HomeEntertainmentFilmMark Wahlberg ရဲ့ ဟာသအက်ရှင်ကားသစ် The Family Plan

Mark Wahlberg ရဲ့ ဟာသအက်ရှင်ကားသစ် The Family Plan

Apple Original Films နဲ့ Skydance စတူဒီယိုတို့ ပူးပေါင်းဖန်တီးသွားမယ့် The Family Plan ဆိုတဲ့ ရုပ်ရှင်သစ်ထဲမှာတော့ နာမည်ကျော်မင်းသား Mark Wahlberg ကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ သရုပ်ဆောင် Mark Wahlberg ကတော့ မကြာခင်တုန်းကပဲ Uncharted ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့ပါသေးတယ်။ သူဟာ များသောအားဖြင့် Action ၊ Comedy ရုပ်ရှင်တွေထဲမှာ ပါဝင်လေ့ရှိပြီး မကြာခင်မှာလည်း Netflix ရဲ့ Me Time ဆိုတဲ့ ဟာသကားထဲမှာ Kevin Hart နဲ့အတူ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

photo via screenrant

Mark Wahlberg ဟာ The Family Plan ရုပ်ရှင်ထဲမှာ ပါဝင်လာမယ့်အကြောင်းကိုတော့ Deadline သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူဟာ မိသားစုတစ်ခုရဲ့ အဖေနေရာက ပါဝင်သရုပ်ဆောင်ထားပြီး တစ်ရက်မှာတော့ သူ့ရဲ့အတိတ်က မကောင်းတဲ့အရာတွေက သူ့အနောက်ကို လိုက်လာတာကြောင့် သူ့ရဲ့မိသားစုနဲ့အတူ ပြေးလွှားကြရတဲ့အကြောင်း ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Simon Cellan Jones က ရိုက်ကူးထားပြီး ဇာတ်ညွှန်းကိုတော့ Orphan: First Kill ရဲ့ ဇာတ်ညွှန်းကို ရေးသားခဲ့တဲ့ David Coggeshall က ဖန်တီးထားပါတယ်။ ဒါ့အပြင် သရုပ်ဆောင် Mark Wahlberg ၊ Stephan Levinson ၊ David Allison ၊ Dana Goldberg နဲ့ Don Granger တို့က Producer တွေအဖြစ် ပါဝင်ထားပါတယ်။

photo via screenrant

လောလောဆယ်မှာတော့ The Family Plan ရုပ်ရှင်ဟာ ရိုက်ကူးရေး ပြီးဆုံးသွားပြီလို့ သိရပါတယ်။ ဒီရုပ်ရှင်ကလည်း Mark Wahlberg သရုပ်ဆောင်နေကျ Action ၊ Comedy အမျိူးအစား ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ထွက်ရှိလာမယ့် နေ့ရက်ကို မကြေညာသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရုပ်ရှင်ကလည်း ကြည့်ရှုသူတွေကို စိတ်အပန်းပြေစေမယ့် ရုပ်ရှင်တစ်ကား ဖြစ်မယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular