HomeCharacterMoon Knight ထဲက Marc ရဲ့ တတိယမြောက် Identity က ဘယ်သူဖြစ်မလဲ?

Moon Knight ထဲက Marc ရဲ့ တတိယမြောက် Identity က ဘယ်သူဖြစ်မလဲ?

Moon Knight အပိုင်း(၃)ထဲမှာတော့ Marc Spector မှာ တတိယမြောက် Identity ရှိနေတယ်ဆိုတဲ့ အချက်ကို အရိပ်အမြွက် ပြသသွားပါတယ်။ ဒီအပိုင်းထဲမှာတော့ Marc ဟာ Arthur ရှိနေတဲ့ နေရာကို သိရဖို့အတွက် သတင်းအချက်အလက် ရနိုင်အောင် ကြိုးစားနေရင်း သတိလစ်သွားကာ Steven က ခန္ဓာကိုယ်ကို ထိန်းချုပ်သွားပါတယ်။ Marc ပြန်သတိရလာတဲ့အချိန်မှာတော့ လေယာဉ်ကွင်းကို သွားနေတဲ့ တက္ကစီပေါ် ရောက်နေတာ တွေ့ရပါတယ်။

ဒါကြောင့်ပဲ Marc ဟာ ကားပေါ်ဆင်းလိုက်တဲ့ အချိန်မှာတော့ သူ သတင်းမေးနေတဲ့သူတွေကို ပြန်တွေ့ခဲ့ပြီး Arthur ရှိနေတဲ့ နေရာကို သိရဖို့အတွက် ထပ်မံ ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာလည်း Marc ဟာ နောက်ထပ်တစ်ကြိမ် သတိလစ်သွားပြီး ပြန်သတိရလာတဲ့ အချိန်မှာတော့ သူသတင်းမေးနေတဲ့ သူတွေကို သတ်ထားတာ တွေ့လိုက်ရပါတယ်။

photo via screenrant

ဒါကြောင့်ပဲ Marc ဟာ ဒေါသထွက်ထားပြီး Steven ကို ဘာလုပ်လိုက်တာလည်းလို့ မေးပေမယ့် Steven ကလည်း သူ မလုပ်ကြောင်း ပြန်ပြောခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်နေတာကို ပြသသွားပြီး Marc ရဲ့ တတိယမြောက် Identity ကို အရိပ်အမြွက် ပြသသွားတာ ဖြစ်ပါတယ်။

ကောမစ်ထဲက အချက်တွေနဲ့ ယှဉ်လိုက်ရင်တေ‌ာ့ Marc ရဲ့ တတိယမြောက် Identity ဟာ Jake Lockley ဖြစ်နေနိုင်ပါတယ်။ Jake ကတော့ နယူးယော့ခ်မြို့ထဲမှာ တက္ကစီမောင်းသူ ဖြစ်ပြီး Moon Knight အတွက် သတင်းအချက်အလက် စုဆောင်းပေးသူလည်း ဖြစ်ပါတယ်။ Jake ဟာ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်တဲ့ သတင်းပေးတွေကို စုစည်းထားပြီး ဒီဇာတ်လမ်းတွဲထဲက ရုပ်တုလို နေပြနေတဲ့ Statue Performer ကလည်း ကောမစ်ထဲက Crawley ဆိုတဲ့ သတင်းပေးပဲ ဖြစ်ပါတယ်။

photo via screenrant

အပိုင်း(၃)ထဲမှာတော့ တတိယမြောက် Identity ဟာ Steven နဲ့ Marc တို့ထက် ပိုပြီး အကြမ်းဖက်တဲ့ပုံစံ ပြသသွားပါတယ်။ ကောမစ်ထဲမှာတော့ Jake ဟာ လိုအပ်လာရင် အကြမ်းဖက်တတ်ပေမယ့်လည်း Marc ထက် ပိုပြီးအကြမ်းဖက်တတ်တဲ့ သူမျိူးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း MCU ဟာ ကောမစ်ဇာတ်ကောင်တွေကို ပြန်လည် ဖန်တီးတဲ့အချိန်မှာ ပြောင်းလဲမှုတွေ ပြုလုပ်တတ်ပြီး Jake ကိုလည်း ယခုလိုပဲ ပြုလုပ်ထားတာ ဖြစ်ပါလိမ့်မယ်။

Moon Knight ဇာတ်လမ်းတွဲထဲမှာလည်း ပြောင်းလဲမှုတွေများစွာ ပြုလုပ်ထားတာ ရှိပါတယ်။ ဥပမာ ပြောပြရရင် ကောမစ်ထဲမှာ ဆိုရင်တော့ Steven ဟာ Moon Knight ရဲ့ မစ်ရှင်တွေအတွက် ထောက်ပံ့နေတဲ့ မီလျံနာတစ်ယောက် ဖြစ်ပါတယ်။ MCU ဟာ Jake ကို ဘယ်လိုဖန်တီးသွားမလည်း ဆိုတာကိုတော့ အသစ်ထွက်ရှိလာမယ့် အပိုင်းတွေကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular