HomeCelebs Update NewsInternationalSexist တွေရဲ့ ဝေဖန်ခံနေရတဲ့ Billie Eilish ဘက်ကနေ ချေပပြောဆိုပေးလိုက်တဲ့ Madonna 

Sexist တွေရဲ့ ဝေဖန်ခံနေရတဲ့ Billie Eilish ဘက်ကနေ ချေပပြောဆိုပေးလိုက်တဲ့ Madonna 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Billie Eilish ဟာ မိန်းမသားဆန်ဆန် နေထိုင်ဝတ်ဆင်လာတဲ့နောက်မှာတော့ သူမရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ဖော်လိုဝါတွေ သိသာစွာ ကျဆင်းလာပါတယ်။ အကြောင်းကတော့ Billie ကို မိန်းမဆန်ဆန် ဝတ်စားဆင်ယင်တာကို မကြိုက်ကြတာကြောင့် ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝါရင့်အဆိုတော်ကြီး Madonna က Billie ဘက်ကနေ ချေပပြောဆိုပေးလိုက်တာ ဖြစ်ပါတယ်။  မိန်းကလေးတစ်ယောက်အနေနဲ့ မိန်းမသားဆန်စွာ နေထိုင်တာဟာ အပြစ်တစ်ခု မဟုတ်ကြောင်းနဲ့ သူမသာ ယောက်ျားတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်လည်း Billie Eilish ဘာဝတ်ဝတ် ဂရုစိုက်မှာ မဟုတ်ကြောင်း Madonna က ပြောလာတာ ဖြစ်ပါတယ်။

Photo: madonna/ Instagram

“ပြဿနာကတော့ ကျွန်မတို့နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ ကိုယ်နဲ့ လိင်အမျိုးအစား မတူညီသူတွေကို ဖိနှိပ်တဲ့ (sexist) လောကကြီး ဖြစ်နေဆဲမို့လို့ပါပဲ။ မိန်းမတွေကို သူတို့ရဲ့ category တွေထဲမှာ လိုက်သတ်မှတ်နေကြတဲ့ လောကကြီးပေါ့ … ” လို့ Madonna က Billie Eilish ဘက်ကနေ ချေပ ပြောဆိုပေးထားတာ ဖြစ်ပါတယ်။

နာမည်ကျော် အဆိုတော်မလေး Billie Eilish ကတော့ အသက်(၁၉)နှစ်သာ ရှိသေးတာ ဖြစ်ပြီး ယခင်က သူမရဲ့ ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်ကို အိုဗာဆိုဒ် အဝတ်တွေနဲ့ ဖုံးကွယ်ထားခဲ့ရာက မကြာသေးမီက စတင်ပြီး သူမရဲ့ အရှိအတိုင်း ခန္ဓာကိုယ်ကို ပြသလာခဲ့တာ ဖြစ်ပါတယ်။

အဲဒါကတော့ British Vogue မဂ္ဂဇင်းအတွက် အမျိုးသမီးအတွင်းခံနဲ့ ဖက်ရှင်ဓာတ်ပုံ ရိုက်ကူးပေးခဲ့ရာက စတင်ပြီး သူမရဲ့ တချို့သော ပရိသတ်တွေဆီက ဆိုးဝါးတဲ့ ဝေဖန်ထိုးနှက်မှုတွေကို စတင်ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး Madonna ကတော့ လုံးဝသည်းမခံနိုင် ဖြစ်သွားခဲ့တာပါ။

Photo: billieeilish/ Instagram

“မိန်းမတွေက “အပျိုစင်လေးပါ” ဆိုတဲ့ category ထဲမှာ အထည့်မခံရရင် “ဖျာသည်မလေးပါ” ဆိုတဲ့ category ထဲ အထည့်ခံနေကြရတာပါ။ Billie ကတော့ လိင်ပိုင်းအရ ဆွဲဆောင်မှုတွေ မပါဝင်တဲ့ ပုံစံမျိုးနဲ့ စတင်ခဲ့တာ တွေ့ရတယ်။ အများအကြိုက်ဆောင်တာမျိုးတွေ မလုပ်ခဲ့ဘူး။ သူ့ရဲ့  sexuality ကို ဘယ်လိုနည်းလမ်းနဲ့မှ အသုံးချခဲ့တာမျိုး မရှိဘူး။ ပြီးတော့ ဒါတွေအကုန်လုံးကလည်း သူ့ရဲ့ ရွေးချယ်မှုပဲလေ။ တကယ်တော့ သူက ဆယ်ကျော်သက်ရွယ်လေးတစ်ယောက်ပဲ ရှိသေးတာလေ …  ” လို့ Madonna က Elle မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဒါပေမယ့် သူ့ဘာသာ ဆန္ဒရှိလို့ မိန်းမသားဆန်တဲ့ ပုံစံတွေ၊ အရင်က သူ ဖုံးကွယ်ထားတဲ့ သူ့ရဲ့ခန္ဓာကိုယ်အလှ ပေါ်လွင်စေမယ့် ပုံစံလေးတွေ ဓာတ်ပုံရိုက်ချင်လည်း ရိုက်မှာပေါ့။ အဲဒါအတွက်နဲ့ သူက အပြစ်တင်ခံရစရာ ဘာအကြောင်းရှိလို့လဲ …”

Photo: billieeilish/ Instagram

“မိန်းမတွေအနေနဲ့ သူတို့ကိုယ်သူတို့ ကြိုက်သလို ပုံဖော်ပိုင်ခွင့် ရှိတယ်လေ။ တကယ်လို့ Billie ကသာ ယောက်ျားတစ်ယောက်ဆိုရင် ဘယ်သူမှ ဒီအကြောင်းကို အဖတ်လုပ်ပြီး ရေးနေကြမှာ မဟုတ်ဘူး။ ယောက်ျားတစ်ယောက်က သူ့ရဲ့ career အစပိုင်း သုံးနှစ်လောက်မှာ နက်ခ်တိုင်နဲ့ suit နဲ့ ဝတ်ပြပြီး နောက်တစ်လလောက်ကျတော့ ရှပ်တောင် မဝတ်တော့ဘဲ အိုင်းလိုင်နာတွေ ဆိုးလာကြရော။ ဥပမာ Prince တို့၊ Mick Jagger တို့လိုပေါ့။ အဲဒါမျိုးကျတော့ ဘယ်သူမှ ဘာမှမပြောကြဘူးလေ … ” လို့ Madonna က ဆိုပါတယ်။

Billie ကတော့ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်အောင် ဝတ်စားဆင်ယင်မိကတည်းက ဆိုးဝါးတဲ့ ဝေဖန်မှုတွေကို ရရှိခဲ့တယ်လို့ Elle မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ရင်း ပြောသွားခဲ့ပါသေးတယ်။ ဒါ့အပြင် သူမရဲ့ အယ်လ်ဘမ်သစ် “Happier Than Ever” ကို ထွက်ရှိပြီးနောက် after party မှာ အတွင်းခံ corset ကို ပြထားတဲ့ ဓာတ်ပုံကို IG မှာ တင်ခဲ့ပြီးနောက်မှာလည်း ပြင်းထန်တဲ့ ထိုးနှက်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

Photo: billieeilish/ Instagram

အချို့သော ပရိသတ်တွေကတော့ သူမကို “အယောင်ဆောင်” တစ်ယောက်လို့ ထရိုးလ်ကြပြီး “ဂီတလောကကြီးက နင့်ကို ပြောင်းလဲပစ်လိုက်ပြီပဲ … ” လို့လည်း ပြောဆိုခဲ့ကြပါတယ်။ “ဒီအမှတ်တရတွေကို ဖိုင်တစ်ခုနဲ့ တွဲပြီးသာ သိမ်းထားလိုက်စမ်းပါ။ ဒါပေမယ့် ဒါကြီးကတော့ လူ့ဂုဏ်သိက္ခာ ကျဆင်းစေပါတယ် … ” လို့လည်း အချို့ပရိသတ်တွေက ဝေဖန်ခဲ့ကြပါသေးတယ်။

အဆိုပါဓာတ်ပုံကြောင့်ပဲ Billie ဟာ ဖော်လိုဝါ တစ်သိန်းခန့် လျော့ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ Billie ကတော့ ဒီကိစ္စကို ရယ်မောရင်းနဲ့ပဲ “လူတွေက ရင်သားကြီးတာကို ကြောက်ကြတယ် … ” လို့ ပြောထားပါတယ်။

Linda December

Source: hollywoodlife

(Zawgyi Version)

Billie Eilish ဟာ မိန္းမသားဆန္ဆန္ ေနထိုင္ဝတ္ဆင္လာတဲ့ေနာက္မွာေတာ့ သူမရဲ့ ဆိုရွယ္မီဒီယာအေကာင့္မွာ ေဖာ္လိုဝါေတြ သိသာစြာ က်ဆင္းလာပါတယ္။ အေၾကာင္းကေတာ့ Billie ကို မိန္းမဆန္ဆန္ ဝတ္စားဆင္ယင္တာကို မႀကိဳက္ၾကတာေၾကာင့္ ျဖစ္ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဝါရင့္အဆိုေတာ္ႀကီး Madonna က Billie ဘက္ကေန ေခ်ပေျပာဆိုေပးလိုက္တာ ျဖစ္ပါတယ္။  မိန္းကေလးတစ္ေယာက္အေနနဲ႔ မိန္းမသားဆန္စြာ ေနထိုင္တာဟာ အျပစ္တစ္ခု မဟုတ္ေၾကာင္းနဲ႔ သူမသာ ေယာက္်ားတစ္ေယာက္ ျဖစ္ခဲ့မယ္ဆိုရင္လည္း Billie Eilish ဘာဝတ္ဝတ္ ဂ႐ုစိုက္မွာ မဟုတ္ေၾကာင္း Madonna က ေျပာလာတာ ျဖစ္ပါတယ္။

Photo: madonna/ Instagram

“ျပႆနာကေတာ့ ကၽြန္မတို႔ေနထိုင္ေနတဲ့ ကမၻာႀကီးဟာ ကိုယ္နဲ႔ လိင္အမ်ိဳးအစား မတူညီသူေတြကို ဖိႏွိပ္တဲ့ (sexist) ေလာကႀကီး ျဖစ္ေနဆဲမို႔လို႔ပါပဲ။ မိန္းမေတြကို သူတို႔ရဲ့ category ေတြထဲမွာ လိုက္သတ္မွတ္ေနၾကတဲ့ ေလာကႀကီးေပါ့ … ” လို႔ Madonna က Billie Eilish ဘက္ကေန ေခ်ပ ေျပာဆိုေပးထားတာ ျဖစ္ပါတယ္။

နာမည္ေက်ာ္ အဆိုေတာ္မေလး Billie Eilish ကေတာ့ အသက္(၁၉)ႏွစ္သာ ရွိေသးတာ ျဖစ္ၿပီး ယခင္က သူမရဲ့ ခႏၶာကိုယ္ ပုံပန္းသ႑ာန္ကို အိုဗာဆိုဒ္ အဝတ္ေတြနဲ႔ ဖုံးကြယ္ထားခဲ့ရာက မၾကာေသးမီက စတင္ၿပီး သူမရဲ့ အရွိအတိုင္း ခႏၶာကိုယ္ကို ျပသလာခဲ့တာ ျဖစ္ပါတယ္။

အဲဒါကေတာ့ British Vogue မဂၢဇင္းအတြက္ အမ်ိဳးသမီးအတြင္းခံနဲ႔ ဖက္ရွင္ဓာတ္ပုံ ရိုက္ကူးေပးခဲ့ရာက စတင္ၿပီး သူမရဲ့ တခ်ိဳ႕ေသာ ပရိသတ္ေတြဆီက ဆိုးဝါးတဲ့ ေဝဖန္ထိုးႏွက္မွုေတြကို စတင္ရရွိလာခဲ့တာ ျဖစ္ပါတယ္။ ဒီလိုေဝဖန္မွုေတြနဲ႔ ပတ္သက္ၿပီး Madonna ကေတာ့ လုံးဝသည္းမခံနိုင္ ျဖစ္သြားခဲ့တာပါ။

Photo: billieeilish/ Instagram

“မိန္းမေတြက “အပ်ိဳစင္ေလးပါ” ဆိုတဲ့ category ထဲမွာ အထည့္မခံရရင္ “ဖ်ာသည္မေလးပါ” ဆိုတဲ့ category ထဲ အထည့္ခံေနၾကရတာပါ။ Billie ကေတာ့ လိင္ပိုင္းအရ ဆြဲေဆာင္မွုေတြ မပါဝင္တဲ့ ပုံစံမ်ိဳးနဲ႔ စတင္ခဲ့တာ ေတြ႕ရတယ္။ အမ်ားအႀကိဳက္ေဆာင္တာမ်ိဳးေတြ မလုပ္ခဲ့ဘူး။ သူ႔ရဲ့  sexuality ကို ဘယ္လိုနည္းလမ္းနဲ႔မွ အသုံးခ်ခဲ့တာမ်ိဳး မရွိဘူး။ ၿပီးေတာ့ ဒါေတြအကုန္လုံးကလည္း သူ႔ရဲ့ ေရြးခ်ယ္မွုပဲေလ။ တကယ္ေတာ့ သူက ဆယ္ေက်ာ္သက္ရြယ္ေလးတစ္ေယာက္ပဲ ရွိေသးတာေလ …  ” လို႔ Madonna က Elle မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ဒါေပမယ့္ သူ႔ဘာသာ ဆႏၵရွိလို႔ မိန္းမသားဆန္တဲ့ ပုံစံေတြ၊ အရင္က သူ ဖုံးကြယ္ထားတဲ့ သူ႔ရဲ့ခႏၶာကိုယ္အလွ ေပၚလြင္ေစမယ့္ ပုံစံေလးေတြ ဓာတ္ပုံရိုက္ခ်င္လည္း ရိုက္မွာေပါ့။ အဲဒါအတြက္နဲ႔ သူက အျပစ္တင္ခံရစရာ ဘာအေၾကာင္းရွိလို႔လဲ …”

Photo: billieeilish/ Instagram

“မိန္းမေတြအေနနဲ႔ သူတို႔ကိုယ္သူတို႔ ႀကိဳက္သလို ပုံေဖာ္ပိုင္ခြင့္ ရွိတယ္ေလ။ တကယ္လို႔ Billie ကသာ ေယာက္်ားတစ္ေယာက္ဆိုရင္ ဘယ္သူမွ ဒီအေၾကာင္းကို အဖတ္လုပ္ၿပီး ေရးေနၾကမွာ မဟုတ္ဘူး။ ေယာက္်ားတစ္ေယာက္က သူ႔ရဲ့ career အစပိုင္း သုံးႏွစ္ေလာက္မွာ နက္ခ္တိုင္နဲ႔ suit နဲ႔ ဝတ္ျပၿပီး ေနာက္တစ္လေလာက္က်ေတာ့ ရွပ္ေတာင္ မဝတ္ေတာ့ဘဲ အိုင္းလိုင္နာေတြ ဆိုးလာၾကေရာ။ ဥပမာ Prince တို႔၊ Mick Jagger တို႔လိုေပါ့။ အဲဒါမ်ိဳးက်ေတာ့ ဘယ္သူမွ ဘာမွမေျပာၾကဘူးေလ … ” လို႔ Madonna က ဆိုပါတယ္။

Billie ကေတာ့ သူမရဲ့ ခႏၶာကိုယ္ေကာက္ေၾကာင္းကို ေပၚလြင္ေအာင္ ဝတ္စားဆင္ယင္မိကတည္းက ဆိုးဝါးတဲ့ ေဝဖန္မွုေတြကို ရရွိခဲ့တယ္လို႔ Elle မဂၢဇင္းရဲ့ မ်က္ႏွာဖုံးရွင္အျဖစ္ ပါဝင္ရင္း ေျပာသြားခဲ့ပါေသးတယ္။ ဒါ့အျပင္ သူမရဲ့ အယ္လ္ဘမ္သစ္ “Happier Than Ever” ကို ထြက္ရွိၿပီးေနာက္ after party မွာ အတြင္းခံ corset ကို ျပထားတဲ့ ဓာတ္ပုံကို IG မွာ တင္ခဲ့ၿပီးေနာက္မွာလည္း ျပင္းထန္တဲ့ ထိုးႏွက္ခ်က္ေတြနဲ႔ ရင္ဆိုင္ခဲ့ရတယ္လို႔ ဆိုပါတယ္။

Photo: billieeilish/ Instagram

အခ်ိဳ႕ေသာ ပရိသတ္ေတြကေတာ့ သူမကို “အေယာင္ေဆာင္” တစ္ေယာက္လို႔ ထရိုးလ္ၾကၿပီး “ဂီတေလာကႀကီးက နင့္ကို ေျပာင္းလဲပစ္လိုက္ၿပီပဲ … ” လို႔လည္း ေျပာဆိုခဲ့ၾကပါတယ္။ “ဒီအမွတ္တရေတြကို ဖိုင္တစ္ခုနဲ႔ တြဲၿပီးသာ သိမ္းထားလိုက္စမ္းပါ။ ဒါေပမယ့္ ဒါႀကီးကေတာ့ လူ႔ဂုဏ္သိကၡာ က်ဆင္းေစပါတယ္ … ” လို႔လည္း အခ်ိဳ႕ပရိသတ္ေတြက ေဝဖန္ခဲ့ၾကပါေသးတယ္။

အဆိုပါဓာတ္ပုံေၾကာင့္ပဲ Billie ဟာ ေဖာ္လိုဝါ တစ္သိန္းခန႔္ ေလ်ာ့က်သြားခဲ့တယ္လို႔ ဆိုပါတယ္။ Billie ကေတာ့ ဒီကိစၥကို ရယ္ေမာရင္းနဲ႔ပဲ “လူေတြက ရင္သားႀကီးတာကို ေၾကာက္ၾကတယ္ … ” လို႔ ေျပာထားပါတယ္။

Linda December

Source: hollywoodlife

RELATED ARTICLES

Most Popular