HomeEntertainmentFilmFantastic Beasts 3 မှာ Johnny Depp နေရာကို အစားဝင်ဖို့ Mads Mikkelsen နဲ့ဆွေးနွေးနေ

Fantastic Beasts 3 မှာ Johnny Depp နေရာကို အစားဝင်ဖို့ Mads Mikkelsen နဲ့ဆွေးနွေးနေ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Johnny Depp ဟာ Fantastic Beasts 3 ကနေ နှုတ်ထွက်သွားတာကြောင့် Gellert Grindelwald နေရာမှာ သရုပ်ဆောင်ဖို့အတွက် Warner Bros. ဟာ Mads Mikkelsen နဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

The Fantastic Beasts franchise ဟာ ပြီးခဲ့တဲ့အပတ်တုန်းက အတော်လေးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။ အကြောင်းကတော့ Warner Bros. ရဲ့ တောင်းဆိုမှုကြောင့် Johnny Depp ဟာ Gellert Grindelwald နေရာက နှုတ်ထွက်သွားလို့ပဲ ဖြစ်ပါတယ်။

©Danjaq

အခုလို Johnny Depp ထွက်ခွာသွားတဲ့နောက်မှာ ပရိသတ်တွေအတွက် အကြီးမားဆုံး မေးခွန်းတစ်ခုကတော့ Grindelwald နေရာမှာ ဘယ်သူက သရုပ်ဆောင်သွားမှာလည်း ဆိုတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပရိသတ်တွေဟာ ဒီဇာတ်ကောင်နဲ့ လိုက်ဖက်မယ့် သရုပ်ဆောင်များစွာကို ရွေးချယ်ပေးနေကြသလို ဖြစ်နိုင်မယ်ဆိုရင် Johnny Depp ကိုလည်း ပြန်ပြီးတော့ သရုပ်ဆောင်စေချင်ကြပါတယ်။ ဒါ့အပြင် တချို့ပရိသတ်တွေကတော့ Colin Farrell ကိုလည်း Grindelwald အနေနဲ့ ပြန်လည်သရုပ်ဆောင်စေချင်ကြပါတယ်။ ဒါပေမယ့်လည်း Colin Farrell ဟာ The Batman ရုပ်ရှင်ရဲ့ Penguin နေရာမှာ ပါဝင်ထားတာကြောင့် Grindelwald အဖြစ် ပြန်လည်ပါဝင်လာဖို့အတွက် မအားလပ်ဘူး ဖြစ်နေပါတယ်။

photo via screenrant

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ Mads Mikkelsen ဟာ Grindelwald နေရာမှာ သရုပ်ဆောင်ဖို့အတွက် ဦးစားပေးရွေးချယ်ထားသူလို့ သိရပါတယ်။ ဒါ့အပြင် Fantastic Beasts ရဲ့ ဒါရိုက်တာဖြစ်သူ David Yates ဟာလည်း Mikkelsen ကို သဘောအကျဆုံး ဖြစ်ပြီး Grindelwald နေရာမှာ သရုပ်ဆောင်ခိုင်းဖို့အတွက် Mikkelsen နဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ Mikkelsen ဟာ Grindelwald နေရာမှာ သရုပ်ဆောင်သွားမယ်လို့ အတည်ပြုခြင်း မရှိသေးပေမယ့်လည်း ဒါရိုက်တာ Yates ကတော့ သူ့ရဲ့အကြိုက်ဆုံးသရုပ်ဆောင်နဲ့ အတူလက်တွဲဖန်တီးနိုင်ဖို့အတွက် ကြိုးစားသွားမယ်လို့ သိရပါတယ်။

photo via screenrant

Mikkelsen ဟာ ရုပ်ရှင်တွေနဲ့ စီးရီးပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ဗီလိန်အဖြစ်နဲ့လည်း ဇာတ်ရုပ်များစွာမှာ သရုပ်ဆောင်ဖူးသူ ဖြစ်ပါတယ်။ Doctor Strange ရုပ်ရှင်ထဲမှာဆိုရင်လည်း Kaecilius အဖြစ်နဲ့ ဗီလိန်မှော်ဆရာ နေရာကနေ ပါဝင်ခဲ့ဖူးပြီး Grindelwald လိုမျိူး ဇာတ်ကောင်မှာ သရုပ်ဆောင်မယ်ဆိုရင်လည်း သူ့အတွက် သိပ်ပြီးခက်ခဲနေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် သူဟာ အတွေ့အကြုံတွေ အများကြီးရှိတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်သလို ဗီလိန်ဇာတ်ကောင်တွေနဲ့လည်း ရင်းနှီးတာကြောင့် Grindelwald နေရာမှာ သရုပ်ဆောင်သွားမယ်ဆိုရင်လည်း သူ့နည်းသူ့ဟန်နဲ့တော့ ကြည့်လိုကောင်းတဲ့ ဇာတ်ကောင် ဖြစ်လာမယ်လို့ ခန့်မှန်းနိုင်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Johnny Depp ဟာ Fantastic Beasts 3 ကေန ႏႈတ္ထြက္သြားတာေၾကာင့္ Gellert Grindelwald ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ Warner Bros. ဟာ Mads Mikkelsen နဲ႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။

The Fantastic Beasts franchise ဟာ ၿပီးခဲ့တဲ့အပတ္တုန္းက အေတာ္ေလးကို လႈပ္လႈပ္ရွားရွား ျဖစ္သြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ Warner Bros. ရဲ႕ ေတာင္းဆိုမႈေၾကာင့္ Johnny Depp ဟာ Gellert Grindelwald ေနရာက ႏႈတ္ထြက္သြားလို႔ပဲ ျဖစ္ပါတယ္။

©Danjaq

အခုလို Johnny Depp ထြက္ခြာသြားတဲ့ေနာက္မွာ ပရိသတ္ေတြအတြက္ အႀကီးမားဆုံး ေမးခြန္းတစ္ခုကေတာ့ Grindelwald ေနရာမွာ ဘယ္သူက သ႐ုပ္ေဆာင္သြားမွာလည္း ဆိုတာပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ပရိသတ္ေတြဟာ ဒီဇာတ္ေကာင္နဲ႔ လိုက္ဖက္မယ့္ သ႐ုပ္ေဆာင္မ်ားစြာကို ေ႐ြးခ်ယ္ေပးေနၾကသလို ျဖစ္ႏိုင္မယ္ဆိုရင္ Johnny Depp ကိုလည္း ျပန္ၿပီးေတာ့ သ႐ုပ္ေဆာင္ေစခ်င္ၾကပါတယ္။ ဒါ့အျပင္ တခ်ိဳ႕ပရိသတ္ေတြကေတာ့ Colin Farrell ကိုလည္း Grindelwald အေနနဲ႔ ျပန္လည္သ႐ုပ္ေဆာင္ေစခ်င္ၾကပါတယ္။ ဒါေပမယ့္လည္း Colin Farrell ဟာ The Batman ႐ုပ္ရွင္ရဲ႕ Penguin ေနရာမွာ ပါဝင္ထားတာေၾကာင့္ Grindelwald အျဖစ္ ျပန္လည္ပါဝင္လာဖို႔အတြက္ မအားလပ္ဘူး ျဖစ္ေနပါတယ္။

photo via screenrant

Deadline သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ Mads Mikkelsen ဟာ Grindelwald ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ဦးစားေပးေ႐ြးခ်ယ္ထားသူလို႔ သိရပါတယ္။ ဒါ့အျပင္ Fantastic Beasts ရဲ႕ ဒါ႐ိုက္တာျဖစ္သူ David Yates ဟာလည္း Mikkelsen ကို သေဘာအက်ဆုံး ျဖစ္ၿပီး Grindelwald ေနရာမွာ သ႐ုပ္ေဆာင္ခိုင္းဖို႔အတြက္ Mikkelsen နဲ႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္အထိ Mikkelsen ဟာ Grindelwald ေနရာမွာ သ႐ုပ္ေဆာင္သြားမယ္လို႔ အတည္ျပဳျခင္း မရွိေသးေပမယ့္လည္း ဒါ႐ိုက္တာ Yates ကေတာ့ သူ႔ရဲ႕အႀကိဳက္ဆုံးသ႐ုပ္ေဆာင္နဲ႔ အတူလက္တြဲဖန္တီးႏိုင္ဖို႔အတြက္ ႀကိဳးစားသြားမယ္လို႔ သိရပါတယ္။

photo via screenrant

Mikkelsen ဟာ ႐ုပ္ရွင္ေတြနဲ႔ စီးရီးေပါင္းမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးၿပီး ဗီလိန္အျဖစ္နဲ႔လည္း ဇာတ္႐ုပ္မ်ားစြာမွာ သ႐ုပ္ေဆာင္ဖူးသူ ျဖစ္ပါတယ္။ Doctor Strange ႐ုပ္ရွင္ထဲမွာဆိုရင္လည္း Kaecilius အျဖစ္နဲ႔ ဗီလိန္ေမွာ္ဆရာ ေနရာကေန ပါဝင္ခဲ့ဖူးၿပီး Grindelwald လိုမ်ိဴး ဇာတ္ေကာင္မွာ သ႐ုပ္ေဆာင္မယ္ဆိုရင္လည္း သူ႔အတြက္ သိပ္ၿပီးခက္ခဲေနမွာ မဟုတ္ပါဘူး။ ဒါ့အျပင္ သူဟာ အေတြ႕အႀကဳံေတြ အမ်ားႀကီးရွိတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္သလို ဗီလိန္ဇာတ္ေကာင္ေတြနဲ႔လည္း ရင္းႏွီးတာေၾကာင့္ Grindelwald ေနရာမွာ သ႐ုပ္ေဆာင္သြားမယ္ဆိုရင္လည္း သူ႔နည္းသူ႔ဟန္နဲ႔ေတာ့ ၾကည့္လိုေကာင္းတဲ့ ဇာတ္ေကာင္ ျဖစ္လာမယ္လို႔ ခန႔္မွန္းႏိုင္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular