HomeEntertainmentFilmLoki Season (1) ရဲ့ ဇာတ်သိမ်းနဲ့ ပတ်သက်တဲ့ ဖြေရှင်းချက်များ 

Loki Season (1) ရဲ့ ဇာတ်သိမ်းနဲ့ ပတ်သက်တဲ့ ဖြေရှင်းချက်များ 

***Spoiler Alert***

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Loki ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးပိုင်းဟာ မနေ့က ဇူလိုင်လ(၁၄)ရက်နေ့မှာပဲ ထွက်ရှိလာပြီး Season 1 ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ အပိုင်း(၆)ထဲမှာတော့ ပရိသတ်တွေရဲ့ သီအိုရီတချို့က မှန်ကန်နေတာကိုလည်း တွေ့ခဲ့ရသလို နောက်ထပ် MCU ဇာတ်လမ်းတွေအတွက် Set-Up လုပ်သွားတာကိုလည်း တွေ့ရပါတယ်။ သို့ပေမယ့်လည်း ဇာတ်သိမ်းမှာတော့ ပရိသတ်တွေအတွက် အနည်းငယ် စိတ်ရှုပ်စရာတွေ ပါဝင်နေပါတယ်။ ဒါကြောင့်ပဲ Loki ဇာတ်လမ်းတွဲရဲ့ Season 1 ဇာတ်သိမ်းကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။

(1) Sylvie က Kang ကို ဘာလို့သတ်လိုက်တာလဲ?
photo via screenrant

အပိုင်း(၆)ထဲက အရေးကြီးဆုံး ဖြစ်ရပ်တစ်ခုကို ပြောပါဆိုရင်တော့ Sylvie က Kang ကို သတ်လိုက်တဲ့ ဇာတ်ဝင်ခန်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Kang ရှင်းပြခဲ့သလို Sacred Timeline ကို ထိန်းသိမ်းမယ့်သူ မရှိတော့တာကြောင့် Timeline တွေများစွာ ကွဲထွက်သွားတာကိုလည်း တွေ့ရပါတယ်။ Sylvie ကိုယ်တိုင်ကလည်း Kang ကို သတ်လိုက်ရင် ဒီလို Multiverse တွေ ဖြစ်ပေါ်လာပြီး မရေမတွက်နိုင်တဲ့ အချိန်ကွဲ Kang တွေကြောင့် နောက်ထပ် Multiverse စစ်ပွဲတွေ ထပ်မံဖြစ်ပေါ်လာနိုင်တာကို သိရဲ့သားနဲ့ အခုလိုသတ်လိုက်တာကတော့ အနည်းငယ် စဉ်းစားစရာပါ။

ဒါပေမယ့်လည်း ဒီဇာတ်လမ်းတွဲထဲမှာ ပြသခဲ့တဲ့အတိုင်းဆိုရင် Sylvie ဟာ ကလေးဘဝကတည်းက TVA ရဲ့ လက်က ထွက်ပြေးနေရတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမဟာ အနည်းဆုံးတော့ နှစ်ပေါင်း နှစ်ထောင်လောက်ကို TVA ဆီက ပုန်းကွယ်ရင်း ကမ္ဘာပျက်ကိန်းတွေကြားမှာ နေထိုင်ကြီးပြင်းခဲ့ရတာပါ။

အပိုင်း(၆)မှာ သိလိုက်ရတဲ့ အချက်ကတော့ သူမဟာ Sacred Timeline ထဲက Loki နဲ့ မတူညီရုံသက်သက်ပဲ ဖြစ်ပြီး ဒီအချက်ကို Kang က အန္တရာယ်လို့ ယူဆခဲ့တာကြောင့် သူမတစ်ဘဝလုံး အခုလိုနေထိုင်ခဲ့ရတယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ယူဆနိုင်တာကတော့ Sylvie က Kang ကို သတ်လိုက်ရတဲ့ အကြောင်းရင်းဟာ သူမတစ်ဘဝလုံးအတွက် လက်စားချေခြင်း တစ်စိတ်တစ်ပိုင်း ပါဝင်သလို ဘာအပြစ်မှမရှိတဲ့ တခြားအချိန်ကွဲတွေကိုလည်း သူမလိုမျိူး အဖြစ်အပျက်ဆိုးတွေနဲ့ ထပ်မံ မကြုံတွေ့စေချင်တော့လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် TVA ကို ထိန်းချုပ်နေတဲ့လူကို သတ်ပစ်ဖို့ကလည်း သူမရဲ့ တစ်ဘဝလုံးစာ ” Glorious Purpose ” ဖြစ်နေလို့လည်း ဖြစ်ပါတယ်။

(2) Mobius က Loki ကို ဘာလို့မမှတ်မိတော့တာလဲ?
photo via screenrant

Mobius နဲ့ Loki တို့နှစ်ယောက်ရဲ့ မိတ်ဆွေဆက်ဆံရေးဟာ Season 1 ထဲမှာ အရေးပါတဲ့ နေရာက ပါဝင်ခဲ့ပါတယ်။ ဇာတ်သိမ်းပိုင်းရဲ့ အဆုံးမှာတော့ Sylvie ဟာ Loki ကို အချိန်တံခါးကနေတစ်ဆင့် TVA ကို ပို့လိုက်ပါတယ်။ အဲ့ဒီအချိန်မှာတော့ ပရိသတ်တွေအတွက် အံ့ဩစရာတစ်ခု ဖြစ်သွားပါတယ်။ အဲဒါကတော့ Mobius ဟာ Loki ကို မမှတ်မိတော့တာပါပဲ။

ဖြစ်နိုင်ချေ ရှိတာကတော့ Loki ဟာ တခြား Timeline တစ်ခုက TVA ကို ရောက်ရှိသွားတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီ Timeline က Mobius ဟာ Loki ကို မမှတ်မိတာ ဖြစ်ပြီး အဲ့ဒီ Timeline က TVA ကိုလည်း Kang ကိုယ်တိုင် ဦးဆောင်နေတာ တွေ့ရပါတယ်။

Kang ကိုယ်တိုင်က အဲ့ဒီ TVA ကို ဦးဆောင်နေတာကြောင့် ကျွန်တော်တို့ မသိသေးတဲ့ တခြားပြောင်းလဲမှုများစွာလည်း ရှိနေနိုင်ပါတယ်။ ဒါ့အပြင် Mobius က Loki ကို မမှတ်မိတဲ့ အချက်ကတော့ အဲ့ဒီ Mobius ဟာ Loki ရဲ့ ဘယ်ဗားရှင်းကိုမှ မတွေ့ခဲ့ဖူးလို့ပဲ ဖြစ်ပါတယ်။

Sacred Timeline ထဲမှာတော့ TVA ရဲ့ ဖျောက်ဖျက်ပစ်တာကို အခံရဆုံးဟာ Loki ဗားရှင်းအမျိူးမျိူးပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီ Timeline ထဲမှာတော့ Loki တွေဟာ ဘယ်တုန်းကမှ အချိန်ကွဲတွေ မဖြစ်ခဲ့သလို Loki ရဲ့ သမိုင်းကြောင်းဟာလည်း ပြောင်းလဲမှုတွေများစွာ ရှိနေတယ်လို့ ယူဆနိုင်ပါတယ်။

(3) TVA ထဲက Kang ရုပ်တုကြီး
photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုပဲ Loki ရောက်သွားတဲ့ Timeline ထဲက TVA မှာတော့ Time-Keepers ရုပ်တုတွေ မရှိတော့ဘဲ Kang ရုပ်တုတစ်ခုကိုပဲ မြင်တွေ့လိုက်ရတာကြောင့် ဒီ TVA ကို Kang ကိုယ်တိုင် ဦးဆောင်နေတယ်ဆိုတာ သိသာစေပါတယ်။ ဒီရုပ်တုရဲ့ ပုံစံဟာ ကောမစ်ထဲက Kang the Conqueror နဲ့ တစ်ပုံစံတည်း ဖြစ်ပြီး ခေါင်းစွပ်ပဲ မပါဝင်တာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ အချိန်တွေရဲ့ အဆုံးသတ်က ရဲတိုက်မှာရှိတဲ့ Kang က Sylvie နဲ့ Loki တို့ကို ရှင်းပြခဲ့သလိုပဲ ဒီ TVA ကို အုပ်ချုပ်နေသူဟာ အဲ့ဒီ Kang ရဲ့ ဗီလိန်ဗားရှင်း အချိန်ကွဲတစ်ယောက် ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် Sylvie က Kang ကို သတ်လိုက်တဲ့ အချိန်မှာပဲ Timeline တွေ ရှုပ်ထွေးကုန်ပြီး MCU Phase 4 တစ်ခုလုံးရဲ့ အဓိကဗီလိန်ဟာ Kang ရဲ့ ဗားရှင်းအမျိူးမျိူး ဖြစ်နေနိုင်တဲ့အပြင် Multiverse တွေရဲ့ စစ်ပွဲကိုပါ MCU ထဲမှာ မြင်တွေ့ရတော့မှာပါ။

(4) MCU အတွက် ဗီလိန်အသစ်များ
photo via screenrant

Loki ဇာတ်လမ်းတွဲဟာ MCU အတွက် ဗီလိန်အသစ်များစွာကို ယူဆောင်လာပါတယ်။ ပထမဆုံး တစ်ယောက်ကတော့ အားလုံးသိကြတဲ့ Kang the Conqueror ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Kang ရဲ့ ဗားရှင်းအမျိူးမျိူးကို မြင်ရဦးမယ်လို့ ပြောထားတာကြောင့် The Warlord နဲ့ Immortus တို့လို Kang ရဲ့ အချိန်ကွဲတွေကိုလည်း ဗီလိန်အဖြစ် မြင်တွေ့ရလာနိုင်ပါတယ်။

ဒါ့အပြင် ဇာတ်သိမ်းပိုင်းရဲ့ နောက်ဆုံးနားလောက်မှာတော့ Ravonna Renslayer ဟာ လွတ်လပ်မှုကို ရှာဖွေမယ်ဆိုပြီး ထွက်သွားတာ တွေ့ရပါတယ်။ အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်မလည်းဆိုတာ မသိရသေးပေမယ့်လည်း ကောမစ်ထဲမှာတော့ Ravonna ဟာ Kang နဲ့ ချစ်သူတွေ ဖြစ်ခဲ့တာကြောင့် MCU ထဲမှာလည်း သူမဟာ ဗီလိန် ဖြစ်လာနိုင်ချေရှိသူ တစ်ယောက် ဖြစ်ပါတယ်။ Sylvie ကလည်း Kang ကို သတ်နိုင်ဖို့အတွက် Loki နဲ့ ဆန့်ကျင်တာကို မြင်တွေ့ခဲ့ရပြီး သူမကိုယ်တိုင်လည်း ဗီလိန်တစ်ယောက် ဖြစ်လာနိုင်ပါသေးတယ်။

ဒါကတော့ Loki ဇာတ်လမ်းတွဲ Season (1) ရဲ့ ဇာတ်သိမ်းနဲ့ ပတ်သက်ပြီး ရှင်းပြချက်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နားလည်ထားတဲ့ အချက်တွေကိုလည်း ပြန်လည် ဆွေးနွေးပေးခဲ့ကြပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

***Spoiler Alert***

Loki ဇာတ္လမ္းတြဲရဲ႕ ေနာက္ဆုံးပိုင္းဟာ မေန႔က ဇူလိုင္လ(၁၄)ရက္ေန႔မွာပဲ ထြက္ရွိလာၿပီး Season 1 ၿပီးဆုံးသြားၿပီ ျဖစ္ပါတယ္။ အပိုင္း(၆)ထဲမွာေတာ့ ပရိသတ္ေတြရဲ႕ သီအိုရီတခ်ိဳ႕က မွန္ကန္ေနတာကိုလည္း ေတြ႕ခဲ့ရသလို ေနာက္ထပ္ MCU ဇာတ္လမ္းေတြအတြက္ Set-Up လုပ္သြားတာကိုလည္း ေတြ႕ရပါတယ္။ သို႔ေပမယ့္လည္း ဇာတ္သိမ္းမွာေတာ့ ပရိသတ္ေတြအတြက္ အနည္းငယ္ စိတ္ရႈပ္စရာေတြ ပါဝင္ေနပါတယ္။ ဒါေၾကာင့္ပဲ Loki ဇာတ္လမ္းတြဲရဲ႕ Season 1 ဇာတ္သိမ္းကို ရွင္းျပသြားမွာ ျဖစ္ပါတယ္။

(1) Sylvie က Kang ကို ဘာလို႔သတ္လိုက္တာလဲ?
photo via screenrant

အပိုင္း(၆)ထဲက အေရးႀကီးဆုံး ျဖစ္ရပ္တစ္ခုကို ေျပာပါဆိုရင္ေတာ့ Sylvie က Kang ကို သတ္လိုက္တဲ့ ဇာတ္ဝင္ခန္းပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Kang ရွင္းျပခဲ့သလို Sacred Timeline ကို ထိန္းသိမ္းမယ့္သူ မရွိေတာ့တာေၾကာင့္ Timeline ေတြမ်ားစြာ ကြဲထြက္သြားတာကိုလည္း ေတြ႕ရပါတယ္။ Sylvie ကိုယ္တိုင္ကလည္း Kang ကို သတ္လိုက္ရင္ ဒီလို Multiverse ေတြ ျဖစ္ေပၚလာၿပီး မေရမတြက္ႏိုင္တဲ့ အခ်ိန္ကြဲ Kang ေတြေၾကာင့္ ေနာက္ထပ္ Multiverse စစ္ပြဲေတြ ထပ္မံျဖစ္ေပၚလာႏိုင္တာကို သိရဲ႕သားနဲ႔ အခုလိုသတ္လိုက္တာကေတာ့ အနည္းငယ္ စဥ္းစားစရာပါ။

ဒါေပမယ့္လည္း ဒီဇာတ္လမ္းတြဲထဲမွာ ျပသခဲ့တဲ့အတိုင္းဆိုရင္ Sylvie ဟာ ကေလးဘဝကတည္းက TVA ရဲ႕ လက္က ထြက္ေျပးေနရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ အနည္းဆုံးေတာ့ ႏွစ္ေပါင္း ႏွစ္ေထာင္ေလာက္ကို TVA ဆီက ပုန္းကြယ္ရင္း ကမာၻပ်က္ကိန္းေတြၾကားမွာ ေနထိုင္ႀကီးျပင္းခဲ့ရတာပါ။

အပိုင္း(၆)မွာ သိလိုက္ရတဲ့ အခ်က္ကေတာ့ သူမဟာ Sacred Timeline ထဲက Loki နဲ႔ မတူညီ႐ုံသက္သက္ပဲ ျဖစ္ၿပီး ဒီအခ်က္ကို Kang က အႏၲရာယ္လို႔ ယူဆခဲ့တာေၾကာင့္ သူမတစ္ဘဝလုံး အခုလိုေနထိုင္ခဲ့ရတယ္ဆိုတာပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ပဲ ယူဆႏိုင္တာကေတာ့ Sylvie က Kang ကို သတ္လိုက္ရတဲ့ အေၾကာင္းရင္းဟာ သူမတစ္ဘဝလုံးအတြက္ လက္စားေခ်ျခင္း တစ္စိတ္တစ္ပိုင္း ပါဝင္သလို ဘာအျပစ္မွမရွိတဲ့ တျခားအခ်ိန္ကြဲေတြကိုလည္း သူမလိုမ်ိဴး အျဖစ္အပ်က္ဆိုးေတြနဲ႔ ထပ္မံ မႀကဳံေတြ႕ေစခ်င္ေတာ့လို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ TVA ကို ထိန္းခ်ဳပ္ေနတဲ့လူကို သတ္ပစ္ဖို႔ကလည္း သူမရဲ႕ တစ္ဘဝလုံးစာ ” Glorious Purpose ” ျဖစ္ေနလို႔လည္း ျဖစ္ပါတယ္။

(2) Mobius က Loki ကို ဘာလို႔မမွတ္မိေတာ့တာလဲ?
photo via screenrant

Mobius နဲ႔ Loki တို႔ႏွစ္ေယာက္ရဲ႕ မိတ္ေဆြဆက္ဆံေရးဟာ Season 1 ထဲမွာ အေရးပါတဲ့ ေနရာက ပါဝင္ခဲ့ပါတယ္။ ဇာတ္သိမ္းပိုင္းရဲ႕ အဆုံးမွာေတာ့ Sylvie ဟာ Loki ကို အခ်ိန္တံခါးကေနတစ္ဆင့္ TVA ကို ပို႔လိုက္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ပရိသတ္ေတြအတြက္ အံ့ဩစရာတစ္ခု ျဖစ္သြားပါတယ္။ အဲဒါကေတာ့ Mobius ဟာ Loki ကို မမွတ္မိေတာ့တာပါပဲ။

ျဖစ္ႏိုင္ေခ် ရွိတာကေတာ့ Loki ဟာ တျခား Timeline တစ္ခုက TVA ကို ေရာက္ရွိသြားတာ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ပဲ အဲ့ဒီ Timeline က Mobius ဟာ Loki ကို မမွတ္မိတာ ျဖစ္ၿပီး အဲ့ဒီ Timeline က TVA ကိုလည္း Kang ကိုယ္တိုင္ ဦးေဆာင္ေနတာ ေတြ႕ရပါတယ္။

Kang ကိုယ္တိုင္က အဲ့ဒီ TVA ကို ဦးေဆာင္ေနတာေၾကာင့္ ကြၽန္ေတာ္တို႔ မသိေသးတဲ့ တျခားေျပာင္းလဲမႈမ်ားစြာလည္း ရွိေနႏိုင္ပါတယ္။ ဒါ့အျပင္ Mobius က Loki ကို မမွတ္မိတဲ့ အခ်က္ကေတာ့ အဲ့ဒီ Mobius ဟာ Loki ရဲ႕ ဘယ္ဗားရွင္းကိုမွ မေတြ႕ခဲ့ဖူးလို႔ပဲ ျဖစ္ပါတယ္။

Sacred Timeline ထဲမွာေတာ့ TVA ရဲ႕ ေဖ်ာက္ဖ်က္ပစ္တာကို အခံရဆုံးဟာ Loki ဗားရွင္းအမ်ိဴးမ်ိဴးပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီ Timeline ထဲမွာေတာ့ Loki ေတြဟာ ဘယ္တုန္းကမွ အခ်ိန္ကြဲေတြ မျဖစ္ခဲ့သလို Loki ရဲ႕ သမိုင္းေၾကာင္းဟာလည္း ေျပာင္းလဲမႈေတြမ်ားစြာ ရွိေနတယ္လို႔ ယူဆႏိုင္ပါတယ္။

(3) TVA ထဲက Kang ႐ုပ္တုႀကီး
photo via screenrant

အေပၚမွာ ေဖာ္ျပထားသလိုပဲ Loki ေရာက္သြားတဲ့ Timeline ထဲက TVA မွာေတာ့ Time-Keepers ႐ုပ္တုေတြ မရွိေတာ့ဘဲ Kang ႐ုပ္တုတစ္ခုကိုပဲ ျမင္ေတြ႕လိုက္ရတာေၾကာင့္ ဒီ TVA ကို Kang ကိုယ္တိုင္ ဦးေဆာင္ေနတယ္ဆိုတာ သိသာေစပါတယ္။ ဒီ႐ုပ္တုရဲ႕ ပုံစံဟာ ေကာမစ္ထဲက Kang the Conqueror နဲ႔ တစ္ပုံစံတည္း ျဖစ္ၿပီး ေခါင္းစြပ္ပဲ မပါဝင္တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ပဲ အခ်ိန္ေတြရဲ႕ အဆုံးသတ္က ရဲတိုက္မွာရွိတဲ့ Kang က Sylvie နဲ႔ Loki တို႔ကို ရွင္းျပခဲ့သလိုပဲ ဒီ TVA ကို အုပ္ခ်ဳပ္ေနသူဟာ အဲ့ဒီ Kang ရဲ႕ ဗီလိန္ဗားရွင္း အခ်ိန္ကြဲတစ္ေယာက္ ျဖစ္ေနႏိုင္ပါတယ္။ ဒါ့အျပင္ Sylvie က Kang ကို သတ္လိုက္တဲ့ အခ်ိန္မွာပဲ Timeline ေတြ ရႈပ္ေထြးကုန္ၿပီး MCU Phase 4 တစ္ခုလုံးရဲ႕ အဓိကဗီလိန္ဟာ Kang ရဲ႕ ဗားရွင္းအမ်ိဴးမ်ိဴး ျဖစ္ေနႏိုင္တဲ့အျပင္ Multiverse ေတြရဲ႕ စစ္ပြဲကိုပါ MCU ထဲမွာ ျမင္ေတြ႕ရေတာ့မွာပါ။

(4) MCU အတြက္ ဗီလိန္အသစ္မ်ား
photo via screenrant

Loki ဇာတ္လမ္းတြဲဟာ MCU အတြက္ ဗီလိန္အသစ္မ်ားစြာကို ယူေဆာင္လာပါတယ္။ ပထမဆုံး တစ္ေယာက္ကေတာ့ အားလုံးသိၾကတဲ့ Kang the Conqueror ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Kang ရဲ႕ ဗားရွင္းအမ်ိဴးမ်ိဴးကို ျမင္ရဦးမယ္လို႔ ေျပာထားတာေၾကာင့္ The Warlord နဲ႔ Immortus တို႔လို Kang ရဲ႕ အခ်ိန္ကြဲေတြကိုလည္း ဗီလိန္အျဖစ္ ျမင္ေတြ႕ရလာႏိုင္ပါတယ္။

ဒါ့အျပင္ ဇာတ္သိမ္းပိုင္းရဲ႕ ေနာက္ဆုံးနားေလာက္မွာေတာ့ Ravonna Renslayer ဟာ လြတ္လပ္မႈကို ရွာေဖြမယ္ဆိုၿပီး ထြက္သြားတာ ေတြ႕ရပါတယ္။ အဲ့ဒီေနာက္မွာ ဘာေတြဆက္ျဖစ္မလည္းဆိုတာ မသိရေသးေပမယ့္လည္း ေကာမစ္ထဲမွာေတာ့ Ravonna ဟာ Kang နဲ႔ ခ်စ္သူေတြ ျဖစ္ခဲ့တာေၾကာင့္ MCU ထဲမွာလည္း သူမဟာ ဗီလိန္ ျဖစ္လာႏိုင္ေခ်ရွိသူ တစ္ေယာက္ ျဖစ္ပါတယ္။ Sylvie ကလည္း Kang ကို သတ္ႏိုင္ဖို႔အတြက္ Loki နဲ႔ ဆန႔္က်င္တာကို ျမင္ေတြ႕ခဲ့ရၿပီး သူမကိုယ္တိုင္လည္း ဗီလိန္တစ္ေယာက္ ျဖစ္လာႏိုင္ပါေသးတယ္။

ဒါကေတာ့ Loki ဇာတ္လမ္းတြဲ Season (1) ရဲ႕ ဇာတ္သိမ္းနဲ႔ ပတ္သက္ၿပီး ရွင္းျပခ်က္ေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ နားလည္ထားတဲ့ အခ်က္ေတြကိုလည္း ျပန္လည္ ေဆြးေႏြးေပးခဲ့ၾကပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular