HomeEntertainmentFilmDoctor Strange 2 မှာ ထပ်မံပါဝင်လာဦးမယ်လို့ သတင်းထွက်နေတဲ့ Loki

Doctor Strange 2 မှာ ထပ်မံပါဝင်လာဦးမယ်လို့ သတင်းထွက်နေတဲ့ Loki

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။
SPOILER ALERT

Loki ဇာတ်လမ်းတွဲရဲ့ Season 1 ပြီးဆုံးသွားတဲ့ အချိန်မှာတော့ Tom Hiddleston ဟာ Doctor Strange in the Multiverse of Madness ထဲမှာလည်း Loki အနေနဲ့ ထပ်မံပါဝင်လာဦးမယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ MCU ရုပ်ရှင်နှစ်ကားဟာ Doctor Strange 2 နဲ့ Spider-Man: No Way Home တို့ပဲ ဖြစ်ပါတယ်။

photo via screenrant

ဒါပေမယ့်လည်း အဲ့ဒီရုပ်ရှင်နှစ်ကားနဲ့ ပတ်သက်ပြီး ဇာတ်လမ်းပိုင်းကိုတော့ ဘာကိုမှ သိပ်ပြီး မသိရသေးပါဘူး။ သိထားရသလောက် ဆိုရင်တော့ Doctor Strange 2 ထဲမှာ Elizabeth Olsen ကလည်း Scarlet Witch အနေနဲ့ ပါဝင်လာမှာ ဖြစ်ပြီး ဟီးရိုးအနေနဲ့လား၊ ဗီလိန်အနေနဲ့လားဆိုတာ မသေချာသေးပါဘူး။

The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ ပရိသတ်တွေ စောင့်မျှော်နေတဲ့ Doctor Strange in the Multiverse of Madness ထဲမှာ Loki လည်း ပါဝင်လာဦးမယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ ဒီသတင်းကို Marvel က အတည်မပြုရသေးပါဘူး။ ဒါ့အပြင် Marvel ဟာ Loki ဇာတ်လမ်းတွဲထဲက တခြားဇာတ်ကောင်တွေရဲ့ အနာဂတ်ကိုလည်း မကြေညာသေးပါဘူး။

photo via screenrant

Loki ဇာတ်လမ်းတွဲရဲ့ Season 1 အပြီးမှာတော့ Kang the Conqueror ရဲ့ ဗားရှင်းအမျိူးမျိူးဟာ အနာဂတ် MCU ဇာတ်လမ်းတွေထဲမှာ ဗီလိန်အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ Doctor Strange in the Multiverse of Madness ဟာလည်း MCU ရဲ့ Multiverse တွေကို ပြသသွားမှာ ဖြစ်တာကြောင့် Kang ရဲ့ ဗားရှင်းတစ်မျိူးမျိူးကလည်း ဗီလိန်အနေနဲ့ ပါဝင်လာနိုင်ပါသေးတယ်။

Legos

Source: Screenrant

(Zawgyi Version)
SPOILER ALERT

Loki ဇာတ္လမ္းတြဲရဲ႕ Season 1 ၿပီးဆုံးသြားတဲ့ အခ်ိန္မွာေတာ့ Tom Hiddleston ဟာ Doctor Strange in the Multiverse of Madness ထဲမွာလည္း Loki အေနနဲ႔ ထပ္မံပါဝင္လာဦးမယ္လို႔ သိရပါတယ္။ ေလာေလာဆယ္မွာေတာ့ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ MCU ႐ုပ္ရွင္ႏွစ္ကားဟာ Doctor Strange 2 နဲ႔ Spider-Man: No Way Home တို႔ပဲ ျဖစ္ပါတယ္။

photo via screenrant

ဒါေပမယ့္လည္း အဲ့ဒီ႐ုပ္ရွင္ႏွစ္ကားနဲ႔ ပတ္သက္ၿပီး ဇာတ္လမ္းပိုင္းကိုေတာ့ ဘာကိုမွ သိပ္ၿပီး မသိရေသးပါဘူး။ သိထားရသေလာက္ ဆိုရင္ေတာ့ Doctor Strange 2 ထဲမွာ Elizabeth Olsen ကလည္း Scarlet Witch အေနနဲ႔ ပါဝင္လာမွာ ျဖစ္ၿပီး ဟီး႐ိုးအေနနဲ႔လား၊ ဗီလိန္အေနနဲ႔လားဆိုတာ မေသခ်ာေသးပါဘူး။

The Hollywood Reporter သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ Doctor Strange in the Multiverse of Madness ထဲမွာ Loki လည္း ပါဝင္လာဦးမယ္လို႔ သိရပါတယ္။ ေလာေလာဆယ္မွာေတာ့ ဒီသတင္းကို Marvel က အတည္မျပဳရေသးပါဘူး။ ဒါ့အျပင္ Marvel ဟာ Loki ဇာတ္လမ္းတြဲထဲက တျခားဇာတ္ေကာင္ေတြရဲ႕ အနာဂတ္ကိုလည္း မေၾကညာေသးပါဘူး။

photo via screenrant

Loki ဇာတ္လမ္းတြဲရဲ႕ Season 1 အၿပီးမွာေတာ့ Kang the Conqueror ရဲ႕ ဗားရွင္းအမ်ိဴးမ်ိဴးဟာ အနာဂတ္ MCU ဇာတ္လမ္းေတြထဲမွာ ဗီလိန္အေနနဲ႔ ပါဝင္လာမွာ ျဖစ္ပါတယ္။ Doctor Strange in the Multiverse of Madness ဟာလည္း MCU ရဲ႕ Multiverse ေတြကို ျပသသြားမွာ ျဖစ္တာေၾကာင့္ Kang ရဲ႕ ဗားရွင္းတစ္မ်ိဴးမ်ိဴးကလည္း ဗီလိန္အေနနဲ႔ ပါဝင္လာႏိုင္ပါေသးတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular