HomeCelebs Update NewsInternationalအောက်တိုဘာလမှာ ထွက်ရှိလာတော့မယ့် Mariah Carey ရဲ့ အယ်လ်ဘမ်သစ် The Rarities

အောက်တိုဘာလမှာ ထွက်ရှိလာတော့မယ့် Mariah Carey ရဲ့ အယ်လ်ဘမ်သစ် The Rarities

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် R&B နဲ့ ‌Pop အဆိုတော် Mariah Carey ဟာ သူမရဲ့အယ်လ်ဘမ်သစ်ကို လာမယ့် အောက်တိုဘာလ(၂)ရက်နေ့မှာ ထုတ်ဝေတော့မယ်လို့ ကြေညာထားပါတယ်။

အသက်(၅၀)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Mariah Carey ဟာ The Rarities လို့ အမည်ပေးထားတဲ့ အယ်လ်ဘမ်သစ် ထွက်လာမယ့်အကြောင်းကိုတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က သူမရဲ့ဆိုရှယ်မီဒီယာအကောင့်မှာ အသိပေးခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မရဲ့ ပရိသတ်များ … ဒါကတော့ ရှင်တို့အတွက်ပါနော်။ ကျွန်မကို နှစ်ပေါင်းများစွာ ချစ်ခင်အားပေးလာခဲ့တဲ့ ရှင်တို့နဲ့ ကျွန်မရဲ့ အောင်ပွဲလေးတစ်ခုပေါ့။ ရှင်တို့ကို သိပ်ကျေးဇူးတင်ပါတယ်။ The Rarities အယ်လ်ဘမ်ဟာ အောက်တိုဘာလ(၂)ရက်နေ့မှာ ထွက်ရှိပါမယ်… ” လို့ သူမရဲ့အယ်လ်ဘမ်ကာဗာပုံနဲ့အတူ တွစ်တာစာမျက်နှာမှာ ကြေညာထားပါတယ်။

Photo: mariahcarey/ Instagram

Entertainment Weekly သတင်းဌာနရဲ့ ဖော်ပြချက်အရ သူမရဲ့အယ်လ်ဘမ်အသစ် The Rarities ရဲ့ ဓာတ်ပြားဗားရှင်းထဲမှာ demo ဗားရှင်းနဲ့သီချင်းတွေ၊ Lauryn Hill နဲ့ collab လုပ်ထားတဲ့ Save The Day ဆိုတဲ့ သီချင်းအပြင် အခြား မလွှင့်ထုတ်ရသေးတဲ့အရာတွေပါ ပါဝင်မယ်လို့ သိရပါတယ်။

ယခုအယ်လ်ဘမ်မတိုင်ခင် နောက်ဆုံးထွက်ရှိထားတဲ့ သူမရဲ့အယ်လ်ဘမ်ကတော့ Caution ဖြစ်ပြီး ၂၀၁၈ခုနှစ်က ထွက်ရှိထားတာ ဖြစ်ပါတယ်။ Mariah ဟာ အခုလို collection နဲ့ အယ်လ်ဘမ်သစ်ကို ထုတ်ဝေဖို့ ဇွန်လထဲက ပရိသတ်တွေကို အမြည်းပြောပြထားပြီး ဖြစ်ပါတယ်။ ဒါဟာ သူမရဲ့ပထမဆုံး အယ်လ်ဘမ်ဖြစ်တဲ့ Mariah Carey ကို ၁၉၉၀ခုနှစ်မှာ ထုတ်ဝေပြီး အနုပညာသက်တမ်း နှစ်သုံးဆယ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထွက်ရှိမှာလည်း ဖြစ်ပါတယ်။

Photo: mariahcarey/ Instagram

The Rarities အယ်လ်ဘမ်ဟာ Mariah ရဲ့ ဘဝတစ်လျှောက် အမှတ်တရတွေကို ရေးသားဖော်ပြထားတဲ့ The Meaning of Mariah Carey ဆိုတဲ့ စာအုပ်ထွက်ရှိပြီးနောက်မှာ ဆက်တိုက် ထွက်ရှိလာမှာ ဖြစ်ပါတယ်။ အဆိုပါ စာအုပ်ဟာ စက်တင်ဘာလ(၂၉)ရက်နေ့မှာ ထွက်ရှိမယ်လို့ ကြေညာထားပါတယ်။

Glasgow

Source: indian express

(Zawgyi Version)

နာမည္ေက်ာ္ R&B နဲ႔ ‌Pop အဆိုေတာ္ Mariah Carey ဟာ သူမရဲ႕အယ္လ္ဘမ္သစ္ကို လာမယ့္ ေအာက္တိုဘာလ(၂)ရက္ေန႔မွာ ထုတ္ေဝေတာ့မယ္လို႔ ေၾကညာထားပါတယ္။

အသက္(၅၀)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Mariah Carey ဟာ The Rarities လို႔ အမည္ေပးထားတဲ့ အယ္လ္ဘမ္သစ္ ထြက္လာမယ့္အေၾကာင္းကိုေတာ့ ၿပီးခဲ့တဲ့ အဂၤါေန႔က သူမရဲ႕ဆိုရွယ္မီဒီယာအေကာင့္မွာ အသိေပးခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္မရဲ႕ ပရိသတ္မ်ား … ဒါကေတာ့ ရွင္တို႔အတြက္ပါေနာ္။ ကြၽန္မကို ႏွစ္ေပါင္းမ်ားစြာ ခ်စ္ခင္အားေပးလာခဲ့တဲ့ ရွင္တို႔နဲ႔ ကြၽန္မရဲ႕ ေအာင္ပြဲေလးတစ္ခုေပါ့။ ရွင္တို႔ကို သိပ္ေက်းဇူးတင္ပါတယ္။ The Rarities အယ္လ္ဘမ္ဟာ ေအာက္တိုဘာလ(၂)ရက္ေန႔မွာ ထြက္ရွိပါမယ္… ” လို႔ သူမရဲ႕အယ္လ္ဘမ္ကာဗာပုံနဲ႔အတူ တြစ္တာစာမ်က္ႏွာမွာ ေၾကညာထားပါတယ္။

Photo: mariahcarey/ Instagram

Entertainment Weekly သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သူမရဲ႕အယ္လ္ဘမ္အသစ္ The Rarities ရဲ႕ ဓာတ္ျပားဗားရွင္းထဲမွာ demo ဗားရွင္းနဲ႔သီခ်င္းေတြ၊ Lauryn Hill နဲ႔ collab လုပ္ထားတဲ့ Save The Day ဆိုတဲ့ သီခ်င္းအျပင္ အျခား မလႊင့္ထုတ္ရေသးတဲ့အရာေတြပါ ပါဝင္မယ္လို႔ သိရပါတယ္။

ယခုအယ္လ္ဘမ္မတိုင္ခင္ ေနာက္ဆုံးထြက္ရွိထားတဲ့ သူမရဲ႕အယ္လ္ဘမ္ကေတာ့ Caution ျဖစ္ၿပီး ၂၀၁၈ခုႏွစ္က ထြက္ရွိထားတာ ျဖစ္ပါတယ္။ Mariah ဟာ အခုလို collection နဲ႔ အယ္လ္ဘမ္သစ္ကို ထုတ္ေဝဖို႔ ဇြန္လထဲက ပရိသတ္ေတြကို အျမည္းေျပာျပထားၿပီး ျဖစ္ပါတယ္။ ဒါဟာ သူမရဲ႕ပထမဆုံး အယ္လ္ဘမ္ျဖစ္တဲ့ Mariah Carey ကို ၁၉၉၀ခုႏွစ္မွာ ထုတ္ေဝၿပီး အႏုပညာသက္တမ္း ႏွစ္သုံးဆယ္ျပည့္ အထိမ္းအမွတ္အေနနဲ႔ ထြက္ရွိမွာလည္း ျဖစ္ပါတယ္။

Photo: mariahcarey/ Instagram

The Rarities အယ္လ္ဘမ္ဟာ Mariah ရဲ႕ ဘဝတစ္ေလွ်ာက္ အမွတ္တရေတြကို ေရးသားေဖာ္ျပထားတဲ့ The Meaning of Mariah Carey ဆိုတဲ့ စာအုပ္ထြက္ရွိၿပီးေနာက္မွာ ဆက္တိုက္ ထြက္ရွိလာမွာ ျဖစ္ပါတယ္။ အဆိုပါ စာအုပ္ဟာ စက္တင္ဘာလ(၂၉)ရက္ေန႔မွာ ထြက္ရွိမယ္လို႔ ေၾကညာထားပါတယ္။

Glasgow

Source: indian express

RELATED ARTICLES

Most Popular