HomeEntertainmentFilmကံအဆိုးဆုံး ကောင်မလေးတစ်ယောက်အကြောင်းကို မြင်တွေ့ရမယ့် Luck Animation

ကံအဆိုးဆုံး ကောင်မလေးတစ်ယောက်အကြောင်းကို မြင်တွေ့ရမယ့် Luck Animation

Luck Animation ကတော့ Apple TV+ ကနေ ပြသသွားမှာ ဖြစ်ပြီး ယခုဆိုရင်တော့ ထွေလာအသစ် ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Sam Greenfield ဆိုတဲ့ ကောင်မလေးဟာ ကမ္ဘာမှာ ကံအဆိုးဆုံးလူတစ်ယောက် ဖြစ်နေပြီး တစ်ရက်မှာတော့ သူမဟာ ကံကောင်းခြင်း၊ ကံဆိုးခြင်းတွေ တည်ရှိနေတဲ့ “Land of Luck” ကို ရောက်ရှိသွားပါတယ်။

သူမဟာ အမြဲတမ်း ကံဆိုးမိုးမှောင်ကျနေတာကြောင့် “Land of Luck” ကို ရောက်သွားတဲ့ အချိန်မှာတော့ သူမကိုယ်သူမ ကံကောင်းအောင် ပြုလုပ်နိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့်လည်း သူမကိုယ်တိုင်က အလွန်အမင်း ကံဆိုးနေတာကြောင့် အခက်အခဲတွေများစွာနဲ့ အလွဲလွဲအချော်ချော် ဖြစ်နေတာကို ဟာသဆန်ဆန် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီ Animation ထဲမှာတော့ Eva Noblezada ဟာ Sam Greenfield နေရာက အသံသရုပ်ဆောင်ထားပြီး Simon Pegg ကလည်း အဓိကဇာတ်ကောင် ဖြစ်တဲ့ ကြောင်မည်းလေးနေရာက ပါဝင်ပြီး အသံသရုပ်ဆောင်ထားပါတယ်။ တခြားပါဝင်ထားတဲ့ အသံသရုပ်ဆောင်တွေကတော့ Jane Fonda ၊ Whoopi Goldberg ၊ Flula Borg ၊ Colin O’Donoghue ၊ John Ratzenberger နဲ့ Adelynn Spoon တို့လည်း ပါဝင်ထားပါတယ်။ ဒီ Animation ကိုတော့ ဒါရိုက်တာ Peggy Holmes က ရိုက်ကူးထားပါတယ်။

ယခုဆိုရင်တော့ Apple TV+ ဟာ Luck Animation အတွက် ထွေလာအသစ်ကို ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ Sam Greenfield ရဲ့ နေ့စဉ်ဘဝမှာ ကံဆိုးမှုတွေကြောင့် အလွဲလွဲအချော်ချော်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ ကံကောင်းစေတဲ့ အကြွေစေ့လေးကို ရရှိသွားပြီး အရာရာအားလုံးဟာ အဆင်ပြေသွားပြီလို့ ထင်ရပါတယ်။ ဒါပေမယ့်လည်း သူမဟာ အဲဒီအကြွေစေ့လေးကို မတော်တဆ အိမ်သာထဲ ပြုတ်ကျသွားတဲ့ အချိန်မှာတော့…။

ဒီ Animation ကတော့ Apple TV+ ရဲ့ ပထမဆုံး Original Animation တစ်ကား ဖြစ်ပြီး Skydance စတူဒီယိုနဲ့အတူ တွဲဖက်ဖန်တီးထားတာ ဖြစ်ပါတယ်။ Apple TV+ ဟာ ဒီ Animation တင်မဟုတ်ဘဲ နောက်ထပ် Animation အသစ်တွေလည်း ထွက်ရှိလာဖို့ ပြင်ဆင်ထားပါသေးတယ်။ အဲဒီ Animation တွေကတော့ Spellbound နဲ့ The Search for WondLa ဆိုတဲ့ Animation Series တို့ပဲ ဖြစ်ပါတယ်။ Luck Animation ကတော့ ဩဂုတ်လ (၅)ရက်နေ့မှာ Apple TV+ ကနေ ပြသတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular