HomeCharacterLoki Season (1) ထဲက ဗီလိန်ရဲ့ ကောမစ် Origin နဲ့ စိတ်ဝင်စားစရာ အချက်များ

Loki Season (1) ထဲက ဗီလိန်ရဲ့ ကောမစ် Origin နဲ့ စိတ်ဝင်စားစရာ အချက်များ

***Spoiler Alert***

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Loki Season 1 ရဲ့ ဇာတ်သိမ်းပိုင်းထဲမှာတော့ TVA ကို ထိန်းချုပ်နေတဲ့ တကယ့်ဗီလိန်က ဘယ်သူလည်း ဆိုတာကို သိခဲ့ရပါပြီ။ Miss Minute ရဲ့ ပြောစကားအရ ဆိုရင်တော့ သူဟာ ” He Who Remains ” ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ” He Who Remain ” ကိုယ်တိုင်ရဲ့ ရှင်းပြချက်အရဆိုရင် သူဟာ Kang the Conqueror ရဲ့ အချိန်ကွဲ တစ်ယောက် ဖြစ်နေတာကိုလည်း သိလိုက်ရပါတယ်။ ကောမစ်ထဲမှာတော့ ” He Who Remains ” နဲ့ Kang the Conqueror တို့ဟာ မတူညီတဲ့ ဇာတ်ကောင် နှစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း MCU ထဲမှာတော့ အဲ့ဒီဇာတ်ကောင်နှစ်ယောက်ကို ပေါင်းစည်းထားပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဒီဗီလိန်နဲ့ ပတ်သက်တဲ့ ကောမစ်ထဲက အကြောင်းအရာတွေကို ဖော်ပြပေးချင်ပါတယ်။

He Who Remains ရဲ့ ကောမစ် Origin
photo via screenrant

ကောမစ်ထဲမှာတော့ He Who Remains ဟာ Cosmic Entity တစ်ခု ဖြစ်ပြီး သူ့မျိူးနွယ်ရဲ့ နောက်ဆုံးအသက်ရှင်ကျန်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ Multiverse စစ်ပွဲကြီး ဖြစ်တဲ့အချိန်မှာတော့ သူဟာ အဲ့ဒီစစ်ပွဲတွေကို ရပ်တန့်ဖို့နဲ့ Timeline တွေကို ထိန်းသိမ်းဖို့အတွက် Time-Keeper တွေကို ဖန်တီးခဲ့ပါတယ်။ အဲ့ဒီရည်ရွယ်ချက်တွေနဲ့ He Who Remains ပထမဆုံး တီထွင်ခဲ့တဲ့ Enitity တွေဟာ Time-Twisters တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Time-Twister တွေဟာ Reality များစွာကို ဖျက်စီးပစ်ခဲ့တဲ့ ဗီလိန်တွေ ဖြစ်လာတာကြောင့် He Who Remains ဟာ TVA နဲ့ Time-Keeper တွေကို ထပ်မံဖန်တီးခဲ့ရတာ ဖြစ်ပါတယ်။ Time-Keeper တွေ အကြောင်းကို သေချာသိချင်ရင်တော့ ဒီစာကြောင်းကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

MCU ထဲမှာတော့ He Who Remains ဟာ ကောမစ်ထဲက တစ်ချို့အချက်တွေနဲ့ ကိုက်ညီနေပေမယ့်လည်း သူဟာ Kang the Conqueror ရဲ့ အချိန်ကွဲ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်နေရာမှာတော့ Jonathan Majors က သရုပ်ဆောင်ခဲ့ပါတယ်။ MCU ထဲက He Who Remains ရဲ့ ပြောစကားအရ ဆိုရင်တော့ သူဟာ ကမ္ဘာပေါ်က ၃၁ ရာစုမှာ နေထိုင်နေတဲ့ သာမန်လူသားတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Multiverse ကြီးကို ရှာဖွေတွေ့ရှိသွားပြီး တစ်ခြား Timeline က သူ့ဗားရှင်းအမျိူးမျိူးတွေကလည်း တစ်ချိန်တည်းမှာပဲ Multiverse တည်ရှိနေကြောင်းကို ရှာဖွေ့တွေ့ရှိခဲ့ပါတယ်။ စစချင်းမှာတော့ သူတို့တွေ သိရှိထားတဲ့ ဗဟုသုတတွေနဲ့ နည်းပညာတွေကို ဖလှယ်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ Multiverse စစ်ပွဲကြီး ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ နောက်ဆုံး အသက်ရှင်ကျန်ခဲ့တဲ့ He Who Remains ဟာ Alioth ကို ရှာဖွေတွေ့ရှိခဲ့ပြီး Multiverse စစ်ပွဲကို ရပ်တန့်ကာ TVA ကို ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

Kang the Conqueror ရဲ့ ကောမစ် Origin နဲ့ စွမ်းအား
photo via screenrant

ကောမစ်ထဲက Kang the Conqueror ရဲ့ ဇာတ်ကြောင်းတွေဟာ အတော်လေးကို ရှုပ်ထွေးပြီး နားလည်ရခက်ပါတယ်။ ကောမစ်ထဲမှာတော့  သူဟာ ၃၀ ရာစုမှာ နေထိုင်ခဲ့တဲ့ လူသား တစ်ယောက် ဖြစ်ပါတယ်။ Kang ဟာ သူ့ရဲ့ Timeline ထဲမှာပဲ အကြိမ်များစွာ အချိန်ခရီးသွားခဲ့ပြီး သူ့ရဲ့ အတိတ်နဲ့ အနာဂတ်တွေ အားလုံးကို ပြောင်းလဲခဲ့ပါတယ်။ ဒါကြောင့်ပဲ Kang ရဲ့ ဇာတ်ကြောင်းတွေဟာ အစအဆုံးရယ်လို့ သေချာမရှိပဲ သူကိုယ်တိုင်က သက်ရှိဝိရောဓိ ဖြစ်နေတယ်လို့တောင် ပြောလို့ရပါတယ်။

Kang အချိန်ခရီးသွားခြင်းတွေများစွာ ပြုလုပ်ခဲ့တာကြောင့် သူ့ရဲ့ Timeline ဟာ တစ်ခြား Timeline တွေများစွာအဖြစ် ကွဲထွက်ခဲ့ပြီး အချိန်ကွဲ Kang များစွာ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ Kang တွေကတော့ မတူညီတဲ့ Identity တွေနဲ့ နေထိုင်ခဲ့ပါတယ်။ ဥပမာပြောရရင် Young Avengers အဖွဲ့ တည်ထောင်သူ ဖြစ်တဲ့ Iron Lad ကလည်း အချိန်ကွဲ Kang ဖြစ်နေသလို Young Avengers တွေရဲ့ ရန်သူဖြစ်တဲ့ Immortus နဲ့ Scarlet Centurion တို့ကလည်း Kang ရဲ့ အချိန်ကွဲဗားရှင်းတွေပဲ ဖြစ်ပါတယ်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ Kang ဟာ သူ့ရဲ့ အတိတ်နဲ့ အနာဂတ်တွေ အားလုံးကို ပြန်လည်ပြင်ဆင်ထားတာကြောင့် သူ့မှာ လွတ်လပ်စွာ ရွေးချယ်ခွင့်မရှိတော့ဘဲ သူပြင်ဆင်ထားတဲ့ ဖြစ်ရပ်တွေအတိုင်းပဲ နေထိုင်ခဲ့ရတာပါ။

Kang နေထိုင်တဲ့ နေရာကတော့ အချိန်ရဲ့ ပြင်ပက Limbo လို့ခေါ်တဲ့ နေရာမှာရှိတဲ့ Chronopolis မြို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီမြို့ရဲ့ ဘလောက်တစ်ခုချင်းဆီဟာ မတူညီတဲ့ အချိန်ကာလတွေမှာ တည်ရှိနေတဲ့ တစ်ကမ္ဘာလုံးကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ ဒီမြို့ရဲ့ အစွန်ဘက်မှာ ရှိနေတဲ့ ဘလောက်တွေကတော့ အတိတ်ကာလတွေကို သိမ်းပိုက်ထားတာ ဖြစ်ပြီး 2000 BC အထိ သိမ်းပိုက်ထားနိုင်ပါတယ်။ ဒီမြို့လည်ခေါင်မှာ ရှိနေတဲ့ ဘလောက်တွေကတော့ ပိုပြီးအဆင့်မြင့်နေတဲ့ အနာဂတ်ကာလတွေကို သိမ်းပိုက်ထားပါတယ်။

ဒါ့အပြင် Kang ဟာ လူသားတွေရဲ့ သမိုင်းတစ်လျှောက်မှာ အချိန်ခရီးသွားခဲ့တာကြောင့် လူသားတွေ ဖန်တီးခဲ့ဖူးတဲ့ လက်နက်တွေအားလုံးနီးပါးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်ပဲ Infinity Stone တွေထက်တောင် စွမ်းအားကြီးတဲ့ ကောမစ်ထဲက လက်နက်တစ်ခုဖြစ်တဲ့ Cosmic Cube ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Cosmic Cube ဟာ အကန့်အသတ်မရှိလုနီးပါး စွမ်းအားတွေကို ပေးစွမ်းနိုင်ပြီး Reality တွေကို စိတ်ကြိုက်ပြောင်းလဲနိုင်သလို ဒီလက်နက်ရဲ့ စွမ်းအားဟာ Multiverse ကြီးကိုတောင် သက်ရောက်နိုင်တဲ့အထိ စွမ်းအားကြီးပါတယ်။ ဒါ့အပြင် Kang ရဲ့ ဝတ်စုံကလည်း Iron Man တီထွင်ခဲ့ဖူးသမျှ ဝတ်စုံတွေထက် များစွာစွမ်းအားကြီးပြီး အဲ့ဒီဝတ်စုံကြောင့်ပဲ Kang ဟာ သူပိုင်ဆိုင်ထားသမျှ လက်နက်တွေအားလုံးကိုတောင် လက်ဖျောက်တစ်ချက်တည်းနဲ့တင် ဆင့်ခေါ်လိုက်နိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

***Spoiler Alert***

Loki Season 1 ရဲ႕ ဇာတ္သိမ္းပိုင္းထဲမွာေတာ့ TVA ကို ထိန္းခ်ဳပ္ေနတဲ့ တကယ့္ဗီလိန္က ဘယ္သူလည္း ဆိုတာကို သိခဲ့ရပါၿပီ။ Miss Minute ရဲ႕ ေျပာစကားအရ ဆိုရင္ေတာ့ သူဟာ ” He Who Remains ” ျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ” He Who Remain ” ကိုယ္တိုင္ရဲ႕ ရွင္းျပခ်က္အရဆိုရင္ သူဟာ Kang the Conqueror ရဲ႕ အခ်ိန္ကြဲ တစ္ေယာက္ ျဖစ္ေနတာကိုလည္း သိလိုက္ရပါတယ္။ ေကာမစ္ထဲမွာေတာ့ ” He Who Remains ” နဲ႔ Kang the Conqueror တို႔ဟာ မတူညီတဲ့ ဇာတ္ေကာင္ ႏွစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း MCU ထဲမွာေတာ့ အဲ့ဒီဇာတ္ေကာင္ႏွစ္ေယာက္ကို ေပါင္းစည္းထားပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ ဒီဗီလိန္နဲ႔ ပတ္သက္တဲ့ ေကာမစ္ထဲက အေၾကာင္းအရာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

He Who Remains ရဲ႕ ေကာမစ္ Origin
photo via screenrant

ေကာမစ္ထဲမွာေတာ့ He Who Remains ဟာ Cosmic Entity တစ္ခု ျဖစ္ၿပီး သူ႔မ်ိဴးႏြယ္ရဲ႕ ေနာက္ဆုံးအသက္ရွင္က်န္ခဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။ Multiverse စစ္ပြဲႀကီး ျဖစ္တဲ့အခ်ိန္မွာေတာ့ သူဟာ အဲ့ဒီစစ္ပြဲေတြကို ရပ္တန႔္ဖို႔နဲ႔ Timeline ေတြကို ထိန္းသိမ္းဖို႔အတြက္ Time-Keeper ေတြကို ဖန္တီးခဲ့ပါတယ္။ အဲ့ဒီရည္႐ြယ္ခ်က္ေတြနဲ႔ He Who Remains ပထမဆုံး တီထြင္ခဲ့တဲ့ Enitity ေတြဟာ Time-Twisters ေတြပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Time-Twister ေတြဟာ Reality မ်ားစြာကို ဖ်က္စီးပစ္ခဲ့တဲ့ ဗီလိန္ေတြ ျဖစ္လာတာေၾကာင့္ He Who Remains ဟာ TVA နဲ႔ Time-Keeper ေတြကို ထပ္မံဖန္တီးခဲ့ရတာ ျဖစ္ပါတယ္။ Time-Keeper ေတြ အေၾကာင္းကို ေသခ်ာသိခ်င္ရင္ေတာ့ ဒီစာေၾကာင္းကို ႏွိပ္ၿပီး ဆက္လက္ဖတ္ရႈႏိုင္ပါတယ္။

MCU ထဲမွာေတာ့ He Who Remains ဟာ ေကာမစ္ထဲက တစ္ခ်ိဳ႕အခ်က္ေတြနဲ႔ ကိုက္ညီေနေပမယ့္လည္း သူဟာ Kang the Conqueror ရဲ႕ အခ်ိန္ကြဲ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒီဇာတ္ေကာင္ေနရာမွာေတာ့ Jonathan Majors က သ႐ုပ္ေဆာင္ခဲ့ပါတယ္။ MCU ထဲက He Who Remains ရဲ႕ ေျပာစကားအရ ဆိုရင္ေတာ့ သူဟာ ကမာၻေပၚက ၃၁ ရာစုမွာ ေနထိုင္ေနတဲ့ သာမန္လူသားတစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Multiverse ႀကီးကို ရွာေဖြေတြ႕ရွိသြားၿပီး တစ္ျခား Timeline က သူ႔ဗားရွင္းအမ်ိဴးမ်ိဴးေတြကလည္း တစ္ခ်ိန္တည္းမွာပဲ Multiverse တည္ရွိေနေၾကာင္းကို ရွာေဖြ႕ေတြ႕ရွိခဲ့ပါတယ္။ စစခ်င္းမွာေတာ့ သူတို႔ေတြ သိရွိထားတဲ့ ဗဟုသုတေတြနဲ႔ နည္းပညာေတြကို ဖလွယ္ခဲ့ၾကၿပီး ေနာက္ပိုင္းမွာေတာ့ Multiverse စစ္ပြဲႀကီး ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ေနာက္ဆုံး အသက္ရွင္က်န္ခဲ့တဲ့ He Who Remains ဟာ Alioth ကို ရွာေဖြေတြ႕ရွိခဲ့ၿပီး Multiverse စစ္ပြဲကို ရပ္တန႔္ကာ TVA ကို ဖန္တီးခဲ့တယ္လို႔ သိရပါတယ္။

Kang the Conqueror ရဲ႕ ေကာမစ္ Origin နဲ႔ စြမ္းအား
photo via screenrant

ေကာမစ္ထဲက Kang the Conqueror ရဲ႕ ဇာတ္ေၾကာင္းေတြဟာ အေတာ္ေလးကို ရႈပ္ေထြးၿပီး နားလည္ရခက္ပါတယ္။ ေကာမစ္ထဲမွာေတာ့  သူဟာ ၃၀ ရာစုမွာ ေနထိုင္ခဲ့တဲ့ လူသား တစ္ေယာက္ ျဖစ္ပါတယ္။ Kang ဟာ သူ႔ရဲ႕ Timeline ထဲမွာပဲ အႀကိမ္မ်ားစြာ အခ်ိန္ခရီးသြားခဲ့ၿပီး သူ႔ရဲ႕ အတိတ္နဲ႔ အနာဂတ္ေတြ အားလုံးကို ေျပာင္းလဲခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Kang ရဲ႕ ဇာတ္ေၾကာင္းေတြဟာ အစအဆုံးရယ္လို႔ ေသခ်ာမရွိပဲ သူကိုယ္တိုင္က သက္ရွိဝိေရာဓိ ျဖစ္ေနတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။

Kang အခ်ိန္ခရီးသြားျခင္းေတြမ်ားစြာ ျပဳလုပ္ခဲ့တာေၾကာင့္ သူ႔ရဲ႕ Timeline ဟာ တစ္ျခား Timeline ေတြမ်ားစြာအျဖစ္ ကြဲထြက္ခဲ့ၿပီး အခ်ိန္ကြဲ Kang မ်ားစြာ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီ Kang ေတြကေတာ့ မတူညီတဲ့ Identity ေတြနဲ႔ ေနထိုင္ခဲ့ပါတယ္။ ဥပမာေျပာရရင္ Young Avengers အဖြဲ႕ တည္ေထာင္သူ ျဖစ္တဲ့ Iron Lad ကလည္း အခ်ိန္ကြဲ Kang ျဖစ္ေနသလို Young Avengers ေတြရဲ႕ ရန္သူျဖစ္တဲ့ Immortus နဲ႔ Scarlet Centurion တို႔ကလည္း Kang ရဲ႕ အခ်ိန္ကြဲဗားရွင္းေတြပဲ ျဖစ္ပါတယ္။ ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ကေတာ့ Kang ဟာ သူ႔ရဲ႕ အတိတ္နဲ႔ အနာဂတ္ေတြ အားလုံးကို ျပန္လည္ျပင္ဆင္ထားတာေၾကာင့္ သူ႔မွာ လြတ္လပ္စြာ ေ႐ြးခ်ယ္ခြင့္မရွိေတာ့ဘဲ သူျပင္ဆင္ထားတဲ့ ျဖစ္ရပ္ေတြအတိုင္းပဲ ေနထိုင္ခဲ့ရတာပါ။

Kang ေနထိုင္တဲ့ ေနရာကေတာ့ အခ်ိန္ရဲ႕ ျပင္ပက Limbo လို႔ေခၚတဲ့ ေနရာမွာရွိတဲ့ Chronopolis ၿမိဳ႕ပဲ ျဖစ္ပါတယ္။ အဲ့ဒီၿမိဳ႕ရဲ႕ ဘေလာက္တစ္ခုခ်င္းဆီဟာ မတူညီတဲ့ အခ်ိန္ကာလေတြမွာ တည္ရွိေနတဲ့ တစ္ကမာၻလုံးကို သိမ္းပိုက္ထားတာ ျဖစ္ပါတယ္။ ဒီၿမိဳ႕ရဲ႕ အစြန္ဘက္မွာ ရွိေနတဲ့ ဘေလာက္ေတြကေတာ့ အတိတ္ကာလေတြကို သိမ္းပိုက္ထားတာ ျဖစ္ၿပီး 2000 BC အထိ သိမ္းပိုက္ထားႏိုင္ပါတယ္။ ဒီၿမိဳ႕လည္ေခါင္မွာ ရွိေနတဲ့ ဘေလာက္ေတြကေတာ့ ပိုၿပီးအဆင့္ျမင့္ေနတဲ့ အနာဂတ္ကာလေတြကို သိမ္းပိုက္ထားပါတယ္။

ဒဒါ့အျပင္ Kang ဟာ လူသားေတြရဲ႕ သမိုင္းတစ္ေလွ်ာက္မွာ အခ်ိန္ခရီးသြားခဲ့တာေၾကာင့္ လူသားေတြ ဖန္တီးခဲ့ဖူးတဲ့ လက္နက္ေတြအားလုံးနီးပါးကိုလည္း ပိုင္ဆိုင္ထားပါတယ္။ ဒါေၾကာင့္ပဲ Infinity Stone ေတြထက္ေတာင္ စြမ္းအားႀကီးတဲ့ ေကာမစ္ထဲက လက္နက္တစ္ခုျဖစ္တဲ့ Cosmic Cube ကိုလည္း ပိုင္ဆိုင္ထားပါတယ္။ Cosmic Cube ဟာ အကန႔္အသတ္မရွိလုနီးပါး စြမ္းအားေတြကို ေပးစြမ္းႏိုင္ၿပီး Reality ေတြကို စိတ္ႀကိဳက္ေျပာင္းလဲႏိုင္သလို ဒီလက္နက္ရဲ႕ စြမ္းအားဟာ Multiverse ႀကီးကိုေတာင္ သက္ေရာက္ႏိုင္တဲ့အထိ စြမ္းအားႀကီးပါတယ္။ ဒါ့အျပင္ Kang ရဲ႕ ဝတ္စုံကလည္း Iron Man တီထြင္ခဲ့ဖူးသမွ် ဝတ္စုံေတြထက္ မ်ားစြာစြမ္းအားႀကီးၿပီး အဲ့ဒီဝတ္စုံေၾကာင့္ပဲ Kang ဟာ သူပိုင္ဆိုင္ထားသမွ် လက္နက္ေတြအားလုံးကိုေတာင္ လက္ေဖ်ာက္တစ္ခ်က္တည္းနဲ႔တင္ ဆင့္ေခၚလိုက္ႏိုင္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular