HomeEntertainmentFilmဇွန်လဆန်းမှာ ရိုက်ကူး‌ရေး စတင်တော့မယ့် Loki Season 2

ဇွန်လဆန်းမှာ ရိုက်ကူး‌ရေး စတင်တော့မယ့် Loki Season 2

မင်းသား Tom Hiddleston အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Loki ဇာတ်လမ်းတွဲရဲ့ Season 2 ကိုတော့ ရှေ့လက စတင်ပြီး လန်ဒန်မြို့မှာ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ Marvel စတူဒီယိုဟာ MCU ဇာတ်လမ်းတွဲတွေကို ပြီးခဲ့တဲ့နှစ်တုန်းက စတင်မိတ်ဆက်ခဲ့ပြီး Disney+ streaming service ကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။ Loki ဇာတ်လမ်းတွဲကတော့ WandaVision နဲ့ The Falcon and the Winter Soldier တို့ အပြီးမှာ ထွက်ရှိလာတာ ဖြစ်ပါတယ်။

photo via screenrant

Season 1 မှာတော့ Endgame ထဲမှာ လွတ်မြောက်သွားတဲ့ Loki ဟာ Sacred Timeline ကို ချိူးဖျက်မိတာကြောင့် Time Variant Authority (TVA)ရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရတာကနေ စတင်ပါတယ်။ အဲဒီနောက်မှာတော့ Loki ဟာ ထုံးစံအတိုင်းပဲ သူ့ရဲ့ ဉာဏ်နီဉာဏ်နက်တွေကို အသုံးပြုကာ TVA ကနေ လွတ်မြောက်ဖို့ ကြိုးစားနေပြီး တဖြည်းဖြည်းနဲ့ Sacred Timeline ကို ထိန်းချုပ်ထားတဲ့ He Who Remains နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

Productionlist.com ရဲ့ ဖော်ပြချက်အရ Loki ဇာတ်လမ်းတွဲရဲ့ Season အသစ်ကိုတော့ လာမယ့် ဇွန်လ(၆)ရက်နေ့မှာ လန်ဒန်မြို့ရဲ့ Pinewood စတူဒီယိုမှာ စတင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ Season 2 အတွက် ရိုက်ကူးရေးကတော့ ဘယ်လောက် ကြာမြင့်မယ်ဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့်လည်း Season 1 တုန်းကတော့ လေးလကျော်ခန့် ရိုက်ကူးခဲ့ရတာကြောင့် Season 2 ဟာလည်း အနည်းဆုံးတော့ စက်တင်ဘာလလောက်မှ ရိုက်ကူးရေး ပြီးဆုံးမှာ ဖြစ်ပါတယ်။

photo via screenrant

Season 2 ကတော့ ယခုအချိန်ထိ ရိုက်ကူးရေးတောင် မစတင်သေးတာကြောင့် ဇာတ်လမ်းအကျဉ်းကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့်လည်း Season 1 ထဲမှာ ပါဝင်ထားတဲ့ Tom Hiddleston ၊ Sophia Di Martino ၊ Owen Wilson တို့ကတော့ သေချာပေါက် ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ Season 2 ထွက်ရှိလာမယ့် နေ့ရက်ကိုလည်း သေချာမသိရသေးပေမယ့်လည်း ဇွန်လမှာ ရိုက်ကူးရေး စတင်သွားမယ် ဆိုရင်တော့ ၂၀၂၃ ခုနှစ်ရဲ့ နှစ်လယ်ပိုင်း၊ ဒါမှမဟုတ် နှစ်ကုန်ပိုင်းတို့မှာ ထွက်ရှိလာနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular