HomeCharacterပါးစပ်အဟောင်းသားဖြစ်ရမယ့် Loki ရဲ့လူသိပ်မသိတဲ့အချက်များ

ပါးစပ်အဟောင်းသားဖြစ်ရမယ့် Loki ရဲ့လူသိပ်မသိတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Odin ရဲ့မွေးစားသားဖြစ်ပြီး Thor ရဲ့ချစ်ညီလေးဖြစ်တဲ့ Loki ဟာ များသောအားဖြင့် ဗီလိန်နေရာကနေ ပါဝင်လေ့ရှိပါတယ်။ Loki ဟာ Live Action ထဲမှာတော့ ၂၀၁၁ခုနှစ်က ထွက်ရှိခဲ့တဲ့ Thor ဇာတ်ကားထဲမှာ စတင်ပြီး ပါဝင်ခဲ့ပါတယ်။ Marvel comic လောကထဲကိုတော့ ၁၉၆၂ခုနှစ်နှောင်းပိုင်းမှာ စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့အကြောင်းဆိုရင် အမြဲလိုလို လူတွေကို လှည့်စားနေတာကလွဲလို့ ကျန်တဲ့အကြောင်းတွေကို ပရိသတ်တွေ သိပ်ပြီးမသိကြပါဘူး။ ဒါကြောင့် လူသိပ်မသိသေးဘူးလို့ ထင်ရတဲ့ Loki ရဲ့အကြောင်း အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

မူလ Loki ဟာ အနီရောင်ဆံပင်ရှိပြီးတော့ Thor နဲ့လည်း ဘာမှသက်ဆိုင်မှု မရှိပါဘူး။
photo via screenrant

Loki ဟာ Marvel ရဲ့ကောမစ်ထဲမှာတော့ ၁၉၆၂ခုနှစ်နှောင်းပိုင်းက ထွက်ရှိခဲ့တဲ့ Journey Into Mystery ကောမစ်အတွဲနံပါတ်(၈၅)ထဲမှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒါဟာ Loki ရဲ့ တကယ့်အစ မဟုတ်သေးပါဘူး။ Loki ရဲ့ တကယ့်မူလဇာစ်မြစ်အစဟာ Timely Comics ဆိုတဲ့ စာအုပ်တိုက်က ပုံနှိပ်ထုတ်ဝေတဲ့ ကောမစ်ထဲမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အတိအကျပြောရရင် Loki ဟာ ၁၉၄၉ခုနှစ်က ထွက်ရှိခဲ့တဲ့ Venus ဆိုတဲ့ ကောမစ်ရဲ့ အတွဲနံပါတ်(၆) မှာ လှည့်စားခြင်း နတ်ဘုရားအဖြစ် စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီကောမစ်ထဲမှာ သူဟာ အနီရောင်ဆံပင်နဲ့ ပန်းရောင်အင်္ကျီကို ဝတ်ဆင်သူ ဖြစ်ပါတယ်။ အဲ့ဒီ့ကောမစ်ရဲ့ ဇာတ်လမ်းကတော့ အလှနတ်ဘုရားမ Venus ရဲ့ ရိုမန့်တစ်ဆန်တဲ့ ခရီးတစ်လျှောက်မှာ ဒဏ္ဍာရီထဲက နာမည်ကြီးသူတွေနဲ့ တွေ့ဆုံကြပုံကို ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒီထဲမှာတော့ Loki ဟာ မြေအောက်ကမ္ဘာကို အုပ်ချုပ်ရသူတစ်ယောက် ဖြစ်ပြီး Thor နဲ့ ဘာမှပတ်သက်မှုမရှိပါဘူး။ နောက်ပိုင်းကျမှသာ Stan Lee နဲ့ Jack Kirby တို့က ပြန်လည်စိတ်ကူးပုံဖော်ပြီး ယခုရှိနေတဲ့ Loki အဖြစ် ပြန်လည်ရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။

Loki ဟာ ရေမကူးတတ်ပါဘူး။
photo via screenrant

Loki ရဲ့ အကြီးမားဆုံး အားနည်းချက်က ရေပါပဲ။ Journey Into Mystery ကောမစ်ရဲ့ အစောပိုင်း ငွေရောင်ခေတ်တုန်းက Loki ရဲ့ အခန်းတွေမှာဆိုရင် သူ့ရဲ့အစွမ်းတွေဟာ ရေထဲမှာဆိုရင် သုံးလို့မရပါဘူးလို့ ဖော်ပြထားပါတယ်။ အဲ့ဒါအပြင်သူဟာ ရေကို မကူးတတ်တာ ဖြစ်ပါတယ်။ Loki လူတွေကို မသိစေချင်တဲ့ သူ့ရဲ့အားနည်းချက်တစ်ခုဆိုရင် ရေမကူးတတ်တာပဲ ဖြစ်ပါလိမ့်မယ်။

သူဟာ မိန်းမဖြစ်ခဲ့ဖူးပါတယ်။
photo via screenrant

Norse mythology ထဲမှာဆိုရင် Loki ဟာ နို့ထိန်းသည်အဖြစ် ရှစ်နှစ်လောက် နေခဲ့ပြီးတော့ ကလေးတွေလည်း မွေးခဲ့ဖူးပါတယ်။ Marvel က အဲ့ဒါတွေကို အခြေခံပြီးတော့ Loki ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Loki: Agent of Asgard ဆိုတဲ့ ကောမစ်ထဲမှာဆိုရင် သူ့ကိုယ်သူ ယောက်ျားအဖြစ် ပြောင်းလဲလိုက်၊ မိန်းမအဖြစ် ပြောင်းလဲလိုက်နဲ့ လူတွေကို ဒုက္ခပေးခဲ့ဖူးပါတယ်။

Mighty Avengers ဆိုတဲ့ ကောမစ်ထဲမှာဆိုရင်လည်း Scarlet Witch အဖြစ် ဟန်ဆောင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ပိုပြီးပါးစပ်အဟောင်းသား ဖြစ်သွားမှာ ရှိပါသေးတယ်။ Secret Invasion: Dark Reign ဆိုတဲ့ ကောမစ်ထဲမှာဆိုရင် Thor နဲ့တွဲနေတဲ့ Lady Sif အဖြစ် ဟန်ဆောင်ခဲ့ပါသေးတယ်။ Asgard ရဲ့ ထီးနန်းနဲ့ စွမ်းအားကို လိုချင်တာကြောင့် Thor ကို လှည့်စားပြီး Lady Sif အယောင်ဆောင်ကာ ညီအစ်ကိုအချင်းချင်းတောင် အိပ်ခဲ့ပါသေးတယ်။

Loki ဟာ ဘာလာလာ ဒေါင်းပါတယ်။
photo via screenrant

Loki အတွက်က လူတစ်ယောက်ကို သဘောကျဖို့ဆိုရင် အဲ့ဒီ့လူဘာပဲဖြစ်နေဖြစ်နေ အရေးမကြီးပါဘူး။ သူ့ရဲ့လိင်တမ်းညွတ်မှုက တသမတ်တည်း ရှိမနေတာကြောင့် ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် မရွေးဘူးဆိုတာကို Young Avengers ထဲမှာ သူကိုယ်တိုင်လည်း ဝန်ခံခဲ့ဖူးသလို Loki ရဲ့စာရေးဆရာဖြစ်တဲ့ Al Ewing ကလည်း Loki ဟာ နှစ်ဖက်ချွန်ပါလို့ ပြောထားပါတယ်။ သူဟာ တစ်ယောက်ယောက်နဲ့ တွဲချင်ပြီဆိုရင် အဲ့ဒီ့လူရဲ့ လိုချင်တဲ့ စိတ်ဆန္ဒနဲ့ သူကိုယ်တိုင် ဖြစ်ချင်တဲ့ ဆန္ဒတွေ ကိုက်ညီအောင် သူ့ကိုယ်သူ ပုံစံပြောင်းပစ်လေ့ရှိပါတယ်။

အကြီးအကျယ်ဆုံးသော စူပါဗီလိန်အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။
photo via screenrant

Loki ဟာ သူ့ရဲ့အစ်ကို Thor နဲ့ တစ်ခြားစူပါဟီးရိုးတွေအနားမှာ နေရတာ ကြာလာတဲ့အခါ သူတို့ဆီကနေ ထွက်ခွာလာပြီး ကိုယ်ပိုင်စူပါဗီလိန်အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေကတော့  Dr. Doom ၊ Kingpin ၊ Magneto ၊ Mandarin ၊ Red Skull နဲ့ the Wizard တို့ ဖြစ်ကြပြီးတော့ Apocalypse နဲ့ Namor ကတော့ အဖွဲ့ထဲကို ဝင်ဖို့ကမ်းလှမ်းတာကို ငြင်းပယ်ခဲ့ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ပုံမှန်အတိုင်း သွားတိုက်ခိုက်ရင် မနိုင်တဲ့ စူပါဟီးရိုးတွေကို အဖွဲ့လိုက် တိုက်ခိုက်ပြီးတော့ Avengers အဖွဲ့ကြီးကို ဖျက်စီးပစ်ဖို့ပဲ ဖြစ်ပါတယ်။

Jim Carrey ဟာ Loki နေရာမှာ သရုပ်ဆောင်ရဖို့ နီးစပ်ခဲ့ပါတယ်။
photo via screenrant

Tom Hiddleston ဟာ Loki ဇာတ်ကောင်နဲ့ လုံးဝကိုလိုက်ဖက်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပေမယ့် မူလ လူရွေးပွဲတုန်းက လျာထားတဲ့ သရုပ်ဆောင်ကတော့ Hiddleston မဟုတ်ခဲ့ပါဘူး။ အံ့ဩစရာကောင်းစွာပဲ Tom Hiddleston ဟာ Loki နေရာမှာ မဟုတ်ဘဲ Thor နေရာမှာ သရုပ်ဆောင်ချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူက Loki ဇာတ်ကောင်နဲ့ ပိုလိုက်ဖက်မယ်ဆိုပြီး Loki နေရာကို သရုပ်ဆောင်ခိုင်းလိုက်တာပါ။

အဲ့လိုဖြစ်မလာခင်က Dare Devil နေရာမှာ သရုပ်ဆောင်ထားတဲ့ Charlie Cox နဲ့ Josh Hartnett တို့ကလည်း ပရိသတ်အားပေးမှုနဲ့ Loki ကာရိုက်တာအတွက် တစ်ပြေးနေခဲ့ပါသေးတယ်။ ဒါ့အပြင် မင်းသားကြီး Jim Carrey ဟာလည်း Loki ဖြစ်ဖို့ နီးစပ်ခဲ့ပါသေးတယ်။ အကြောင်းကတော့ ၁၉၉၄ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Mask ဇာတ်ကားထဲက Jim Carrey ရဲ့ သရုပ်ဆောင်မှုကို သဘောကျခဲ့တာကြောင့်ပါ။ သို့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မရွေးဖြစ်ခဲ့တာကြောင့် ဒီနေ့ ဇာတ်ရုပ်နဲ့ ကွက်တိဖြစ်တဲ့ မင်းသား Tom Hiddleston ကို Loki အဖြစ် မြင်တွေ့နေကြရတာ ဖြစ်ပါတယ်။

ဒါကတော့ Loki ရဲ့ လူသိနည်းသေးတဲ့ အကြောင်းအရာတွေထဲက တစ်ချို့ဖြစ်ပါတယ်။ ဖတ်ပြီးလို့ နှစ်သက်တယ်ဆို Like & Share နဲ့ အားပေးခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Odin ရဲ႕ေမြးစားသားျဖစ္ၿပီး Thor ရဲ႕ခ်စ္ညီေလးျဖစ္တဲ့ Loki ဟာ မ်ားေသာအားျဖင့္ ဗီလိန္ေနရာကေန ပါဝင္ေလ့ရွိပါတယ္။ Loki ဟာ Live Action ထဲမွာေတာ့ ၂၀၁၁ခုႏွစ္က ထြက္ရွိခဲ့တဲ့ Thor ဇာတ္ကားထဲမွာ စတင္ၿပီး ပါဝင္ခဲ့ပါတယ္။ Marvel comic ေလာကထဲကိုေတာ့ ၁၉၆၂ခုႏွစ္ေႏွာင္းပိုင္းမွာ စတင္ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ သူ႔အေၾကာင္းဆိုရင္ အၿမဲလိုလို လူေတြကို လွည့္စားေနတာကလြဲလို႔ က်န္တဲ့အေၾကာင္းေတြကို ပရိသတ္ေတြ သိပ္ၿပီးမသိၾကပါဘူး။ ဒါေၾကာင့္ လူသိပ္မသိေသးဘူးလို႔ ထင္ရတဲ့ Loki ရဲ႕အေၾကာင္း အနည္းငယ္ကို ေဖာ္ျပေပးလိုက္ပါတယ္။

မူလ Loki ဟာ အနီေရာင္ဆံပင္ရွိၿပီးေတာ့ Thor နဲ႔လည္း ဘာမွသက္ဆိုင္မႈ မရွိပါဘူး။
photo via screenrant

Loki ဟာ Marvel ရဲ႕ေကာမစ္ထဲမွာေတာ့ ၁၉၆၂ခုႏွစ္ေႏွာင္းပိုင္းက ထြက္ရွိခဲ့တဲ့ Journey Into Mystery ေကာမစ္အတြဲနံပါတ္(၈၅)ထဲမွာ စတင္ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ဒါဟာ Loki ရဲ႕ တကယ့္အစ မဟုတ္ေသးပါဘူး။ Loki ရဲ႕ တကယ့္မူလဇာစ္ျမစ္အစဟာ Timely Comics ဆိုတဲ့ စာအုပ္တိုက္က ပုံႏွိပ္ထုတ္ေဝတဲ့ ေကာမစ္ထဲမွာ စတင္ခဲ့တာ ျဖစ္ပါတယ္။ အတိအက်ေျပာရရင္ Loki ဟာ ၁၉၄၉ခုႏွစ္က ထြက္ရွိခဲ့တဲ့ Venus ဆိုတဲ့ ေကာမစ္ရဲ႕ အတြဲနံပါတ္(၆) မွာ လွည့္စားျခင္း နတ္ဘုရားအျဖစ္ စတင္ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီေကာမစ္ထဲမွာ သူဟာ အနီေရာင္ဆံပင္နဲ႔ ပန္းေရာင္အက်ႌကို ဝတ္ဆင္သူ ျဖစ္ပါတယ္။ အဲ့ဒီ့ေကာမစ္ရဲ႕ ဇာတ္လမ္းကေတာ့ အလွနတ္ဘုရားမ Venus ရဲ႕ ႐ိုမန႔္တစ္ဆန္တဲ့ ခရီးတစ္ေလွ်ာက္မွာ ဒ႑ာရီထဲက နာမည္ႀကီးသူေတြနဲ႔ ေတြ႕ဆုံၾကပုံကို ေရးဆြဲထားတာ ျဖစ္ပါတယ္။ ဒီထဲမွာေတာ့ Loki ဟာ ေျမေအာက္ကမာၻကို အုပ္ခ်ဳပ္ရသူတစ္ေယာက္ ျဖစ္ၿပီး Thor နဲ႔ ဘာမွပတ္သက္မႈမရွိပါဘူး။ ေနာက္ပိုင္းက်မွသာ Stan Lee နဲ႔ Jack Kirby တို႔က ျပန္လည္စိတ္ကူးပုံေဖာ္ၿပီး ယခုရွိေနတဲ့ Loki အျဖစ္ ျပန္လည္ေရးဆြဲခဲ့ၾကတာ ျဖစ္ပါတယ္။

Loki ဟာ ေရမကူးတတ္ပါဘူး။
photo via screenrant

Loki ရဲ႕ အႀကီးမားဆုံး အားနည္းခ်က္က ေရပါပဲ။ Journey Into Mystery ေကာမစ္ရဲ႕ အေစာပိုင္း ေငြေရာင္ေခတ္တုန္းက Loki ရဲ႕ အခန္းေတြမွာဆိုရင္ သူ႔ရဲ႕အစြမ္းေတြဟာ ေရထဲမွာဆိုရင္ သုံးလို႔မရပါဘူးလို႔ ေဖာ္ျပထားပါတယ္။ အဲ့ဒါအျပင္သူဟာ ေရကို မကူးတတ္တာ ျဖစ္ပါတယ္။ Loki လူေတြကို မသိေစခ်င္တဲ့ သူ႔ရဲ႕အားနည္းခ်က္တစ္ခုဆိုရင္ ေရမကူးတတ္တာပဲ ျဖစ္ပါလိမ့္မယ္။

သူဟာ မိန္းမျဖစ္ခဲ့ဖူးပါတယ္။
photo via screenrant

Norse mythology ထဲမွာဆိုရင္ Loki ဟာ ႏို႔ထိန္းသည္အျဖစ္ ရွစ္ႏွစ္ေလာက္ ေနခဲ့ၿပီးေတာ့ ကေလးေတြလည္း ေမြးခဲ့ဖူးပါတယ္။ Marvel က အဲ့ဒါေတြကို အေျခခံၿပီးေတာ့ Loki ကို ဖန္တီးထားတာ ျဖစ္ပါတယ္။ ၂၀၁၄ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Loki: Agent of Asgard ဆိုတဲ့ ေကာမစ္ထဲမွာဆိုရင္ သူ႔ကိုယ္သူ ေယာက္်ားအျဖစ္ ေျပာင္းလဲလိုက္၊ မိန္းမအျဖစ္ ေျပာင္းလဲလိုက္နဲ႔ လူေတြကို ဒုကၡေပးခဲ့ဖူးပါတယ္။

Mighty Avengers ဆိုတဲ့ ေကာမစ္ထဲမွာဆိုရင္လည္း Scarlet Witch အျဖစ္ ဟန္ေဆာင္ခဲ့ဖူးပါတယ္။ ဒါ့အျပင္ ပိုၿပီးပါးစပ္အေဟာင္းသား ျဖစ္သြားမွာ ရွိပါေသးတယ္။ Secret Invasion: Dark Reign ဆိုတဲ့ ေကာမစ္ထဲမွာဆိုရင္ Thor နဲ႔တြဲေနတဲ့ Lady Sif အျဖစ္ ဟန္ေဆာင္ခဲ့ပါေသးတယ္။ Asgard ရဲ႕ ထီးနန္းနဲ႔ စြမ္းအားကို လိုခ်င္တာေၾကာင့္ Thor ကို လွည့္စားၿပီး Lady Sif အေယာင္ေဆာင္ကာ ညီအစ္ကိုအခ်င္းခ်င္းေတာင္ အိပ္ခဲ့ပါေသးတယ္။

Loki ဟာ ဘာလာလာ ေဒါင္းပါတယ္။
photo via screenrant

Loki အတြက္က လူတစ္ေယာက္ကို သေဘာက်ဖို႔ဆိုရင္ အဲ့ဒီ့လူဘာပဲျဖစ္ေနျဖစ္ေန အေရးမႀကီးပါဘူး။ သူ႔ရဲ႕လိင္တမ္းၫြတ္မႈက တသမတ္တည္း ရွိမေနတာေၾကာင့္ က်ားျဖစ္ျဖစ္၊ မျဖစ္ျဖစ္ မေ႐ြးဘူးဆိုတာကို Young Avengers ထဲမွာ သူကိုယ္တိုင္လည္း ဝန္ခံခဲ့ဖူးသလို Loki ရဲ႕စာေရးဆရာျဖစ္တဲ့ Al Ewing ကလည္း Loki ဟာ ႏွစ္ဖက္ခြၽန္ပါလို႔ ေျပာထားပါတယ္။ သူဟာ တစ္ေယာက္ေယာက္နဲ႔ တြဲခ်င္ၿပီဆိုရင္ အဲ့ဒီ့လူရဲ႕ လိုခ်င္တဲ့ စိတ္ဆႏၵနဲ႔ သူကိုယ္တိုင္ ျဖစ္ခ်င္တဲ့ ဆႏၵေတြ ကိုက္ညီေအာင္ သူ႔ကိုယ္သူ ပုံစံေျပာင္းပစ္ေလ့ရွိပါတယ္။

အႀကီးအက်ယ္ဆုံးေသာ စူပါဗီလိန္အဖြဲ႕ကိုလည္း ဖြဲ႕စည္းခဲ့ပါတယ္။
photo via screenrant

Loki ဟာ သူ႔ရဲ႕အစ္ကို Thor နဲ႔ တစ္ျခားစူပါဟီး႐ိုးေတြအနားမွာ ေနရတာ ၾကာလာတဲ့အခါ သူတို႔ဆီကေန ထြက္ခြာလာၿပီး ကိုယ္ပိုင္စူပါဗီလိန္အဖြဲ႕ကို တည္ေထာင္ခဲ့ပါတယ္။ အဖြဲ႕ဝင္ေတြကေတာ့  Dr. Doom ၊ Kingpin ၊ Magneto ၊ Mandarin ၊ Red Skull နဲ႔ the Wizard တို႔ ျဖစ္ၾကၿပီးေတာ့ Apocalypse နဲ႔ Namor ကေတာ့ အဖြဲ႕ထဲကို ဝင္ဖို႔ကမ္းလွမ္းတာကို ျငင္းပယ္ခဲ့ပါတယ္။ သူတို႔ရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ ပုံမွန္အတိုင္း သြားတိုက္ခိုက္ရင္ မႏိုင္တဲ့ စူပါဟီး႐ိုးေတြကို အဖြဲ႕လိုက္ တိုက္ခိုက္ၿပီးေတာ့ Avengers အဖြဲ႕ႀကီးကို ဖ်က္စီးပစ္ဖို႔ပဲ ျဖစ္ပါတယ္။

Jim Carrey ဟာ Loki ေနရာမွာ သ႐ုပ္ေဆာင္ရဖို႔ နီးစပ္ခဲ့ပါတယ္။
photo via screenrant

Tom Hiddleston ဟာ Loki ဇာတ္ေကာင္နဲ႔ လုံးဝကိုလိုက္ဖက္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ေပမယ့္ မူလ လူေ႐ြးပြဲတုန္းက လ်ာထားတဲ့ သ႐ုပ္ေဆာင္ကေတာ့ Hiddleston မဟုတ္ခဲ့ပါဘူး။ အံ့ဩစရာေကာင္းစြာပဲ Tom Hiddleston ဟာ Loki ေနရာမွာ မဟုတ္ဘဲ Thor ေနရာမွာ သ႐ုပ္ေဆာင္ခ်င္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း သူက Loki ဇာတ္ေကာင္နဲ႔ ပိုလိုက္ဖက္မယ္ဆိုၿပီး Loki ေနရာကို သ႐ုပ္ေဆာင္ခိုင္းလိုက္တာပါ။

အဲ့လိုျဖစ္မလာခင္က Dare Devil ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ Charlie Cox နဲ႔ Josh Hartnett တို႔ကလည္း ပရိသတ္အားေပးမႈနဲ႔ Loki ကာ႐ိုက္တာအတြက္ တစ္ေျပးေနခဲ့ပါေသးတယ္။ ဒါ့အျပင္ မင္းသားႀကီး Jim Carrey ဟာလည္း Loki ျဖစ္ဖို႔ နီးစပ္ခဲ့ပါေသးတယ္။ အေၾကာင္းကေတာ့ ၁၉၉၄ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Mask ဇာတ္ကားထဲက Jim Carrey ရဲ႕ သ႐ုပ္ေဆာင္မႈကို သေဘာက်ခဲ့တာေၾကာင့္ပါ။ သို႔ေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မေ႐ြးျဖစ္ခဲ့တာေၾကာင့္ ဒီေန႔ ဇာတ္႐ုပ္နဲ႔ ကြက္တိျဖစ္တဲ့ မင္းသား Tom Hiddleston ကို Loki အျဖစ္ ျမင္ေတြ႕ေနၾကရတာ ျဖစ္ပါတယ္။

ဒါကေတာ့ Loki ရဲ႕ လူသိနည္းေသးတဲ့ အေၾကာင္းအရာေတြထဲက တစ္ခ်ိဳ႕ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ ႏွစ္သက္တယ္ဆို Like & Share နဲ႔ အားေပးခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular