HomeEntertainmentFilmLucifer ဇာတ်လမ်းတွဲရဲ့ ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားဖွယ်ရာများ 

Lucifer ဇာတ်လမ်းတွဲရဲ့ ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားဖွယ်ရာများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Lucifer ဇာတ်လမ်းတွဲဟာ ၂၀၁၆ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး အစတုန်းကတော့ Fox ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့်လည်း season 3 ပြီးသွားတဲ့အချိန်မှာတော့ Fox ဟာ ဒီဇာတ်လမ်းတွဲကို ဖျက်သိမ်းလိုက်ပါတယ်။ နောက်ပိုင်းကျမှသာ Netflix က ပြန်လည်ဝယ်ယူပြီးတော့ ပရိသတ်တွေအတွက် season အသစ် ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ Lucifer ဇာတ်လမ်းတွဲရဲ့ နောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးချင်ပါတယ်။

Tom Ellis ဟာ သီချင်းဆိုတဲ့ဇာတ်ဝင်ခန်းတွေမှာ သူကိုယ်တိုင်သီဆိုတာ ဖြစ်ပါတယ်။
photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာ ဇာတ်ဝင်သီချင်းတွေ အများကြီး ပါဝင်တဲ့အပြင် Lucifer ဟာ သူ့ရဲ့ကလပ်မှာ စန္ဒယားတီးရင်းနဲ့ သီချင်းဆိုတဲ့အခန်းတွေလည်း မကြာခဏ ပါဝင်လေ့ရှိပါတယ်။ တကယ်တော့ အဲ့ဒီသီချင်းဆိုတဲ့ ဇာတ်ဝင်ခန်းတွေမှာ Tom Ellis ကိုယ်တိုင် သီဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စန္ဒယားကတော့ သူကိုယ်တိုင်တီးတာ မဟုတ်ပါဘူး။ အကြောင်းကတော့ သူဟာ Trumpet နဲ့ French horn တို့ကို တီးမှုတ်တတ်ပေမယ့်လည်း စန္ဒယားကတော့ သူကျွမ်းကျင်တဲ့အရာ မဟုတ်လို့ ဖြစ်ပါတယ်။

Lucifer ဟာ အမေရိကန် လေယူလေသိမ်းနဲ့ ရိုက်ကူးမလို ဖြစ်ခဲ့ပါသေးတယ်။
photo via screenrant

Lucifer ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေအကုန်လုံးဟာ အမေရိကန် လေယူလေသိမ်းနဲ့ ပြောဆိုနေကြပေမယ့်လည်း Lucifer တစ်ယောက်တည်းက ဗြိတိန် လေယူလေသိမ်းနဲ့ ပြောဆိုတာကို သတိထားမိကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းတွဲကို မရိုက်ခင်တုန်းက Lucifer ဟာ တစ်ခြားသူတွေလိုပဲ အမေရိကန် လေယူလေသိမ်းနဲ့ ရိုက်ကူးမလို ဖြစ်ခဲ့ပါတယ်။

အကြောင်းကတော့ Tom Ellis ဟာ Lucifer ဇာတ်ကောင်ကို လေ့လာနေရင်းနဲ့ သူပြောရမယ့် ဒိုင်ယာလော့ခ်တွေကို အမေရိကန် လေယူလေသိမ်းနဲ့ ပြောကြည့်တဲ့အချိန်မှာ ဇာတ်ကောင်ပုံစံဟာ ရိုင်းစိုင်း၊ ခေါင်းမာပြီး ငတုံးပုံစံ ဖြစ်နေခဲ့ပါတယ်။ အဲ့ဒါကြောင့် Tom Ellis ဟာ ဗြိတိန် လေယူလေသိမ်းနဲ့ ပြောဆိုကြည့်တဲ့အခါကျမှ သူဟာ ဇာတ်ကောင်နဲ့ တစ်သားတည်း ဖြစ်သွားပြီး လုံးဝကို Lucifer ဆန်သွားတာ ဖြစ်ပါတယ်။

ပထမဆုံး season နှစ်ခုဟာ ကနေဒါနိုင်ငံမှာရှိတဲ့ Vancouver မြို့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

Lucifer ဟာ ငရဲမှာ နေထိုင်ရတာ ပျင်းလာတာကြောင့် လော့စ်အိန်ဂျလိစ်မြို့ပေါ် တက်လာတယ်ဆိုတာ ပရိသတ်တိုင်း သိကြပါတယ်။ ဒီဇာတ်လမ်းတစ်ခုလုံးဟာ အယ်လ်အေမြို့မှာပဲ အခြေခံထားတာ ဖြစ်ပေမယ့် တကယ်တမ်းမှာ ဒီဇာတ်လမ်းကို‌ အယ်လ်အေမြို့မှာ ရိုက်ကူးခဲ့တာ မဟုတ်ပါဘူး။ ပထမဆုံး season နှစ်ခုကို ကနေဒါနိုင်ငံက Vancouver မြို့ပေါ်မှာ ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။ တတိယမြောက် season ကို ရိုက်ကူးမယ့်အချိန်ကျမှ ရိုက်ကူးရေးဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ Warner Brothers ရဲ့ စတူဒီယိုတစ်ခုမှာ ပြောင်းလဲရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။

#SaveLucifer နဲ့ #PickUpLucifer ကမ်ပိန်းတွေဟာ တကယ်အလုပ်ဖြစ်ခဲ့ပါတယ်။
photo via screenrant

ဒီဇာတ်လမ်းတွဲဟာ အစတုန်းက Fox ရုပ်သံလိုင်းက ပြသခဲ့တာ ဖြစ်ပြီး ကြည့်ရှုသူနှုန်း ကျဆင်းလာတာကြောင့် တတိယမြောက် season မှာတော့ ဒီဇာတ်လမ်းတွဲကို ဖျက်သိမ်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ ပရိသတ်တွေဟာ Lucifer ကို တစ်ခြားရုပ်သံလိုင်းတစ်ခုခုက ဝယ်ယူပြီးတော့ ဇာတ်လမ်းကို ဆက်လက်ရိုက်ကူးပေးဖို့အတွက် #SaveLucifer နဲ့ #PickUpLucifer ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ကမ်ပိန်းလုပ်ကာ တောင်းဆိုခဲ့ကြပါတယ်။ ဒီလိုနဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုဟာ အောင်မြင်သွားပြီး Netflix က ပြန်လည်ဝယ်ယူကာ ဇာတ်လမ်းကို ဆက်လက်ရိုက်ကူးပေးခဲ့ပါတယ်။

Lucifer ဟာ DC ကောမစ်ထဲက အကြောင်းအရာတွေကို အခြေခံထားတာ ဖြစ်ပါတယ်။
photo via screenrant

တကယ်တော့ Lucifer Morningstar ဟာ DC ကနေ ခွဲထုတ်ထားတဲ့ DC Vertigo ရဲ့ The Sandman ဆိုတဲ့ ကောမစ်စီးရီးထဲက အရံဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ နောက်ပိုင်းကျမှသာ spin-off အနေနဲ့ Lucifer ဆိုပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ အဲ့ဒီကောမစ်ထဲက Lucifer အကြောင်းကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး ခရစ်ယာန်သမ္မာကျမ်းစာထဲက အကြောင်းအရာတွေကို အခြေခံထားတာ မဟုတ်ပါဘူး။ သို့ပေမယ့်လည်း တစ်ချို့လူတွေကတော့ “ဘာသာရေးကို ထိခိုက်စေတဲ့အပြင် နောင်လာနောင်သားတွေကို အယူမှားအောင် ပြုလုပ်နေပါတယ်” ဆိုပြီးတော့ ဒီဇာတ်လမ်းတွဲကို ဖျက်သိမ်းဖို့အထိ တောင်းဆိုခဲ့ပါသေးတယ်။

Tom Ellis ဟာ ကိုယ်လုံးတီးအခန်းတွေကို သူကိုယ်တိုင် သရုပ်ဆောင်တာ ဖြစ်ပါတယ်။
photo via screenrant

Lucifer ဟာ အရက်နဲ့မိန်းမတွေကို ကြိုက်နှစ်သက်သူဖြစ်ပြီး အမြဲတမ်းလိုလိုလည်း အဲ့ဒီအရာတွေကိုပဲ လုပ်နေလေ့ရှိပါတယ်။ အဲ့ဒါကြောင့် ဒီဇာတ်လမ်းတွဲထဲမှာဆိုရင် Lucifer ရဲ့ ကိုယ်လုံးတီးအခန်းတွေ အများကြီး ပါဝင်ပါတယ်။ သရုပ်ဆောင်တွေ အများစုဟာ အဲ့လိုအခန်းတွေကို ရိုက်ကူးရတော့မယ်ဆိုရင် လူစားထိုးပြီး သရုပ်ဆောင်ခိုင်းကြပေမယ့်လည်း Tom Ellis ကတော့ ဒီဇာတ်လမ်းတွဲထဲက ကိုယ်လုံးတီးအခန်းတွေ အကုန်လုံးကို သူကိုယ်တိုင် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ မြန်မာပရိသတ်တွေ အကြိုက်တွေ့ကြတဲ့ Lucifer ဇာတ်လမ်းတွဲရဲ့ ရိုက်ကွင်းနောက်ကွယ်က အကြောင်းအရာအချို့ပဲ ဖြစ်ပါတယ်။ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဒီလိုအကြောင်းအရာတွေ အမြဲတမ်း သိရဖို့ ဒီပေ့ချ်လေးကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Lucifer ဇာတ္လမ္းတြဲဟာ ၂၀၁၆ခုႏွစ္မွာ စတင္ထြက္ရွိခဲ့ၿပီး အစတုန္းကေတာ့ Fox ႐ုပ္သံလိုင္းကေန ထုတ္လႊင့္ခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲဟာ ပရိသတ္ေတြၾကားမွာ ေအာင္ျမင္မႈေတြ ရရွိခဲ့ေပမယ့္လည္း season 3 ၿပီးသြားတဲ့အခ်ိန္မွာေတာ့ Fox ဟာ ဒီဇာတ္လမ္းတြဲကို ဖ်က္သိမ္းလိုက္ပါတယ္။ ေနာက္ပိုင္းက်မွသာ Netflix က ျပန္လည္ဝယ္ယူၿပီးေတာ့ ပရိသတ္ေတြအတြက္ season အသစ္ ႐ိုက္ကူးေပးခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Lucifer ဇာတ္လမ္းတြဲရဲ႕ ေနာက္ကြယ္က စိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းအရာေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Tom Ellis ဟာ သီခ်င္းဆိုတဲ့ဇာတ္ဝင္ခန္းေတြမွာ သူကိုယ္တိုင္သီဆိုတာ ျဖစ္ပါတယ္။
photo via screenrant

ဒီဇာတ္လမ္းတြဲထဲမွာ ဇာတ္ဝင္သီခ်င္းေတြ အမ်ားႀကီး ပါဝင္တဲ့အျပင္ Lucifer ဟာ သူ႔ရဲ႕ကလပ္မွာ စႏၵယားတီးရင္းနဲ႔ သီခ်င္းဆိုတဲ့အခန္းေတြလည္း မၾကာခဏ ပါဝင္ေလ့ရွိပါတယ္။ တကယ္ေတာ့ အဲ့ဒီသီခ်င္းဆိုတဲ့ ဇာတ္ဝင္ခန္းေတြမွာ Tom Ellis ကိုယ္တိုင္ သီဆိုခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း စႏၵယားကေတာ့ သူကိုယ္တိုင္တီးတာ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ သူဟာ Trumpet နဲ႔ French horn တို႔ကို တီးမႈတ္တတ္ေပမယ့္လည္း စႏၵယားကေတာ့ သူကြၽမ္းက်င္တဲ့အရာ မဟုတ္လို႔ ျဖစ္ပါတယ္။

Lucifer ဟာ အေမရိကန္ ေလယူေလသိမ္းနဲ႔ ႐ိုက္ကူးမလို ျဖစ္ခဲ့ပါေသးတယ္။
photo via screenrant

Lucifer ဇာတ္လမ္းတြဲထဲက ဇာတ္ေကာင္ေတြအကုန္လုံးဟာ အေမရိကန္ ေလယူေလသိမ္းနဲ႔ ေျပာဆိုေနၾကေပမယ့္လည္း Lucifer တစ္ေယာက္တည္းက ၿဗိတိန္ ေလယူေလသိမ္းနဲ႔ ေျပာဆိုတာကို သတိထားမိၾကမယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္လည္း ဒီဇာတ္လမ္းတြဲကို မ႐ိုက္ခင္တုန္းက Lucifer ဟာ တစ္ျခားသူေတြလိုပဲ အေမရိကန္ ေလယူေလသိမ္းနဲ႔ ႐ိုက္ကူးမလို ျဖစ္ခဲ့ပါတယ္။

အေၾကာင္းကေတာ့ Tom Ellis ဟာ Lucifer ဇာတ္ေကာင္ကို ေလ့လာေနရင္းနဲ႔ သူေျပာရမယ့္ ဒိုင္ယာေလာ့ခ္ေတြကို အေမရိကန္ ေလယူေလသိမ္းနဲ႔ ေျပာၾကည့္တဲ့အခ်ိန္မွာ ဇာတ္ေကာင္ပုံစံဟာ ႐ိုင္းစိုင္း၊ ေခါင္းမာၿပီး ငတုံးပုံစံ ျဖစ္ေနခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ Tom Ellis ဟာ ၿဗိတိန္ ေလယူေလသိမ္းနဲ႔ ေျပာဆိုၾကည့္တဲ့အခါက်မွ သူဟာ ဇာတ္ေကာင္နဲ႔ တစ္သားတည္း ျဖစ္သြားၿပီး လုံးဝကို Lucifer ဆန္သြားတာ ျဖစ္ပါတယ္။

ပထမဆုံး season ႏွစ္ခုဟာ ကေနဒါႏိုင္ငံမွာရွိတဲ့ Vancouver ၿမိဳ႕မွာ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

Lucifer ဟာ ငရဲမွာ ေနထိုင္ရတာ ပ်င္းလာတာေၾကာင့္ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ေပၚ တက္လာတယ္ဆိုတာ ပရိသတ္တိုင္း သိၾကပါတယ္။ ဒီဇာတ္လမ္းတစ္ခုလုံးဟာ အယ္လ္ေအၿမိဳ႕မွာပဲ အေျခခံထားတာ ျဖစ္ေပမယ့္ တကယ္တမ္းမွာ ဒီဇာတ္လမ္းကို‌ အယ္လ္ေအၿမိဳ႕မွာ ႐ိုက္ကူးခဲ့တာ မဟုတ္ပါဘူး။ ပထမဆုံး season ႏွစ္ခုကို ကေနဒါႏိုင္ငံက Vancouver ၿမိဳ႕ေပၚမွာ ႐ိုက္ကူးခဲ့ၾကတာ ျဖစ္ပါတယ္။ တတိယေျမာက္ season ကို ႐ိုက္ကူးမယ့္အခ်ိန္က်မွ ႐ိုက္ကူးေရးဟာ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာရွိတဲ့ Warner Brothers ရဲ႕ စတူဒီယိုတစ္ခုမွာ ေျပာင္းလဲ႐ိုက္ကူးခဲ့ၾကတာ ျဖစ္ပါတယ္။

#SaveLucifer နဲ႔ #PickUpLucifer ကမ္ပိန္းေတြဟာ တကယ္အလုပ္ျဖစ္ခဲ့ပါတယ္။
photo via screenrant

ဒီဇာတ္လမ္းတြဲဟာ အစတုန္းက Fox ႐ုပ္သံလိုင္းက ျပသခဲ့တာ ျဖစ္ၿပီး ၾကည့္ရႈသူႏႈန္း က်ဆင္းလာတာေၾကာင့္ တတိယေျမာက္ season မွာေတာ့ ဒီဇာတ္လမ္းတြဲကို ဖ်က္သိမ္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ပရိသတ္ေတြဟာ Lucifer ကို တစ္ျခား႐ုပ္သံလိုင္းတစ္ခုခုက ဝယ္ယူၿပီးေတာ့ ဇာတ္လမ္းကို ဆက္လက္႐ိုက္ကူးေပးဖို႔အတြက္ #SaveLucifer နဲ႔ #PickUpLucifer ဆိုၿပီး ဆိုရွယ္မီဒီယာေပၚမွာ ကမ္ပိန္းလုပ္ကာ ေတာင္းဆိုခဲ့ၾကပါတယ္။ ဒီလိုနဲ႔ ပရိသတ္ေတြရဲ႕ ေတာင္းဆိုမႈဟာ ေအာင္ျမင္သြားၿပီး Netflix က ျပန္လည္ဝယ္ယူကာ ဇာတ္လမ္းကို ဆက္လက္႐ိုက္ကူးေပးခဲ့ပါတယ္။

Lucifer ဟာ DC ေကာမစ္ထဲက အေၾကာင္းအရာေတြကို အေျခခံထားတာ ျဖစ္ပါတယ္။
photo via screenrant

တကယ္ေတာ့ Lucifer Morningstar ဟာ DC ကေန ခြဲထုတ္ထားတဲ့ DC Vertigo ရဲ႕ The Sandman ဆိုတဲ့ ေကာမစ္စီးရီးထဲက အရံဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ ေနာက္ပိုင္းက်မွသာ spin-off အေနနဲ႔ Lucifer ဆိုၿပီး ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲဟာ အဲ့ဒီေကာမစ္ထဲက Lucifer အေၾကာင္းကို အေျခခံ ႐ိုက္ကူးထားတာျဖစ္ၿပီး ခရစ္ယာန္သမၼာက်မ္းစာထဲက အေၾကာင္းအရာေတြကို အေျခခံထားတာ မဟုတ္ပါဘူး။ သို႔ေပမယ့္လည္း တစ္ခ်ိဳ႕လူေတြကေတာ့ “ဘာသာေရးကို ထိခိုက္ေစတဲ့အျပင္ ေနာင္လာေနာင္သားေတြကို အယူမွားေအာင္ ျပဳလုပ္ေနပါတယ္” ဆိုၿပီးေတာ့ ဒီဇာတ္လမ္းတြဲကို ဖ်က္သိမ္းဖို႔အထိ ေတာင္းဆိုခဲ့ပါေသးတယ္။

Tom Ellis ဟာ ကိုယ္လုံးတီးအခန္းေတြကို သူကိုယ္တိုင္ သ႐ုပ္ေဆာင္တာ ျဖစ္ပါတယ္။
photo via screenrant

Lucifer ဟာ အရက္နဲ႔မိန္းမေတြကို ႀကိဳက္ႏွစ္သက္သူျဖစ္ၿပီး အၿမဲတမ္းလိုလိုလည္း အဲ့ဒီအရာေတြကိုပဲ လုပ္ေနေလ့ရွိပါတယ္။ အဲ့ဒါေၾကာင့္ ဒီဇာတ္လမ္းတြဲထဲမွာဆိုရင္ Lucifer ရဲ႕ ကိုယ္လုံးတီးအခန္းေတြ အမ်ားႀကီး ပါဝင္ပါတယ္။ သ႐ုပ္ေဆာင္ေတြ အမ်ားစုဟာ အဲ့လိုအခန္းေတြကို ႐ိုက္ကူးရေတာ့မယ္ဆိုရင္ လူစားထိုးၿပီး သ႐ုပ္ေဆာင္ခိုင္းၾကေပမယ့္လည္း Tom Ellis ကေတာ့ ဒီဇာတ္လမ္းတြဲထဲက ကိုယ္လုံးတီးအခန္းေတြ အကုန္လုံးကို သူကိုယ္တိုင္ သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

ဒါကေတာ့ ျမန္မာပရိသတ္ေတြ အႀကိဳက္ေတြ႕ၾကတဲ့ Lucifer ဇာတ္လမ္းတြဲရဲ႕ ႐ိုက္ကြင္းေနာက္ကြယ္က အေၾကာင္းအရာအခ်ိဳ႕ပဲ ျဖစ္ပါတယ္။ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ ဒီလိုအေၾကာင္းအရာေတြ အၿမဲတမ္း သိရဖို႔ ဒီေပ့ခ်္ေလးကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular