HomeEntertainmentFilmအသစ်ပြန်ရိုက်မယ့် Blade မှာ သရုပ်ဆောင်မယ့် Mahershala Ali ကို အားပေးထားတဲ့ Wesley Snipes

အသစ်ပြန်ရိုက်မယ့် Blade မှာ သရုပ်ဆောင်မယ့် Mahershala Ali ကို အားပေးထားတဲ့ Wesley Snipes

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဝါရင့်သရုပ်ဆောင်ကြီး Wesley Snipes ကတော့ သူ့ခြေရာကို လိုက်မယ့် သရုပ်ဆောင် Mahershala Ali အတွက် အားပေးထောက်ခံစကားနဲ့ ကြိုဆိုထားပါတယ်။

Wesley Snipes ကတော့ Marvel ရဲ့ စူပါဟီးရိုးဖြစ်တဲ့ ဗန်ပိုင်းယား Blade နေရာက သရုပ်ဆောင်ထားပြီး ဇာတ်ကားသုံးကား ထွက်ရှိထားတဲ့ သရုပ်ဆောင်ကြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း အသစ်ပြန်လည် ရိုက်ကူးမယ့် Blade ဇာတ်ကားအတွက် ရွေးချယ်ခံထားရတဲ့ သရုပ်ဆောင် Mahershala Ali ကို အားပေးထောက်ခံထားတာ ဖြစ်ပါတယ်။

Photo: Wesley Snipes/ Twitter

အသက်(၅၉)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသားကြီး Wesley ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ဒီအကြောင်းကို သူ့ရဲ့ တွစ်တာစာမျက်နှာမှာ မျှဝေထားတာ ဖြစ်ပါတယ်။ အဲဒါကတော့ တွစ်တာ အသုံးပြုသူတစ်ယောက်ဟာ Ali အနေနဲ့ Blade ဇာတ်ကောင်ကို ကောင်းကောင်းကြီး သရုပ်ဆောင်နိုင်မှာ ဖြစ်ပေမယ့် မင်းသားကြီး Wesley ရဲ့ ခြေရာကို မှီဖို့တော့ အတော်လေး ကြိုးစားရလိမ့်မယ်လို့ ပြောထားတဲ့ပို့စ်ကို မင်းသားကြီးက retweet ပြန်လုပ်ပြီး “သူ ကောင်းကောင်း လုပ်နိုင်မှာပါ … ” လို့ အားပေးစကား ပြောထားတာ ဖြစ်ပါတယ်။

Photo via IMDb

မင်းသားကြီး Wesley ကတော့ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Blade ဇာတ်ကားမှာ Blade နေရာက သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၄ ခုနှစ်မှာ ထပ်မံထွက်ရှိလာတဲ့ sequel နှစ်ကားမှာလည်း ဆက်လက် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Ali ကတော့ Blade ဇာတ်ကောင်အဖြစ် သရုပ်ဆောင်သွားဖို့ ၂၀၁၉ ခုနှစ်မှာတည်းက တရားဝင် ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။ ယခု reboot ပြန်ရိုက်မယ့် Blade ဇာတ်ကားကတော့ လက်ရှိ Marvel Cinematic Universe နဲ့ တိုက်ရိုက် ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ IMDb ရဲ့ ဖော်ပြချက်အရ လက်ရှိအချိန်မှာတော့ Blade ဇာတ်ကားဟာ အကြိုထုတ်လုပ်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နေဆဲလို့ သိရပါတယ်။

Photo: mahershalaali/ Instagram

Blade အဖြစ် သရုပ်ဆောင်သွားမယ့် Ali ကတော့ အသက်(၄၇)နှစ် ရှိပြီဖြစ်ပြီး သရုပ်ဆောင်တစ်ယောက် ဖြစ်သလို ရက်ပ်ပါတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ အော်စကာ နှစ်ဆု၊ Screen Actor Guild Awards သုံးဆု၊ BAFTA award တစ်ဆု၊ ရွှေကမ္ဘာလုံးဆု တစ်ဆု၊ Primetime Emmy Award တစ်ဆု အပါအဝင် သရုပ်ဆောင်ထူးချွန်ဆု များစွာကို ရရှိထားသူ ဖြစ်ပါတယ်။ ဒါတင်မက Time မဂ္ဂဇင်းက ဖော်ပြတဲ့ ၂၀၁၉ ခုနှစ်အတွက် လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်(၁၀၀) စာရင်းမှာလည်း ထည့်သွင်း ဖော်ပြခံခဲ့ရသူ ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

ဝါရင့္သ႐ုပ္ေဆာင္ႀကီး Wesley Snipes ကေတာ့ သူ႔ေျခရာကို လိုက္မယ့္ သ႐ုပ္ေဆာင္ Mahershala Ali အတြက္ အားေပးေထာက္ခံစကားနဲ႔ ႀကိဳဆိုထားပါတယ္။

Wesley Snipes ကေတာ့ Marvel ရဲ့ စူပါဟီးရိုးျဖစ္တဲ့ ဗန္ပိုင္းယား Blade ေနရာက သ႐ုပ္ေဆာင္ထားၿပီး ဇာတ္ကားသုံးကား ထြက္ရွိထားတဲ့ သ႐ုပ္ေဆာင္ႀကီး ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အသစ္ျပန္လည္ ရိုက္ကူးမယ့္ Blade ဇာတ္ကားအတြက္ ေရြးခ်ယ္ခံထားရတဲ့ သ႐ုပ္ေဆာင္ Mahershala Ali ကို အားေပးေထာက္ခံထားတာ ျဖစ္ပါတယ္။

Photo: Wesley Snipes/ Twitter

အသက္(၅၉)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ မင္းသားႀကီး Wesley ဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ကပဲ ဒီအေၾကာင္းကို သူ႔ရဲ့ တြစ္တာစာမ်က္ႏွာမွာ မၽွေဝထားတာ ျဖစ္ပါတယ္။ အဲဒါကေတာ့ တြစ္တာ အသုံးျပဳသူတစ္ေယာက္ဟာ Ali အေနနဲ႔ Blade ဇာတ္ေကာင္ကို ေကာင္းေကာင္းႀကီး သ႐ုပ္ေဆာင္နိုင္မွာ ျဖစ္ေပမယ့္ မင္းသားႀကီး Wesley ရဲ့ ေျခရာကို မွီဖို႔ေတာ့ အေတာ္ေလး ႀကိဳးစားရလိမ့္မယ္လို႔ ေျပာထားတဲ့ပို႔စ္ကို မင္းသားႀကီးက retweet ျပန္လုပ္ၿပီး “သူ ေကာင္းေကာင္း လုပ္နိုင္မွာပါ … ” လို႔ အားေပးစကား ေျပာထားတာ ျဖစ္ပါတယ္။

Photo via IMDb

မင္းသားႀကီး Wesley ကေတာ့ ၁၉၉၈ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Blade ဇာတ္ကားမွာ Blade ေနရာက သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ၿပီး ၂၀၀၂ ခုႏွစ္နဲ႔ ၂၀၀၄ ခုႏွစ္မွာ ထပ္မံထြက္ရွိလာတဲ့ sequel ႏွစ္ကားမွာလည္း ဆက္လက္ သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

Ali ကေတာ့ Blade ဇာတ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္သြားဖို႔ ၂၀၁၉ ခုႏွစ္မွာတည္းက တရားဝင္ ေရြးခ်ယ္ခံထားရတာ ျဖစ္ပါတယ္။ ယခု reboot ျပန္ရိုက္မယ့္ Blade ဇာတ္ကားကေတာ့ လက္ရွိ Marvel Cinematic Universe နဲ႔ တိုက္ရိုက္ ခ်ိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ IMDb ရဲ့ ေဖာ္ျပခ်က္အရ လက္ရွိအခ်ိန္မွာေတာ့ Blade ဇာတ္ကားဟာ အႀကိဳထုတ္လုပ္ေရး လုပ္ငန္းစဥ္မ်ား လုပ္ေဆာင္ေနဆဲလို႔ သိရပါတယ္။

Photo: mahershalaali/ Instagram

Blade အျဖစ္ သ႐ုပ္ေဆာင္သြားမယ့္ Ali ကေတာ့ အသက္(၄၇)ႏွစ္ ရွိၿပီျဖစ္ၿပီး သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္သလို ရက္ပ္ပါတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ ေအာ္စကာ ႏွစ္ဆု၊ Screen Actor Guild Awards သုံးဆု၊ BAFTA award တစ္ဆု၊ ေရႊကမၻာလုံးဆု တစ္ဆု၊ Primetime Emmy Award တစ္ဆု အပါအဝင္ သ႐ုပ္ေဆာင္ထူးခၽြန္ဆု မ်ားစြာကို ရရွိထားသူ ျဖစ္ပါတယ္။ ဒါတင္မက Time မဂၢဇင္းက ေဖာ္ျပတဲ့ ၂၀၁၉ ခုႏွစ္အတြက္ လႊမ္းမိုးမွုအရွိဆုံး ပုဂၢိဳလ္(၁၀၀) စာရင္းမွာလည္း ထည့္သြင္း ေဖာ္ျပခံခဲ့ရသူ ျဖစ္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular