HomeEntertainmentFilmMarvel က ကြေညာထားပြီး ယခုနှစ်အတွင်း ထွက်ရှိလာနိုင်ဖွယ်ရှိတဲ့ MCU ပရောဂျက်များ 

Marvel က ကြေညာထားပြီး ယခုနှစ်အတွင်း ထွက်ရှိလာနိုင်ဖွယ်ရှိတဲ့ MCU ပရောဂျက်များ 

မကြာသေးခင်ကပဲ Marvel စတူဒီယိုဟာ ယခုနှစ် ၂၀၂၂ ခုနှစ်အတွင်းမှာ ထွက်ရှိလာနိုင်ချေရှိတဲ့ ပရောဂျက်တွေကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီကြေညာချက်အရ ဆိုရင်တော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ What If…? Season 2 နဲ့ Secret Invasion ဇာတ်လမ်းတွဲတို့ကလည်း ယခုနှစ်အတွင်းမှာပဲ ထွက်ရှိလာမယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် MCU ပရောဂျက်တွေကတော့ ဆယ်ခုနီးပါးလောက်တောင် ရှိနေတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

၂၀၁၉ ခုနှစ် San Diego မှာ ကျင်းပခဲ့တဲ့ Comic-Con ပွဲမှာကတည်းက Marvel ဟာ Phase 4 ရဲ့ အစီအစဉ်တွေကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်က စတင်ပြီး တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေတဲ့ ကိုဗစ်ကြောင့် MCU ပရောဂျက်တွေဟာ အကြိမ်များစွာ နှောင့်နှေးမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ်မှာတော့ Marvel ဟာ ရုပ်ရှင် (၄)ကားနဲ့ ဇာတ်လမ်းတွဲ (၅)ခုတို့ကို ထုတ်လုပ်နိုင်ခဲ့ပြီး ယခုနှစ်မှာလည်း အလားတူပဲ ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

photo via screenrant

ဂျပန်နိုင်ငံအတွက် Marvel က သီးသန့်ဖန်တီးပေးထားတဲ့ Marvel’s Japan Website ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ယခုနှစ်အတွင်းမှာ Moon Knight ၊ She-Hulk ၊ I Am Groot ၊ What If…? Season 2 ၊ Ms. Marvel နဲ့ Secret Invasion ဇာတ်လမ်းတွဲတွေ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ရုပ်ရှင်အနေနဲ့ဆိုရင်တော့ Doctor Strange in the Multiverse of Madness ၊ Thor: Love and Thunder နဲ့ Black Panther: Wakanda Forever သုံးကား ထွက်ရှိလာမယ်လို့ ဖော်ပြထားပါတယ်။

Secret Invasion ကတော့ ယခုနှစ်အတွင်း ထွက်ရှိလာမယ်လို့ မဖော်ပြထားဘဲ “Coming Soon on Disney Plus” လို့ပဲ ဖော်ပြထားပါတယ်။ အကယ်၍ ဒီ Time Slot သာ အကြောင်းအမျိူးမျိူးနဲ့ မပြောင်းလဲသွားဘူးဆိုရင်တော့ What If…? Season 2 ကိုလည်း ယခုနှစ်အတွင်းမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

What If…? ဇာတ်လမ်းတွဲကတော့ Animation ဖြစ်တာကြောင့် ရုပ်ရှင်တွေ ရိုက်ကူးရတဲ့ အချိန်လောက် မကြာမြင့်တာကြောင့် အခုလို စောစောကြည့်ရှုခွင့်ရတာ ဖြစ်နိုင်ပါတယ်။ အသံသရုပ်ဆောင်တွေကလည်း သူတို့တွေ အားတဲ့အချိန်မှာ တစ်ယောက်ချင်းစီ အသံသွင်းထားနိုင်ပြီး ရုပ်ရှင်တွေလို သရုပ်ဆောင်တွေ အကုန်လုံး အားတဲ့အချိန်ကို စောင့်နေစရာ မလိုပါဘူး။ Season 1 ကတော့ Cliffhanger တွေနဲ့ ဇာတ်သိမ်းထားတာကြောင့် Season 2 မှာတော့ ဘယ်လိုဇာတ်လမ်းတွေ မြင်တွေ့ရမလည်းဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular