HomeEntertainmentFilmDr. Strange ထက်တောင် စွမ်းအားကြီးတဲ့ Magic User ကို မိတ်ဆက်ခဲ့တဲ့ MCU Phase 4

Dr. Strange ထက်တောင် စွမ်းအားကြီးတဲ့ Magic User ကို မိတ်ဆက်ခဲ့တဲ့ MCU Phase 4

MCU Phase 4 မှာတော့ ဇာတ်ကောင်သစ်တွေများစွာနဲ့ အကြောင်းအရာသစ်တွေများစွာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Phase 4 ဟာ Doctor Strange ထက်တောင် စွမ်းအားကြီးတဲ့ Magic User တစ်ယောက်ကိုလည်း Setup လုပ်ထားခဲ့ပါတယ်။ Doctor Strange ကတော့ Dormammu ကို အနိုင်ယူခဲ့ပြီး Thanos နဲ့လည်း တိုက်ခိုက်ခဲ့သလို Endgame ထဲမှာလည်း Thanos ကို အနိုင်ယူနိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့အတွက် Timeline ပေါင်း (၁၄) သန်းကျော်ကို ကြည့်ရှုပြီးတဲ့နောက်မှာတော့ သူဟာ MCU ထဲက စွမ်းအားအကြီးဆုံး Magic User တွေထဲက တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

photo via screenrant

MCU ထဲမှာ ပထမဆုံး ပါဝင်ခဲ့တဲ့ Magic User ကတော့ Loki ပဲ ဖြစ်ပြီး သူ့ရဲ့ဇာတ်လမ်းတွဲထဲမှာလည်း Magic ပုံစံအမျိူးမျိူးနဲ့ နဂို Loki ထက် ပိုပြီးအစွမ်းထက်တဲ့ Variant တွေကို မြင်တွေ့ခဲ့ရပါသေးတယ်။ Karl Mordo နဲ့ Wanda Maximoff တို့ကလည်း စွမ်းအားအကြီးဆုံး Magic User တွေထဲမှာ ပါဝင်ပါတယ်။ Karl Mordo ကတော့ Kamar-Taj သေချာလေ့ကျင့်ထားတဲ့ Magic User တစ်ယောက် ဖြစ်ပေမယ့်လည်း Wanda ကတော့ လေ့ကျင့်မှုလုံးဝ မရှိဘဲ စိတ်ခံစားချက်အတိုင်း စွမ်းအားတွေကို အသုံးပြုနိုင်သူ ဖြစ်ပါတယ်။ Hela နဲ့ Agatha Harkness တို့ကလည်း စွမ်းအားကြီးကြတဲ့ Magic User တွေပဲ ဖြစ်ပါတယ်။

photo via screenrant

Phase 4 မှာတော့ သူတို့တွေ အားလုံးထက်တောင် ပိုပြီးစွမ်းအားကြီးနေနိုင်တဲ့ ဟီးရိုးတစ်ယောက်ကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒါကတော့ WandaVision ဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ခဲ့ရတဲ့ Billy ပဲ ဖြစ်ပါတယ်။ Billy a.k.a. Wiccan ကတော့ Reality ကို စိတ်ကြိုက်ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပြီး တိုင်းတာလို့ မရနိုင်လောက်အောင် စွမ်းအားကြီးမားပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာတော့ Billy ဟာ ကလေးပဲ ရှိသေးတာကြောင့် သူ့ရဲ့စွမ်းအားတွေကို အကုန်မမြင်တွေ့ရသေးပါဘူး။ ကောမစ်ထဲမှာ ဆိုရင်တော့ သူဟာ Multiverse တွေရဲ့ Reality ကိုတောင် အတွေးတစ်ခုတည်းနဲ့ ပြောင်းနိုင်ပစ်နိုင်တဲ့အထိ စွမ်းအားကြီးမားပါတယ်။ ကောမစ်ထဲမှာတော့ Wanda ဟာ Doctor Strange ထက် ပိုပြီးစွမ်းအားကြီးတယ်လို့ ဖော်ပြခဲ့ဖူးပြီး Billy ကတော့ Wanda ထက် ပိုပြီးစွမ်းအားမကြီးတောင် အနည်းဆုံး တန်းတူအဆင့်လောက်ရှိတဲ့ Magic User တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo via screenrant

Billy ဟာ Young Avengers အဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Young Avengers #1 မှာ စတင်ပါဝင်လာခဲ့ပါတယ်။ သူဟာလည်း LGBTQ ဟီးရိုးတစ်ယောက် ဖြစ်ပြီး Teddy Altman (Hulkling) ကတော့ သူ့ရဲ့ Boyfriend ပဲ ဖြစ်သလို ကောမစ်ထဲမှာတော့ လက်ထပ်ပွဲတောင် ကျင်းပပြီးသွားပါပြီ။ ဒါတွေကတော့ Billy ရဲ့ ကောမစ်ထဲက အကြောင်းအရာတစ်ချို့ဖြစ်ပြီး အနာဂတ်မှာ ထွက်ရှိလာမယ့် MCU ပရောဂျက်တွေထဲမှာတော့ ဘယ်လိုမျိူး မြင်တွေ့ရမလည်း ဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထုံးစံအတိုင်းပဲ MCU ဟာ ဇာတ်ကောင်တွေကို Nerf ပြုလုပ်လေ့ရှိတာကြောင့် Live Action ထဲမှာတော့ ကောမစ်ထဲကလောက် စွမ်းအားမကြီးတာမျိူးလည်း ဖြစ်နေနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular