HomeEntertainmentFilm၂၀၂၁ ခုနှစ်ရဲ့ Streaming အလုပ်ခံရဆုံး ရုပ်ရှင် ဖြစ်လာတဲ့ Luca

၂၀၂၁ ခုနှစ်ရဲ့ Streaming အလုပ်ခံရဆုံး ရုပ်ရှင် ဖြစ်လာတဲ့ Luca

Pixar စတူဒီယိုက ထုတ်လုပ်ခဲ့တဲ့ Luca animated ရုပ်ရှင်ဟာ ကြည့်ရှုတဲ့ မိနစ်ပေါင်း (၁၀)ဘီလျံကျော်နဲ့ ၂၀၂၁ ခုနှစ်ရဲ့ Streaming အလုပ်ခံရဆုံး ရုပ်ရှင် ဖြစ်လာတယ်လို့ Nielsen Film Streaming Chart ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Luca ကတော့ Pixar ရဲ့ (၂၄)ကားမြောက် Animation ဖြစ်ပြီး ဇာတ်လမ်းကတော့ ရေထဲက ထွက်လာရင် လူသားအဖြစ် အသွင်ပြောင်းသွားတဲ့ ပင်လယ်မွန်းစတားလေး Luca နဲ့ ကုန်းပေါ်မှာ လူအယောင်ဆောင်ပြီး နေထိုင်နေတဲ့ နောက်ထပ် ပင်လယ်မွန်းစတားလေး ဖြစ်တဲ့ Alberto တို့ရဲ့ ဇာတ်လမ်းဖြစ်ပြီး သူတို့နှစ်ယောက် ခင်မင်သွားကာ လူသားတွေကြားထဲက သူတို့နှစ်ယောက်ရဲ့ စွန့်စားခန်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

Disney ဟာ မူလကတော့ ဒီ Animation ကို ရုံတင်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ကိုဗစ်ကြောင့် ရုံမတင်နိုင်တော့ဘဲ ၂၀၂၁ ခုနှစ် ဇွန်လ (၁၈)ရက်နေ့မှာ Disney+ ကနေပဲ streaming ပြသခဲ့ပါတယ်။ ဒီ Animation ကတော့ IMDb (7.5) နဲ့ Rotten Tomatoes 91% rating ရထားတဲ့ Animation ကားကောင်းလေးပဲ ဖြစ်ပါတယ်။

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ Luca ဟာ ကြည့်ရှုချိန် မိနစ်ပေါင်း (၁၀.၆)ဘီလျံကျော်နဲ့  ၂၀၂၁ ခုနှစ်ရဲ့ Streaming အများဆုံး ရုပ်ရှင် ဖြစ်လာပါတယ်။ Nielsen က ဖော်ပြထားတဲ့ List ထဲမှာ ပါဝင်နေတဲ့ တခြား Disney ရုပ်ရှင် သုံးကားလည်း ပါရှိနေပါတယ်။ အဲ့ဒီရုပ်ရှင်တွေကတော့ နံပါတ်(၃)နေရာမှာ ရပ်တည်နေတဲ့ Raya and the Last Dragon နဲ့ နံပါတ်(၈)မှာ ရှိနေတဲ့ Cruella တို့ ဖြစ်ပြီး The Jungle Cruise ကတော့ နံပါတ်(၁၀)ကျော်မှာ ရှိနေပါတယ်။

photo via screenrant

ဒီ List ကတော့ Nielsen Chart က ဖြစ်ပြီး Nielsen Chart ဟာ Mobile Device မှာ ကြည့်ရှုတာတွေကို ထည့်မတွက်ထားဘဲ တီဗွီနဲ့ ကြည့်ရှုတဲ့ အရေအတွက်ကိုပဲ ထည့်တွက်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Nielsen Chart ဟာ HBO Max ရဲ့ ရုပ်ရှင်တွေကိုလည်း မတွက်ရသေးဘူးလို့ သိရပါတယ်။

လောလောဆယ်မှာတော့ Disney ဟာ Luca ရဲ့ ကြည့်ရှုသူနှုန်းကို တရားဝင် မကြေညာသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်ရှုချိန် မိနစ်ပေါင်း (၁၀.၆)ဘီလျံဆိုတာ အတော်များတဲ့ပမာဏ ဖြစ်ပြီး Pixar အတွက် အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular