HomeCelebs Update NewsInternationalKim Kardashian နဲ့ တွဲနေတယ်လို့ ကောလာဟလထွက်တဲ့အပေါ် ရှင်းပြလာတဲ့ Maluma 

Kim Kardashian နဲ့ တွဲနေတယ်လို့ ကောလာဟလထွက်တဲ့အပေါ် ရှင်းပြလာတဲ့ Maluma 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် လက်တင်အဆိုတော် Maluma ဟာ reality စတား Kim Kardashian နဲ့ တွဲနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာမှုအပေါ် ဖြေရှင်းထားပြီး သူတို့နှစ်ဦး တွေ့ဆုံပုံနဲ့ သူတို့ကြားက ဆက်ဆံရေးကိုလည်း ပြောပြလာပါတယ်။

အသက်(၂၇)နှစ်အရွယ် Maluma ဟာ အသက်(၄၀)နှစ်အရွယ် Kim Kardashian နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာမှုနဲ့ ပတ်သက်ပြီး မကြာသေးခင်ကပဲ L’Officiel Hommes နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေဆိုသွားတာ ဖြစ်ပါတယ်။

Photo: maluma/ Instagram

“ကျွန်တော် သိတောင်မသိပါဘူး။ ကျွန်တော်တို့ Dior Show မှာ တူတူရှိနေခဲ့ကြတယ်။ အဲဒီမှာမှ သူနဲ့ ကျွန်တော် ပထမဆုံး စဆုံဖူးတာ။ အဲဒီမှာ Kourtney (Kardashian) နဲ့လည်း အတူတူ ရှိနေတာပါပဲ …  ” လို့ ဆိုကာ ကောလာဟလတွေ စတင်ထွက်ပေါ်လာပုံကို ပြောပြပါတယ်။

Maluma ပြောတဲ့ Dior Show ကတော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီကမ်းခြေမှာ ပြုလုပ်ခဲ့တဲ့ Dior Men’s Fall 2020 Runway Show ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အဲဒီရှိုးမှာပဲ သူနဲ့ Kim တို့ကို နှစ်ယောက်အတူတူ တွဲပြီး တွေ့ခဲ့ကြရတာလည်း ဖြစ်ပါတယ်။

Photo: maluma/ Instagram

အဲဒီနောက် ယခုနှစ် ဖေဖော်ဝါရီလမှာတော့ Kim ဟာ သူမရဲ့ခင်ပွန်းသည် နာမည်ကျော် ရက်ပ်ပါ Kanye West နဲ့ ကွာရှင်းဖို့ လျှောက်ထားလာတဲ့အခါမှာတော့ လူတွေက ဒီကိစ္စကို စတင်ပြီး ပြောဆိုလာကြတယ်လို့ ဆိုပါတယ်။

“လူတွေက အဲဒီတုန်းက ကျွန်တော်တို့နှစ်ယောက် အတူရှိနေခဲ့တာကို စပြီးပြောလာကြတော့တာပဲ။ သူတို့က ဘာလို့ Kim ကို အဲဒါတွေ မေးနေကြမှန်း ကျွန်တော်လည်း မသိဘူး။ သူ့ရဲ့ ကွာရှင်းတဲ့ကိစ္စကြောင့် ပြောလာကြတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ … ”

“ကျွန်တော်တို့က မိတ်ဆွေကောင်းတွေပါ။ ကျွန်တော်တို့ကြားမှာ အဲလောက်ထိ စကားတောင် သိပ်မပြောဖူးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က မိတ်ဆွေကောင်းတွေပါ။ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း အကောင်းဆုံးပဲ ဖြစ်စေချင်ကြသူတွေပါ … ” လို့ Maluma က ပြောထားပါတယ်။

Photo: kimkardashian/ Instagram

ဒီကောလာဟလနဲ့ ပတ်သက်ပြီး Maluma က အခုလို ရှင်းမပြခင်မှာ Kim ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခါရှင်းထားဖူးပါသေးတယ်။ အဲဒါကတော့ ယခုနှစ် အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ Keeping Up With The Kardashians reunion special မှာ ပြောသွားတာ ဖြစ်ပါတယ်။

“သူနဲ့ ဆုံဖူးပါတယ်။ တွေ့လိုက်တိုင်း မိုင်ယာမီမှာချည်းပဲ။ သူက တကယ့်လူကောင်းတစ်ယောက်ပါ … ” လို့ မှတ်ချက်ပေးရင်း သူမတို့နှစ်ယောက်ကြားက ကောလာဟလကိုလည်း Kim က ငြင်းဆိုခဲ့ပါသေးတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

နာမည္ေက်ာ္ လက္တင္အဆိုေတာ္ Maluma ဟာ reality စတား Kim Kardashian နဲ႔ တြဲေနတယ္ဆိုတဲ့ ေကာလာဟလေတြ ထြက္ေပၚလာမွုအေပၚ ေျဖရွင္းထားၿပီး သူတို႔ႏွစ္ဦး ေတြ႕ဆုံပုံနဲ႔ သူတို႔ၾကားက ဆက္ဆံေရးကိုလည္း ေျပာျပလာပါတယ္။

အသက္(၂၇)ႏွစ္အရြယ္ Maluma ဟာ အသက္(၄၀)ႏွစ္အရြယ္ Kim Kardashian နဲ႔ တြဲေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာမွုနဲ႔ ပတ္သက္ၿပီး မၾကာေသးခင္ကပဲ L’Officiel Hommes နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ေျဖဆိုသြားတာ ျဖစ္ပါတယ္။

Photo: maluma/ Instagram

“ကၽြန္ေတာ္ သိေတာင္မသိပါဘူး။ ကၽြန္ေတာ္တို႔ Dior Show မွာ တူတူရွိေနခဲ့ၾကတယ္။ အဲဒီမွာမွ သူနဲ႔ ကၽြန္ေတာ္ ပထမဆုံး စဆုံဖူးတာ။ အဲဒီမွာ Kourtney (Kardashian) နဲ႔လည္း အတူတူ ရွိေနတာပါပဲ …  ” လို႔ ဆိုကာ ေကာလာဟလေတြ စတင္ထြက္ေပၚလာပုံကို ေျပာျပပါတယ္။

Maluma ေျပာတဲ့ Dior Show ကေတာ့ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလတုန္းက ဖေလာ္ရီဒါျပည္နယ္၊ မိုင္ယာမီကမ္းေျခမွာ ျပဳလုပ္ခဲ့တဲ့ Dior Men’s Fall 2020 Runway Show ကို ရည္ညႊန္းတာ ျဖစ္ပါတယ္။ အဲဒီရွိုးမွာပဲ သူနဲ႔ Kim တို႔ကို ႏွစ္ေယာက္အတူတူ တြဲၿပီး ေတြ႕ခဲ့ၾကရတာလည္း ျဖစ္ပါတယ္။

Photo: maluma/ Instagram

အဲဒီေနာက္ ယခုႏွစ္ ေဖေဖာ္ဝါရီလမွာေတာ့ Kim ဟာ သူမရဲ့ခင္ပြန္းသည္ နာမည္ေက်ာ္ ရက္ပ္ပါ Kanye West နဲ႔ ကြာရွင္းဖို႔ ေလၽွာက္ထားလာတဲ့အခါမွာေတာ့ လူေတြက ဒီကိစၥကို စတင္ၿပီး ေျပာဆိုလာၾကတယ္လို႔ ဆိုပါတယ္။

“လူေတြက အဲဒီတုန္းက ကၽြန္ေတာ္တို႔ႏွစ္ေယာက္ အတူရွိေနခဲ့တာကို စၿပီးေျပာလာၾကေတာ့တာပဲ။ သူတို႔က ဘာလို႔ Kim ကို အဲဒါေတြ ေမးေနၾကမွန္း ကၽြန္ေတာ္လည္း မသိဘူး။ သူ႔ရဲ့ ကြာရွင္းတဲ့ကိစၥေၾကာင့္ ေျပာလာၾကတာလည္း ျဖစ္ရင္ျဖစ္မွာေပါ့ … ”

“ကၽြန္ေတာ္တို႔က မိတ္ေဆြေကာင္းေတြပါ။ ကၽြန္ေတာ္တို႔ၾကားမွာ အဲေလာက္ထိ စကားေတာင္ သိပ္မေျပာဖူးပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တို႔က မိတ္ေဆြေကာင္းေတြပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ အျမဲတမ္း အေကာင္းဆုံးပဲ ျဖစ္ေစခ်င္ၾကသူေတြပါ … ” လို႔ Maluma က ေျပာထားပါတယ္။

Photo: kimkardashian/ Instagram

ဒီေကာလာဟလနဲ႔ ပတ္သက္ၿပီး Maluma က အခုလို ရွင္းမျပခင္မွာ Kim ကလည္း ဒီကိစၥနဲ႔ ပတ္သက္ၿပီး တစ္ခါရွင္းထားဖူးပါေသးတယ္။ အဲဒါကေတာ့ ယခုႏွစ္ အေစာပိုင္းမွာ ျပဳလုပ္ခဲ့တဲ့ Keeping Up With The Kardashians reunion special မွာ ေျပာသြားတာ ျဖစ္ပါတယ္။

“သူနဲ႔ ဆုံဖူးပါတယ္။ ေတြ႕လိုက္တိုင္း မိုင္ယာမီမွာခ်ည္းပဲ။ သူက တကယ့္လူေကာင္းတစ္ေယာက္ပါ … ” လို႔ မွတ္ခ်က္ေပးရင္း သူမတို႔ႏွစ္ေယာက္ၾကားက ေကာလာဟလကိုလည္း Kim က ျငင္းဆိုခဲ့ပါေသးတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular