HomeEntertainmentFilmLord of the Rings ထဲက Elf တွေဟာ Immortal တွေလား?

Lord of the Rings ထဲက Elf တွေဟာ Immortal တွေလား?

Elf တွေဟာ Lord of the Rings (LOTR)ထဲက စွမ်းအားအကြီးဆုံး မျိူးနွယ်စုတစ်ခု ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Lord of the Rings ရဲ့ Prequel ဇာတ်လမ်းဖြစ်တဲ့ Lord of the Rings: The Rings of Power ဇာတ်လမ်းတွဲ ထွက်ရှိနေပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ LOTR ထဲမှာ ပါဝင်ခဲ့တဲ့ Galadriel နဲ့ Elrond တို့ကို ပြန်လည်မြင်တွေ့လိုက်ရပါတယ်။ The Rings of Power ကတော့ LOTR မတိုင်ခင် နှစ်ပေါင်းထောင်နဲ့ချီတဲ့အချိန်မှာ ဇာတ်အိမ်တည်ထားပါတယ်။

ဒီဇာတ်လမ်းထဲမှာတော့ Elf တွေဟာ Immortal တွေ ဖြစ်ကြပြီး သူတို့ရဲ့ဘဝမှာ အဆင့်သုံးခုကို ဖြတ်သန်းရပါတယ်။ ပထမအဆင့်ကတော့ ကလေးဘဝပဲ ဖြစ်ပြီး နှစ်ပေါင်း(၁၀၀)ခန့် ကြာမြင့်ပါတယ်။ သို့ပေမယ့်လည်း Elf အများစုကတော့ နှစ်ပေါင်း (၅၀)အတွင်းမှာတင် အရွယ်ရောက်နေကြပြီ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ အချိန်မှာတော့ သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာဟာ အိုမင်းရင့်ရော်တာမျိုး ဖြစ်မလာတော့ပါဘူး။

photo via screenrant

ဒုတိယအဆင့်ကတော့ လူကြီးဘဝဖြစ်ပြီး နှစ်ပေါင်း ထောင်နဲ့ချီ ကြာမြင့်ပါတယ်။ တတိယမြောက်အဆင့်ကတော့ ဘယ်လောက်ကြာတယ်ဆိုတာ အတိအကျမသိရသလို ဘယ် Elf ကမှလည်း တတိယအဆင့်ရဲ့အဆုံးထိ မနေထိုင်ဖူးကြပါဘူး။ သူတို့ဟာ စစ်ပွဲမှာ သေဆုံးကြတာနဲ့ Valinor ဆီကို ထွက်ခွာသွားကြတာကြောင့်ပဲ ဖြစ်ပါတယ်။

တတိယအဆင့် ရောက်သွားပြီ ဆိုရင်တော့ သူတို့တွေဟာ မုတ်ဆိတ်မွှေးတွေ ပေါက်လာကြပါတယ်။ စာအုပ်ထဲမှာတော့ Elf တွေဟာ Immortal တွေ ဖြစ်တာကြောင့် ရောဂါဖြစ်ပေါ်ခြင်းလည်း မရှိသလို သာမန်လူတစ်ယောက်ကို သေဆုံးသွားစေနိုင်တဲ့ ဒဏ်ရာကိုတောင် အလိုလို ပြန်လည်ကုသနိုင်စွမ်း ရှိကြပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ လုံလောက်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့်တော့ သေဆုံးနိုင်ကြသလို ဝမ်းနည်းပူဆွေးခြင်းကြောင့်လည်း သေဆုံးနိုင်ကြပါတယ်။

photo via screenrant

Elf တွေဟာ သေဆုံးသွားကြရင် သူတို့ရဲ့ဝိဉာဉ်တွေဟာ Valinor မှာ ရှိတဲ့ Hall of Mandos ကို ရောက်သွားကြပါတယ်။ အဲဒီ Hall ထဲမှာတော့ Middle-Earth ရဲ့ God of Underworld ဖြစ်တဲ့ Mandos ဟာ သူတို့ကို Physical Form ပြန်ပေးဖို့ သင့်မသင့် ဆုံးဖြတ်ပါတယ်။ သေဆုံးသွားတဲ့ Elf ဟာ အသက်ရှင်နေစဉ်တုန်းက ကောင်းမှုတွေ ပြုလုပ်ခဲ့သလားဆိုတာနဲ့ သူတို့တွေမှာ ပြန်လည်ရှင်သန်ချင်စိတ် ရှိသေးလား ဆိုတာတွေအပေါ်မှာ အခြေခံပြီး ဆုံးဖြတ်တာပဲ ဖြစ်ပါတယ်။

အကယ်၍ Mandos က Physical Form ပြန်မပေးဖို့ ဆုံးဖြတ်လိုက်ရင်တော့ သူတို့ရဲ့ဝိဉာဉ်တွေဟာ အဲဒီ Hall မှာပဲ ထာဝရ တည်ရှိသွားကြမှာ ဖြစ်ပါတယ်။ Elf ကိုယ်တိုင်ကိုက ပြန်လည်ရှင်သန်ချင်စိတ် မရှိရင်တော့ သူ့ရဲ့ဝိဉာဉ်ဟာ ပြန်လည်ရှင်သန်ချင်စိတ် ရှိလာတဲ့အထိ Hall ထဲမှာပဲ ရှိနေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular