HomeEntertainmentFilmMark of Cain ကြောင့် Dean ကျူးလွန်ခဲ့တဲ့ အဆိုးရွားဆုံး လုပ်ရပ်များ

Mark of Cain ကြောင့် Dean ကျူးလွန်ခဲ့တဲ့ အဆိုးရွားဆုံး လုပ်ရပ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Supernatural ဇာတ်လမ်းတွဲ တလျှောက်မှာတော့ Sam နဲ့ Dean ကို မတူညီတဲ့အရာတွေက ပူးကပ် ထိန်းချုပ်ခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်လုံးဟာ တမန်တော် ဝင်ပူးတာလည်း ခံခဲ့ရဖူးပြီး Dean ဆိုရင် Mark of Cain ကို season (၂) ခုစာလောက် ရရှိခဲ့ပါတယ်။ Dean ဟာ Mark of Cain ကို ရရှိကာစတုန်းကတော့ ဘာမှသိပ်မထူးခြားပေမယ့်လည်း အဲ့ဒီအရာဟာ Dean ရဲ့ စိတ်ဝိဉာဉ်ကို တဖြည်းဖြည်းနဲ့ ပြောင်းလဲစေခဲ့ပါတယ်။ ဒါကြောင့်လည်း အချိန်ကြာလာတာနဲ့အမျှ Dean ဟာ ရက်စက်ပြီး ဆိုးရွားတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့ပါတယ်။ Mark of Cain ကြောင့် သူ လုပ်မိခဲ့တဲ့ အဆိုးဝါးဆုံး လုပ်ရပ်တွေကတော့ …

(7) Randy နဲ့ လူမိုက်များကို သတ်လိုက်ခြင်း
photo via screenrant

Season 10 ရဲ့ အပိုင်း (9)ထဲမှာတော့ Sam နဲ့ Dean တို့ဟာ Castiel ကို Claire နဲ့ ပြန်လည် ဆုံစည်းနိုင်အောင် ကူညီခဲ့ကြပါတယ်။ Claire ကိုတော့ Randy က ခေါ်ထားပြီး သူ့ရဲ့အကြွေးတွေကို ပြန်ဆပ်နိုင်ဖို့ Claire ကို အသုံးချခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Randy ကို ပိုက်ဆံချေးထားတဲ့ လူမိုက်တွေ ရောက်လာပြီး အကြွေးလာတောင်းပါတယ်။ အဲ့ဒီအချိန်မှာတော့ Randy ဟာ သစ္စာဖောက်ပြီး Claire ကို လူမိုက်တွေလက်ထဲ အပ်လိုက်ပါတယ်။ ဒါကြောင့်ပဲ Team Free Will ဟာ Claire ကို ကယ်တင်ခဲ့ပြီး Dean ကတော့ လူမိုက်တွေနဲ့ တိုက်ခိုက်ဖို့ နေခဲ့ပါတယ်။ Sam ၊ Castiel နဲ့ Claire တို့ အထဲကို ပြန်ဝင်လာတဲ့အချိန်မှာတော့ Dean တစ်ကိုယ်လုံး သွေးတွေဖုံးလွှမ်းနေပြီး အလောင်းတွေကြားမှာ ဒူးထောက်ထိုင်နေတာကို တွေ့ခဲ့ရပါတယ်။

(6) Metatron ကို သတ်မိလုနီးပါး ဖြစ်ခဲ့ခြင်း
photo via screenrant

Mark of Cain ဟာ Dean ကို ဒေါသထွက်လာပြီး သွေးဆာ ရက်စက်လာအောင် မကြာခဏ ပြုလုပ်လေ့ ရှိပါတယ်။ ဥပမာတစ်ခုကို ပြပါဆိုရင်တော့ Dean ဟာ Metatron ကို သတ်မိလုနီးပါး ဖြစ်သွားခဲ့တာပါပဲ။ Castiel ဟာ Metatron ကို တမန်တော် အချုပ်ခန်းကနေ ခိုးထုတ်လာခဲ့ပြီး Dean ကတော့ သူတို့သိချင်တဲ့ အဖြေကိုရဖို့အတွက် Metatron ကို စစ်ဆေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Metatron ဟာ Dean ကို ဒေါသထွက်လာအောင် စိတ်ဆွပေးခဲ့ပြီး Dean ကလည်း စိတ်မထိန်းနိုင်တော့ဘဲ Metatron ကို သတ်မိလုနီးပါး ဖြစ်သွားပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ Dean ဟာ စိတ်ဆွပေးရုံနဲ့ အခုလိုမျိူး ထိန်းချုပ်လို့ မရနိုင်အောင် ရက်စက်လေ့ရှိသူ မဟုတ်ပါဘူး။

(5) Charlie ကို ဒဏ်ရာရစေခဲ့ခြင်း
photo via screenrant

Season 11 ထဲမှာတော့ Charlie ဟာ Oz ကနေ ပြန်ရောက်ပြီး သူမရဲ့ good side နဲ့ dark side ဟာ လူနှစ်ယောက်အဖြစ်နဲ့ ကွဲထွက်သွားပါတယ်။ ဒီအချက်ကတော့ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေရော ပရိသတ်တွေကိုပါ အံ့ဩသွားစေပါတယ်။ ဒီအပိုင်းထဲမှာပဲ Dean ဟာ Dark Charlie နဲ့ တိုက်ခိုက်ခဲ့ပြီး သူ့ရဲ့စိတ်ကိုမထိန်းနိုင်ဘဲ လက်လွန်သွားပါတယ်။ ဒါ့အပြင် Dark Charlie ဟာလည်း Charlie ရဲ့ တစိတ်တပိုင်းပဲ ဖြစ်တာကြောင့် စိတ်ကောင်းရှိတဲ့ Charlie ကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။

(4) Castiel ကို သတ်မိလုနီးပါး ဖြစ်ခဲ့ခြင်း
photo via screenrant

Season 10 ရဲ့ အပိုင်း (၂၂)ထဲမှာတော့ Dean ဟာ လုံးဝ စိတ်မထိန်းနိုင်တော့ဘဲ Castiel ကို သတ်မိမလို ဖြစ်သွားခဲ့ပါတယ်။ အကြောင်းကတော့ Mark of Cain ကို ဖျောက်ဖျက်ချင်လွန်းတဲ့ စိတ်နဲ့ ဒေါသတို့ ပေါင်းစပ်သွားတာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ Castiel ဟာ Dean နဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Book of the Damned ကို အသုံးပြုပြီး Mark of Cain ကို ဖျောက်ဖျက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး Cass က လိမ်ခဲ့တာကြောင့် Dean က ဒေါသထွက်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Dean ဟာ Cass ကို တိုက်ခိုက်အနိုင်ယူပြီး Angel Blade နဲ့ သတ်ဖို့တောင် လုပ်ခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ Cass ကို ကတုတ်ကျင်းထဲမှာ သွေးအလိမ်းလိမ်းနဲ့ ထားခဲ့ပါတယ်။

(3) Cyrus Styne ကို သတ်ခဲ့ခြင်း
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလို Cass က Dean ကို ရင်ဆိုင်ခဲ့ရတဲ့ အကြောင်းရင်းကတော့ Dean ဟာ Cyrus Styne ကို သွေးအေးအေးနဲ့ သတ်ပစ်လိုက်လို့ပဲ ဖြစ်ပါတယ်။ Styne မိသားစုကတော့ Dean တို့ နေထိုင်တဲ့ ကတုတ်ကျင်းကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Styne မိသားစုဟာ Charlie ကို သတ်သွားတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Dean ဟာ လက်စားချေတဲ့အနေနဲ့ Styne မိသားစုဝင်တွေအားလုံးကို သတ်ပစ်ခဲ့ပါတယ်။ Cyrus ဟာ သူ့မိသားစုကိုရော၊ သူ့မိသားစုရဲ့ လုပ်ရပ်တွေကိုပါ မုန်းတီးနေသူ ဖြစ်ပြီး စိတ်ကောင်းရှိတယ်လို့ ပြောလို့ရပါတယ်။ သူ့ရဲ့ နောက်ဆုံးအချိန်မှာတော့ အသက်ချမ်းသာပေးဖို့အတွက် တောင်းပန်ခဲ့ပေမယ့်လည်း Dean ကတော့ ဘာကိုမှ နားမထောင်ဘဲ သွေးအေးအေးနဲ့ ခေါင်းကို ပစ်သတ်လိုက်ပါတယ်။

(2) Darkness ကို လွှတ်ပေးလိုက်ခြင်း
photo via screenrant

ဒီတစ်ချက်ကတော့ Mark of Cain ရဲ့ လွှမ်းမိုးမှုကြောင့် ပြုလုပ်ခဲ့တာ မဟုတ်ဘဲ Mark of Cain ကို ဖျောက်ဖျက်ဖို့ ပြုလုပ်ရင်း ဖြစ်ခဲ့ရတာပါ။ Sam နဲ့ Dean ဟာ Mark of Cain ကို ဖျောက်ဖျက်ဖို့အတွက် Book of the Damned ကို အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် Mark of Cain ကို ဖျောက်ဖျက်ဖို့ဆိုရင် Dean ဟာ Sam ကို သတ်ရမှာ ဖြစ်ပြီး သူ့ညီကို မသတ်နိုင်တာကြောင့် Death ကို သတ်ပစ်လိုက်ပါတယ်။ ဒါကြောင့်ပဲ Darkness လွတ်မြောက်သွားတာ ဖြစ်ပါတယ်။

(1) Demon ဖြစ်လာခြင်း
photo via screenrant

ဒီအချက်ကတော့ Mark of Cain ကြောင့် Dean ပြုလုပ်ခဲ့တဲ့အရာ မဟုတ်ပေမယ့် Mark of Cain ကြောင့် ဖြစ်လာတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ Dean ဟာ အကြောင်းတစ်ခုကြောင့် သေဆုံးသွားပြီး Mark of Cain ကြောင့် Demon အနေနဲ့ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ အဲ့ဒီအချက်ကိုတော့ Crowley က သိနေပြီး Dean ပြန်လည်ရှင်သန်လာမယ့် အချိန်ကို စောင့်နေပါတယ်။ အဲ့ဒီနောက်မှာတော့ Dean နဲ့ Crowley တို့ဟာ တတွဲတွဲ ဖြစ်ခဲ့ပြီး Dean ဟာ Demon ဘဝမှာ ဆိုးရွားတဲ့ လုပ်ရပ်များစွာကို ပြုလုပ်ခဲ့ပါတယ်။

ဒါကတော့ Mark of Cain ကြောင့် Dean ကျူးလွန်ခဲ့တဲ့ အဆိုးဝါးဆုံး လုပ်ရပ်တွေအကြောင်းကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ရဲ့ တခြားအမြင်တွေ ရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Supernatural ဇာတ္လမ္းတြဲ တေလွ်ာက္မွာေတာ့ Sam နဲ႔ Dean ကို မတူညီတဲ့အရာေတြက ပူးကပ္ ထိန္းခ်ဳပ္ခဲ့ဖူးပါတယ္။ သူတို႔ႏွစ္ေယာက္လုံးဟာ တမန္ေတာ္ ဝင္ပူးတာလည္း ခံခဲ့ရဖူးၿပီး Dean ဆိုရင္ Mark of Cain ကို season (၂) ခုစာေလာက္ ရရွိခဲ့ပါတယ္။ Dean ဟာ Mark of Cain ကို ရရွိကာစတုန္းကေတာ့ ဘာမွသိပ္မထူးျခားေပမယ့္လည္း အဲ့ဒီအရာဟာ Dean ရဲ႕ စိတ္ဝိဉာဥ္ကို တျဖည္းျဖည္းနဲ႔ ေျပာင္းလဲေစခဲ့ပါတယ္။ ဒါေၾကာင့္လည္း အခ်ိန္ၾကာလာတာနဲ႔အမွ် Dean ဟာ ရက္စက္ၿပီး ဆိုး႐ြားတဲ့ လုပ္ရပ္ေတြကို လုပ္ေဆာင္ခဲ့ပါတယ္။ Mark of Cain ေၾကာင့္ သူ လုပ္မိခဲ့တဲ့ အဆိုးဝါးဆုံး လုပ္ရပ္ေတြကေတာ့ …

(7) Randy နဲ႔ လူမိုက္မ်ားကို သတ္လိုက္ျခင္း
photo via screenrant

Season 10 ရဲ႕ အပိုင္း (9)ထဲမွာေတာ့ Sam နဲ႔ Dean တို႔ဟာ Castiel ကို Claire နဲ႔ ျပန္လည္ ဆုံစည္းႏိုင္ေအာင္ ကူညီခဲ့ၾကပါတယ္။ Claire ကိုေတာ့ Randy က ေခၚထားၿပီး သူ႔ရဲ႕အေႂကြးေတြကို ျပန္ဆပ္ႏိုင္ဖို႔ Claire ကို အသုံးခ်ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Randy ကို ပိုက္ဆံေခ်းထားတဲ့ လူမိုက္ေတြ ေရာက္လာၿပီး အေႂကြးလာေတာင္းပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Randy ဟာ သစၥာေဖာက္ၿပီး Claire ကို လူမိုက္ေတြလက္ထဲ အပ္လိုက္ပါတယ္။ ဒါေၾကာင့္ပဲ Team Free Will ဟာ Claire ကို ကယ္တင္ခဲ့ၿပီး Dean ကေတာ့ လူမိုက္ေတြနဲ႔ တိုက္ခိုက္ဖို႔ ေနခဲ့ပါတယ္။ Sam ၊ Castiel နဲ႔ Claire တို႔ အထဲကို ျပန္ဝင္လာတဲ့အခ်ိန္မွာေတာ့ Dean တစ္ကိုယ္လုံး ေသြးေတြဖုံးလႊမ္းေနၿပီး အေလာင္းေတြၾကားမွာ ဒူးေထာက္ထိုင္ေနတာကို ေတြ႕ခဲ့ရပါတယ္။

(6) Metatron ကို သတ္မိလုနီးပါး ျဖစ္ခဲ့ျခင္း
photo via screenrant

Mark of Cain ဟာ Dean ကို ေဒါသထြက္လာၿပီး ေသြးဆာ ရက္စက္လာေအာင္ မၾကာခဏ ျပဳလုပ္ေလ့ ရွိပါတယ္။ ဥပမာတစ္ခုကို ျပပါဆိုရင္ေတာ့ Dean ဟာ Metatron ကို သတ္မိလုနီးပါး ျဖစ္သြားခဲ့တာပါပဲ။ Castiel ဟာ Metatron ကို တမန္ေတာ္ အခ်ဳပ္ခန္းကေန ခိုးထုတ္လာခဲ့ၿပီး Dean ကေတာ့ သူတို႔သိခ်င္တဲ့ အေျဖကိုရဖို႔အတြက္ Metatron ကို စစ္ေဆးခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Metatron ဟာ Dean ကို ေဒါသထြက္လာေအာင္ စိတ္ဆြေပးခဲ့ၿပီး Dean ကလည္း စိတ္မထိန္းႏိုင္ေတာ့ဘဲ Metatron ကို သတ္မိလုနီးပါး ျဖစ္သြားပါတယ္။ ပုံမွန္အတိုင္းဆိုရင္ေတာ့ Dean ဟာ စိတ္ဆြေပး႐ုံနဲ႔ အခုလိုမ်ိဴး ထိန္းခ်ဳပ္လို႔ မရႏိုင္ေအာင္ ရက္စက္ေလ့ရွိသူ မဟုတ္ပါဘူး။

(5) Charlie ကို ဒဏ္ရာရေစခဲ့ျခင္း
photo via screenrant

Season 11 ထဲမွာေတာ့ Charlie ဟာ Oz ကေန ျပန္ေရာက္ၿပီး သူမရဲ႕ good side နဲ႔ dark side ဟာ လူႏွစ္ေယာက္အျဖစ္နဲ႔ ကြဲထြက္သြားပါတယ္။ ဒီအခ်က္ကေတာ့ ဒီဇာတ္လမ္းထဲက ဇာတ္ေကာင္ေတြေရာ ပရိသတ္ေတြကိုပါ အံ့ဩသြားေစပါတယ္။ ဒီအပိုင္းထဲမွာပဲ Dean ဟာ Dark Charlie နဲ႔ တိုက္ခိုက္ခဲ့ၿပီး သူ႔ရဲ႕စိတ္ကိုမထိန္းႏိုင္ဘဲ လက္လြန္သြားပါတယ္။ ဒါ့အျပင္ Dark Charlie ဟာလည္း Charlie ရဲ႕ တစိတ္တပိုင္းပဲ ျဖစ္တာေၾကာင့္ စိတ္ေကာင္းရွိတဲ့ Charlie ကိုပါ ဆိုးဆိုး႐ြား႐ြား ထိခိုက္ေစခဲ့ပါတယ္။

(4) Castiel ကို သတ္မိလုနီးပါး ျဖစ္ခဲ့ျခင္း
photo via screenrant

Season 10 ရဲ႕ အပိုင္း (၂၂)ထဲမွာေတာ့ Dean ဟာ လုံးဝ စိတ္မထိန္းႏိုင္ေတာ့ဘဲ Castiel ကို သတ္မိမလို ျဖစ္သြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ Mark of Cain ကို ေဖ်ာက္ဖ်က္ခ်င္လြန္းတဲ့ စိတ္နဲ႔ ေဒါသတို႔ ေပါင္းစပ္သြားတာေၾကာင့္ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Castiel ဟာ Dean နဲ႔ မ်က္ႏွာခ်င္းဆိုင္ ရင္ဆိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Book of the Damned ကို အသုံးျပဳၿပီး Mark of Cain ကို ေဖ်ာက္ဖ်က္မယ့္ ကိစၥနဲ႔ ပတ္သက္ၿပီး Cass က လိမ္ခဲ့တာေၾကာင့္ Dean က ေဒါသထြက္သြားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Dean ဟာ Cass ကို တိုက္ခိုက္အႏိုင္ယူၿပီး Angel Blade နဲ႔ သတ္ဖို႔ေတာင္ လုပ္ခဲ့ပါေသးတယ္။ အဲ့ဒီေနာက္မွာေတာ့ Cass ကို ကတုတ္က်င္းထဲမွာ ေသြးအလိမ္းလိမ္းနဲ႔ ထားခဲ့ပါတယ္။

(3) Cyrus Styne ကို သတ္ခဲ့ျခင္း
photo via screenrant

အေပၚမွာ ေဖာ္ျပခဲ့သလို Cass က Dean ကို ရင္ဆိုင္ခဲ့ရတဲ့ အေၾကာင္းရင္းကေတာ့ Dean ဟာ Cyrus Styne ကို ေသြးေအးေအးနဲ႔ သတ္ပစ္လိုက္လို႔ပဲ ျဖစ္ပါတယ္။ Styne မိသားစုကေတာ့ Dean တို႔ ေနထိုင္တဲ့ ကတုတ္က်င္းကို ဖ်က္ဆီးဖို႔ ႀကိဳးစားခဲ့ၾကသူေတြလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Styne မိသားစုဟာ Charlie ကို သတ္သြားတဲ့သူေတြလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Dean ဟာ လက္စားေခ်တဲ့အေနနဲ႔ Styne မိသားစုဝင္ေတြအားလုံးကို သတ္ပစ္ခဲ့ပါတယ္။ Cyrus ဟာ သူ႔မိသားစုကိုေရာ၊ သူ႔မိသားစုရဲ႕ လုပ္ရပ္ေတြကိုပါ မုန္းတီးေနသူ ျဖစ္ၿပီး စိတ္ေကာင္းရွိတယ္လို႔ ေျပာလို႔ရပါတယ္။ သူ႔ရဲ႕ ေနာက္ဆုံးအခ်ိန္မွာေတာ့ အသက္ခ်မ္းသာေပးဖို႔အတြက္ ေတာင္းပန္ခဲ့ေပမယ့္လည္း Dean ကေတာ့ ဘာကိုမွ နားမေထာင္ဘဲ ေသြးေအးေအးနဲ႔ ေခါင္းကို ပစ္သတ္လိုက္ပါတယ္။

(2) Darkness ကို လႊတ္ေပးလိုက္ျခင္း
photo via screenrant

ဒီတစ္ခ်က္ကေတာ့ Mark of Cain ရဲ႕ လႊမ္းမိုးမႈေၾကာင့္ ျပဳလုပ္ခဲ့တာ မဟုတ္ဘဲ Mark of Cain ကို ေဖ်ာက္ဖ်က္ဖို႔ ျပဳလုပ္ရင္း ျဖစ္ခဲ့ရတာပါ။ Sam နဲ႔ Dean ဟာ Mark of Cain ကို ေဖ်ာက္ဖ်က္ဖို႔အတြက္ Book of the Damned ကို အသုံးျပဳခဲ့ပါတယ္။ ဒါ့အျပင္ Mark of Cain ကို ေဖ်ာက္ဖ်က္ဖို႔ဆိုရင္ Dean ဟာ Sam ကို သတ္ရမွာ ျဖစ္ၿပီး သူ႔ညီကို မသတ္ႏိုင္တာေၾကာင့္ Death ကို သတ္ပစ္လိုက္ပါတယ္။ ဒါေၾကာင့္ပဲ Darkness လြတ္ေျမာက္သြားတာ ျဖစ္ပါတယ္။

(1) Demon ျဖစ္လာျခင္း
photo via screenrant

ဒီအခ်က္ကေတာ့ Mark of Cain ေၾကာင့္ Dean ျပဳလုပ္ခဲ့တဲ့အရာ မဟုတ္ေပမယ့္ Mark of Cain ေၾကာင့္ ျဖစ္လာတဲ့ အရာတစ္ခုပဲ ျဖစ္ပါတယ္။ Dean ဟာ အေၾကာင္းတစ္ခုေၾကာင့္ ေသဆုံးသြားၿပီး Mark of Cain ေၾကာင့္ Demon အေနနဲ႔ ျပန္လည္ရွင္သန္လာခဲ့ပါတယ္။ အဲ့ဒီအခ်က္ကိုေတာ့ Crowley က သိေနၿပီး Dean ျပန္လည္ရွင္သန္လာမယ့္ အခ်ိန္ကို ေစာင့္ေနပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Dean နဲ႔ Crowley တို႔ဟာ တတြဲတြဲ ျဖစ္ခဲ့ၿပီး Dean ဟာ Demon ဘဝမွာ ဆိုး႐ြားတဲ့ လုပ္ရပ္မ်ားစြာကို ျပဳလုပ္ခဲ့ပါတယ္။

ဒါကေတာ့ Mark of Cain ေၾကာင့္ Dean က်ဴးလြန္ခဲ့တဲ့ အဆိုးဝါးဆုံး လုပ္ရပ္ေတြအေၾကာင္းကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ရဲ႕ တျခားအျမင္ေတြ ရွိရင္လည္း ျပန္လည္မွ်ေဝေပးခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular