား
photo via screenrant

၂၀၁၂ Loki ကို တျခား Loki ေတြက သူတို႔ေနထိုင္တဲ့ ေနရာကို ေခၚသြားၿပီး ေျမေအာက္ထဲကို ဆင္းၾကတဲ့အခ်ိန္မွာေတာ့ TVA က တစ္ခါစား ပုံစံခြက္ေတြ၊ အေအးဘူးေတြနဲ႔ အမႈိက္ေတြမ်ားစြာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ဒီအမႈိက္ေတြကေတာ့ ဘာ Nexus Event ကိုမွ ဖန္တီးႏိုင္မွာ မဟုတ္ပါဘူး။

ဒါေၾကာင့္ပဲ ျဖစ္ႏိုင္တာတစ္ခုကေတာ့ TVA က Minute Men ေတြဟာ သူတို႔ရဲ႕ အမႈိက္ေတြကို ေသခ်ာစြန႔္ပစ္ရမွာ ပ်င္းတာေၾကာင့္ ျဖစ္တည္မႈကို ေဖ်ာက္ဖ်က္ပစ္လိုက္တာ ျဖစ္ႏိုင္ပါတယ္။ ပုံမွန္ Minute Men ေတြကေတာ့ သူတို႔ရဲ႕ လက္နက္ကို သုံးလိုက္ရင္ ျဖစ္တည္မႈတစ္ခုလုံးကို တန္းၿပီးေဖ်ာက္ဖ်က္လိုက္တယ္လို႔ ယုံၾကည္ၾကတာေၾကာင့္ ဒါဟာ ပိုၿပီးေတာ့ေတာင္ ျဖစ္ႏိုင္ပါေသးတယ္။

(7) Mjolnir & Throg
photo via screenrant

အေပၚမွာ ေဖာ္ျပထားသလိုပဲ Loki ေတြ ေျမေအာက္ထဲကို ဆင္းသြားၾကတဲ့အခ်ိန္မွာ အမႈိက္ေတြကိုပဲ ျမင္ခဲ့ရတာ မဟုတ္ဘဲ Thor ရဲ႕ တူျဖစ္တဲ့ Mjolnir ကိုပါ ျမင္လိုက္ရပါတယ္။ ဗလာနတၳိထဲမွာ Mjolnir ကို ျမင္ခဲ့ရတယ္ ဆိုကတည္းက Mjolnir ရဲ႕ ပိုင္ရွင္ဟာ TVA လက္ခ်က္မိသြားတာပဲ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Thor ပုံစံနဲ႔ ဖားတစ္ေကာင္ကို ဖန္ပုလင္းတစ္ခုထဲမွာ ျမင္ေတြ႕ခဲ့ရပါေသးတယ္။

ေကာမစ္ထဲမွာေတာ့ သူဟာ Simon Walterson ဆိုတဲ့ သာမန္လူတစ္ေယာက္ ျဖစ္ၿပီး ေမွာ္ပညာေၾကာင့္ ဖားတစ္ေကာင္အျဖစ္ ေျပာင္းလဲသြားတာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Mjolnir ကို ကိုင္ေဆာင္ခဲ့ၿပီး Thor ရဲ႕ အစြမ္းေတြကို ရရွိခဲ့ကာ Throg ျဖစ္လာခဲ့ပါတယ္။ MCU ထဲမွာေတာ့ သူကလည္း TVA လက္ခ်က္ေၾကာင့္ ဗလာနတၳိထဲကို ေရာက္ေနတဲ့ အခ်ိန္ကြဲတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ အဲ့ဒီဖန္ပုလင္းေပၚမွာ ေရးထားတဲ့ T365 ဆိုတာကလည္း Easter Egg ပဲ ျဖစ္ပါတယ္။ Throg ကေတာ့ ၁၉၈၆ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Thor #365 မွာ စတင္ပါဝင္လာခဲ့တာ ျဖစ္ၿပီး ဖန္ပုလင္းေပၚက နံပါတ္ဟာ ဒီအခ်က္ကို ဆိုလိုတာပဲ ျဖစ္ပါတယ္။

(8) Roxxiwine
photo via screenrant

Loki ေတြဟာ သူတို႔ေနထိုင္တဲ့ ေနရာကို ေရာက္တဲ့အခ်ိန္မွာေတာ့ Roxxiwine လို႔ တံဆိပ္တပ္ထားတဲ့ ဘူးေတြကို ေသာက္ေနၾကပါတယ္။ ဒီဇာတ္လမ္းတြဲထဲက အရင္အပိုင္းထဲမွာေတာ့ Roxxcart လို႔ေခၚတဲ့ Mall တစ္ခုကို ျမင္ေတြ႕ခဲ့ရပါေသးတယ္။ ဒီအခ်က္ကေတာ့ Marvel ေကာမစ္ထဲမွာ ပါဝင္တဲ့ Roxxon Corporation ကို ရည္ၫႊန္းတာျဖစ္ၿပီး အဲ့ဒီ Roxxon ဟာ ဒုစ႐ိုက္မႈေတြမ်ားစြာရဲ႕ ေနာက္ကြယ္မွာ ႀကိဳးကိုင္ေနတဲ့ အဖြဲ႕အစည္းတစ္ခုလည္း ျဖစ္ပါတယ္။

(9) Polybius
photo via screenrant

တကယ့္လက္ေတြ႕ဘဝမွာ လူသားေတြအတြက္ အေျဖမရွိတဲ့ အရာေတြျဖစ္တဲ့ UFO တို႔လို အရာေတြနဲ႔ တျခားအရာေတြကိုလည္း ဗလာနတၳိထဲမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ Loki တို႔ ေနထိုင္ေနတဲ့ ေျမေအာက္စခန္းထဲကို ေနာက္ထပ္ Loki တစ္ေယာက္ဟာ သူ႔ရဲ႕အဖြဲ႕နဲ႔ ဝင္ေရာက္လာၿပီး တိုက္ခိုက္ၾကတဲ့အခ်ိန္မွာေတာ့ Polybius လို႔ေရးထားတဲ့ ဂိမ္းစက္တစ္လုံးကိုလည္း ေတြ႕ခဲ့ရပါတယ္။ ဒါဟာလည္း စိတ္ဝင္စားဖို႔ေကာင္းတဲ့ Easter Egg တစ္ခု ျဖစ္ၿပီး တကယ္လက္ေတြ႕မွာေတာ့ Polybius ဆိုတဲ့ ဂိမ္းစက္ဟာ ဘယ္တုန္းကမွ မတည္ရွိခဲ့ပါဘူး။ ဒါေပမယ့္လည္း အဲ့ဒီဂိမ္းစက္ဟာ ပါးစပ္ေျပာရာဇဝင္ေတြထဲမွာေတာ့ အဓိကေနရာက ပါဝင္ခဲ့ပါတယ္။

ပါးစပ္ေျပာ ရာဇဝင္ေတြအရဆိုရင္ေတာ့ Polybius ဂိမ္းစက္မွာ ကစားလိုက္တဲ့ ဘယ္သူမဆို အဲ့ဒီဂိမ္းစက္ကို အလြန္စြဲလန္းသြားေစပါတယ္။ ဒါ့အျပင္ တခ်ိဳ႕လူေတြကေတာ့ ဒီဂိမ္းစက္ဟာ လူေတြေပၚမွာ စိတ္ပိုင္းဆိုင္ရာ စမ္းသပ္ဖို႔အတြက္ အစိုးရက ဖန္တီးထားတာလို႔လည္း ေျပာၾကပါတယ္။

ဒါ့အျပင္ အဲ့ဒီေျပာစကားေတြအရဆိုရင္ ဒီဂိမ္းစက္ဟာ ၁၉၈၁ ခုႏွစ္အတြင္း အေမရိကန္ႏိုင္ငံ Oregon ျပည္နယ္၊ Portland ၿမိဳ႕မွာ တစ္လေလာက္ တည္ရွိခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ေပ်ာက္ကြယ္သြားတယ္လို႔ သိရပါတယ္။ အပိုင္း (၅)ထဲမွာေတာ့ အဲ့ဒီဂိမ္းစက္ဟာ ဗလာနတၳိထဲကို ေရာက္ရွိေနတာေၾကာင့္ MCU ထဲမွာေတာ့ ဒီဂိမ္းစက္ေတြ ေပ်ာက္ကြယ္သြားတဲ့ အေၾကာင္းအရင္းဟာ TVA က ေဖ်ာက္ဖ်က္တယ္လို႔ ယူဆႏိုင္ပါတယ္။

(10) Ecto Cooler Hi-C
photo via screenrant

Loki ဇာတ္လမ္းတြဲဟာ အခုေခတ္မွာ မရႏိုင္ေတာ့ဘဲ အရင္ေခတ္က ေရပန္းစားခဲ့တဲ့ အခ်ိဴရည္ေတြကို Easter Egg အျဖစ္ အႀကိမ္ႀကိမ္ အသုံးျပဳထားပါတယ္။ ပထမဆုံး ေတြ႕ခဲ့ရတာေတာ့ Mobius ေသာက္ေနတဲ့ Josta ျဖစ္ၿပီး ဒုတိယကေတာ့ Casey ေသာက္ေနတဲ့ Boku အခ်ိဴရည္ပဲ ျဖစ္ပါတယ္။ အပိုင္း (၅)ထဲမွာေတာ့ Kid Loki ကလည္း Ecto Cooler Hi-C ဆိုတဲ့ အခ်ိဴရည္ကို ေသာက္သုံးေနတာ ေတြ႕ရပါတယ္။ အဲ့ဒီအခ်ိဴရည္ကေတာ့ ၁၉၈၉ ခုႏွစ္မွာ စတင္ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။

(11) Infinity War ထဲမွာ Loki တကယ္ပဲ ေသဆုံးခဲ့သလား?
photo via screenrant

အပိုင္း (၅)ထဲမွာေတာ့ Loki ေတြဟာ ဘယ္လို အျဖစ္အပ်က္ေတြေၾကာင့္ အခုလိုဗလာနတၳိထဲကို ေရာက္ရွိလာၾကလည္းဆိုတာကို ေျပာျပခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Classic Loki ဟာ Dagger ကို အသုံးမျပဳဘဲ သူ႔ရဲ႕ေမွာ္ပညာကို ပိုမိုအစြမ္းထက္လာေအာင္ ေလ့က်င့္ခဲ့တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္လည္း Classic Loki ဟာ Thanos ေတာင္ ယုံၾကည္သြားခဲ့တဲ့ ပုံရိပ္ေယာင္ကို ဖန္တီးကာ သူ႔ရဲ႕ ေသဆုံးျခင္းအတုကို ဖန္တီးခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူဟာ အားလုံးနဲ႔ ေဝးရာကို တစ္ေယာက္တည္း ထြက္သြားခဲ့ၿပီး ႏွစ္ေတြအရမ္းၾကာၿပီး အထီးက်န္လာေတာ့မွသာ Thor ဆီကို ျပန္လာဖို႔ ႀကိဳးစားခဲ့တယ္လို႔ သိရပါတယ္။ အဲ့ဒီအခ်ိန္မွသာ Classic Loki ကို TVA က ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Infinity War ထဲက Loki ရဲ႕ ေသဆုံးမႈဟာ ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါတယ္။ Classic Loki ေတာင္ Thanos လက္က လြတ္ေျမာက္ႏိုင္ခဲ့တယ္ဆိုရင္ Infinity War ထဲက Loki ဟာလည္း သူ႔ရဲ႕ေမွာ္ပညာကို ေလ့က်င့္ထားမယ္ဆိုရင္ Thanos လက္ထဲက လြတ္ေျမာက္ႏိုင္ခဲ့မွာပါပဲ။

(12) Vote Loki
photo via screenrant

အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ Kid Loki ၊ Classic Loki ၊ မိေက်ာင္း Loki နဲ႔ ၂၀၁၂ Loki တို႔ကို ေနာက္ထပ္ Loki တစ္စုက လာေရာက္တိုက္ခိုက္ခဲ့ပါတယ္။ အဲ့ဒီအုပ္စုရဲ႕ ေခါင္းေဆာင္ကေတာ့ Vote Loki ဆိုတဲ့ ေကာမစ္ထဲက Loki အတိုင္း ဖန္တီးထားတာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေနာက္လိုက္ေတြကလည္း တစ္ေယာက္တစ္မ်ိဴး ပုံစံမတူညီၾကေပမယ့္လည္း အကုန္လုံးက Loki ေတြပဲလို႔ ယူဆႏိုင္ပါတယ္။ ဒါ့အျပင္ ညာဘက္က ေရတြက္လိုက္ရင္ ဒုတိယေျမာက္ တစ္ေယာက္ဟာ TVA မွာ ျမင္ေတြ႕ခဲ့ရတဲ့ အခ်ိန္ကြဲ Loki ဖိုင္ေတြထဲက တစ္ေယာက္ ျဖစ္ပါတယ္။

(13) Pizza Planet Truck
photo via screenrant

အခုခ်ိန္မွာေတာ့ Marvel ၊ Pixar တို႔လို ႐ုပ္ရွင္စတူဒီယိုေတြဟာ Disney ရဲ႕ ပိုင္ဆိုင္မႈေတြ ျဖစ္ေနပါၿပီ။ အပိုင္း (၅)ထဲမွာ Mobius က Sylvie ကို လာေရာက္ကယ္တင္တဲ့ အခန္းမွာေတာ့ Mobius ေမာင္းလာတဲ့ ကားဟာ Pixar ႐ုပ္ရွင္တိုင္းမွာ ပါဝင္တဲ့ Pizza Planet Truck နဲ႔ ဆင္တူေနပါတယ္။ Pixar ႐ုပ္ရွင္ေတြထဲမွာ ျမင္ေတြ႕ခဲ့ရတဲ့အတိုင္း တထပ္တည္းေတာ့ မတူညီေပမယ့္လည္း ဒီအခ်က္ကို Easter Egg လို႔ ယူဆလိုက္ရင္ Crossover Easter Egg လို႔ေတာင္ ေျပာလို႔ရပါတယ္။

(14) Hula Girl အ႐ုပ္ေလး
photo via screenrant

Mobius ေမာင္းလာတဲ့ ကားရဲ႕ ဒက္ရွ္ဘုတ္ေပၚမွာလည္း Hula Girl အ႐ုပ္ေလးကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီအ႐ုပ္ေလးကေတာ့ အျပင္ေလာကမွာလည္း ေနရာအႏွံ႔အျပားမွာ အသုံးျပဳၾကသလို MCU ႐ုပ္ရွင္ေတြထဲမွာလည္း ပါဝင္ခဲ့ပါတယ္။ ပထမဆုံးကေတာ့ Agents of SHIELD ဇာတ္လမ္းတြဲထဲမွာ ပါဝင္ခဲ့ၿပီး WandaVision ထဲမွာလည္း Vision နဲ႔ Darcy တို႔ ေမာင္းလာတဲ့ ကားေပၚမွာလည္း ပါဝင္ခဲ့ပါေသးတယ္။

(15) USS Eldridge
photo via screenrant

အပိုင္း (၅)ထဲမွာ ေလေပၚကေန သေဘၤာႀကီး ျပဳတ္က်လာတာကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ဒီအပိုင္းထဲမွာေတာ့ ဗလာနတၳိထဲကို အဲ့ဒီသေဘၤာႀကီး ေရာက္လာလာခ်င္းမွာပဲ Alioth က စားသုံးလိုက္ပါတယ္။ အဲ့ဒီသေဘၤာဟာ တကယ့္လက္ေတြ႕ဘဝမွာလည္း တကယ္ရွိခဲ့တဲ့ သေဘၤာတစ္စီးျဖစ္ၿပီး USS Eldridge လို႔ ေခၚပါတယ္။

ပါးစပ္ေျပာရာဇဝင္ေတြအရ အေမရိကန္အစိုးရဟာ အဲ့ဒီသေဘၤာကို ကိုယ္ေပ်ာက္ႏိုင္ေအာင္ “Philadelphia” လို႔ေခၚတဲ့ စမ္းသပ္မႈတစ္ခု ျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ သို႔ေသာ္လည္း ဒါဟာ အခုခ်ိန္မွာေတာ့ ပါးစပ္ေျပာရာဇဝင္သက္သက္ပဲ ျဖစ္ေနၿပီး ဘယ္သူမွ သက္ေသအခိုင္အမာ မျပႏိုင္သလို အေမရိကန္အစိုးရကလည္း ဒီစမ္းသပ္မႈကို မျပဳလုပ္ခဲ့ပါဘူးလို႔ ျငင္းဆိုခဲ့ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ MCU ထဲမွာေတာ့ ဒီသေဘၤာဟာလည္း TVA လက္ခ်က္နဲ႔ ဗလာနတၳိထဲကို ေရာက္ရွိလာခဲ့တယ္လို႔ ယူဆႏိုင္ပါတယ္။

(16) GRN W1D
photo via screenrant

Mobius ေမာင္းလာတဲ့ ကားရဲ႕ နံပါတ္ကိုေတာ့ GRN W1D လို႔ ျမင္ေတြ႕ခဲ့ရပါတယ္။ Mobius ဆိုတဲ့ ေကာမစ္ဇာတ္ေကာင္ကိုေတာ့ Marvel ရဲ႕ ေကာမစ္ေရးသားသူ Mark Gruenwald ရဲ႕ ပုံစံအတိုင္း ဖန္တီးထားတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Gruenwald ဟာ Alioth ကို ပူးေပါင္းဖန္တီးခဲ့သူလည္း ျဖစ္ပါတယ္။ Mobius ေမာင္းလာတဲ့ ကားနံပါတ္ျဖစ္တဲ့ GRN W1D ကေတာ့ Gruenwald ကို ရည္ၫႊန္းတာပဲ ျဖစ္ပါတယ္။ အပိုင္း (၂)တုန္းကလည္း Gruenwald ရဲ႕ ေမြးရပ္ေျမျဖစ္တဲ့ Oshkosh ၊ Wisconsin ကို Easter Egg အေနနဲ႔ ထည့္သြင္းခဲ့ပါေသးတယ္။

(17) Ronan ရဲ႕ ယာဥ္ပ်ံႀကီး
photo via screenrant

Loki အဖြဲ႕ဟာ Mobius နဲ႔အတူ Alioth နဲ႔ ရင္ဆိုင္ဖို႔ အသင့္ျပင္ေနတဲ့ အခ်ိန္မွာေတာ့ သူတို႔ရဲ႕ေရွ႕မွာ Guardians of the Galaxy ထဲက Ronan ရဲ႕ ယာဥ္ပ်ံနဲ႔ တူတဲ့အရာႀကီးကို ျမင္ေတြ႕လိုက္ရပါတယ္။ Ronan ရဲ႕ အဲ့ဒီယာဥ္ပ်ံႀကီးကေတာ့ Nova Corps ေတြနဲ႔ တိုက္ပြဲမွာ ပ်က္စီးသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း တျခား Timeline တစ္ခုက Ronan ဟာ ထုံးစံအတိုင္းပဲ Nexus Event ကို ဖန္တီးခဲ့တာေၾကာင့္ ဗလာနတၳိထဲကို ဒီယာဥ္ပ်ံႀကီး ေရာက္ရွိေနတာ ျဖစ္ႏိုင္ပါတယ္။

(18) The Living Tribunal
photo via screenrant

ဒီအပိုင္းထဲက ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ မ်က္ႏွာႏွစ္ခု ပါဝင္တဲ့ ေက်ာက္တုံးႀကီးကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီေက်ာက္တုံးႀကီးေတြကေတာ့ ေကာမစ္ထဲက The Living Tribunal ရဲ႕ ႐ုပ္တု ျဖစ္ႏိုင္ပါတယ္။ The Living Tribunal ကေတာ့ Multiverse ႀကီးကို ညီမွ်ေနေအာင္ ထိန္းသိမ္းေပးေနတဲ့ Cosmic Entity တစ္ခုလည္း ျဖစ္ပါတယ္။ ဒီအခ်က္ကိုေတာ့ Easter Egg အေနနဲ႔ပဲ ထည့္သြင္းထားတာလား၊ ဒါမွမဟုတ္ ဇာတ္လမ္းနဲ႔ပါ ဆက္စပ္ေနဦးမလား ဆိုတာကိုေတာ့ မသိရေသးပါဘူး။

(19) SHIELD ရဲ႕ ယာဥ္ပ်ံႀကီး
photo via screenrant

Loki နဲ႔ Sylvie တို႔ ႏွစ္ေယာက္ Alioth ကို ရင္ဆိုင္ေနတဲ့ အခ်ိန္မွာပဲ ေနာက္ကြယ္မွာေတာ့ SHIELD ရဲ႕ ယာဥ္ပ်ံႀကီးကို ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီယာဥ္ပ်ံႀကီးကလည္း Easter Egg အေနနဲ႔ ပါဝင္ထားၿပီး Deadpool ႐ုပ္ရွင္ရဲ႕ အဆုံးသတ္မွာလည္း အဲ့ဒီယာဥ္ပ်ံႀကီးေပၚမွာပဲ တိုက္ခိုက္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ ဗလာနတၳိထဲက SHIELD ရဲ႕ ယာဥ္ကေတာ့ ထုံးစံအတိုင္း SHIELD အဖြဲ႕အစည္းက မလုပ္သင့္တဲ့ အရာတစ္ခုခုကို လုပ္မိသြားတာေၾကာင့္ ျဖစ္ပါလိမ့္မယ္။

(20) Laevateinn
photo via screenrant

Sylvie ဟာ Alioth ကို ျပဳစားဖို႔အတြက္ အာ႐ုံလႊဲစရာတစ္ခု လိုအပ္ေနတဲ့အခ်ိန္မွာ‌ေတာ့ Loki ဟာ Kid Loki ဆီက ရရွိခဲ့တဲ့ ဓားကို မီးေလာင္ေအာင္ ျပဳလုပ္ၿပီး Alioth ကို အာ႐ုံလႊဲဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒီအခ်က္ကေတာ့ Norse ဒ႑ာရီနဲ႔ တိုက္႐ိုက္ ပတ္သက္ေနတဲ့ Easter Egg တစ္ခုပဲ ျဖစ္ပါတယ္။ Norse ဒ႑ာရီထဲမွာေတာ့ Loki ဟာ Laevateinn လို႔ေခၚတဲ့ လက္နက္ကို သူကိုယ္တိုင္ သြန္းလုပ္ခဲ့ၿပီး အဲ့ဒီလက္နက္ဟာ မီးေလာင္ေနတဲ့ ဓားလို႔ သိရပါတယ္။

(21) TVA ကို ေနာက္ကြယ္က ႀကိဳးကိုင္ေနသူ
photo via screenrant

အပိုင္း (၅)ရဲ႕ အဆုံးသတ္မွာေတာ့ Sylvie နဲ႔ Loki တို႔ဟာ ေအာင္ျမင္စြာနဲ႔ Alioth ကို ျပဳစားႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Alioth ဟာ Sylvie နဲ႔ Loki တို႔ကို TVA ကို ႀကိဳးကိုင္ေနသူ ေနထိုင္တဲ့ေနရာဆီ သြားတဲ့လမ္းကို ျပသခဲ့ပါတယ္။ အဲ့ဒီေနရာကေတာ့ ဗလာနတၳိရဲ႕ အေက်ာ္မွာ တည္ရွိၿပီးေတာ့ ရဲတိုက္ႀကီးတစ္ခုပဲ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ ပရိသတ္အမ်ားစုက ႀကိဳးကိုင္ေနသူကို Kang the Conqueror လို႔ ခန႔္မွန္းထားၾကၿပီး တခ်ိဳ႕ Easter Egg ေတြကလည္း Kang the Conqueror ကို ျပသထားပါတယ္။ TVA ကို ေနာက္ကြယ္ကေန ႀကိဳးကိုင္ေနသူက ပရိသတ္ေတြ ထင္ေနၾကတဲ့ Kang the Conqueror ဟုတ္လား၊ မဟုတ္လား ဆိုတာကိုေတာ့ အပိုင္း(၆) ထြက္လာရင္ သိရေတာ့မွာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular