HomeEntertainmentFilmဇာတ်ကောင်အသစ် တစ်ယောက် ပါဝင်လာဦးမယ့် Lucifer Season 6

ဇာတ်ကောင်အသစ် တစ်ယောက် ပါဝင်လာဦးမယ့် Lucifer Season 6

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Lucifer Season 6 ထဲမှာတော့ ဇာတ်ကောင် အသစ်တစ်ယောက် ပါဝင်လာဦးမယ်လို့ ဒီဇာတ်လမ်းတွဲရဲ့ ဖန်တီးသူ Joe Henderson က အတည်ပြုလိုက်ပါတယ်။

Lucifer ဇာတ်လမ်းတွဲကိုတော့ မူလက Fox ရုပ်သံလိုင်းမှ စတင်ပြသခဲ့ပြီး Season 3 အပြီးမှာတော့ Netflix က မူပိုင်ခွင့် ဝယ်ယူပြီး ဆက်လက်ရိုက်ကူး ပြသခဲ့ပါတယ်။

photo via screenrant

ဒါ့အပြင် မကြာသေးခင်ကပဲ Lucifer Season 5 ရဲ့ ဒုတိယပိုင်း ထပ်မံထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒုတိယပိုင်းထဲမှာလည်း ပရိသတ်တွေ မမျှော်လင့်ထားတဲ့ ဇာတ်လမ်း အလှည့်အပြောင်းတွေကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ မူလကတော့ season 5 ဟာ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်း ဖြစ်မယ်လို့ ကြေညာခဲ့ပေမယ့်လည်း Lucifer နေရာမှာ သရုပ်ဆောင်ခဲ့သူ Tom Ellis ဟာ Netflix နဲ့ စာချုပ်သက်တမ်း တိုးလိုက်တာကြောင့် season 6 ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကို ဖန်တီးသူတွေဖြစ်တဲ့ Ildy Modrovich နဲ့ Joe Henderson တို့ဟာ TVLine သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ season 6 ထဲမှာ ပါဝင်လာမယ့် အရာအချို့ကို အရိပ်အမြွက် ပြောပြသွားပါတယ်။ အဲ့ဒီအင်တာဗျူးမှာတော့ မေးမြန်းသူတွေဟာ season 6 ထဲမှာ ဇာတ်ကောင်အသစ် ပါဝင်နိုင်ချေ ရှိသေးလားလို့ မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကိုတော့ Season 6 ဟာ ဒီဇာတ်လမ်းရဲ့ အဆုံးသတ် ဖြစ်ပေမယ့်လည်း အနည်းဆုံး ဇာတ်ကောင်အသစ် တစ်ယောက်တော့ ပါဝင်လာဦးမှာပါလို့ Joe Henderson က ဖြေထားပါတယ်။

photo via screenrant

အခုချိန်မှာတော့ season 6 ထဲမှာ ပါဝင်လာမယ့် ဇာတ်ကောင်အသစ် နှစ်ယောက်ကို ကြေညာထားပါသေးတယ်။ အဲ့ဒီနှစ်ယောက်ကတော့ အမိန့်မနာခံတဲ့ တမန်တော် Rory အနေနဲ့ ပါဝင်မယ့် Brianna Hildebrand နဲ့ Amenadiel နဲ့ ရင်းနှီးသွားတဲ့ ရဲမေ Sonya အနေနဲ့ သရုပ်ဆောင်မယ့် Merrin Dungey တို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Joe ပြောသွားတဲ့ ဇာတ်ကောင်အသစ်ကတော့ အဲ့ဒီနှစ်ယောက် မဟုတ်ဘဲ တတိယမြောက် ဇာတ်ကောင်အသစ် ထပ်မံပါဝင်လာဦးမယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် season 6 ထဲမှာ အပိုင်းဆယ်ပိုင်း ပါဝင်လာမှာ ဖြစ်ပြီး season 5 နဲ့ 6 ကြားမှာ အချိန်ကွာခြားမှု ရှိမယ်လို့လည်း သိရပါသေးတယ်။

Legos

Source: Screenrant

(Zawgyi Version)

Lucifer Season 6 ထဲမွာေတာ့ ဇာတ္ေကာင္ အသစ္တစ္ေယာက္ ပါဝင္လာဦးမယ္လို႔ ဒီဇာတ္လမ္းတြဲရဲ႕ ဖန္တီးသူ Joe Henderson က အတည္ျပဳလိုက္ပါတယ္။

Lucifer ဇာတ္လမ္းတြဲကိုေတာ့ မူလက Fox ႐ုပ္သံလိုင္းမွ စတင္ျပသခဲ့ၿပီး Season 3 အၿပီးမွာေတာ့ Netflix က မူပိုင္ခြင့္ ဝယ္ယူၿပီး ဆက္လက္႐ိုက္ကူး ျပသခဲ့ပါတယ္။

photo via screenrant

ဒါ့အျပင္ မၾကာေသးခင္ကပဲ Lucifer Season 5 ရဲ႕ ဒုတိယပိုင္း ထပ္မံထြက္ရွိလာၿပီ ျဖစ္ပါတယ္။ ဒုတိယပိုင္းထဲမွာလည္း ပရိသတ္ေတြ မေမွ်ာ္လင့္ထားတဲ့ ဇာတ္လမ္း အလွည့္အေျပာင္းေတြကို ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။ မူလကေတာ့ season 5 ဟာ ဒီဇာတ္လမ္းတြဲရဲ႕ ဇာတ္သိမ္း ျဖစ္မယ္လို႔ ေၾကညာခဲ့ေပမယ့္လည္း Lucifer ေနရာမွာ သ႐ုပ္ေဆာင္ခဲ့သူ Tom Ellis ဟာ Netflix နဲ႔ စာခ်ဳပ္သက္တမ္း တိုးလိုက္တာေၾကာင့္ season 6 ထပ္မံထြက္ရွိလာဦးမွာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းတြဲကို ဖန္တီးသူေတြျဖစ္တဲ့ Ildy Modrovich နဲ႔ Joe Henderson တို႔ဟာ TVLine သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာေတာ့ season 6 ထဲမွာ ပါဝင္လာမယ့္ အရာအခ်ိဳ႕ကို အရိပ္အႁမြက္ ေျပာျပသြားပါတယ္။ အဲ့ဒီအင္တာဗ်ဴးမွာေတာ့ ေမးျမန္းသူေတြဟာ season 6 ထဲမွာ ဇာတ္ေကာင္အသစ္ ပါဝင္ႏိုင္ေခ် ရွိေသးလားလို႔ ေမးျမန္းခဲ့ပါတယ္။ ဒီေမးခြန္းကိုေတာ့ Season 6 ဟာ ဒီဇာတ္လမ္းရဲ႕ အဆုံးသတ္ ျဖစ္ေပမယ့္လည္း အနည္းဆုံး ဇာတ္ေကာင္အသစ္ တစ္ေယာက္ေတာ့ ပါဝင္လာဦးမွာပါလို႔ Joe Henderson က ေျဖထားပါတယ္။

photo via screenrantအခုခ်ိန္မွာေတာ့ season 6 ထဲမွာ ပါဝင္လာမယ့္ ဇာတ္ေကာင္အသစ္ ႏွစ္ေယာက္ကို ေၾကညာထားပါေသးတယ္။ အဲ့ဒီႏွစ္ေယာက္ကေတာ့ အမိန႔္မနာခံတဲ့ တမန္ေတာ္ Rory အေနနဲ႔ ပါဝင္မယ့္ Brianna Hildebrand နဲ႔ Amenadiel နဲ႔ ရင္းႏွီးသြားတဲ့ ရဲေမ Sonya အေနနဲ႔ သ႐ုပ္ေဆာင္မယ့္ Merrin Dungey တို႔ပဲ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း Joe ေျပာသြားတဲ့ ဇာတ္ေကာင္အသစ္ကေတာ့ အဲ့ဒီႏွစ္ေယာက္ မဟုတ္ဘဲ တတိယေျမာက္ ဇာတ္ေကာင္အသစ္ ထပ္မံပါဝင္လာဦးမယ္လို႔ ဆိုလိုခ်င္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ season 6 ထဲမွာ အပိုင္းဆယ္ပိုင္း ပါဝင္လာမွာ ျဖစ္ၿပီး season 5 နဲ႔ 6 ၾကားမွာ အခ်ိန္ကြာျခားမႈ ရွိမယ္လို႔လည္း သိရပါေသးတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular