HomeEntertainmentFilm၂၀၂၃ ခုနှစ်မှာ ထွက်လာမယ့် Mad Max Prequel ထဲမှာ ပါဝင်လာမယ့် Anya Taylor-Joy

၂၀၂၃ ခုနှစ်မှာ ထွက်လာမယ့် Mad Max Prequel ထဲမှာ ပါဝင်လာမယ့် Anya Taylor-Joy

ေအာက္တြင္‌ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒါရိုက်တာ George Miller ရဲ့ Mad Max prequel ထဲမှာတော့ Anya Taylor-Joy နဲ့ Chris Hemsworth တို့ ပါဝင်လာမယ်လို့ သိရပြီး ၂၀၂၃ ရဲ့နွေရာသီမှာ ရုံတင်သွားမယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ Mad Max: Fury Road ဟာ အလွန်အောင်မြင်ခဲ့ပြီး မင်းသမီး Charlize Theron ရဲ့ Furiosa ကို မြင်တွေ့ခဲ့ရပါတယ်။ အခုအသစ်ထွက်လာမယ့် Mad Max prequel ထဲမှာတော့ Anya Taylor-Joy က Furiosa နေရာမှာ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Chris Hemsworth နဲ့ Yahya Abdul-Mateen II တို့လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကိုတော့ Warner Bros က လောလောဆယ်မှာ Furiosa လို့ နာမည်ပေးထားပြီး ၂၀၂၃ ဇွန် ၂၃ ရက်နေ့မှာ ထွက်လာမယ်လို့ ကြေညာထားပါတယ်။ ဒါ့အပြင် HBO Max မှာတင် ပြသသွားမှာ မဟုတ်ဘဲ ရုပ်ရှင်ရုံတွေမှာပါ ပြသသွားမယ်လို့လည်း အတည်ပြုခဲ့ပါတယ်။ အကယ်၍ ဒီရုံတင်ရက်က မပြောင်းရွှေ့ခဲ့ဖူး ဆိုရင်တော့ ဒီရုပ်ရှင်ဟာ Mad Max: Fury Road ထွက်ပြီး ရှစ်နှစ်အကြာမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

ကိုဗစ်ကာလမှာတော့ ရုပ်ရှင်တွေအများစုဟာ ရုံတင်ရက်တွေ ရွှေ့ဆိုင်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်ကာလအတွင်းမှာ လူကြိုက်များတဲ့ ရုပ်ရှင်တွေကို ပြသခဲ့တာကတော့ WB စတူဒီယိုတစ်ခုပဲ ရှိပါတယ်။ သိပ်မကြာခင်တုန်းက Tenet ကိုပြသခဲ့ပြီး အခုချိန်မှာလည်း Wonder Woman 1984 ကို ပြသနေပြီ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်တွေက ပုံမှန်အချိန်မှာဆိုရင် ဒီထက်ဝင်ငွေများမှာ ဖြစ်ပေမယ့်လည်း ကိုဗစ်ကာလအတွင်းမှာ ဖြစ်တာကြောင့် box office မှာတော့ အခြေအနေမကောင်း ဖြစ်နေခဲ့ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ရဲ့ ရုံတင်ရက်ဟာ ၂၀၂၃ မှာ ဖြစ်တာကြောင့် ၂၀၂၂ ခုနှစ်လောက်မှ ရိုက်ကူးရေး စတင်လို့တောင် ရပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ်ရောက်တဲ့အချိန်ကျရင်တော့ ကိုဗစ်လည်း ပျောက်ကင်းသွားဖို့ မျှော်လင့်လို့ရပြီး နိုင်ငံတကာမှာ ရုပ်ရှင်တွေ ပြန်လည်ဖွင့်လှစ်ကာ အရင်လို ပုံမှန်ကမ္ဘာကြီးအဖြစ် ပြန်လည် လည်ပတ်တော့မယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ရုံတင်တဲ့အချိန်မှာတော့ အခုလိုကိုဗစ်ကို ကြောက်နေစရာမလိုတော့ဘဲ ရုပ်ရုင်ရုံတွေမှာ အေးဆေးသွားကြည့်နိုင်လောက်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

ဒါ႐ိုက္တာ George Miller ရဲ႕ Mad Max prequel ထဲမွာေတာ့ Anya Taylor-Joy နဲ႔ Chris Hemsworth တို႔ ပါဝင္လာမယ္လို႔ သိရၿပီး ၂၀၂၃ ရဲ႕ေႏြရာသီမွာ ႐ုံတင္သြားမယ္လို႔ သိရပါတယ္။ ၂၀၁၅ ခုႏွစ္က ထြက္ခဲ့တဲ့ Mad Max: Fury Road ဟာ အလြန္ေအာင္ျမင္ခဲ့ၿပီး မင္းသမီး Charlize Theron ရဲ႕ Furiosa ကို ျမင္ေတြ႕ခဲ့ရပါတယ္။ အခုအသစ္ထြက္လာမယ့္ Mad Max prequel ထဲမွာေတာ့ Anya Taylor-Joy က Furiosa ေနရာမွာ သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Chris Hemsworth နဲ႔ Yahya Abdul-Mateen II တို႔လည္း ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ကိုေတာ့ Warner Bros က ေလာေလာဆယ္မွာ Furiosa လို႔ နာမည္ေပးထားၿပီး ၂၀၂၃ ဇြန္ ၂၃ ရက္ေန႔မွာ ထြက္လာမယ္လို႔ ေၾကညာထားပါတယ္။ ဒါ့အျပင္ HBO Max မွာတင္ ျပသသြားမွာ မဟုတ္ဘဲ ႐ုပ္ရွင္႐ုံေတြမွာပါ ျပသသြားမယ္လို႔လည္း အတည္ျပဳခဲ့ပါတယ္။ အကယ္၍ ဒီ႐ုံတင္ရက္က မေျပာင္းေ႐ႊ႕ခဲ့ဖူး ဆိုရင္ေတာ့ ဒီ႐ုပ္ရွင္ဟာ Mad Max: Fury Road ထြက္ၿပီး ရွစ္ႏွစ္အၾကာမွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။

ကိုဗစ္ကာလမွာေတာ့ ႐ုပ္ရွင္ေတြအမ်ားစုဟာ ႐ုံတင္ရက္ေတြ ေ႐ႊ႕ဆိုင္းခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ကိုဗစ္ကာလအတြင္းမွာ လူႀကိဳက္မ်ားတဲ့ ႐ုပ္ရွင္ေတြကို ျပသခဲ့တာကေတာ့ WB စတူဒီယိုတစ္ခုပဲ ရွိပါတယ္။ သိပ္မၾကာခင္တုန္းက Tenet ကိုျပသခဲ့ၿပီး အခုခ်ိန္မွာလည္း Wonder Woman 1984 ကို ျပသေနၿပီ ျဖစ္ပါတယ္။ အဲ့ဒီ႐ုပ္ရွင္ေတြက ပုံမွန္အခ်ိန္မွာဆိုရင္ ဒီထက္ဝင္ေငြမ်ားမွာ ျဖစ္ေပမယ့္လည္း ကိုဗစ္ကာလအတြင္းမွာ ျဖစ္တာေၾကာင့္ box office မွာေတာ့ အေျခအေနမေကာင္း ျဖစ္ေနခဲ့ပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ရဲ႕ ႐ုံတင္ရက္ဟာ ၂၀၂၃ မွာ ျဖစ္တာေၾကာင့္ ၂၀၂၂ ခုႏွစ္ေလာက္မွ ႐ိုက္ကူးေရး စတင္လို႔ေတာင္ ရပါတယ္။ ဒါ့အျပင္ ၂၀၂၃ ခုႏွစ္ေရာက္တဲ့အခ်ိန္က်ရင္ေတာ့ ကိုဗစ္လည္း ေပ်ာက္ကင္းသြားဖို႔ ေမွ်ာ္လင့္လို႔ရၿပီး ႏိုင္ငံတကာမွာ ႐ုပ္ရွင္ေတြ ျပန္လည္ဖြင့္လွစ္ကာ အရင္လို ပုံမွန္ကမာၻႀကီးအျဖစ္ ျပန္လည္ လည္ပတ္ေတာ့မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီ႐ုပ္ရွင္ကို ႐ုံတင္တဲ့အခ်ိန္မွာေတာ့ အခုလိုကိုဗစ္ကို ေၾကာက္ေနစရာမလိုေတာ့ဘဲ ႐ုပ္႐ုင္႐ုံေတြမွာ ေအးေဆးသြားၾကည့္ႏိုင္ေလာက္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular