HomeCelebs Update NewsInternationalကိုရိုနာအတွက် ဆေးရှာဖွေနေတဲ့ Bill Gates ရဲ့ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းလိုက်တဲ့ Madonna

ကိုရိုနာအတွက် ဆေးရှာဖွေနေတဲ့ Bill Gates ရဲ့ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းလိုက်တဲ့ Madonna

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပေါ့ပ်ဂီတလောကရဲ့ဂန္ထဝင်ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ အဆိုတော် Madonna ဟာ ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ကုသနိုင်မယ့် ဖြေဆေးရှာဖွေနေတဲ့ နာမည်ကျော်ပုဂ္ဂိုလ် Bill Gates ရဲ့ဖောင်ဒေးရှင်းမှာ ပါဝင်ပူးပေါင်းလိုက်ပါတယ်။

အသက်(၆၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုတော်ကြီး Madonna ဟာ Bill and Melinda Gates ဖောင်ဒေးရှင်းရဲ့ လုပ်ဆောင်ချက်တွေကို အထင်ကြီးလေးစားတာကြောင့် အခုလိုပူးပေါင်းဖြစ်တာပါလို့ သူမရဲ့ဝက်ဘ်ဆိုဒ်မှာ သောကြာနေ့က ကြေငြာခဲ့တာ ဖြစ်ပါတယ်။

Photo: madonna/ Instagram

Bill Gates ကတော့ နာမည်ကျော် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ပြီး Bill and Melinda Gates ဖောင်ဒေးရှင်းကို ထူထောင်ထားသူ ဖြစ်ပါတယ်။ Bill Gates ဟာ စီးပွားရေးသမားတစ်ယောက်ဖြစ်ပေမယ့် ဇနီးသည် Melinda နဲ့အတူ ပရဟိတလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ အခုဆိုရင် Bill and Melinda Gates ဖောင်ဒေးရှင်းဟာ ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်၊ကုသဆေး ရှာဖွေဖော်စပ်နေတဲ့ ဓာတ်ခွဲခန်းပေါင်း(၇)ခုကို ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ဒီအတွက် ငွေကြေးအနေနဲ့ ဒေါ်လာဘီလျံနဲ့ချီပြီး အကုန်အကျခံ သုံးစွဲထားတာလည်း ဖြစ်ပါတယ်။

” COVID-19 ကို ကာကွယ်နိုင်တဲ့ဆေးဖြစ်ဖြစ်၊ ကုသနိုင်တဲ့ဆေးဖြစ်ဖြစ် ကြိုးစားရှာဖွေနေတဲ့ Bill and Melinda Gates ဖောင်ဒေးရှင်းနဲ့ ကျွန်မ ပူးပေါင်းလိုက်ပါတယ်။ အခုအချိန်မှာ ထိခိုက်ခံစားရဖို့ အင်မတန်မှလွယ်ကူနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ကျွန်မတို့ချစ်ရခင်ရတဲ့မိသားစု၊ မိတ်ဆွေတွေအတွက် ကျွန်မတို့ ဒီဆေးကို ရှာတွေ့မှ ဖြစ်ပါမယ်။ အခုကျွန်မပြောနေရတာက ရှိပြီးသားဆေးထဲကပဲဖြစ်ဖြစ်၊ အသစ်ဖော်စပ်ပြီးတော့ပဲဖြစ်ဖြစ် ဒီဗိုင်းရပ်စ်ပိုးကို အနိုင်သတ်နိုင်ဖို့ ဒီဖောင်ဒေးရှင်းက မနေမနား အင်တိုက်အားတိုက် ကြိုးစားနေသူတွေကို မြင်နေရလို့ သိပ်ကိုအထင်ကြီး လေးစားလွန်းလို့ ပြောနေတာ ဖြစ်ပါတယ် … ”

Photo: madonna/ Instagram

” ကျွန်မတို့မှာ ရှိတဲ့၊ တတ်နိုင်တဲ့ ခွန်အားတွေ၊ အားပေးကူညီမှုတွေနဲ့ ဒီလူတွေကို ပံ့ပိုးပေးမယ်ဆိုရင် ဒီကပ်ရောဂါဆိုးကြီးကို အမြန်ဆုံး အဆုံးသတ်နိုင်မှာဖြစ်သလို ဒီဗိုင်းရပ်စ်ကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း အနည်းဆုံးဖြစ်အောင် ထိန်းချုပ်နိုင်မှာပါ။ ကျွန်မတို့လူမှုဝန်းကျင်တစ်ခုလုံးကို ကာကွယ်ပေးပြီး ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ပေးနေတဲ့ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရှာဖွေဖော်စပ်နေတဲ့ သိပ္ပံပညာရှင်တွေ အားလုံးကို ရင်ထဲ၊အသည်းထဲက လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုပါတယ် … ” လို့ Madonna က သူမရဲ့ကြေငြာချက်မှာ ပြောထားပါတယ်။

ဒီရောဂါပိုးဟာ ဆင်းရဲချမ်းသာမရွေး၊ အဆင့်အတန်းမရွေး ကူးစက်ခံစားရစေနိုင်တာကြောင့် သတိကြီးကြီး ထားကြဖို့ Madonna က တိုက်တွန်းထားပါတယ်။ အဆိုတော်ကြီးဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ပါရီမြို့မှာ ပြုလုပ်မယ့် သူမရဲ့ဖျော်ဖြေပွဲနှစ်ပွဲကိုလည်း ဖျက်သိမ်းလိုက်ရပါသေးတယ်။

LaNina
(Zawgyi Version)

ေပါ့ပ္ဂီတေလာကရဲ႕ဂႏၴဝင္ၾကယ္ပြင့္တစ္ပြင့္ျဖစ္တဲ့ အဆိုေတာ္ Madonna ဟာ ကို႐ိုနာဗိုင္းရပ္စ္အတြက္ ကာကြယ္ကုသႏိုင္မယ့္ ေျဖေဆးရွာေဖြေနတဲ့ နာမည္ေက်ာ္ပုဂၢိဳလ္ Bill Gates ရဲ႕ေဖာင္ေဒးရွင္းမွာ ပါဝင္ပူးေပါင္းလိုက္ပါတယ္။

အသက္(၆၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အဆိုေတာ္ႀကီး Madonna ဟာ Bill and Melinda Gates ေဖာင္ေဒးရွင္းရဲ႕ လုပ္ေဆာင္ခ်က္ေတြကို အထင္ႀကီးေလးစားတာေၾကာင့္ အခုလိုပူးေပါင္းျဖစ္တာပါလို႔ သူမရဲ႕ဝက္ဘ္ဆိုဒ္မွာ ေသာၾကာေန႔က ေၾကျငာခဲ့တာ ျဖစ္ပါတယ္။

Photo: madonna/ Instagram

Bill Gates ကေတာ့ နာမည္ေက်ာ္ အေမရိကန္ စီးပြားေရးလုပ္ငန္းရွင္ႀကီးတစ္ေယာက္ျဖစ္ၿပီး Bill and Melinda Gates ေဖာင္ေဒးရွင္းကို ထူေထာင္ထားသူ ျဖစ္ပါတယ္။ Bill Gates ဟာ စီးပြားေရးသမားတစ္ေယာက္ျဖစ္ေပမယ့္ ဇနီးသည္ Melinda နဲ႔အတူ ပရဟိတလုပ္ငန္းေတြကို တြင္တြင္က်ယ္က်ယ္ လုပ္ကိုင္ေနသူလည္း ျဖစ္ပါတယ္။ အခုဆိုရင္ Bill and Melinda Gates ေဖာင္ေဒးရွင္းဟာ ကို႐ိုနာဗိုင္းရပ္စ္အတြက္ ကာကြယ္၊ကုသေဆး ရွာေဖြေဖာ္စပ္ေနတဲ့ ဓာတ္ခြဲခန္းေပါင္း(၇)ခုကို ကူညီေထာက္ပံ့ေပးေနတာ ျဖစ္ပါတယ္။ ဒီအတြက္ ေငြေၾကးအေနနဲ႔ ေဒၚလာဘီလ်ံနဲ႔ခ်ီၿပီး အကုန္အက်ခံ သုံးစြဲထားတာလည္း ျဖစ္ပါတယ္။

” COVID-19 ကို ကာကြယ္ႏိုင္တဲ့ေဆးျဖစ္ျဖစ္၊ ကုသႏိုင္တဲ့ေဆးျဖစ္ျဖစ္ ႀကိဳးစားရွာေဖြေနတဲ့ Bill and Melinda Gates ေဖာင္ေဒးရွင္းနဲ႔ ကြၽန္မ ပူးေပါင္းလိုက္ပါတယ္။ အခုအခ်ိန္မွာ ထိခိုက္ခံစားရဖို႔ အင္မတန္မွလြယ္ကူေနတဲ့ က်န္းမာေရးဝန္ထမ္းေတြ၊ ကြၽန္မတို႔ခ်စ္ရခင္ရတဲ့မိသားစု၊ မိတ္ေဆြေတြအတြက္ ကြၽန္မတို႔ ဒီေဆးကို ရွာေတြ႕မွ ျဖစ္ပါမယ္။ အခုကြၽန္မေျပာေနရတာက ရွိၿပီးသားေဆးထဲကပဲျဖစ္ျဖစ္၊ အသစ္ေဖာ္စပ္ၿပီးေတာ့ပဲျဖစ္ျဖစ္ ဒီဗိုင္းရပ္စ္ပိုးကို အႏိုင္သတ္ႏိုင္ဖို႔ ဒီေဖာင္ေဒးရွင္းက မေနမနား အင္တိုက္အားတိုက္ ႀကိဳးစားေနသူေတြကို ျမင္ေနရလို႔ သိပ္ကိုအထင္ႀကီး ေလးစားလြန္းလို႔ ေျပာေနတာ ျဖစ္ပါတယ္ … ”

Photo: madonna/ Instagram

” ကြၽန္မတို႔မွာ ရွိတဲ့၊ တတ္ႏိုင္တဲ့ ခြန္အားေတြ၊ အားေပးကူညီမႈေတြနဲ႔ ဒီလူေတြကို ပံ့ပိုးေပးမယ္ဆိုရင္ ဒီကပ္ေရာဂါဆိုးႀကီးကို အျမန္ဆုံး အဆုံးသတ္ႏိုင္မွာျဖစ္သလို ဒီဗိုင္းရပ္စ္ေၾကာင့္ ျဖစ္လာမယ့္ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကိုလည္း အနည္းဆုံးျဖစ္ေအာင္ ထိန္းခ်ဳပ္ႏိုင္မွာပါ။ ကြၽန္မတို႔လူမႈဝန္းက်င္တစ္ခုလုံးကို ကာကြယ္ေပးၿပီး ကိုယ္က်ိဳးစြန႔္ တိုက္ပြဲဝင္ေပးေနတဲ့ ေရွ႕တန္းက က်န္းမာေရးဝန္ထမ္းေတြ၊ ေဆးရွာေဖြေဖာ္စပ္ေနတဲ့ သိပၸံပညာရွင္ေတြ အားလုံးကို ရင္ထဲ၊အသည္းထဲက လႈိက္လႈိက္လွဲလွဲ ခ်ီးက်ဴးဂုဏ္ျပဳပါတယ္ … ” လို႔ Madonna က သူမရဲ႕ေၾကျငာခ်က္မွာ ေျပာထားပါတယ္။

ဒီေရာဂါပိုးဟာ ဆင္းရဲခ်မ္းသာမေ႐ြး၊ အဆင့္အတန္းမေ႐ြး ကူးစက္ခံစားရေစႏိုင္တာေၾကာင့္ သတိႀကီးႀကီး ထားၾကဖို႔ Madonna က တိုက္တြန္းထားပါတယ္။ အဆိုေတာ္ႀကီးဟာ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈေၾကာင့္ ပါရီၿမိဳ႕မွာ ျပဳလုပ္မယ့္ သူမရဲ႕ေဖ်ာ္ေျဖပြဲႏွစ္ပြဲကိုလည္း ဖ်က္သိမ္းလိုက္ရပါေသးတယ္။

LaNina

 

RELATED ARTICLES

Most Popular